ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှားနိုင်ငံ၏အကြီးမားဆုံးရေနံနှင့်စွမ်းအင်ကုမ္ပဏီနှစ်ခုအပေါ် ဗြိတန်နှင့် အမေရိကန်အစိုးရတို့က ပိတ်ဆို့မှုများ ချမှတ်

 234

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၅

အမေရိကန်အစိုးရသည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။ အမေရိကန်အစိုးရသည်ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ဖိအားပေးမှုအဖြစ် ရုရှားစွမ်းအင်ကုမ္ပဏီများကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟန်ဂေရီနိုင်ငံတွင် ဘူဒါဘတ်မြို့တွင် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံ ထားရန် စီစဉ်မှုထားမှု ပျက်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ရုရှားစွမ်းအင်ကုမ္ပဏီနှစ်ခုအပေါ် ပိတ်ဆို့မှုချမှတ် ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက ''ကျွန်တော်ဟာ ရုရှားသမ္မတပူတင်နဲ့အမြဲတမ်းကောင်းမွန်တဲ့ စကားတွေ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ အမေရိကန်သမ္မတတို့ဟာ တွေ့ဆုံဆွေးနွေးနိုင်မယ့်အခြေအနေမျိုးကို ရောက်မလာခဲ့ဘူး'' ဟု ပြောသည်။
အမေရိကန်နိုင်ငံအပြင် ဗြိတိန်နိုင်ငံကလည်း ရုရှားနိုင်ငံ၏ အဓိကစွမ်းအင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သော Rosneft ကုမ္ပဏီနှင့် Lukoil ကုမ္ပဏီတို့ကို ပြီးခဲ့သည့်ရက်ပိုင်းတွင်ပစ်မှတ်ထားပြီး ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။ ရုရှားစွမ်းအင်ကုမ္ပဏီကြီးနှစ်ခုအပေါ် ဗြိတိန်နိုင်ငံက ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်အစိုးရက ထပ်မံ ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံမှ ထုတ်လုပ်သော ဓါတ်ငွေ့အရည်များတင်ပို့ခြင်းကို ၂၀၂၇ ခုနှစ်မှ စတင်ပြီး ပိတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်ဖွယ်ရှိနေသည်။
အမေရိကန်သမ္မတသည် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားခဲ့သော စစ်ပွဲကိုအဆုံးသတ်ရန် ကြားဝင်စေ့စပ် ဆွေးနွေးနေသော်လည်း မျှော်လင့်သလောက်ရလဒ်များ မကောင်းခဲ့သည့်အတွက် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်မည်ဖြစ်ကြောင်း မကြာသေးမီက သတိပေးထားသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားအစိုးရဘက်က ဆက်လက်ပြီး စေ့စပ်ဆွေးနွေးရန် ပျက်ကွက်နေခြင်းများကြောင့် အမေရိကန်နိုင်ငံသည် ရုရှား၏လုပ်ရပ်များကို စိတ်ဆိုးဒေါသဖြစ်လာခဲ့ပြီး ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားနိုင်ငံအပေါ်ပိတ်ဆို့မှုအသစ်များထပ်မံချမှတ်ရန် လအတန်ကြာ တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။ ရုရှားစွမ်းအင်ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အစိုးရ၏လုပ်ရပ်သည် ကောင်းမွန်သောလုပ်ရပ်ဖြစ်ပြီး အခြားနိုင်ငံများက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဆိုလျှင် အပစ်ခတ်ရပ်စဲရေးဖြစ်လာဖွယ်ရှိနေ ကြောင်း ပြောဆိုထားသည်။ ရုရှား နှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး လက်ရှိအချိန်အထိ အပြန်အလှန် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ ပိုမိုဖြစ်လာနေကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး ႐ုရွားႏိုင္ငံ၏အႀကီးမားဆုံးေရနံႏွင့္စြမ္းအင္ကုမၸဏီႏွစ္ခုအေပၚ ၿဗိတန္ႏွင့္ အေမရိကန္အစိုးရတို႔က ပိတ္ဆို႔မႈမ်ား ခ်မွတ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၅
