သမ္မတဟောင်းယွန်ဆက်ယိုလ်ကို တောင်ကိုရီးယားသမ္မတ ဖမ်းဆီး

 474

ဂျန်ဇက် (NP News) – ဇူလိုင် ၁၂

တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေရေးရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတဟောင်း ယွန်ဆက်ယိုလ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းက စစ်အုပ်ချုပ်ရေး အချိန်တိုကျင့်သုံးခဲ့မှုနဲ့ပတ်သက်ပြီး လုပ်ငန်းတာဝန်အထူး နှောင့်ယှက်မှု အပါအဝင် စွဲချက်များဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တောင်ကိုရီယားသမ္မတဟောင်းသည် ဆူပူအုံကြွမှုကိုဦးဆောင်မှုနဲ့ ဇန်နဝါရီလအတွင်း ဖမ်းဆီး စွဲချက်တင် ခံခဲ့ရ သော်လည်း မတ်လတွင် ပြန်လည်လွှတ်မြောက်ခဲ့ကြောင်းသိရသည်။ ဇွန်လတွင် သမ္မတသစ် လီဂျေးမြောင် တက်လာခဲ့တဲ့နောက် အထူးအကြံပေးတွေခန့်အပ်ပြီး အစိုးရက သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ကို စတင်ခဲ့သည်။တောင်ကိုရီးယားတရားရုံးက ‘’မစ္စတာ ယွန်ဆက်ယိုလ်ကို လူကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးတဲ့ နောက် ဖမ်းဝရမ်းထုတ်ပေးလိုက်တယ်။သူဟာ အထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်ခြေရှိတယ်’’ ဟု ပြော သည်။
မစ္စတာ ယွန်ဆက်ယိုလ်သည် အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုများက မှားယွင်းနေပြီး နိုင်ငံရေးရည်ရွယ်ချက်တွေအပေါ် အခြေခံနေကြောင်း ပြောသည်။ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ အနားပေးခံရသူဖြစ်သည်။ ယွန်ဆက်ယိုလ်ကို ရာထူးမှ အနားပေးခဲ့သော်လည်း တောင်ကိုရီးယားအစိုးရ နှင့် တရားရုံးများသည် ယွန်ဆက်ယိုလ်ကို သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ၎င်းလုပ်ဆောင်ခဲ့သည့် လုပ်ရပ်များ နှင့်ပတ်သက်ပြီး စွဲချက်တင်မှုများ၊ စုံစမ်းစစ်ဆေးခြင်းများ လက်ရှိအချိန်အထိ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ယွန်ဆက်ယိုလ်သည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိမည်ဆိုလျှင် တစ်သက်တစ်ကျွန်း ထောင်ဒဏ် (သို့မဟုတ်) သေဒဏ် ကျခံရဖွယ်ရှိနေသည်။

Zawgyi Version:
သမၼတေဟာင္းယြန္ဆက္ယိုလ္ကို ေတာင္ကိုရီးယားသမၼတ ဖမ္းဆီး
ဂ်န္ဇက္ (NP News) – ဇူလိုင္ ၁၂

ေတာင္ကိုရီးယားႏိုင္ငံ၏ ဥပေဒေရးရာ အထူးစုံစမ္းစစ္ေဆးေရးအဖြဲ႕က သမၼတေဟာင္း ယြန္ဆက္ယိုလ္ကို ၿပီးခဲ့သည့္ ဒီဇင္ဘာလတုန္းက စစ္အုပ္ခ်ဳပ္ေရး အခ်ိန္တိုက်င့္သုံးခဲ့မႈနဲ႔ပတ္သက္ၿပီး လုပ္ငန္းတာဝန္အထူး ေႏွာင့္ယွက္မႈ အပါအဝင္ စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
ေတာင္ကိုရီယားသမၼတေဟာင္းသည္ ဆူပူအုံႂကြမႈကိုဦးေဆာင္မႈနဲ႔ ဇန္နဝါရီလအတြင္း ဖမ္းဆီး စြဲခ်က္တင္ ခံခဲ့ရ ေသာ္လည္း မတ္လတြင္ ျပန္လည္လႊတ္ေျမာက္ခဲ့ေၾကာင္းသိရသည္။ ဇြန္လတြင္ သမၼတသစ္ လီေဂ်းေျမာင္ တက္လာခဲ့တဲ့ေနာက္ အထူးအႀကံေပးေတြခန႔္အပ္ၿပီး အစိုးရက သီးျခားလြတ္လပ္သည့္ စုံစမ္းစစ္ေဆးမႈတစ္ရပ္ ကို စတင္ခဲ့သည္။ေတာင္ကိုရီးယားတရား႐ုံးက ‘’မစၥတာ ယြန္ဆက္ယိုလ္ကို လူကိုယ္တိုင္ စစ္ေဆးေမးျမန္းၿပီးတဲ့ ေနာက္ ဖမ္းဝရမ္းထုတ္ေပးလိုက္တယ္။သူဟာ အေထာက္အထားေတြကို ဖ်က္ဆီးပစ္ႏိုင္ေျခရွိတယ္’’ ဟု ေျပာ သည္။
မစၥတာ ယြန္ဆက္ယိုလ္သည္ အဆိုပါစြပ္စြဲခ်က္ကို ျငင္းဆိုထားၿပီး စုံစမ္းစစ္ေဆးမႈမ်ားက မွားယြင္းေနၿပီး ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြအေပၚ အေျခခံေနေၾကာင္း ေျပာသည္။ ေတာင္ကိုရီးယားႏိုင္ငံတြင္ ၿပီးခဲ့သည့္ ႏွစ္ ဒီဇင္ဘာလက စစ္အုပ္ခ်ဳပ္ေရး ဥပေဒထုတ္ျပန္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရကာ ရာထူးမွ အနားေပးခံရသူျဖစ္သည္။ ယြန္ဆက္ယိုလ္ကို ရာထူးမွ အနားေပးခဲ့ေသာ္လည္း ေတာင္ကိုရီးယားအစိုးရ ႏွင့္ တရား႐ုံးမ်ားသည္ ယြန္ဆက္ယိုလ္ကို သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ၎လုပ္ေဆာင္ခဲ့သည့္ လုပ္ရပ္မ်ား ႏွင့္ပတ္သက္ၿပီး စြဲခ်က္တင္မႈမ်ား၊ စုံစမ္းစစ္ေဆးျခင္းမ်ား လက္ရွိအခ်ိန္အထိ ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္သည္။
ယြန္ဆက္ယိုလ္သည္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိမည္ဆိုလွ်င္ တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္ (သို႔မဟုတ္) ေသဒဏ္ က်ခံရဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.