ဘဝကို ဆင်းရဲစွာဖြတ်သန်းခဲ့ရပေမယ့် နိုင်ငံကိုတိုးတက်အောင် ဖန်တီးလုပ်ကိုင်ပေးနိုင်ခဲ့တဲ့ တူရကီဝန်ကြီးချုပ်

929

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်သွားခဲ့ပေမယ့် တူရကီအစိုးရကတော့ ဆီးရီးယားနိုင်ငံမှာ အခြေစိုက်ပြီး တူရကီ အစိုးရကိုဆန့်ကျင်နေတဲ့ ကာ့ဒ်လူမျိုး သူပုန်အဖွဲ့တွေ လက်နက်ဖျက်သိမ်းချိန်အထိ ဆီးရီးယားမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ ကာ့ဒ်လူမျိုးစု လက်နက်ကိုင်အဖွဲ့ဟာ ဆီးရီးယားနဲ့တူရကီနယ်စပ်ဒေသတစ်လျှောက်မှာ တူရကီအစိုးရအဖွဲ့တွေကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့တွေ ဟာတူရကီသမ္မတ အာဒိုဂမ်ကိုဖြုတ်ချဖို့ နိုင်ငံရေးနည်းလမ်းအပြင် လက်နက်ကိုင် လမ်းစဉ်နဲ့ပါ တိုက်ခိုက်နေတာဖြစ်ပြီး တူရကီသမ္မတကလည်း ကာ့ဒ်လူ မျိုးစုလက်နက်ကိုင် အဖွဲ့ကိုဖြိုခွင်းနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ အာဒိုဂမ်ဟာ တူရကီသမ္မတအဖြစ် (၂၀၁၄) ခုနှစ်ကနေ လက်ရှိအချိန်အထိ တာဝန်ယူခဲ့ပြီး တူရကီနိုင်ငံရဲ့ (၁၂)ဦးမြောက်သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ တူရကီသမ္မတအဖြစ် တာဝန်မယူခင် တူရကီဝန်ကြီးချု ပ်အဖြစ် (၂၀ဝ၃)ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။
အာဒိုဂမ်ဟာ (၁၉၉၄)ခုနှစ်ကနေ (၁၉၉၈) ခုနှစ်အထိ တူရကီနိုင်ငံမြို့တော် အစ္စတန် ဘူလ်မြို့ရဲ့မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ အာဒိုဂမ်ဟာ တူရကီဝန်ကြီးချုပ်နဲ့ တူရကီသမ္မတအဖြစ် တာဝန်မယူခင် ငယ်စဉ်က ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။ အာဒိုဂမ်ကို (၁၉၅၄)ခုနှစ်က ဆင်းရဲပြီး ရှေးရိုးစွဲမွတ် စလင်မိသားစုက မွေးဖွားခဲ့ပြီး အစ္စတန်ဘူလ်မြို့မှာ ပညာသင်ကြားခဲ့ရသူဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖခင်ဖြစ်သူပေးတဲ့ သီတင်းတစ်ပတ်ကို မုန့်ဖိုးအမေရိကန်တစ်ဒေါ်လာအောက်နည်းတဲ့ငွေ ကြေးကိုရရှိခဲ့ပေမယ့် အဲဒီ ငွေကြေးကို အသုံးမပြုဘဲ ပို့စကတ်တွေဝယ်ယူပြီး ပြန်လည်ရောင်းချခဲ့ဖူးသလို မီးပွိုင့်တွေမှာလည်း ကားသမားတွေကို ရေသန့်ဘူး ရောင်းချခဲ့ဖူးပါတယ်။ အာဒိုဂမ်ဟာ လူငယ်ဘဝမှာ လမ်းတွေမှာ ဈေးရောင်းချခဲ့ဖူးသလို ဘောလုံးသမား အဖြစ်လည်း ပါဝင်ကစားခဲ့ဖူးပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ်ကြိုးပမ်းခဲ့ပေမယ့် ဖခင်ဖြစ်သူ ကကန့် ကွက်တားဆီးခဲ့လို့ ပရော်ဖက်ရှင်နယ်ဘော လုံးသမားဖြစ်လိုတဲ့အိပ်မက် အဆုံးသတ်ခဲ့ရပါတယ်။ ငယ်စဉ်က ဘဝကို ဆင်းရဲစွာဖြတ်သန်းခဲ့ပေမယ့် ပညာရေးမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ အာဒိုဂမ်ဟာ အထက်တန်းပြီးနောက် အက်ဆာရေးစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးသိပ္ပံတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ အာဒိုဂမ်ဟာ နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ဦးဖြစ်ရာ တက္ကသိုလ်ကျောင်းသား ဘဝမှာတည်းက ကွန်မြူနစ် ဆန့်ကျင်ရေးကျောင်းသားအဖွဲ့အစည်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ (၁၉၇၆)ခုနှစ်မှာ National Salvation MSP ပါတီ ရဲ့ Beyoglu ဒေသ လူငယ် ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ MSP ပါတီရဲ့မြို့တော် အစ္စတန်ဘူလ်မြို့ လူငယ်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ တူရကီနိုင်ငံမှာ (၁၉၈၀)ပြည့်နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နိုင်ငံရေးပါတီ တွေကိုဖျက်သိမ်းခဲ့ပါတယ်။ (၁၉၈၃)ခုနှစ်မှာတော့ အာဒိုဂမ်ဟာ Welfare Party ကိုဝင်ရောက်ခဲ့ပြီး အဲဒီပါတီမှာ အစ္စတန် ဘူလ်မြို့ ပါတီအကြီးအကဲ အဖြစ်တာဝန်ယူခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုမရခဲ့ပါဘူး။ (၁၉၉၄) ခုနှစ်ကကျင်းပတဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့တော်ဝန်အဖြစ်ရွေးကောက် ခံရကာ (၁၉၉၈)ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ အာဒိုဂမ်ဟာ အငြင်းပွားဖွယ်ဖြစ်စေတဲ့ ကဗျာထုတ်ဝေမှုကြောင့် (၁၉၉၉) ခုနှစ်မှာ ထောင်ဒဏ် (၁၀)လ ပြစ်ဒဏ်ပေးခံရသလို မြို့တော်ဝန်ရာထူးကနုတ်ထွက် ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ နိုင်ငံရေး သမားဘဝအတွင်း အငြင်းပွားဖွယ်ရာအဖြစ်အပျက်တွေရင်ဆိုင်ခဲ့ရပြီး နောက် (၂၀ဝ၁) ခုနှစ်မှာ တရားမျှတမှုနဲ့ ဖွံ့ဖြိုးရေး ပါတီ (AKP)ကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ အာဒိုဂမ်ဦးဆောင်နေတဲ့ တရားမျှတမှုနဲ့ ဖွံဖြိုးရေး ပါတီ(AKP)ဟာ လူထုထောက်ခံမှုအများအပြားရယူ နိုင်ခဲ့ပြီး (၂၀ဝ၂)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင် ခဲ့ရာ တခြားပြိုင်ဘက် ပါတီတွေထက် မဲအရေအတွက်ပိုမိုရရှိခဲ့ကာ ညွန့် ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး အာဒိုဂမ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတည်းက တူရကီဝန်ကြီးချုပ်နဲ့ သမ္မတတာဝန် တွေကို လက်ရှိအချိန်အထိ ရယူနိုင်ခဲ့ ပါတယ်။ အစိုးရအဖွဲ့ကိုတာဝန်ယူချိန်အတွင်း နှစ် ပေါင်း (၂၅)နှစ်ကြာဖြစ်ပွားခဲ့တဲ့ တူရကီ-ကာ့ဒ်လူ မျိုးတွေရဲ့ အလုပ်သမားပါတီကြားအငြင်းပွားမှုက စိန်ခေါ်မှုအဖြစ်ရှိနေခဲ့ပါတယ်။ တူရကီအစိုးရဟာ ကာ့ဒ်လူမျိုးတွေရဲ့ဘာသာစကားကို နိုင်ငံရေးမဲဆွယ် စည်းရုံးပွဲနိုင်ငံအတွင်းရှိရုပ်သံတွေမှာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ရာမှ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။ အာဒိုဂမ်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဒီမိုက ရက်တစ်လုပ်ငန်းစဉ် တွေနဲ့လူ့ အခွင့်အရေးကို ယခင်ထက် ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ခဲ့ပြီး တူရကီအစိုးရသိမ်းယူဖူးတဲ့ ခရစ်ယာန်နဲ့ဂျူး အဖွဲ့အစည်း တွေရဲ့ပိုင်ဆိုင်မှုကိုပြန်ပေးခဲ့ဖူးသလို မွတ်စလင်အများအပြားရှိနေတဲ့နိုင်ငံမှာ ခရစ်ယာန်နဲ့ဂျူးတွေကို ပွဲ ကျင်းပခွင့်တွေပေးခဲ့ပါတယ်။ အာဒိုဂမ်ဦးဆောင်တဲ့ တူရကီအစိုးရလက်ထက်အတွင်း အရက်သောက်သုံး ရောင်းချခြင်း တွေနဲ့ပတ်သက်တဲ့ဥပဒေကို တင်းကြပ်ခဲ့ပြီး အရက်ကြော်ငြာတွေကိုပိတ်ပင်ခဲ့ကာ အရက်နဲ့ ပတ်သက်တဲ့အခွန်တွေကို ပိုမိုတိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အာဒိုဂမ်ဟာ နိုင်ငံ့စီးပွားရေးကျဆင်းမှုတွေကို ပြန်လည်ကောင်းမွန်အောင် (၂၀ဝ၂) ခုနှစ်တည်းက လက်ရှိအချိန်အထိကြိုးပမ်းခဲ့ရာ တူရကီနိုင်ငံရဲ့ ဂျီဒီပီဟာ (၂၀ဝ၂)ခုနှစ်နောက်ပိုင်းတည်းက လက် ရှိအချိန်အထိ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်လို့ဆို ပါတယ်။ တူရကီနိုင်ငံဟာ စစ်အာဏာသိမ်းမှု လေး ကြိမ်ဖြစ်ခဲ့ဖူးရာ အာဒိုဂမ်ဟာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်တည်ဆောက်ခဲ့ပြီး စစ်အာဏာ သိမ်းမှုမဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ အာဒိုဂမ်ဦးဆောင်တဲ့ တူရကီအစိုးရလက်ထက် သက်တမ်းတစ်လျှောက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ကြိုးပမ်းခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂရိနိုင်ငံ၊ ဆိုက်ပရက်နိုင်ငံတို့နဲ့ အငြင်းပွားမှု တွေကြောင့် လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်မရသေးပါဘူး။ တူရကီဟာ ဆိုက်ပရက်ကို နိုင် ငံအဖြစ် အသိမှတ်မပြုသလို အာဒိုဂမ်ဟာ အာမေးနီးယားနိုင်ငံကို ဝန်ကြီးချုပ်နဲ့သမ္မတအဖြစ်တာဝန်ယူ တဲ့သက်တမ်း တစ်လျှောက် သွားရောက်လည်ပတ်တာ မျိုးမရှိခဲ့ပါဘူး။ တူရကီဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဟန်ချက်ညီအောင် ထိန်းကစားနိုင်ခဲ့ပြီး ဆက်ဆံရေးခိုင်မာအောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ တူရကီဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင်နေသလို တခြားတစ်ဖက်မှာတော့ ရုရှားနိုင်ငံနဲ့ စီးပွားရေးသံတမန်ရေးကို ပိုမိုကောင်းမွန် စွာတည်ဆောက်ထားနိုင်ပါတယ်။ ရုရှားနဲ့ယူကရိန်း စစ်ပွဲဖြစ် လာခဲ့ပြီးနောက်ပိုင်း အာဒိုဂမ်ဟာ ရုရှားကို တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေ ပြုမှုဆက်ဆံတဲ့ပုံစံ အတိုင်းမဆက်ဆံသလို ပြစ်တင်ရှုတ်ချတာမျိုးမလုပ်ဘဲ ပါးနပ်စွာကိုင်တွယ်နိုင်ခဲ့ပါတယ်။ အာဒိုဂမ်ဟာ ယူကရိန်းနဲ့ရုရုားနိုင်ငံကြား စစ်ပွဲဖြစ် လာခဲ့ပြီးနောက် ပိုင်းကြားဝင်စေ့စပ်ပေးဖို့ကြိုးပမ်းခဲ့ပေမယ့် ယူကရိန်း အစိုးရဟာ တူရကီရဲ့ကြားဝင်စေ့စပ် ပေးမှုတွေကို လက်မခံတဲ့အတွက် အောင်မြင်မှုမရခဲ့ပါဘူး။ အာဒိုဂမ် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အမေရိကန်နဲ့ တူရကီနိုင်ငံ ကြားမှာလည်း ဆက်ဆံရေးအေးစက်တဲ့ ပုံစံမျိုးတွေရှိခဲ့ပြီး အမေရိကန်ဟာ တူရကီကို စစ် လက်နက်ပစ္စည်းရောင်းချရေး နဲ့ပတ်သက်ရင် ပိတ်ပင် တာတွေရှိခဲ့တဲ့အတွက် တူရကီဟာ အမေရိကန်နိုင်ငံထံက စစ်လက်နက်ပစ္စည်းတွေဝယ်ယူ မယ့်အစား ရုရှားနိုင်ငံထံကနေ လေကြောင်းရန်ကာကွယ်ရေးစ နစ်တွေ ပြောင်းလဲဝယ်ယူခဲ့ရာ အမေရိကန်နဲ့ တူရကီ နိုင်ငံကြား ဆက်ဆံရေးအေးစက်ခဲ့ဖူးပါတယ်။
ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း တူရကီနိုင်ငံဟာ ယခင်ထက် ပိုမိုတိုးတက်ကောင်းမွန် မှုတွေရှိခဲ့ပြီး အာဒိုဂမ်ဟာ ရုရှားအပါအဝင် နိုင်ငံအဖွဲ့ အစည်းအများအပြားကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု တံဆိပ်ပေါင်း အနည်းဆုံး (၅၀) ကျော်ရရှိထားပါတယ်။ တစ်ခါတစ်ရံမှာ အာဒိုဂမ်ရဲ့ ပြုမူပြောဆိုချက်တွေဟာ အာဏာရှင်ဆန်တယ်လို့ စွပ်စွဲပြစ် တင်ခံရတာတွေ ရှိနေပါတယ်။ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက် မွေးထားတဲ့ အာဒိုဂမ်ဟာ ဘဝကို ဆင်းရဲစွာ ဖြတ်သန်း ခဲ့ရပေမယ့် ဝန်ကြီးချုပ်နဲ့ သမ္မတအဖြစ်တာဝန်ယူချိန် အတွင်းမှာ တူရကီနိုင်ငံကို နိုင်ငံတကာမှာ နိုင်ငံပုံရိပ် တက်အောင်ကြိုးပမ်းပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်နေပြီး ပြည်တွင်းစစ်အဆုံးသတ်ခဲ့တဲ့ ဆီးရီးယား နိုင်ငံ ပြန်လည် တည်ထောင်ရေးနဲ့ အစိုးရအသစ် အသွင်ကူးပြောင်းရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာဖွယ်ရှိနေပါတယ်။ အာဒိုဂမ်ဟာ လက်ရှိအချိန်မှာ တူရကီနိုင်ငံကို အကောင်းဆုံးပုံစံမျိုးနဲ့မောင်း နှင်နိုင်ခဲ့သလို နိုင်ငံအချုပ်အခြာအာဏာ၊ လုံခြုံရေး အတွက်လည်း ခြိမ်းခြောက်နေတဲ့လက်နက်ကိုင်အဖွဲ့စည်းတွေကို တုံ့ပြန်မှုတွေရှိခဲ့ဖူးရာ ဥရောပတိုက်ရှိ နိုင်ငံအချို့နဲ့ အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ မည့်သို့ ပင်ဆိုနေစေကာမူ တူရကီနိုင်ငံဟာ အာဒိုဂမ် သမ္မတ အဖြစ်တာဝန် ယူချိန်အတွင်းမှာ အစစအရာရာ တိုး တက်ကောင်းမွန်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေ ကြားမှာ အာဒိုဂမ်နဲ့အတူ ၎င်းဦးဆောင်တဲ့ပါတီကို ပြည်သူများက အားပေးထောက်ခံနေဆဲဖြစ်ပါတယ်။

Zawgyi Version;
