(၂၀၂၅) ခုနှစ်အတွက် ပထမဆုံးတိုက်ခိုက်ရေးကင်းလှည့်မှုကို တရုတ်စစ်တပ်လုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ်စစ်ဘက်ပြော
670
Pika (NP News) - ဇန်နဝါရီ ၂
တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှာ (၂၀၂၅)ခုနှစ်အတွက် ပထမဆုံး တိုက်ခိုက်ရေးကင်းလှည့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၂)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တရုတ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လိုနေတာကို ထိုင်ဝမ်သမ္မတလိုင်ချန်တေးက ထုတ်ဖော်ပြသခဲ့ပြီးနောက် တရုတ်ရဲ့တိုက်ခိုက်ရေးကင်းလှည့်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းအနီးက ရေပြင်နဲ့ဝေဟင်ကို ၎င်းရဲ့စစ်တပ်ကို မကြာခဏစေလွှတ်နေခဲ့တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီလ(၂)ရက် မနက်ကနေ စတင်ပြီး ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှာ ပူးတွဲတိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုကင်းလှည့်မှုတွေကို လုပ်ဆောင်နေတဲ့ J-16 တိုက်လေယာဉ်တွေ အပါအဝင် တရုတ်စစ်လေယာဉ်(၂၂)စီးကို ခြေရှာခံတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တရုတ်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့မြောက်၊ အနောက်၊ အနောက်တောင်နဲ့ အရှေ့ဘက် လေပိုင်နက်အတွင်း ပျံသန်းခဲ့ပြီး စောင့်ကြည့်မှုတွေလုပ်ဆောင်ဖို့အတွက် ထိုင်ဝမ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မေလမှာ ထိုင်ဝမ်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ လိုင်ချန်တေးဟာ တရုတ်နိုင်ငံနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ဒါ့ပြင် တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။
Zawgyi Version;
(၂၀၂၅) ခုႏွစ္အတြက္ ပထမဆုံးတိုက္ခိုက္ေရးကင္းလွည့္မႈကို တ႐ုတ္စစ္တပ္လုပ္ေဆာင္ခဲ့တယ္လို႔ ထိုင္ဝမ္စစ္ဘက္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂
တ႐ုတ္စစ္ေလယာဥ္ေတြနဲ႔ စစ္သေဘၤာေတြဟာ ထိုင္ဝမ္ကြၽန္းအနီးတစ္ဝိုက္မွာ (၂၀၂၅)ခုႏွစ္အတြက္ ပထမဆုံး တိုက္ခိုက္ေရးကင္းလွည့္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဇန္နဝါရီလ(၂)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
တ႐ုတ္နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္လိုေနတာကို ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးက ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ တ႐ုတ္ရဲ႕တိုက္ခိုက္ေရးကင္းလွည့္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းအနီးက ေရျပင္နဲ႔ေဝဟင္ကို ၎ရဲ႕စစ္တပ္ကို မၾကာခဏေစလႊတ္ေနခဲ့တာလည္းျဖစ္ပါတယ္။
ဇန္နဝါရီလ(၂)ရက္ မနက္ကေန စတင္ၿပီး ထိုင္ဝမ္ကြၽန္းအနီးတစ္ဝိုက္မွာ ပူးတြဲတိုက္ခိုက္ေရးအဆင္သင့္ျဖစ္မႈကင္းလွည့္မႈေတြကို လုပ္ေဆာင္ေနတဲ့ J-16 တိုက္ေလယာဥ္ေတြ အပါအဝင္ တ႐ုတ္စစ္ေလယာဥ္(၂၂)စီးကို ေျခရွာခံေတြ႕ရွိခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ေလယာဥ္ေတြဟာ ထိုင္ဝမ္ရဲ႕ေျမာက္၊ အေနာက္၊ အေနာက္ေတာင္နဲ႔ အေရွ႕ဘက္ ေလပိုင္နက္အတြင္း ပ်ံသန္းခဲ့ၿပီး ေစာင့္ၾကည့္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ထိုင္ဝမ္တပ္ဖြဲ႕ေတြကို ေစလႊတ္ခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာေတြကို တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ေမလမွာ ထိုင္ဝမ္သမၼတအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ လိုင္ခ်န္ေတးဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပုံမွန္ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ပယ္ခ်ခံခဲ့ရတယ္လို႔ သိရပါတယ္။ဒါ့ျပင္ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ကိုယ္တိုင္ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။