ယူကရိန်းကို စစ်ရေးအကူအညီပေးခြင်းများ ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

130

ဂျန်ဇက် (NP News) – ဇူလိုင် ၁၂
အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထေက်ပံပေးခြင်းရပ်တန့်မည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း ယူကရိန်းကို စစ်ရေးအကူအညီပေးခြင်းများ ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောသည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လေကြောင်းရန်ကာကွယ်ရေး စနစ်များ အပါအဝင် စစ်လက်နက်များ ယူကရိန်းကို ပေးပို့ခြင်းကို ရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောဆို ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ‘’ကံမကောင်းစွာနဲ့ပဲ ဒီဆုံးဖြတ်ချက်ဟာ လွဲမှားသွားခဲ့ပါတယ်။ ဒါဟာ လက်တစ်ဆုပ်စာ အမျိုးအစား ခဲယမ်းတွေအပေါ် ပြန်လည်သုံးသပ်မှု ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်။ ယူကရိန်းကို အမေရိကန်က ထောက်ပံ့ပေးနေတဲ့ စစ်ရေးအကူအညီအများစုဟာ ဘယ်တော့မှ ခေတ္တရပ်မသွားဘဲ ယခင်အချိန်ဇယားအတိုင်း ဆက်သွားနေမှာဖြစ်တယ်’’ ဟု ပြောသည်။
အမေရိကန်သမ္မတသည် ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်စနစ်များ ကူညီပေးမည်ဟု ယခုသီတင်းပတ်အတွင်း ကတိပေးခဲ့ပြီး အဆိုပါလက်နက်စနစ်က အမေရိကန်ဒေါ်လာ(၄)သန်း တန်ကြေးရှိသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်းကို စစ်ရေးအကူညီပေးခြင်းများ ရပ်တန့် ဖွယ်ရှိသည် ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း ၃၀၀တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကူညီလွှဲပြောင်းပေးခဲ့သည်ဟု သတင်းများလည်း လက်ရှိအချိန်တွင် ထွက်ပေါ်နေသည်။ အမေရိကန်အစိုးရသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲကို အပစ်ခတ်ရပ်စဲရန် ကြားဝင် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးကြောင်း သိရသည်။
ရုရှား နှင့် ယူကရိန်းနိုင်ငံကြား ၂၀၂၂ ခုနှစ်တွင် စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အဓိက ကူညီပံ့ပိုးခဲ့သည့်နိုင်ငံဖြစ်သည်။

Zawgyi Version:
ယူကရိန္းကို စစ္ေရးအကူအညီေပးျခင္းမ်ား ဘယ္ေတာ့မွ ရပ္တန႔္မည္မဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
ဂ်န္ဇက္ (NP News) – ဇူလိုင္ ၁၂
အေမရိကန္အစိုးရအေနျဖင့္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထက္ပံေပးျခင္းရပ္တန႔္မည္ဟု ၿပီးခဲ့သည့္သီတင္းပတ္အတြင္းသတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ယူကရိန္းကို စစ္ေရးအကူအညီေပးျခင္းမ်ား ဘယ္ေတာ့မွ ရပ္တန႔္မည္မဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို က ေျပာသည္။
အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေလေၾကာင္းရန္ကာကြယ္ေရး စနစ္မ်ား အပါအဝင္ စစ္လက္နက္မ်ား ယူကရိန္းကို ေပးပို႔ျခင္းကို ရပ္ဆိုင္းမည္ဟု ၿပီးခဲ့သည့္သီတင္းပတ္အတြင္း ေျပာဆို ခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ‘’ကံမေကာင္းစြာနဲ႔ပဲ ဒီဆုံးျဖတ္ခ်က္ဟာ လြဲမွားသြားခဲ့ပါတယ္။ ဒါဟာ လက္တစ္ဆုပ္စာ အမ်ိဳးအစား ခဲယမ္းေတြအေပၚ ျပန္လည္သုံးသပ္မႈ ေခတၱဆိုင္းငံ့ထားျခင္းျဖစ္ပါတယ္။ ယူကရိန္းကို အေမရိကန္က ေထာက္ပံ့ေပးေနတဲ့ စစ္ေရးအကူအညီအမ်ားစုဟာ ဘယ္ေတာ့မွ ေခတၱရပ္မသြားဘဲ ယခင္အခ်ိန္ဇယားအတိုင္း ဆက္သြားေနမွာျဖစ္တယ္’’ ဟု ေျပာသည္။
အေမရိကန္သမၼတသည္ ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္စနစ္မ်ား ကူညီေပးမည္ဟု ယခုသီတင္းပတ္အတြင္း ကတိေပးခဲ့ၿပီး အဆိုပါလက္နက္စနစ္က အေမရိကန္ေဒၚလာ(၄)သန္း တန္ေၾကးရွိသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္းကို စစ္ေရးအကူညီေပးျခင္းမ်ား ရပ္တန႔္ ဖြယ္ရွိသည္ ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ယူကရိန္းကို အေမရိကန္ေဒၚလာသန္း ၃၀၀တန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား ကူညီလႊဲေျပာင္းေပးခဲ့သည္ဟု သတင္းမ်ားလည္း လက္ရွိအခ်ိန္တြင္ ထြက္ေပၚေနသည္။ အေမရိကန္အစိုးရသည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲကို အပစ္ခတ္ရပ္စဲရန္ ၾကားဝင္ ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ သေဘာတူညီမႈမရေသးေၾကာင္း သိရသည္။
႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကား ၂၀၂၂ ခုႏွစ္တြင္ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံသည္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား အဓိက ကူညီပံ့ပိုးခဲ့သည့္ႏိုင္ငံျဖစ္သည္။