ဘရာဇီးနိုင်ငံကို ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်

 110

ဂျန်ဇက် (NP News) – ဇူလိုင် ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးနိုင်ငံမှ တင်သွင်းသည့် ပိုကုန့်များကိုအခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်သည်။ ဘရာဇီးနိုင်ငံသမ္မတ ဟောင်းဘိုဆိုနာရိုအပေါ် ပြုမှု ဆက်ဆံပုံများနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသမ္မတဟောင်းသည် ၂၀၂၂ ခုနှစ်တုန်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာ သိမ်းရန်ကြိုးပမ်းခဲ့ကြောင်း ဘရာဇီးအစိုးရ ရှေနေ့များက စွပ်စွဲထားသည်။ အမေရိကန်သမ္မတက ‘’သြဂုတ်လ 1 ရက်၊ ၂ဝ၂၅ ခုနှစ်မှစတင်ပြီး ဘရာဇီးလ်ကို ကဏ္ဍအလိုက်အခွန်စည်းကြပ်မှုအားလုံး၊ ခွဲကာ အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံသွားမယ်’’ ဟု ပြောသည်။
ဒေါ်နယ်ထရမ်သည် ဘရာဇီးနိုင်ငံကိုအခွန် တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းအပေါ် ဘရာဇီးသမ္မတ လူလာက ပြန်လည်တုံ့ပြန်ခဲ့ပြီး ခြိမ်းခြောက်မှုများကို လက်ခံမည်မဟုတ်ဟုပြောသည်။
ဘရာဇီးသမ္မတ က ‘’ဘရာဇီးဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမှ လက်ခံမှာ မဟုတ်ဘူး’’ ဟု ပြောသည်။
အမေရိကန်နိုင်ငံသည် ဘရာဇီးနိုင်ငံအပြင် ကနေဒါနိုင်ငံကိုလည်း အခွန်တိုးမြှင့်ကောက်ခံမည်ဟု ပြောသည်။ အမေရိကန်သမ္မတက ကနေဒါနိုင်ငံအပေါ် အခွန် ၃၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။ ကနေဒါ ဝန်ကြီးချုပ် ကာနေးက အစိုးရသည် နိုင်ငံအတွင်းရှိ အလုပ်သမားများ နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ကာကွယ် သွားမည်ဖြစ်ကြောင်းပြောသည်။ အမေရိကန်သမ္မတသည် မိတ်ဖက်နိုင်ငံများကို ကုန်သွယ်ခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမည့်အချက်ကို ယခုသီတင်းပတ်အတွင်း စာပို့ခဲ့သလို ဥရောပသမဂ္ဂကို အခွန် ထပ်မံကောက်ခံမည်ဟု ပြောသည်။ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းရှိ နိုင်ငံများကို ကုန်သွယ်ခွန် ကောက်ခံခဲ့ရာ အငြင်းပွားမှုများ ရှိလာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘရာဇီးႏိုင္ငံကို ကုန္သြယ္ခြန္ ၅၀ ရာခိုင္ႏႈန္း ေကာက္ခံမည္ဟု အေမရိကန္သမၼတ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) – ဇူလိုင္ ၁၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဘရာဇီးႏိုင္ငံမွ တင္သြင္းသည့္ ပိုကုန႔္မ်ားကိုအခြန္ ၅၀ ရာခိုင္ႏႈန္းအထိ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္လိုက္သည္။ ဘရာဇီးႏိုင္ငံသမၼတ ေဟာင္းဘိုဆိုနာ႐ိုအေပၚ ျပဳမႈ ဆက္ဆံပုံမ်ားႏွင့္ပတ္သက္ၿပီး ယင္းကဲ့သို႔ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္။
အဆိုပါသမၼတေဟာင္းသည္ ၂၀၂၂ ခုႏွစ္တုန္းက က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အာဏာ သိမ္းရန္ႀကိဳးပမ္းခဲ့ေၾကာင္း ဘရာဇီးအစိုးရ ေရွေန႔မ်ားက စြပ္စြဲထားသည္။ အေမရိကန္သမၼတက ‘’ၾသဂုတ္လ 1 ရက္၊ ၂ဝ၂၅ ခုႏွစ္မွစတင္ၿပီး ဘရာဇီးလ္ကို က႑အလိုက္အခြန္စည္းၾကပ္မႈအားလုံး၊ ခြဲကာ အခြန္ ၅၀ ရာခိုင္ႏႈန္း ေကာက္ခံသြားမယ္’’ ဟု ေျပာသည္။
ေဒၚနယ္ထရမ္သည္ ဘရာဇီးႏိုင္ငံကိုအခြန္ တိုးျမႇင့္ေကာက္ခံမည္ဟု ၿခိမ္းေျခာက္ခဲ့ျခင္းအေပၚ ဘရာဇီးသမၼတ လူလာက ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ၿခိမ္းေျခာက္မႈမ်ားကို လက္ခံမည္မဟုတ္ဟုေျပာသည္။
ဘရာဇီးသမၼတ က ‘’ဘရာဇီးဟာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ၿပီး မည္သည့္ ၿခိမ္းေျခာက္မႈကိုမွ လက္ခံမွာ မဟုတ္ဘူး’’ ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံသည္ ဘရာဇီးႏိုင္ငံအျပင္ ကေနဒါႏိုင္ငံကိုလည္း အခြန္တိုးျမႇင့္ေကာက္ခံမည္ဟု ေျပာသည္။ အေမရိကန္သမၼတက ကေနဒါႏိုင္ငံအေပၚ အခြန္ ၃၅ ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာသည္။ ကေနဒါ ဝန္ႀကီးခ်ဳပ္ ကာေနးက အစိုးရသည္ ႏိုင္ငံအတြင္းရွိ အလုပ္သမားမ်ား ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ကာကြယ္ သြားမည္ျဖစ္ေၾကာင္းေျပာသည္။ အေမရိကန္သမၼတသည္ မိတ္ဖက္ႏိုင္ငံမ်ားကို ကုန္သြယ္ခြန္ ၂၀ ရာခိုင္ႏႈန္း ေကာက္ခံမည့္အခ်က္ကို ယခုသီတင္းပတ္အတြင္း စာပို႔ခဲ့သလို ဥေရာပသမဂၢကို အခြန္ ထပ္မံေကာက္ခံမည္ဟု ေျပာသည္။ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကမာၻတဝွမ္းရွိ ႏိုင္ငံမ်ားကို ကုန္သြယ္ခြန္ ေကာက္ခံခဲ့ရာ အျငင္းပြားမႈမ်ား ရွိလာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.