ဘဝကို ဆင္းရဲစြာျဖတ္သန္းခဲ့ရေပမယ့္ ႏိုင္ငံကိုတိုးတက္ေအာင္ ဖန္တီးလုပ္ကိုင္ေပးႏိုင္ခဲ့တဲ့ တူရကီဝန္ႀကီးခ်ဳပ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂
ဆီးရီးယားျပည္တြင္းစစ္ အဆုံးသတ္သြားခဲ့ေပမယ့္ တူရကီအစိုးရကေတာ့ ဆီးရီးယားႏိုင္ငံမွာ အေျခစိုက္ၿပီး တူရကီ အစိုးရကိုဆန႔္က်င္ေနတဲ့ ကာ့ဒ္လူမ်ိဳး သူပုန္အဖြဲ႕ေတြ လက္နက္ဖ်က္သိမ္းခ်ိန္အထိ ဆီးရီးယားမွာ စစ္ေရးလႈပ္ရွားမႈေတြ ဆက္လက္လုပ္ေဆာင္မယ္လို႔ ေၾကညာထားပါတယ္။ ဆီးရီးယားျပည္တြင္းစစ္မွာ ပါဝင္ေနတဲ့ ကာ့ဒ္လူမ်ိဳးစု လက္နက္ကိုင္အဖြဲ႕ဟာ ဆီးရီးယားနဲ႔တူရကီနယ္စပ္ေဒသတစ္ေလွ်ာက္မွာ တူရကီအစိုးရအဖြဲ႕ေတြကို တိုက္ခိုက္ေနဆဲ ျဖစ္ပါတယ္။
ကာ့ဒ္လူမ်ိဳး လက္နက္ကိုင္အဖြဲ႕ေတြ ဟာတူရကီသမၼတ အာဒိုဂမ္ကိုျဖဳတ္ခ်ဖို႔ ႏိုင္ငံေရးနည္းလမ္းအျပင္ လက္နက္ကိုင္ လမ္းစဥ္နဲ႔ပါ တိုက္ခိုက္ေနတာျဖစ္ၿပီး တူရကီသမၼတကလည္း ကာ့ဒ္လူ မ်ိဳးစုလက္နက္ကိုင္ အဖြဲ႕ကိုၿဖိဳခြင္းႏိုင္ဖို႔ ႀကိဳးပမ္း ေနပါတယ္။ အာဒိုဂမ္ဟာ တူရကီသမၼတအျဖစ္ (၂၀၁၄) ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ တာဝန္ယူခဲ့ၿပီး တူရကီႏိုင္ငံရဲ႕ (၁၂)ဦးေျမာက္သမၼတအျဖစ္ တာဝန္ယူခဲ့ပါတယ္။ ၎ဟာ တူရကီသမၼတအျဖစ္ တာဝန္မယူခင္ တူရကီဝန္ႀကီးခ်ဳ ပ္အျဖစ္ (၂၀ဝ၃)ခုႏွစ္ကေန (၂၀၁၄) ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။
အာဒိုဂမ္ဟာ (၁၉၉၄)ခုႏွစ္ကေန (၁၉၉၈) ခုႏွစ္အထိ တူရကီႏိုင္ငံၿမိဳ႕ေတာ္ အစၥတန္ ဘူလ္ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။ အာဒိုဂမ္ဟာ တူရကီဝန္ႀကီးခ်ဳပ္နဲ႔ တူရကီသမၼတအျဖစ္ တာဝန္မယူခင္ ငယ္စဥ္က ဘဝကို ခက္ခဲၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ရသူလည္းျဖစ္ပါတယ္။ အာဒိုဂမ္ကို (၁၉၅၄)ခုႏွစ္က ဆင္းရဲၿပီး ေရွး႐ိုးစြဲမြတ္ စလင္မိသားစုက ေမြးဖြားခဲ့ၿပီး အစၥတန္ဘူလ္ၿမိဳ႕မွာ ပညာသင္ၾကားခဲ့ရသူျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ဖခင္ျဖစ္သူေပးတဲ့ သီတင္းတစ္ပတ္ကို မုန႔္ဖိုးအေမရိကန္တစ္ေဒၚလာေအာက္နည္းတဲ့ေငြ ေၾကးကိုရရွိခဲ့ေပမယ့္ အဲဒီ ေငြေၾကးကို အသုံးမျပဳဘဲ ပို႔စကတ္ေတြဝယ္ယူၿပီး ျပန္လည္ေရာင္းခ်ခဲ့ဖူးသလို မီးပြိဳင့္ေတြမွာလည္း ကားသမားေတြကို ေရသန႔္ဘူး ေရာင္းခ်ခဲ့ဖူးပါတယ္။ အာဒိုဂမ္ဟာ လူငယ္ဘဝမွာ လမ္းေတြမွာ ေဈးေရာင္းခ်ခဲ့ဖူးသလို ေဘာလုံးသမား အျဖစ္လည္း ပါဝင္ကစားခဲ့ဖူးၿပီး ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားအျဖစ္ႀကိဳးပမ္းခဲ့ေပမယ့္ ဖခင္ျဖစ္သူ ကကန႔္ ကြက္တားဆီးခဲ့လို႔ ပေရာ္ဖက္ရွင္နယ္ေဘာ လုံးသမားျဖစ္လိုတဲ့အိပ္မက္ အဆုံးသတ္ခဲ့ရပါတယ္။ ငယ္စဥ္က ဘဝကို ဆင္းရဲစြာျဖတ္သန္းခဲ့ေပမယ့္ ပညာေရးမွာ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ပါတယ္။ အာဒိုဂမ္ဟာ အထက္တန္းၿပီးေနာက္ အက္ဆာေရးစီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးသိပၸံတကၠသိုလ္မွာ စီးပြားေရးစီမံခန႔္ခြဲမႈဘာသာရပ္နဲ႔ ဘြဲ႕ရခဲ့ပါတယ္။ အာဒိုဂမ္ဟာ ႏိုင္ငံေရးကို စိတ္ဝင္စားသူတစ္ဦးျဖစ္ရာ တကၠသိုလ္ေက်ာင္းသား ဘဝမွာတည္းက ကြန္ျမဴနစ္ ဆန႔္က်င္ေရးေက်ာင္းသားအဖြဲ႕အစည္းမွာ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ၎ဟာ (၁၉၇၆)ခုႏွစ္မွာ National Salvation MSP ပါတီ ရဲ႕ Beyoglu ေဒသ လူငယ္ ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ MSP ပါတီရဲ႕ၿမိဳ႕ေတာ္ အစၥတန္ဘူလ္ၿမိဳ႕ လူငယ္ေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။ တူရကီႏိုင္ငံမွာ (၁၉၈၀)ျပည့္ႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီး ႏိုင္ငံေရးပါတီ ေတြကိုဖ်က္သိမ္းခဲ့ပါတယ္။ (၁၉၈၃)ခုႏွစ္မွာေတာ့ အာဒိုဂမ္ဟာ Welfare Party ကိုဝင္ေရာက္ခဲ့ၿပီး အဲဒီပါတီမွာ အစၥတန္ ဘူလ္ၿမိဳ႕ ပါတီအႀကီးအကဲ အျဖစ္တာဝန္ယူခဲ့သလို ၾကားျဖတ္ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ေအာင္ျမင္မႈမရခဲ့ပါဘူး။ (၁၉၉၄) ခုႏွစ္ကက်င္းပတဲ့ ေဒသဆိုင္ရာေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အျဖစ္ေ႐ြးေကာက္ ခံရကာ (၁၉၉၈)ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။ အာဒိုဂမ္ဟာ အျငင္းပြားဖြယ္ျဖစ္ေစတဲ့ ကဗ်ာထုတ္ေဝမႈေၾကာင့္ (၁၉၉၉) ခုႏွစ္မွာ ေထာင္ဒဏ္ (၁၀)လ ျပစ္ဒဏ္ေပးခံရသလို ၿမိဳ႕ေတာ္ဝန္ရာထူးကႏုတ္ထြက္ ဖို႔ ဖိအားေပးခံခဲ့ရပါတယ္။ ႏိုင္ငံေရး သမားဘဝအတြင္း အျငင္းပြားဖြယ္ရာအျဖစ္အပ်က္ေတြရင္ဆိုင္ခဲ့ရၿပီး ေနာက္ (၂၀ဝ၁) ခုႏွစ္မွာ တရားမွ်တမႈနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီ (AKP)ကို ဦးေဆာင္တည္ေထာင္ခဲ့ပါတယ္။ အာဒိုဂမ္ဦးေဆာင္ေနတဲ့ တရားမွ်တမႈနဲ႔ ဖြံၿဖိဳးေရး ပါတီ(AKP)ဟာ လူထုေထာက္ခံမႈအမ်ားအျပားရယူ ႏိုင္ခဲ့ၿပီး (၂၀ဝ၂)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲကို ပထမဆုံးအႀကိမ္ပါဝင္ယွဥ္ၿပိဳင္ ခဲ့ရာ တျခားၿပိဳင္ဘက္ ပါတီေတြထက္ မဲအေရအတြက္ပိုမိုရရွိခဲ့ကာ ၫြန႔္ ေပါင္းအစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းခြင့္ရရွိခဲ့ၿပီး အာဒိုဂမ္က ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းတည္းက တူရကီဝန္ႀကီးခ်ဳပ္နဲ႔ သမၼတတာဝန္ ေတြကို လက္ရွိအခ်ိန္အထိ ရယူႏိုင္ခဲ့ ပါတယ္။ အစိုးရအဖြဲ႕ကိုတာဝန္ယူခ်ိန္အတြင္း ႏွစ္ ေပါင္း (၂၅)ႏွစ္ၾကာျဖစ္ပြားခဲ့တဲ့ တူရကီ-ကာ့ဒ္လူ မ်ိဳးေတြရဲ႕ အလုပ္သမားပါတီၾကားအျငင္းပြားမႈက စိန္ေခၚမႈအျဖစ္ရွိေနခဲ့ပါတယ္။ တူရကီအစိုးရဟာ ကာ့ဒ္လူမ်ိဳးေတြရဲ႕ဘာသာစကားကို ႏိုင္ငံေရးမဲဆြယ္ စည္း႐ုံးပြဲႏိုင္ငံအတြင္းရွိ႐ုပ္သံေတြမွာ အသုံးျပဳခြင့္ ပိတ္ပင္ခဲ့ရာမွ အျငင္းပြားမႈေတြျဖစ္ပြားခဲ့ပါတယ္။ အာဒိုဂမ္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဒီမိုက ရက္တစ္လုပ္ငန္းစဥ္ ေတြနဲ႔လူ႔ အခြင့္အေရးကို ယခင္ထက္ ပိုမိုေကာင္းမြန္ေအာင္ျပဳလုပ္ႏိုင္ခဲ့ၿပီး တူရကီအစိုးရသိမ္းယူဖူးတဲ့ ခရစ္ယာန္နဲ႔ဂ်ဴး အဖြဲ႕အစည္း ေတြရဲ႕ပိုင္ဆိုင္မႈကိုျပန္ေပးခဲ့ဖူးသလို မြတ္စလင္အမ်ားအျပားရွိေနတဲ့ႏိုင္ငံမွာ ခရစ္ယာန္နဲ႔ဂ်ဴးေတြကို ပြဲ က်င္းပခြင့္ေတြေပးခဲ့ပါတယ္။ အာဒိုဂမ္ဦးေဆာင္တဲ့ တူရကီအစိုးရလက္ထက္အတြင္း အရက္ေသာက္သုံး ေရာင္းခ်ျခင္း ေတြနဲ႔ပတ္သက္တဲ့ဥပေဒကို တင္းၾကပ္ခဲ့ၿပီး အရက္ေၾကာ္ျငာေတြကိုပိတ္ပင္ခဲ့ကာ အရက္နဲ႔ ပတ္သက္တဲ့အခြန္ေတြကို ပိုမိုတိုးျမႇင့္ေကာက္ခံခဲ့ပါတယ္။ အာဒိုဂမ္ဟာ ႏိုင္ငံ့စီးပြားေရးက်ဆင္းမႈေတြကို ျပန္လည္ေကာင္းမြန္ေအာင္ (၂၀ဝ၂) ခုႏွစ္တည္းက လက္ရွိအခ်ိန္အထိႀကိဳးပမ္းခဲ့ရာ တူရကီႏိုင္ငံရဲ႕ ဂ်ီဒီပီဟာ (၂၀ဝ၂)ခုႏွစ္ေနာက္ပိုင္းတည္းက လက္ ရွိအခ်ိန္အထိ တျဖည္းျဖည္း တိုးတက္လာခဲ့တယ္လို႔ဆို ပါတယ္။ တူရကီႏိုင္ငံဟာ စစ္အာဏာသိမ္းမႈ ေလး ႀကိမ္ျဖစ္ခဲ့ဖူးရာ အာဒိုဂမ္ဟာ စစ္ဘက္ အရပ္ဘက္ ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ခဲ့ၿပီး စစ္အာဏာ သိမ္းမႈမျဖစ္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။ အာဒိုဂမ္ဦးေဆာင္တဲ့ တူရကီအစိုးရလက္ထက္ သက္တမ္းတစ္ေလွ်ာက္မွာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ အဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ ဂရိႏိုင္ငံ၊ ဆိုက္ပရက္ႏိုင္ငံတို႔နဲ႔ အျငင္းပြားမႈ ေတြေၾကာင့္ လက္ရွိအခ်ိန္အထိ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္မရေသးပါဘူး။ တူရကီဟာ ဆိုက္ပရက္ကို ႏိုင္ ငံအျဖစ္ အသိမွတ္မျပဳသလို အာဒိုဂမ္ဟာ အာေမးနီးယားႏိုင္ငံကို ဝန္ႀကီးခ်ဳပ္နဲ႔သမၼတအျဖစ္တာဝန္ယူ တဲ့သက္တမ္း တစ္ေလွ်ာက္ သြားေရာက္လည္ပတ္တာ မ်ိဳးမရွိခဲ့ပါဘူး။ တူရကီဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံ ေတြျဖစ္တဲ့ အေမရိကန္နဲ႔ ႐ုရွားႏိုင္ငံၾကား ဟန္ခ်က္ညီေအာင္ ထိန္းကစားႏိုင္ခဲ့ၿပီး ဆက္ဆံေရးခိုင္မာေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။ တူရကီဟာ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕မွာ အဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ပါဝင္ေနသလို တျခားတစ္ဖက္မွာေတာ့ ႐ုရွားႏိုင္ငံနဲ႔ စီးပြားေရးသံတမန္ေရးကို ပိုမိုေကာင္းမြန္ စြာတည္ေဆာက္ထားႏိုင္ပါတယ္။ ႐ုရွားနဲ႔ယူကရိန္း စစ္ပြဲျဖစ္ လာခဲ့ၿပီးေနာက္ပိုင္း အာဒိုဂမ္ဟာ ႐ုရွားကို တျခားေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြ ျပဳမႈဆက္ဆံတဲ့ပုံစံ အတိုင္းမဆက္ဆံသလို ျပစ္တင္ရႈတ္ခ်တာမ်ိဳးမလုပ္ဘဲ ပါးနပ္စြာကိုင္တြယ္ႏိုင္ခဲ့ပါတယ္။ အာဒိုဂမ္ဟာ ယူကရိန္းနဲ႔႐ု႐ုားႏိုင္ငံၾကား စစ္ပြဲျဖစ္ လာခဲ့ၿပီးေနာက္ ပိုင္းၾကားဝင္ေစ့စပ္ေပးဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ ယူကရိန္း အစိုးရဟာ တူရကီရဲ႕ၾကားဝင္ေစ့စပ္ ေပးမႈေတြကို လက္မခံတဲ့အတြက္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ အာဒိုဂမ္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း အေမရိကန္နဲ႔ တူရကီႏိုင္ငံ ၾကားမွာလည္း ဆက္ဆံေရးေအးစက္တဲ့ ပုံစံမ်ိဳးေတြရွိခဲ့ၿပီး အေမရိကန္ဟာ တူရကီကို စစ္ လက္နက္ပစၥည္းေရာင္းခ်ေရး နဲ႔ပတ္သက္ရင္ ပိတ္ပင္ တာေတြရွိခဲ့တဲ့အတြက္ တူရကီဟာ အေမရိကန္ႏိုင္ငံထံက စစ္လက္နက္ပစၥည္းေတြဝယ္ယူ မယ့္အစား ႐ုရွားႏိုင္ငံထံကေန ေလေၾကာင္းရန္ကာကြယ္ေရးစ နစ္ေတြ ေျပာင္းလဲဝယ္ယူခဲ့ရာ အေမရိကန္နဲ႔ တူရကီ ႏိုင္ငံၾကား ဆက္ဆံေရးေအးစက္ခဲ့ဖူးပါတယ္။
ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း တူရကီႏိုင္ငံဟာ ယခင္ထက္ ပိုမိုတိုးတက္ေကာင္းမြန္ မႈေတြရွိခဲ့ၿပီး အာဒိုဂမ္ဟာ ႐ုရွားအပါအဝင္ ႏိုင္ငံအဖြဲ႕ အစည္းအမ်ားအျပားကခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဆု တံဆိပ္ေပါင္း အနည္းဆုံး (၅၀) ေက်ာ္ရရွိထားပါတယ္။ တစ္ခါတစ္ရံမွာ အာဒိုဂမ္ရဲ႕ ျပဳမူေျပာဆိုခ်က္ေတြဟာ အာဏာရွင္ဆန္တယ္လို႔ စြပ္စြဲျပစ္ တင္ခံရတာေတြ ရွိေနပါတယ္။ သားႏွစ္ေယာက္နဲ႔ သမီးႏွစ္ေယာက္ ေမြးထားတဲ့ အာဒိုဂမ္ဟာ ဘဝကို ဆင္းရဲစြာ ျဖတ္သန္း ခဲ့ရေပမယ့္ ဝန္ႀကီးခ်ဳပ္နဲ႔ သမၼတအျဖစ္တာဝန္ယူခ်ိန္ အတြင္းမွာ တူရကီႏိုင္ငံကို ႏိုင္ငံတကာမွာ ႏိုင္ငံပုံရိပ္ တက္ေအာင္ႀကိဳးပမ္းေပးႏိုင္တဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ေနၿပီး ျပည္တြင္းစစ္အဆုံးသတ္ခဲ့တဲ့ ဆီးရီးယား ႏိုင္ငံ ျပန္လည္ တည္ေထာင္ေရးနဲ႔ အစိုးရအသစ္ အသြင္ကူးေျပာင္းေရးမွာ အဓိကအခန္းက႑ကေန ပါဝင္လာဖြယ္ရွိေနပါတယ္။ အာဒိုဂမ္ဟာ လက္ရွိအခ်ိန္မွာ တူရကီႏိုင္ငံကို အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ေမာင္း ႏွင္ႏိုင္ခဲ့သလို ႏိုင္ငံအခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရး အတြက္လည္း ၿခိမ္းေျခာက္ေနတဲ့လက္နက္ကိုင္အဖြဲ႕စည္းေတြကို တုံ႔ျပန္မႈေတြရွိခဲ့ဖူးရာ ဥေရာပတိုက္ရွိ ႏိုင္ငံအခ်ိဳ႕နဲ႔ အျငင္းပြားမႈေတြရွိခဲ့ပါတယ္။ မည့္သို႔ ပင္ဆိုေနေစကာမူ တူရကီႏိုင္ငံဟာ အာဒိုဂမ္ သမၼတ အျဖစ္တာဝန္ ယူခ်ိန္အတြင္းမွာ အစစအရာရာ တိုး တက္ေကာင္းမြန္မႈေတြရွိေနတဲ့အတြက္ ျပည္သူေတြ ၾကားမွာ အာဒိုဂမ္နဲ႔အတူ ၎ဦးေဆာင္တဲ့ပါတီကို ျပည္သူမ်ားက အားေပးေထာက္ခံေနဆဲျဖစ္ပါတယ္။