အေမရိကန္အစိုးရသည္ ႐ုရွားႏိုင္ငံ၏ အႀကီးမားဆုံး ေရနံကုမၸဏီႏွစ္ခုကို ပစ္မွတ္ထားၿပီး ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံ ခ်မွတ္လိုက္ေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအေပၚ ဖိအားေပးမႈအျဖစ္ ႐ုရွားစြမ္းအင္ကုမၸဏီမ်ားကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဟန္ေဂရီႏိုင္ငံတြင္ ဘူဒါဘတ္ၿမိဳ႕တြင္ ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံ ထားရန္ စီစဥ္မႈထားမႈ ပ်က္သြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ႐ုရွားစြမ္းအင္ကုမၸဏီႏွစ္ခုအေပၚ ပိတ္ဆို႔မႈခ်မွတ္ ခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတက ''ကြၽန္ေတာ္ဟာ ႐ုရွားသမၼတပူတင္နဲ႔အၿမဲတမ္းေကာင္းမြန္တဲ့ စကားေတြ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္နဲ႔ အေမရိကန္သမၼတတို႔ဟာ ေတြ႕ဆုံေဆြးေႏြးႏိုင္မယ့္အေျခအေနမ်ိဳးကို ေရာက္မလာခဲ့ဘူး'' ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံအျပင္ ၿဗိတိန္ႏိုင္ငံကလည္း ႐ုရွားႏိုင္ငံ၏ အဓိကစြမ္းအင္ကုမၸဏီႀကီးႏွစ္ခုျဖစ္ေသာ Rosneft ကုမၸဏီႏွင့္ Lukoil ကုမၸဏီတို႔ကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ပစ္မွတ္ထားၿပီး ပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားစြမ္းအင္ကုမၸဏီႀကီးႏွစ္ခုအေပၚ ၿဗိတိန္ႏိုင္ငံက ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အေမရိကန္အစိုးရက ထပ္မံ ပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းျဖစ္သည္။ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံမွ ထုတ္လုပ္ေသာ ဓါတ္ေငြ႕အရည္မ်ားတင္ပို႔ျခင္းကို ၂၀၂၇ ခုႏွစ္မွ စတင္ၿပီး ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံ ခ်မွတ္ဖြယ္ရွိေနသည္။
အေမရိကန္သမၼတသည္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားခဲ့ေသာ စစ္ပြဲကိုအဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ ေဆြးေႏြးေနေသာ္လည္း ေမွ်ာ္လင့္သေလာက္ရလဒ္မ်ား မေကာင္းခဲ့သည့္အတြက္ ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈ အသစ္မ်ား ထပ္မံခ်မွတ္မည္ျဖစ္ေၾကာင္း မၾကာေသးမီက သတိေပးထားသည္။ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားအစိုးရဘက္က ဆက္လက္ၿပီး ေစ့စပ္ေဆြးေႏြးရန္ ပ်က္ကြက္ေနျခင္းမ်ားေၾကာင့္ အေမရိကန္ႏိုင္ငံသည္ ႐ုရွား၏လုပ္ရပ္မ်ားကို စိတ္ဆိုးေဒါသျဖစ္လာခဲ့ၿပီး ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံခ်မွတ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယူကရိန္းသမၼတ ဇီလန္စကီးသည္ ႐ုရွားႏိုင္ငံအေပၚပိတ္ဆို႔မႈအသစ္မ်ားထပ္မံခ်မွတ္ရန္ လအတန္ၾကာ တိုက္တြန္း ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ႐ုရွားစြမ္းအင္ကုမၸဏီႏွစ္ခုကို ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံခ်မွတ္လိုက္ျခင္းႏွင့္ ပတ္သက္ၿပီး ယူကရိန္းသမၼတ ဇီလန္စကီးက အေမရိကန္အစိုးရ၏လုပ္ရပ္သည္ ေကာင္းမြန္ေသာလုပ္ရပ္ျဖစ္ၿပီး အျခားႏိုင္ငံမ်ားက ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္မည္ဆိုလွ်င္ အပစ္ခတ္ရပ္စဲေရးျဖစ္လာဖြယ္ရွိေန ေၾကာင္း ေျပာဆိုထားသည္။ ႐ုရွား ႏွင့္ ယူကရိန္းတို႔သည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ၿပီး လက္ရွိအခ်ိန္အထိ အျပန္အလွန္ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ရာယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈမ်ား ပိုမိုျဖစ္လာေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.