တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀)ခန့် အသုံးပြုရသည့် ကမ္ဘာ့အကြီးဆုံးဒီဇယ်အင်ဂျင်
![](/img/icon_eye.svg)
5339
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67763bf340b578506e15ca45/banner-67763bf340b578506e15ca45-x800.JPG)
Pika (NP News) - ဇန်နဝါရီ ၂
ကြီးမားသောကွန်တိန်နာသင်္ဘောကြီးများကို စွမ်းအင်ပေးရန်အတွက် ဒီဇိုင်းထုတ်ထားသော 14-cylinder Wärtsilä-Sulzer RTA96-C two-stroke turbocharged ဒီဇယ်အင်ဂျင်ကြီးသည် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုရှိ သည့် အင်ဂျင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အမြင့်(၁၃)မီတာ၊ အရှည်(၂၆)မီတာနှင့် အလေးချိန်တန်ချိန် (၂၃၀ဝ)ထိ ရှိသော 14-cylinder Wärtsilä-Sulzer RTA96-C ဒီဇင်အင်ဂျင်ကြီးသည် တည်ဆောက်ဖူးသမျှအင်ဂျင်များထဲတွင် လောင်စာဆီလောင်ကျွမ်းမှုအများဆုံးရှိသည့် အင်ဂျင်ဆိုသည့်ခေါင်းစဉ်နှင့်အတူ သတ္တုရိုင်းများဖြင့် တည်ဆောက်ထား ကြောင်း သိရသည်။ အဆိုပါအင်ဂျင်ကြီးတွင် crankshaf အစက်ပစ္စည်းတစ်ခုတည်းပင်လျှင် တန်ချိန်(၃၀ဝ) အထိရှိပြီး ပစ္စတင်(၁၄)လုံးတွင် တစ်လုံးချင်းစီ၏ အလေးချိန်သည် (၅)တန်ရှိကြောင်း သိရသည်။
ထို့ပြင် (၁၀၂) RPM အတွက် စွမ်းအင်ထွက်ရှိမှုက (၁၀၈၉၂၀)bhp ရှိပြီး တစ်ရက်လျှင် လောင်စာဆီ တန်ချိန် (၂၅၀)ခန့်ကို လောင်ကျွမ်း စေကြောင်းလည်းသိရသည်။ အမြင့်ဆုံးအခြေအနေ များတွင် 14-cylinder Wärtsilä-Sulzer RTA96-C အင်ဂျင်ကြီးသည် တစ်နာရီလျှင် လောင်စာဆီ(၁၆၆၀)ဂါလန်ခန့်ကို အသုံးပြုကြောင်း သိရသည်။
ဖင်လန်အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီ Wärtsilä က ၎င်း၏ 12-cylinder RTA96C အင်ဂျင်သည် Emma Maersk ကဲ့သို့သော ကြီးမားသောကွန်တိန်နာသင်္ဘောများကို စွမ်းအင်ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုအင်ဂျင်ကြီးကို တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး 14-cylinder Wärtsilä-Sulzer RTA96-C two-stroke turbocharged ဒီဇယ် အင်ဂျင်ကို (၂၀ဝ၆)ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အဆိုပါ နှစ်တွင်ပင် ကမ္ဘာ့အကြီးဆုံးကွန်တိန်သင်္ဘော Emma Maersk တွင် တပ်ဆင်ကာ စတင်အသုံး ပြုခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ ကြီးမားပြီးရှုပ်ထွေးသောအင်ဂျင်ကြီးကို တည်ဆောက်ခြင်းသည် အလွန်ခက်ခဲပြီး အရင်းအမြစ် များစွာ အသုံးပြုရသည့်အပြင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ(၂၅)သန်းကျော်ရှိ ကြောင်းလည်းသိရသည်။
