လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ရှေ့ပြေးစီမံကိန်းကို နေပြည်တော် က ရွာ ၂ ရွာတွင် အကောင်အထည်ဖော်မည်

 242

မြတ် (NP News) ဇူလိုင် - ၁၂

လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ရှေ့ပြေးစီမံကိန်းကို နေပြည်တော် က ရွာ ၂ ရွာတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး မှ သိရသည်။
အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးရှေ့ပြေးစီမံကိန်းအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာဖြစ်သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာများတွင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံချက်ရွာနှစ်ရွာ၏ လူမှုစီးပွားရေးအခြေအနေကိုသုံးသပ်ပြီး လိုအပ်ချက်များ နှင့် လုပ်ဆောင်ဖြည့်ဆည်းပေးရမည့်နည်းလမ်းလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး စီမံချက်ရေးဆွဲသွားရမည်ဖြစ်သည့်အတွက် လက်တွေ့ဖြစ်နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ အဆိုပါဆန်းစစ်ချက်များ ပေါင်းစပ်ပြီးနောက် လုပ်စရာရှိသည့်လုပ်ငန်းများကို ဆက်လုပ်ကြရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များ၏ အောင်မြင်ပြီးစီးမှုကိုလည်း ကာလအလိုက် ပြန်လည်သုံးသပ်ဆန်းစစ်သွားကြရမည်ဖြစ်ကြောင်း အဆိုပါ အစည်း အဝေးတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် က ဆိုသည်။
ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖျင်းစီမံချက်အနေဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရန် စီစဉ်ထားရာ ပထမအပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြုအသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားရန် နှင့် ဒုတိယအပိုင်းအနေဖြင့် လူမှုစီးပွားရေးပြန်လည်ထူထောင်မှုအပိုင်းဖြစ်သည့် စီးပွားရေးအပိုင်းတွင် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်သမ/နှင့် MSME များ ထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် မြစိမ်းရောင်၊ VDF ၊ မွေးမြူရေးအစုအဖွဲ့များကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးသွားရန် စီစဥ်ထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ ရှေးဟောင်းသမိုင်းဝင်သားခိုတောင် ဒေသန္တရခရီးစဉ်ကို ညောင်ပင်သာအပန်းဖြေစခန်းနှင့် တွဲဖက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ပြောသည်။
ပြည်သူ့ဆက်ဆံရေး Public Relations နှင့် ပတ်သက်၍ မကျီးပင်၊ ညောင်ပင်သာတွင်ရှိသည့် Community Center ကို အခြေပြုပြီး ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံလူထုကို သတင်းအချက်အလက်မျှဝေခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးစီမံချက်မှသည် ကျန်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ဒေသအလိုက် အလားတူဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးက ပြည်သူများအတွက် နမူနာအဖြစ် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် မိမိတို့လုပ်ငန်းကော်မတီ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည်အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းများကတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိသွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Zawgyi Version:
လူမႈအဖြဲ႕အစည္းေပါင္းစုံပါဝင္သည့္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္မႈစီမံခ်က္ ေရွ႕ေျပးစီမံကိန္းကို ေနျပည္ေတာ္ က ႐ြာ ၂ ႐ြာတြင္ အေကာင္အထည္ေဖာ္မည္
ျမတ္ (NP News) ဇူလိုင္ - ၁၂
လူမႈအဖြဲ႕အစည္းေပါင္းစုံပါဝင္သည့္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္မႈစီမံခ်က္ ေရွ႕ေျပးစီမံကိန္းကို ေနျပည္ေတာ္ က ႐ြာ ၂ ႐ြာတြင္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ ဒုတိယအႀကိမ္ ညႇိႏႈိင္းအစည္းအေဝး မွ သိရသည္။
