အရှေ့အလယ်ပိုင်းဒေသကို တတိယမြောက် အမေရိကန်လေယာဉ်တင်သင်္ဘောရောက်ရှိမယ်

98

Pika (NP News) - ဇွန် ၂၂
အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဟာ လာမယ့်သီတင်းပတ်မှာ ဥရောပကနေ ထွက်ခွာ လိမ့်မယ်လို့ ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဒီထွက်ခွာမှုဟာ အီရန်နဲ့အစ္စရေးကြားတိုက်ခိုက်မှု တွေ မြင့်တက်လာမှုနဲ့အတူ အရှေ့အလယ်ပိုင်းဒေသမှာ တတိယမြောက်အမေရိကန်လေယာဉ်တင်သင်္ဘောထားရှိ မှု တစ်ခုဖြစ်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်မှာ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခအသစ်တစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေး-အီရန် စစ်ပွဲမှာ အစ္စရေးနဲ့ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် သင့်/မသင့် ကို ချိန်ဆနေတယ်လို့လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ရေတပ်အရာရှိတစ်ဦးက “USS Gerald R. Ford လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့ဟာ လာမယ့် ဇွန်လ(၂၄)ရက် နံနက်ပိုင်းမှာ ဥရောပကနေထွက်ခွာပါလိမ့်မယ်။ အဲဒီလေယာဉ်တင်သင်္ဘောကို အမေရိကန်ဥရောပကွပ်ကဲမှုဌာနချုပ်ဧရိယာကို ဖြန့်ကျက်ချထားဖို့ စီစဉ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော US Carl Vinson တိုက်ခိုက်ရေးအဖွဲ့ဟာ ယခုနှစ်အစောပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ လည်ပတ်မှုတွေလုပ်ဆောင်နေပြီး ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသကို တတိယေျမာက္ အေမရိကန္ေလယာဥ္တင္သေဘၤာေရာက္ရွိမယ္
Pika (NP News) - ဇြန္ ၂၂
အေမရိကန္ေလယာဥ္တင္သေဘၤာ USS Gerald R. Ford ဟာ လာမယ့္သီတင္းပတ္မွာ ဥေရာပကေန ထြက္ခြာ လိမ့္မယ္လို႔ ေရတပ္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အဲဒီထြက္ခြာမႈဟာ အီရန္နဲ႔အစၥေရးၾကားတိုက္ခိုက္မႈ ေတြ ျမင့္တက္လာမႈနဲ႔အတူ အေရွ႕အလယ္ပိုင္းေဒသမွာ တတိယေျမာက္အေမရိကန္ေလယာဥ္တင္သေဘၤာထားရွိ မႈ တစ္ခုျဖစ္လာမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္မွာ အစၥေရးက အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ပဋိပကၡအသစ္တစ္ခုေပၚေပါက္လာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရး-အီရန္ စစ္ပြဲမွာ အစၥေရးနဲ႔ပူးေပါင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ သင့္/မသင့္ ကို ခ်ိန္ဆေနတယ္လို႔လည္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ေရတပ္အရာရွိတစ္ဦးက “USS Gerald R. Ford ေလယာဥ္တင္သေဘၤာတိုက္ခိုက္ေရးအဖြဲ႕ဟာ လာမယ့္ ဇြန္လ(၂၄)ရက္ နံနက္ပိုင္းမွာ ဥေရာပကေနထြက္ခြာပါလိမ့္မယ္။ အဲဒီေလယာဥ္တင္သေဘၤာကို အေမရိကန္ဥေရာပကြပ္ကဲမႈဌာနခ်ဳပ္ဧရိယာကို ျဖန႔္က်က္ခ်ထားဖို႔ စီစဥ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ US Carl Vinson တိုက္ခိုက္ေရးအဖြဲ႕ဟာ ယခုႏွစ္အေစာပိုင္းကတည္းက အေရွ႕အလယ္ပိုင္းေဒသမွာ လည္ပတ္မႈေတြလုပ္ေဆာင္ေနၿပီး ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ေလေၾကာင္းတိုက္ခိုက္မႈေတြမွာ ပါဝင္ေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။