အာရေးဗျပင်လယ်အတွင်း အမေရိကန်ဒေါ်လာ(၁)ဘီလျံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပါကစ္စတန်ရေတပ် သင်္ဘောဖမ်းဆီးရမိ

 4138

Pika (NP News) - အောက်တိုဘာ ၂၅

ပေါင်းစပ်ရေကြောင်းတပ်ဖွဲ့ (CMF) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပါကစ္စတန်ရေတပ်သင်္ဘောတစ်စင်းသည် အာရေးဗျပင်လယ်အတွင်း အမေရိကန်ဒေါ်လာ(၉၇၂)သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ ကြောင်း CMF က ထုတ်ပြန်ပြောကားခဲ့သည်။
CMF က “အချိန်(၄၈)နာရီအတွင်း ပါကစ္စတန်ရေတပ်သင်္ဘော PNS Yarmook ဟာ စစ်ဆင်ရေးနှစ်ခုကို လုပ်ဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၉၇၂)သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ထုတ်ပြန်ပြောခဲ့သည်။ ပါကစ္စတန်ရေတပ်သင်္ဘော PNS Yarmook ပထမဆုံးလုပ်ဆောင်ခဲ့သော စစ်ဆင်ရေး အတွင်း သင်္ဘောတစ်စီးပေါ်မှ အမေရိကန်ဒေါ်လာ(၈၂၂)သန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား တန်ချိန်(၂) တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း CMF က ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ပါကစ္စတန်ရေတပ်သင်္ဘော PNS Yarmook က နောက်ထပ်တစ်ကြိမ်လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးတစ်ခု အတွင်း အမေရိကန်ဒေါ်လာသန်း(၁၅၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း CMFက ထပ်မံ ပြောကြားခဲ့သည်။ CMF က “ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးအတွင်းမှာ ပါကစ္စတန်ရေတပ်သင်္ဘော PNS Yarmook ဟာ အမေရိကန်ဒေါ်လာသန်း(၁၄၀)တန်ဖိုးရှိ စိတ်ကြွဆေးပြား (၃၅၀)ကီလိုဂရမ်နဲ့ အမေရိကန်ဒေါ်လာ (၁၀)သန်းတန်ဖိုးရှိ ကိုကင်း(၅၀)ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီလိုမျိုးစစ်ဆင်ရေးအောင်မြင်မှုဟာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုရဲ့အရေးပါမှုတွေကို မီးမောင်းထိုးပြနေတာ လည်းဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။သို့သော်လည်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့်သင်္ဘောများ၏ မူလဇစ်မြစ်ကို အဆိုပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားခြင်းမျိုး မရှိ ကြောင်း သိရသည်။ CMF သည် ကမ္ဘာ့အရေးအကြီးဆုံးသင်္ဘောလမ်းကြောင်းများတစ်လျှောက် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်နှင့် မူးယစ်ဆေးဝါးနှင့် လက်နက်များ မှောင်ခိုကူးသန်းမှုကို တားဆီးရန် နိုင်ငံပေါင်း(၄၇)နိုင်ငံမှ ရေတပ်တပ်ဖွဲ့များကို ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်သည်။

Zawgyi Version:
အာေရးဗ်ပင္လယ္အတြင္း အေမရိကန္ေဒၚလာ(၁)ဘီလ်ံနီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ပါကစၥတန္ေရတပ္ သေဘၤာဖမ္းဆီးရမိ
Pika (NP News) - ေအာက္တိုဘာ ၂၅
ေပါင္းစပ္ေရေၾကာင္းတပ္ဖြဲ႕ (CMF) ၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ပါကစၥတန္ေရတပ္သေဘၤာတစ္စင္းသည္ အာေရးဗ်ပင္လယ္အတြင္း အေမရိကန္ေဒၚလာ(၉၇၂)သန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို သိမ္းဆည္းရမိခဲ့ ေၾကာင္း CMF က ထုတ္ျပန္ေျပာကားခဲ့သည္။
CMF က “အခ်ိန္(၄၈)နာရီအတြင္း ပါကစၥတန္ေရတပ္သေဘၤာ PNS Yarmook ဟာ စစ္ဆင္ေရးႏွစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး အေမရိကန္ေဒၚလာ(၉၇၂)သန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြကို သိမ္းဆည္းႏိုင္ခဲ့ပါတယ္” ဟု ထုတ္ျပန္ေျပာခဲ့သည္။ ပါကစၥတန္ေရတပ္သေဘၤာ PNS Yarmook ပထမဆုံးလုပ္ေဆာင္ခဲ့ေသာ စစ္ဆင္ေရး အတြင္း သေဘၤာတစ္စီးေပၚမွ အေမရိကန္ေဒၚလာ(၈၂၂)သန္းတန္ဖိုးရွိ စိတ္ႂကြေဆးျပား တန္ခ်ိန္(၂) တန္ေက်ာ္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း CMF က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပါကစၥတန္ေရတပ္သေဘၤာ PNS Yarmook က ေနာက္ထပ္တစ္ႀကိမ္လုပ္ေဆာင္ခဲ့ေသာ စစ္ဆင္ေရးတစ္ခု အတြင္း အေမရိကန္ေဒၚလာသန္း(၁၅၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း CMFက ထပ္မံ ေျပာၾကားခဲ့သည္။ CMF က “ဒုတိယအႀကိမ္ေျမာက္ စစ္ဆင္ေရးအတြင္းမွာ ပါကစၥတန္ေရတပ္သေဘၤာ PNS Yarmook ဟာ အေမရိကန္ေဒၚလာသန္း(၁၄၀)တန္ဖိုးရွိ စိတ္ႂကြေဆးျပား (၃၅၀)ကီလိုဂရမ္နဲ႔ အေမရိကန္ေဒၚလာ (၁၀)သန္းတန္ဖိုးရွိ ကိုကင္း(၅၀)ကီလိုဂရမ္တို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။
ဒီလိုမ်ိဳးစစ္ဆင္ေရးေအာင္ျမင္မႈဟာ ႏိုင္ငံေပါင္းစုံပူးေပါင္းေဆာင္႐ြက္မႈရဲ႕အေရးပါမႈေတြကို မီးေမာင္းထိုးျပေနတာ လည္းျဖစ္ပါတယ္” ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။သို႔ေသာ္လည္း မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္သေဘၤာမ်ား၏ မူလဇစ္ျမစ္ကို အဆိုပါအစီရင္ခံစာတြင္ ေရးသားေဖာ္ျပထားျခင္းမ်ိဳး မရွိ ေၾကာင္း သိရသည္။ CMF သည္ ကမာၻ႔အေရးအႀကီးဆုံးသေဘၤာလမ္းေၾကာင္းမ်ားတစ္ေလွ်ာက္ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ႏွင့္ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ား ေမွာင္ခိုကူးသန္းမႈကို တားဆီးရန္ ႏိုင္ငံေပါင္း(၄၇)ႏိုင္ငံမွ ေရတပ္တပ္ဖြဲ႕မ်ားကို ဖြဲ႕စည္းထားသည့္အဖြဲ႕တစ္ခုျဖစ္သည္။

Picture

Tha Lwin

30/10/2025 15:17

👍👍👍

Related news

© 2021. All rights reserved.