ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက်မဖျက်သိမ်းဘူးဆိုရင် လက်နက်နဲ့အတူ မြေမြှုပ်သဂြိုဟ်ခံရဖွယ်ရှိနေဟု တူရကီသမ္မတ သတိပေး
558
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၆
ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကာ့ဒ် YPG အဖွဲ့ဟာ လက်နက်ဖျက်သိမ်းခြင်းမရှိဘူးဆိုရင် လက်နက်တွေနဲ့အတူ မြေမြှုပ်သဂြိုဟ်ခံရမယ်လို့ တူရကီသမ္မတ အာဒိုဂမ်က သတိပေးလိုက်ပါတယ်။
တူရကီသမ္မတက "ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ Kurdish YPG အဖွဲ့ဟာ လက်နက်ဖျက်သိမ်းမှာလား ဒါမှမဟုတ် လက်နက်တွေနဲ့အတူ မြေမြှုပ်သဂြိုဟ်ခံမလားဆိုတာ စဉ်းစားရမယ်။ ကျွန်ေတာ်တို့ နဲ့ ကာ့ဒ်လူမျိုးတွေကြား သွေးထွက်သံယိုမှုတွေဖြစ်အောင်ဖန်တီးနေတဲ့ Kurdish YPG အကြမ်း ဖက်အဖွဲ့ကို ဖြိုခွင်းသွားရမှာဖြစ်တယ်"လို့ ပြောပါတယ်။
တူရကီအစိုးရက အမေရိကန်အစိုးရဟာလည်း Kurdish YPG အဖွဲ့ကို ကူညီထောက်ပံ့ပေးတာတွေကိုရပ်တန့်စေလိုတယ်လို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ကာ့ဒ်လူမျိုး Kurdish YPG အဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ အမေရိကန်အစိုးရက အဓိကကူညီထောက်ပံ့ပေးနေတဲ့ (SDF)အမည်ရှိ လက်နက်ကိုင်အဖွဲ့ရဲ့အဓိက မဟာမိတ်အဖွဲ့စည်းဖြစ်ကြောင်း သိရပါတယ်။ Kurdish YPG အဖွဲ့ဟာ ဆီးရီးယားနယ်စပ်ဒေသမှာ အခြေစိုက်ပြီး ဆီးရီးယားအစိုးရကို လက်နက်ကိုင်ဆန့်ကျင့်တိုက်ခိုက်ခဲ့ဖူးသလို တူရကီအစိုးရကိုလည်းတိုက်ခိုက်နေကြောင်း သိရပါတယ်။ ဆီးရီးယားနိုင်ငံသမ္မတအာဆတ်စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ ဆီးရီးယားနိုင်ငံအတွင်းရှိ တူရကီအစိုးရက ကူညီထောက်ပံ့ပေးနေတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့များကြား ရန်လိုမှုများမြင့်တက်လာနေကြောင်း သိရပါတယ်။ Kurdish YPG အဖွဲ့ဟာ တူရကီနိုင်ငံကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရဖို့ လက်နက်ကိုင် ဆန့်ကျင်နေတဲ့အဖွဲ့စည်းဖြစ်ကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
zawgyi version
ကာ့ဒ္လူမ်ိဳးလက္နက္ကိုင္အဖြဲ႕ လက္နက္မဖ်က္သိမ္းဘူးဆိုရင္ လက္နက္နဲ႔အတူ ေျမျမႇဳပ္သၿဂိဳဟ္ခံရဖြယ္ရွိေနဟု တူရကီသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၆
ကာ့ဒ္လူမ်ိဳး လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ကာ့ဒ္ YPG အဖြဲ႕ဟာ လက္နက္ဖ်က္သိမ္းျခင္းမရွိဘူးဆိုရင္ လက္နက္ေတြနဲ႔အတူ ေျမျမႇဳပ္သၿဂိဳဟ္ခံရမယ္လို႔ တူရကီသမၼတ အာဒိုဂမ္က သတိေပးလိုက္ပါတယ္။
တူရကီသမၼတက "ခြဲထြက္ေရးလက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ Kurdish YPG အဖြဲ႕ဟာ လက္နက္ဖ်က္သိမ္းမွာလား ဒါမွမဟုတ္ လက္နက္ေတြနဲ႔အတူ ေျမျမႇဳပ္သၿဂိဳဟ္ခံမလားဆိုတာ စဥ္းစားရမယ္။ ကြၽန္ေတာ္တို႔ နဲ႔ ကာ့ဒ္လူမ်ိဳးေတြၾကား ေသြးထြက္သံယိုမႈေတြျဖစ္ေအာင္ဖန္တီးေနတဲ့ Kurdish YPG အၾကမ္း ဖက္အဖြဲ႕ကို ၿဖိဳခြင္းသြားရမွာျဖစ္တယ္"လို႔ ေျပာပါတယ္။
တူရကီအစိုးရက အေမရိကန္အစိုးရဟာလည္း Kurdish YPG အဖြဲ႕ကို ကူညီေထာက္ပံ့ေပးတာေတြကိုရပ္တန႔္ေစလိုတယ္လို႔ ထပ္မံေတာင္းဆိုခဲ့ပါတယ္။ ကာ့ဒ္လူမ်ိဳး Kurdish YPG အဖြဲ႕ဟာ ဆီးရီးယားႏိုင္ငံမွာ အေမရိကန္အစိုးရက အဓိကကူညီေထာက္ပံ့ေပးေနတဲ့ (SDF)အမည္ရွိ လက္နက္ကိုင္အဖြဲ႕ရဲ႕အဓိက မဟာမိတ္အဖြဲ႕စည္းျဖစ္ေၾကာင္း သိရပါတယ္။ Kurdish YPG အဖြဲ႕ဟာ ဆီးရီးယားနယ္စပ္ေဒသမွာ အေျခစိုက္ၿပီး ဆီးရီးယားအစိုးရကို လက္နက္ကိုင္ဆန႔္က်င့္တိုက္ခိုက္ခဲ့ဖူးသလို တူရကီအစိုးရကိုလည္းတိုက္ခိုက္ေနေၾကာင္း သိရပါတယ္။ ဆီးရီးယားႏိုင္ငံသမၼတအာဆတ္စစ္ရႈံးကာ ျပည္ပထြက္ေျပးခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာပဲ ဆီးရီးယားႏိုင္ငံအတြင္းရွိ တူရကီအစိုးရက ကူညီေထာက္ပံ့ေပးေနတဲ့လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အျခားလက္နက္ကိုင္အဖြဲ႕မ်ားၾကား ရန္လိုမႈမ်ားျမင့္တက္လာေနေၾကာင္း သိရပါတယ္။ Kurdish YPG အဖြဲ႕ဟာ တူရကီႏိုင္ငံကခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ခြင့္ရဖို႔ လက္နက္ကိုင္ ဆန႔္က်င္ေနတဲ့အဖြဲ႕စည္းျဖစ္ကာ တူရကီအစိုးရက အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္သတ္မွတ္ထားတယ္လို႔ သိရပါတယ္။