Toyota ကုမ္ပဏီက ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်း
315
Pika (NP News) - ဒီဇင်ဘာ ၂၅
မြောက်အမေရိကတိုက်ရဲ့ Toyota Motor ကုမ္ပဏီဟာ လာမယ့်ဇန်နဝါရီလ(၂၀)ရက်မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်ဒေါ်လာ(၁)သန်းလှူးဒါန်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာလ(၂၄)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်ဒေါ်လာ(၁)သန်းလှူဒါန်းခဲ့တယ်လို့ Ford Motor နဲ့ General Motors ကုမ္ပဏီတို့က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ Toyota Motor ကုမ္ပဏီရဲ့ လှူဒါန်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် Ford Motorနဲ့ General Motors ကုမ္ပဏီတို့ဟာ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မော်တော်ယာဉ်တွေ လှူဒါန်းဖို့စီစဉ်နေပေမယ့်လည်း Toyota Motor ကုမ္ပဏီကတော့ အဲဒီလိုမျိုးလှူဒါန်းဖို့ စီစဉ်ထားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က တင်သွင်းမှုတွေအပေါ် ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ အခွန်ကောက်ယူမှုစနစ်ဟာ မက္ကဆီကိုမှာ Toyota Tacoma ပစ်ကပ်ထရပ်ကားကို ထုတ်လုပ်တဲ့ Toyota ကုမ္ပဏီအပါအဝင် မြောက်အမေရိကတိုက်မှာရှိတဲ့ကားထုတ်လုပ်သူအများအပြားအပေါ် အကျိုးသက်ရောက်မှုတွေရှိလာစေနိုင်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့လျှပ်စစ်ကားနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာမူဝါဒများစွာကို ဖြေရှင်းဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။ Amazon ကုမ္ပဏီနဲ့ ဖေ့စ်ဘွတ်ရဲ့မိခင်ကုမ္ပဏီ Meta တို့အပါအဝင် အခြားကုမ္ပဏီကြီးတွေကလည်း ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
zawgyi version
Toyota ကုမၸဏီက ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို အေမရိကန္ေဒၚလာ(၁)သန္းလႉဒါန္း
Pika (NP News) - ဒီဇင္ဘာ ၂၅
ေျမာက္အေမရိကတိုက္ရဲ႕ Toyota Motor ကုမၸဏီဟာ လာမယ့္ဇန္နဝါရီလ(၂၀)ရက္မွာ က်င္းပမယ့္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို အေမရိကန္ေဒၚလာ(၁)သန္းလႉးဒါန္းခဲ့တယ္လို႔ ကုမၸဏီရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဒီဇင္ဘာလ(၂၄)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို အေမရိကန္ေဒၚလာ(၁)သန္းလႉဒါန္းခဲ့တယ္လို႔ Ford Motor နဲ႔ General Motors ကုမၸဏီတို႔က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Toyota Motor ကုမၸဏီရဲ႕ လႉဒါန္းမႈထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ Ford Motorနဲ႔ General Motors ကုမၸဏီတို႔ဟာ ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို ေမာ္ေတာ္ယာဥ္ေတြ လႉဒါန္းဖို႔စီစဥ္ေနေပမယ့္လည္း Toyota Motor ကုမၸဏီကေတာ့ အဲဒီလိုမ်ိဳးလႉဒါန္းဖို႔ စီစဥ္ထားတာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။ မကၠဆီကိုနဲ႔ ကေနဒါႏိုင္ငံတို႔က တင္သြင္းမႈေတြအေပၚ ေဒၚနယ္ထရမ့္က အဆိုျပဳထားတဲ့ အခြန္ေကာက္ယူမႈစနစ္ဟာ မကၠဆီကိုမွာ Toyota Tacoma ပစ္ကပ္ထရပ္ကားကို ထုတ္လုပ္တဲ့ Toyota ကုမၸဏီအပါအဝင္ ေျမာက္အေမရိကတိုက္မွာရွိတဲ့ကားထုတ္လုပ္သူအမ်ားအျပားအေပၚ အက်ိဳးသက္ေရာက္မႈေတြရွိလာေစႏိုင္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ လက္ရွိအေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕လွ်ပ္စစ္ကားနဲ႔ ဓာတ္ေငြ႕ထုတ္လႊတ္မႈဆိုင္ရာမူဝါဒမ်ားစြာကို ေျဖရွင္းဖို႔ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။ Amazon ကုမၸဏီနဲ႔ ေဖ့စ္ဘြတ္ရဲ႕မိခင္ကုမၸဏီ Meta တို႔အပါအဝင္ အျခားကုမၸဏီႀကီးေတြကလည္း ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို လႉဒါန္းမႈေတြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။