ဗြိတိန်အစိုးရက စိတ်ကူးယဉ်ဇာတ်ကောင် ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ထုတ်ပေး
328
Pika (NP News) - အောက်တိုဘာ ၃၁
ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးသည် စိတ်ကူးယဉ်ဇာတ်ကောင် ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ လာမည့်(၂၀၂၅)ခုနှစ်တွင်ထွက်ရှိလာမည့် Paddington in Peru ဇာတ်ကားထုတ်လုပ်သူများက ပက်ဒင်တန်ဝက်ဝံလေးအတွက် ပတ်စ်ပို့ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Paddington in Peru ရုပ်ရှင်ပူးတွဲထုတ်လုပ်သူ ရော့ဘ်ဆေးလ်ဗားက ၎င်းနှင့်၎င်း၏အဖွဲ့သည် Paddington in Peru ဇာတ်ကားတွင် အသုံးပြုရန်အတွက် ပုံစံတူပတ်စ်ပို့ကို တောင်းဆိုရန် ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးကို ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ရော့ဘ်ဆေးလ်ဗားက "ပက်ဒင်တန်ဝက်ဝံလေးအတွက် ပုံစံတူပတ်စ်ပို့ရနိုင်မလားဆိုပြီး ကျွန်တော်တို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးကို စာရေးခဲ့ပါတယ်။ လက်တွေ့မှာတော့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးက ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ကို ထုတ်ပေးခဲ့ပါတယ်။ စိတ်ကူးယဉ်ဇာတ်ကောင်အတွက် တရားဝင်ပတ်စ်ပို့ထုတ်ပေးတာက ဒီတစ်ခုပဲရှိပါတယ်"ဟု ပြောဆိုခဲ့သည်။
အဆိုပါစာရွက်စာတမ်းတွင် ပက်ဒင်တန်၏ဓါတ်ပုံအပြင် ၎င်း၏မွေးနေ့ ဇွန်လ(၂၅)ရက်နှင့် ပီရူးနိုင်ငံရှိ ၎င်း၏မွေးရပ်တည်နေရာတို့ ပါဝင်ကြောင်းသိရသည်။ ရော့ဘ်ဆေးလ်ဗားက"ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးက ဒီလိုမျိုးလုပ်ပေးမယ်လို့ ဘယ်သူမှမထင်ကြပါဘူး။ ဒါပေမဲ့ တရားဝင်လေ့လာမှုတွေအရတော့ ပက်ဒင်တန်ကို သူတို့က ဝက်ဝံအဖြစ်ပဲ စာရင်းသွင်းထားပါတယ်"ဟု ပြောဆိုခဲ့သည်။ Paddington in Peru ရုပ်ရှင်ဇာတ်ကားသည် (၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိရန်စီစဉ်ထားပြီး ပက်ဒင်တန်ဝက်ဝံလေးနှင့် ၎င်းကိုမွေးစားခဲ့သော ဘရောင်းမိသားစုတို့သည် ပီရူးတွင်ရှိသည့် ပက်ဒင်တန်၏ အန်တီလူစီထံ သွား ရောက်လည်ပတ်ရန်ဆုံးဖြတ်ကာ ခရီးထွက်ခဲ့ပြီးနောက် ကြုံတွေ့လာရသည့်အခက်အခဲများကို ရိုက်ကူးထားခြင်းဖြစ်သည်။
zawgyi version
ၿဗိတိန္အစိုးရက စိတ္ကူးယဥ္ဇာတ္ေကာင္ ပက္ဒင္တန္ဝက္ဝံေလးအတြက္ တရားဝင္ပတ္စ္ပို႔ထုတ္ေပး
Pika (NP News) - ေအာက္တိုဘာ ၃၁
ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး႐ုံးသည္ စိတ္ကူးယဥ္ဇာတ္ေကာင္ ပက္ဒင္တန္ဝက္ဝံေလးအတြက္ တရားဝင္ပတ္စ္ပို႔ကို ထုတ္ေပးခဲ့ေၾကာင္း သိရသည္။ လာမည့္(၂၀၂၅)ခုႏွစ္တြင္ထြက္ရွိလာမည့္ Paddington in Peru ဇာတ္ကားထုတ္လုပ္သူမ်ားက ပက္ဒင္တန္ဝက္ဝံေလးအတြက္ ပတ္စ္ပို႔ထုတ္ေပးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ ယခုကဲ့သို႔ထုတ္ေပးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
Paddington in Peru ႐ုပ္ရွင္ပူးတြဲထုတ္လုပ္သူ ေရာ့ဘ္ေဆးလ္ဗားက ၎ႏွင့္၎၏အဖြဲ႕သည္ Paddington in Peru ဇာတ္ကားတြင္ အသုံးျပဳရန္အတြက္ ပုံစံတူပတ္စ္ပို႔ကို ေတာင္းဆိုရန္ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး႐ုံးကို ဆက္သြယ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ေရာ့ဘ္ေဆးလ္ဗားက "ပက္ဒင္တန္ဝက္ဝံေလးအတြက္ ပုံစံတူပတ္စ္ပို႔ရႏိုင္မလားဆိုၿပီး ကြၽန္ေတာ္တို႔ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး႐ုံးကို စာေရးခဲ့ပါတယ္။ လက္ေတြ႕မွာေတာ့ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး႐ုံးက ပက္ဒင္တန္ဝက္ဝံေလးအတြက္ တရားဝင္ပတ္စ္ပို႔ကို ထုတ္ေပးခဲ့ပါတယ္။ စိတ္ကူးယဥ္ဇာတ္ေကာင္အတြက္ တရားဝင္ပတ္စ္ပို႔ထုတ္ေပးတာက ဒီတစ္ခုပဲရွိပါတယ္"ဟု ေျပာဆိုခဲ့သည္။
အဆိုပါစာ႐ြက္စာတမ္းတြင္ ပက္ဒင္တန္၏ဓါတ္ပုံအျပင္ ၎၏ေမြးေန႔ ဇြန္လ(၂၅)ရက္ႏွင့္ ပီ႐ူးႏိုင္ငံရွိ ၎၏ေမြးရပ္တည္ေနရာတို႔ ပါဝင္ေၾကာင္းသိရသည္။ ေရာ့ဘ္ေဆးလ္ဗားက"ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး႐ုံးက ဒီလိုမ်ိဳးလုပ္ေပးမယ္လို႔ ဘယ္သူမွမထင္ၾကပါဘူး။ ဒါေပမဲ့ တရားဝင္ေလ့လာမႈေတြအရေတာ့ ပက္ဒင္တန္ကို သူတို႔က ဝက္ဝံအျဖစ္ပဲ စာရင္းသြင္းထားပါတယ္"ဟု ေျပာဆိုခဲ့သည္။ Paddington in Peru ႐ုပ္ရွင္ဇာတ္ကားသည္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလတြင္ ထြက္ရွိရန္စီစဥ္ထားၿပီး ပက္ဒင္တန္ဝက္ဝံေလးႏွင့္ ၎ကိုေမြးစားခဲ့ေသာ ဘေရာင္းမိသားစုတို႔သည္ ပီ႐ူးတြင္ရွိသည့္ ပက္ဒင္တန္၏ အန္တီလူစီထံ သြား ေရာက္လည္ပတ္ရန္ဆုံးျဖတ္ကာ ခရီးထြက္ခဲ့ၿပီးေနာက္ ႀကဳံေတြ႕လာရသည့္အခက္အခဲမ်ားကို ႐ိုက္ကူးထားျခင္းျဖစ္သည္။