ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူ ထုတ်လုပ် ပေးနိုင်ရန်နစကဥက္ကဌညွှန်ကြား

213

သက်ပိုင်(NP News) - ဇွန် ၂၂
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိပြည်သူများ လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူ ထုတ်လုပ် ပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သော ဇွန်လ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေသကြီး အတွင်းရှိလူဦးရေ ၇ သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှုလိုအပ်ချက်ကို ပြည့်မီစေရန် ဖြစ်ကြောင်းနှင့် လူဦးရေ ၇ သန်းကျော်၏ နေ့စဉ်အသားစားသုံးမှုလိုအပ်ချက်ကို စနစ်တကျဖြင့် တွက်ချက်ထားရှိရန်လိုပြီး ဇုန်အလိုက် လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ရန်လိုအပ်သည်ဟု နိုင်ငံတော်ဝန်ကြီး ချုပ်မှ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်းသို့ လတ်ဆတ်စွာဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားရန် လိုကြောင်းနှင့် ဒေသတွင်း၌ အခြေခံစားကုန်များကို ဖူလုံပေါများစွာဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျော့ကျသွားစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါးနှင့် ဥများလိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတမှသာ သင့်တင့်သည့် ဈေးနှုန်းများဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသား၊ ငါးနှင့် ဥများကို ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် အသီးအနှံ များကိုလည်း မိမိတို့တိုင်းဒေသကြီးအတွင်း ပေါများနေအောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း နစကဥက္ကဌက ဆိုသည်။
ယင်းအပြင် မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေး ဈေးကွက်အတွင်းသို့ အလျင်အမြန်ဖြန့်ဖြူးရောင်းချပေးရန်လိုကြောင်းနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အထွက်နှုန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်မှ မှာကြားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ အခြေခံစားသောက်ကုန်၊အသားငါးနှင့် ဟင်းသီးဟင်းရွက်များမှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာလျှက်ရှိပြီး မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်လျှက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိျပည္သူမ်ား လိုလားခ်က္ျပည့္မီေအာင္ စိုက္ပ်ိဳးေမြးျမဴ ထုတ္လုပ္ ေပးႏိုင္ရန္နစကဥကၠဌၫႊန္ၾကား
သက္ပိုင္(NP News) - ဇြန္ ၂၂
ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိျပည္သူမ်ား လိုလားခ်က္ျပည့္မီေအာင္ စိုက္ပ်ိဳးေမြးျမဴ ထုတ္လုပ္ ေပးႏိုင္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၫႊန္ၾကားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရသိရသည္။
ၿပီးခဲ့ေသာ ဇြန္လ ၂၁ ရက္က ရန္ကုန္တိုင္းေဒသႀကီး ေမွာ္ဘီၿမိဳ႕နယ္ရွိ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ ေ႐ႊျပည္စိုက္ပ်ိဳးေမြးျမဴေရးဇုန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ၫႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ စိုက္ပ်ိဳးေမြးျမဴေရးဇုန္မ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနရျခင္းမွာ တိုင္းေဒသႀကီး အတြင္းရွိလူဦးေရ ၇ သန္းေက်ာ္အတြက္ ေန႔စဥ္ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ ဟင္းသီးဟင္း႐ြက္စားသုံးမႈလိုအပ္ခ်က္ကို ျပည့္မီေစရန္ ျဖစ္ေၾကာင္းႏွင့္ လူဦးေရ ၇ သန္းေက်ာ္၏ ေန႔စဥ္အသားစားသုံးမႈလိုအပ္ခ်က္ကို စနစ္တက်ျဖင့္ တြက္ခ်က္ထားရွိရန္လိုၿပီး ဇုန္အလိုက္ လိုလားခ်က္ျပည့္မီေအာင္ စိုက္ပ်ိဳးေမြးျမဴထုတ္လုပ္ေပးႏိုင္ရန္လိုအပ္သည္ဟု ႏိုင္ငံေတာ္ဝန္ႀကီး ခ်ဳပ္မွ ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ စိုက္ပ်ိဳးေမြးျမဴေရးဇုန္မွ ထြက္ရွိသည့္ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ေဈးကြက္အတြင္းသို႔ လတ္ဆတ္စြာျဖင့္ ေရာင္းခ်ေပးႏိုင္ေရး စနစ္တက်စီမံေဆာင္႐ြက္သြားရန္ လိုေၾကာင္းႏွင့္ ေဒသတြင္း၌ အေျခခံစားကုန္မ်ားကို ဖူလုံေပါမ်ားစြာျဖင့္ စိုက္ပ်ိဳးေမြးျမဴ ထုတ္လုပ္ေပးႏိုင္မည္ဆိုပါက ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကိုလည္း ေလ်ာ့က်သြားေစမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္မွ ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေန႔စဥ္စားသုံးမႈအတြက္ အသား၊ ငါးႏွင့္ ဥမ်ားလိုအပ္ေၾကာင္း၊ ထုတ္လုပ္မႈႏွင့္ စားသုံးမႈမွ်တမွသာ သင့္တင့္သည့္ ေဈးႏႈန္းမ်ားျဖစ္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အသား၊ ငါးႏွင့္ ဥမ်ားကို ထုတ္လုပ္မႈႏွင့္ စားသုံးမႈမွ်တေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္းႏွင့္ အသီးအႏွံ မ်ားကိုလည္း မိမိတို႔တိုင္းေဒသႀကီးအတြင္း ေပါမ်ားေနေအာင္ စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း နစကဥကၠဌက ဆိုသည္။
ယင္းအျပင္ မီးဖိုေခ်ာင္သုံးသီးႏွံမ်ားကိုလည္း လုံေလာက္စြာ စိုက္ပ်ိဳးထုတ္လုပ္သြားရန္လိုေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္သည့္ ျပည္သူမ်ား ေဈးႏႈန္းသင့္တင့္စြာျဖင့္ ဝယ္ယူစားသုံးႏိုင္ေရးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားၾကေစလိုေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ ဥႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို စားသုံးသူမ်ားလက္ဝယ္သို႔ အျမန္ဆုံးေရာက္ရွိေစေရး ေဈးကြက္အတြင္းသို႔ အလ်င္အျမန္ျဖန႔္ျဖဴးေရာင္းခ်ေပးရန္လိုေၾကာင္းႏွင့္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ အဓိကအားျဖင့္ အထြက္ႏႈန္းမ်ား တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္သြားၾကရမည္ဟု ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္မွ မွာၾကားခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ အေျခခံစားေသာက္ကုန္၊အသားငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ျမင့္တက္လာလွ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္ အေျခခံစားေသာက္ကုန္ေစ်းႏႈန္းမ်ားမွာ (၂၀) ရာခိုင္ႏႈန္းမွ (၃၀) ရာခိုင္ႏႈန္းဝန္းက်င္အထိ ျမင့္တက္လွ်က္ရွိေၾကာင္း ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။