အဆိုပါအစည္းအေဝးကို ဇူလိုင္လ ၁၁ ရက္ က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ရာ အစည္းအေဝးသို႔ တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး ဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္၊ ဒုတိယဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဦးစြာ တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရးေရွ႕ေျပးစီမံကိန္းအျဖစ္ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ မက်ီးပင္ေက်း႐ြာအုပ္စုမွ ေရေဘးသင့္ေက်း႐ြာျဖစ္သည့္ ေညာင္ပင္သာႏွင့္ မက်ီးပင္ေက်း႐ြာမ်ားတြင္ ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
စီမံခ်က္႐ြာႏွစ္႐ြာ၏ လူမႈစီးပြားေရးအေျခအေနကိုသုံးသပ္ၿပီး လိုအပ္ခ်က္မ်ား ႏွင့္ လုပ္ေဆာင္ျဖည့္ဆည္းေပးရမည့္နည္းလမ္းလုပ္ငန္းမ်ားကို ရွာေဖြေဖာ္ထုတ္ၿပီး စီမံခ်က္ေရးဆြဲသြားရမည္ျဖစ္သည့္အတြက္ လက္ေတြ႕ျဖစ္ႏိုင္ေျခဆန္းစစ္ခ်က္မ်ား ေဖာ္ထုတ္ရမည္ျဖစ္ေၾကာင္း၊ အဆိုပါဆန္းစစ္ခ်က္မ်ား ေပါင္းစပ္ၿပီးေနာက္ လုပ္စရာရွိသည့္လုပ္ငန္းမ်ားကို ဆက္လုပ္ၾကရမည္ျဖစ္ၿပီး လုပ္ေဆာင္ခ်က္မ်ား၏ ေအာင္ျမင္ၿပီးစီးမႈကိုလည္း ကာလအလိုက္ ျပန္လည္သုံးသပ္ဆန္းစစ္သြားၾကရမည္ျဖစ္ေၾကာင္း အဆိုပါ အစည္း အေဝးတြင္ တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရး လုပ္ငန္းေကာ္မတီ ဥကၠ႒ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္ က ဆိုသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အၾကမ္းဖ်င္းစီမံခ်က္အေနျဖင့္ အပိုင္းႏွစ္ပိုင္းခြဲၿပီး ေဆာင္႐ြက္ရန္ စီစဥ္ထားရာ ပထမအပိုင္းအေနျဖင့္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္မႈေလွ်ာ့ခ်ေရးအတြက္ အစီအမံမ်ားကို သက္ဆိုင္ရာဌာနမ်ားက ေပါင္းစပ္ညႇိႏႈိင္းလုပ္ေဆာင္ေပးၿပီး ေဒသခံျပည္သူမ်ားသိရွိေအာင္ ရပ္႐ြာအေျချပဳအသိပညာေပးလုပ္ငန္းမ်ား ျပဳလုပ္သြားရန္ ႏွင့္ ဒုတိယအပိုင္းအေနျဖင့္ လူမႈစီးပြားေရးျပန္လည္ထူေထာင္မႈအပိုင္းျဖစ္သည့္ စီးပြားေရးအပိုင္းတြင္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရး လုပ္ငန္းေကာ္မတီ အေနျဖင့္ အသက္ေမြးဝမ္းေက်ာင္းပညာသင္တန္းမ်ား ဖြင့္လွစ္ေပးျခင္း၊ စိုက္ပ်ိဳးကုန္ထုတ္သမ/ႏွင့္ MSME မ်ား ထူေထာင္ေပးျခင္း၊ အရင္းအႏွီးအတြက္ ျမစိမ္းေရာင္၊ VDF ၊ ေမြးျမဴေရးအစုအဖြဲ႕မ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ေပးျခင္း၊ ေက်းလက္ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ Cash for Work အစီအစဥ္မ်ား ေဆာင္႐ြက္ေပးျခင္းမ်ား ျပဳလုပ္ေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ေပါင္းစပ္၍ ေရွးေဟာင္းသမိုင္းဝင္သားခိုေတာင္ ေဒသႏၲရခရီးစဥ္ကို ေညာင္ပင္သာအပန္းေျဖစခန္းႏွင့္ တြဲဖက္ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းသြားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အစည္းအေဝးတြင္ ေျပာသည္။
ျပည္သူ႔ဆက္ဆံေရး Public Relations ႏွင့္ ပတ္သက္၍ မက်ီးပင္၊ ေညာင္ပင္သာတြင္ရွိသည့္ Community Center ကို အေျချပဳၿပီး ဘက္စုံစီမံကိန္းႏွင့္ပတ္သက္၍ ေဒသခံလူထုကို သတင္းအခ်က္အလက္မွ်ေဝျခင္း၊ အသိပညာေပးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ပါေၾကာင္း၊ ယခုေရွ႕ေျပးစီမံခ်က္မွသည္ က်န္သည့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားအတြက္ ေဒသအလိုက္ အလားတူဘက္စုံဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္၊ တစ္ႏိုင္ငံလုံးက ျပည္သူမ်ားအတြက္ နမူနာအျဖစ္ သတင္းအခ်က္အလက္မ်ား မွ်ေဝေပးႏိုင္ရန္ႏွင့္ မိမိတို႔လုပ္ငန္းေကာ္မတီ၏ ျပည္သူ႔အက်ိဳးျပဳ လုပ္ေဆာင္ခ်က္မ်ားကို ပိုမိုသိရွိနားလည္ၿပီး ႏိုင္ငံေတာ္အစိုးရအေပၚ ပိုမိုယုံၾကည္အားကိုးလာႏိုင္ရန္အတြက္ မီဒီယာနည္းလမ္းမ်ားကတစ္ဆင့္ ထုတ္လႊင့္ျဖန႔္ခ်ိသြားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

Related news

© 2021. All rights reserved.