ကနေဒါနိုင်ငံနှင့်ချုပ်ဆိုထားသည့်ကုန်သွယ်ရေးစာချုပ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတ ပြော

 512

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံနှင့်ချုပ်ဆိုထားသည့် ကုန်သွယ်ရေးစာချုပ်အားလုံးကို ဖျက်သိမ်း လိုက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတက “ကနေဒါနိုင်ငံရဲ့ဆိုးရွားတဲ့အပြုမှုများကြောင့် ကနေဒါနိုင်ငံနဲ့စာချုပ်အားလုံးကို ဖျက်သိမ်း လိုက်တယ်'' ဟု ၎င်း၏ Truth Social မီဒီယာမှတဆင့်ရေးသားဖော်ပြခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မက်ကာနေး သည် ကနေဒါကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည့် အမေရိကန်၏ ကုန်သွယ်ခွန်များ လျော့ချရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံသို့သွားရောက်ရန် စီစဉ်ခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာတွင် အမေရိကန်အစိုးရက ကနေဒါနှင့်ချုပ်ဆိုထားသည့် ကုန်သွယ်ရေးစာချုပ်များကိုဖျက်သိမ်းကြောင်း ကြေညာလိုက် ခြင်းဖြစ်သည်။ ရောနယ်ရေဂင်ဖောင်းဒေးရှင်းကလည်း ကနေဒါအစိုးရသည် ကုန်သွယ်ခွန်ကိစ္စနှင့်ပတ်သက်ပြီး လိမ်လည်မှုများ ကျူးလွန်လျက်ရှိနေကြောင်း ပြောသည်။
ကနေဒါနိုင်ငံနှင့်ချုပ်ထားသည့် ကုန်သွယ်ရေးစာချုပ်များ ဖျက်သိမ်းရန် ပြောဆိုခဲ့သည့် အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက်သည် ကနေဒါဝန်ကြီးချုပ်အသစ်မက်ကာနေးအတွက် ထိုးနှက်ချက်များစွာဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ ကနေဒါဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကမ္ဘာအဆင့်ရှိသော ခေါင်းဆောင်ဖြစ် ကြောင်း မကြာသေးမီက ချီးကျူးပြောဆိုခဲ့သော်လည်း အမေရိကန်အစိုးရက ကနေဒါနှင့်ချုပ်ဆိုထားသည့် ကုန်သွယ်ရေးစာချုပ်များကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ကနေဒါနိုင်ငံကြား အငြင်းပွားမှုများမြင့်တက်ခဲ့ပြီးအထူးသဖြင့် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး သဘောထားအမြင်ကွဲလွဲမှုများစွာ ဖြစ်ခဲ့ရကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကုန်သွယ်ခွန် ကောက်ခံခြင်းများကို လုပ်ဆောင်ခဲ့ရာ အငြင်းပွားမှုများစွာဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံ ကြား အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံမှုနှင့်အတူ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကေနဒါႏိုင္ငံႏွင့္ခ်ဳပ္ဆိုထားသည့္ကုန္သြယ္ေရးစာခ်ဳပ္အားလုံးကို ဖ်က္သိမ္းလိုက္ေၾကာင္း အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကေနဒါႏိုင္ငံႏွင့္ခ်ဳပ္ဆိုထားသည့္ ကုန္သြယ္ေရးစာခ်ဳပ္အားလုံးကို ဖ်က္သိမ္း လိုက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတက “ကေနဒါႏိုင္ငံရဲ႕ဆိုး႐ြားတဲ့အျပဳမႈမ်ားေၾကာင့္ ကေနဒါႏိုင္ငံနဲ႔စာခ်ဳပ္အားလုံးကို ဖ်က္သိမ္း လိုက္တယ္'' ဟု ၎၏ Truth Social မီဒီယာမွတဆင့္ေရးသားေဖာ္ျပခဲ့သည္။ ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနး သည္ ကေနဒါကုန္စည္မ်ားအေပၚ အခြန္တိုးျမႇင့္ေကာက္ခံခဲ့သည့္ အေမရိကန္၏ ကုန္သြယ္ခြန္မ်ား ေလ်ာ့ခ်ရန္ ရည္႐ြယ္ခ်က္ျဖင့္ အေမရိကန္ႏိုင္ငံသို႔သြားေရာက္ရန္ စီစဥ္ခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္အၾကာတြင္ အေမရိကန္အစိုးရက ကေနဒါႏွင့္ခ်ဳပ္ဆိုထားသည့္ ကုန္သြယ္ေရးစာခ်ဳပ္မ်ားကိုဖ်က္သိမ္းေၾကာင္း ေၾကညာလိုက္ ျခင္းျဖစ္သည္။ ေရာနယ္ေရဂင္ေဖာင္းေဒးရွင္းကလည္း ကေနဒါအစိုးရသည္ ကုန္သြယ္ခြန္ကိစၥႏွင့္ပတ္သက္ၿပီး လိမ္လည္မႈမ်ား က်ဴးလြန္လ်က္ရွိေနေၾကာင္း ေျပာသည္။
ကေနဒါႏိုင္ငံႏွင့္ခ်ဳပ္ထားသည့္ ကုန္သြယ္ေရးစာခ်ဳပ္မ်ား ဖ်က္သိမ္းရန္ ေျပာဆိုခဲ့သည့္ အေမရိကန္သမၼတ၏ ဆုံးျဖတ္ခ်က္သည္ ကေနဒါဝန္ႀကီးခ်ဳပ္အသစ္မက္ကာေနးအတြက္ ထိုးႏွက္ခ်က္မ်ားစြာျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။ ကေနဒါဝန္ႀကီးခ်ဳပ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ကမာၻအဆင့္ရွိေသာ ေခါင္းေဆာင္ျဖစ္ ေၾကာင္း မၾကာေသးမီက ခ်ီးက်ဴးေျပာဆိုခဲ့ေသာ္လည္း အေမရိကန္အစိုးရက ကေနဒါႏွင့္ခ်ဳပ္ဆိုထားသည့္ ကုန္သြယ္ေရးစာခ်ဳပ္မ်ားကို ဖ်က္သိမ္းလိုက္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံၾကား အျငင္းပြားမႈမ်ားျမင့္တက္ခဲ့ၿပီးအထူးသျဖင့္ ကုန္သြယ္ေရးႏွင့္ပတ္သက္ၿပီး သေဘာထားအျမင္ကြဲလြဲမႈမ်ားစြာ ျဖစ္ခဲ့ရေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ကုန္သြယ္ခြန္ ေကာက္ခံျခင္းမ်ားကို လုပ္ေဆာင္ခဲ့ရာ အျငင္းပြားမႈမ်ားစြာျဖစ္လာခဲ့ၿပီး အထူးသျဖင့္ တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံ ၾကား အျပန္အလွန္ကုန္သြယ္ခြန္ေကာက္ခံမႈႏွင့္အတူ ကုန္သြယ္ေရးစစ္ပြဲျဖစ္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.