Zawgyi Version;
တစ္ရက္လွ်င္ ေလာင္စာဆီတန္ခ်ိန္ (၂၅၀)ခန႔္ အသုံးျပဳရသည့္ ကမာၻ႔အႀကီးဆုံးဒီဇယ္အင္ဂ်င္
Pika (NP News) - ဇန္နဝါရီ ၂
ႀကီးမားေသာကြန္တိန္နာသေဘၤာႀကီးမ်ားကို စြမ္းအင္ေပးရန္အတြက္ ဒီဇိုင္းထုတ္ထားေသာ 14-cylinder Wärtsilä-Sulzer RTA96-C two-stroke turbocharged ဒီဇယ္အင္ဂ်င္ႀကီးသည္ ကမာၻ႔အႀကီးဆုံး ေလာင္စာဆီေလာင္ကြၽမ္းမႈရွိ သည့္ အင္ဂ်င္ႀကီးတစ္ခုျဖစ္ေၾကာင္း သိရသည္။ အျမင့္(၁၃)မီတာ၊ အရွည္(၂၆)မီတာႏွင့္ အေလးခ်ိန္တန္ခ်ိန္ (၂၃၀ဝ)ထိ ရွိေသာ 14-cylinder Wärtsilä-Sulzer RTA96-C ဒီဇင္အင္ဂ်င္ႀကီးသည္ တည္ေဆာက္ဖူးသမွ်အင္ဂ်င္မ်ားထဲတြင္ ေလာင္စာဆီေလာင္ကြၽမ္းမႈအမ်ားဆုံးရွိသည့္ အင္ဂ်င္ဆိုသည့္ေခါင္းစဥ္ႏွင့္အတူ သတၱဳ႐ိုင္းမ်ားျဖင့္ တည္ေဆာက္ထား ေၾကာင္း သိရသည္။ အဆိုပါအင္ဂ်င္ႀကီးတြင္ crankshaf အစက္ပစၥည္းတစ္ခုတည္းပင္လွ်င္ တန္ခ်ိန္(၃၀ဝ) အထိရွိၿပီး ပစၥတင္(၁၄)လုံးတြင္ တစ္လုံးခ်င္းစီ၏ အေလးခ်ိန္သည္ (၅)တန္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ (၁၀၂) RPM အတြက္ စြမ္းအင္ထြက္ရွိမႈက (၁၀၈၉၂၀)bhp ရွိၿပီး တစ္ရက္လွ်င္ ေလာင္စာဆီ တန္ခ်ိန္ (၂၅၀)ခန႔္ကို ေလာင္ကြၽမ္း ေစေၾကာင္းလည္းသိရသည္။ အျမင့္ဆုံးအေျခအေန မ်ားတြင္ 14-cylinder Wärtsilä-Sulzer RTA96-C အင္ဂ်င္ႀကီးသည္ တစ္နာရီလွ်င္ ေလာင္စာဆီ(၁၆၆၀)ဂါလန္ခန႔္ကို အသုံးျပဳေၾကာင္း သိရသည္။
ဖင္လန္အင္ဂ်င္ထုတ္လုပ္သည့္ ကုမၸဏီ Wärtsilä က ၎၏ 12-cylinder RTA96C အင္ဂ်င္သည္ Emma Maersk ကဲ့သို႔ေသာ ႀကီးမားေသာကြန္တိန္နာသေဘၤာမ်ားကို စြမ္းအင္ေပးႏိုင္မည္မဟုတ္ေၾကာင္း ရွင္းရွင္းလင္းလင္း သိရွိခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး ေလာင္စာဆီေလာင္ကြၽမ္းမႈအင္ဂ်င္ႀကီးကို တည္ေဆာက္ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ ပထမဆုံး 14-cylinder Wärtsilä-Sulzer RTA96-C two-stroke turbocharged ဒီဇယ္ အင္ဂ်င္ကို (၂၀ဝ၆)ခုႏွစ္တြင္ ထုတ္လုပ္ခဲ့ၿပီး အဆိုပါ ႏွစ္တြင္ပင္ ကမာၻ႔အႀကီးဆုံးကြန္တိန္သေဘၤာ Emma Maersk တြင္ တပ္ဆင္ကာ စတင္အသုံး ျပဳခဲ့ေၾကာင္းသိရသည္။
ယင္းကဲ့သို႔ ႀကီးမားၿပီးရႈပ္ေထြးေသာအင္ဂ်င္ႀကီးကို တည္ေဆာက္ျခင္းသည္ အလြန္ခက္ခဲၿပီး အရင္းအျမစ္ မ်ားစြာ အသုံးျပဳရသည့္အျပင္ ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ(၂၅)သန္းေက်ာ္ရွိ ေၾကာင္းလည္းသိရသည္။