နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က တာလီဘန်အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်

 230

Pika (NP News) - ဇူလိုင် ၁၂
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က တာလီဘန်လက်နက်ကိုင်အဖွဲ့၏ အကြီးတန်းအရာရှိ နှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖမ်းဝရမ်းသည် အာဖဂန်နစ္စတန်နိုင်ငံ၏ လက်ရှိတရားသူကြီးချုပ် Abdul Hakim Haqqani နှင့် (၂၀၂၁)ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန်ကျောထောက်နောက်ခံပြု အစိုးရကို အောင်နိုင်ခဲ့သော တာလီဘန်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် Haibatullah Akhundzada တို့ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အဖွဲ့ အာဏာရလာချိန်မှစတင်ပြီး တင်းကြပ်သော ကျားမ ရေးရာ မူဝါဒများ ကျင့်သုံးခြင်းနှင့်ဆက်စပ်သည့် ကျယ်ပြန့်သောညှဉ်းပန်းနှိပ်စက်မှုများအတွက် ゞင်းတို့နှစ်ဦး တွင် တာဝန်ရှိကြောင်း အစိုးရရှေ့နေများက စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများက တာလီဘန်အဖွဲ့ ကို အစိုးရအဖွဲ့အဖြစ် အသိအမှတ် မပြုထားသော်လည်း ရုရှားအစိုးရက တာလီဘန်အဖွဲ့၏ အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို ကိုးကားပြီး အစိုးရအဖွဲ့အဖြစ် ယခုလတွင် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ် နေသည့် တာလီဘန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန် ကြီး အမီရာခန်း နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဇာဟီနော့ဗ်တို့ကြား တွေ့ဆုံဆွေးနွေးမှုတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားအစိုးရက တာလီဘန်အဖွဲ့ကို အစိုးရအဖွဲ့အဖြစ် အသိအမှတ်ပြုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် အာဖဂန်နစ္စတန်အာဏာပိုင်များသည် လူသတ်မှု၊ ထောင်ချမှု၊ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ ပြုကျင့်မှု၊ တွန်းအားပေး ပျောက်ကွယ်သွားမှုများကဲ့သို့သော ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း (ICC) ၏ပြောကြားချက်အရသိရသည်။

Zawgyi Version:
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) က တာလီဘန္အဖြဲ႕ေခါင္းေဆာင္ေတြကို ဖမ္းဝရမ္းထုတ္
Pika (NP News) - ဇူလိုင္ ၁၂
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) က တာလီဘန္လက္နက္ကိုင္အဖြဲ႕၏ အႀကီးတန္းအရာရွိ ႏွစ္ဦးကို ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါဖမ္းဝရမ္းသည္ အာဖဂန္နစၥတန္ႏိုင္ငံ၏ လက္ရွိတရားသူႀကီးခ်ဳပ္ Abdul Hakim Haqqani ႏွင့္ (၂၀၂၁)ခုႏွစ္တြင္ အာဖဂန္နစၥတန္ ႏိုင္ငံရွိ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ အစိုးရကို ေအာင္ႏိုင္ခဲ့ေသာ တာလီဘန္အဖြဲ႕၏ ထိပ္တန္းေခါင္းေဆာင္ Haibatullah Akhundzada တို႔ကို ပစ္မွတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
အာဖဂန္နစၥတန္ႏိုင္ငံတြင္ တာလီဘန္အဖြဲ႕ အာဏာရလာခ်ိန္မွစတင္ၿပီး တင္းၾကပ္ေသာ က်ားမ ေရးရာ မူဝါဒမ်ား က်င့္သုံးျခင္းႏွင့္ဆက္စပ္သည့္ က်ယ္ျပန႔္ေသာညႇဥ္းပန္းႏွိပ္စက္မႈမ်ားအတြက္ ゞင္းတို႔ႏွစ္ဦး တြင္ တာဝန္ရွိေၾကာင္း အစိုးရေရွ႕ေနမ်ားက စြပ္စြဲေျပာဆိုခဲ့သည္။ ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားက တာလီဘန္အဖြဲ႕ ကို အစိုးရအဖြဲ႕အျဖစ္ အသိအမွတ္ မျပဳထားေသာ္လည္း ႐ုရွားအစိုးရက တာလီဘန္အဖြဲ႕၏ အၾကမ္းဖက္မႈမ်ားကို တိုက္ဖ်က္ရန္ ႀကိဳးပမ္းမႈမ်ားကို ကိုးကားၿပီး အစိုးရအဖြဲ႕အျဖစ္ ယခုလတြင္ တရားဝင္အသိအမွတ္ျပဳခဲ့ေၾကာင္း သိရသည္။
အာဖဂန္နစၥတန္ႏိုင္ငံကို လက္ရွိအုပ္ခ်ဳပ္ ေနသည့္ တာလီဘန္အစိုးရအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ ႀကီး အမီရာခန္း ႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး ဇာဟီေနာ့ဗ္တို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈတစ္ခု လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားအစိုးရက တာလီဘန္အဖြဲ႕ကို အစိုးရအဖြဲ႕အျဖစ္ အသိအမွတ္ျပဳမႈ ထြက္ေပၚလာျခင္း ျဖစ္သည္။ ထို႔ျပင္ အာဖဂန္နစၥတန္အာဏာပိုင္မ်ားသည္ လူသတ္မႈ၊ ေထာင္ခ်မႈ၊ ညႇင္းပန္းႏွိပ္စက္မႈ၊ အဓမၼ ျပဳက်င့္မႈ၊ တြန္းအားေပး ေပ်ာက္ကြယ္သြားမႈမ်ားကဲ့သို႔ေသာ ျပင္းထန္ေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားတြင္ ပါဝင္ပတ္သက္ေနေၾကာင္း (ICC) ၏ေျပာၾကားခ်က္အရသိရသည္။

Related news

© 2021. All rights reserved.