ထရမ့်ဟိုတယ်ရှေ့မှာ Tesla ကုမ္ပဏီရဲ့ Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွား

 846

Pika (NP News) - ဇန်နဝါရီ ၂

ဇန်နဝါရီလ(၁)ရက်မှာ Teslaကုမ္ပဏီရဲ့ Cybertruck ကားတစ်စီးဟာ လတ်စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ ထရမ့်နိုင်ငံတကာဟိုတယ်ရှေ့မှာ ပေါက်ကွဲခဲ့ပြီး လူ(၁)ဦးသေဆုံးကာ အခြားလူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီပေါက်ကွဲမှုဟာ အကြမ်းဖက်လုပ်ရပ်တစ်ခု ဟုတ်/မဟုတ်ဆိုတာကို အက်ဖ်ဘီအိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဟိုတယ်ရဲ့အတွင်းနဲ့ အပြင်ဖက်မှာရှိတဲ့ မျက်မြင်သက်သေတွေ ရိုက်ကူးယူထားတဲ့ ဗီဒီယိုတွေအရ Cybertruck ကားဟာ ပေါက်ကွဲခဲ့ပြီး မီးတောက်တွေ ထွက်ပေါ်လာတာကို တွေ့မြင်ခဲ့ရပါတယ်။

လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့မှာ အမျိုးသားတစ်ဦးက နှစ်သစ်ကူးနေ့ အပန်းဖြေနေသူများကို ထရပ်ကားဖြင့်ဝင်တိုက်ခဲ့မှုနဲ့အတူ လူ(၁၅)ဦးသေဆုံးခဲ့ပြီးနောက် အဲဒီဖြစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။လတ်စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ ထရမ့်နိုင်ငံတကာ ဟိုတယ်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ကုမ္ပဏီဖြစ်တဲ့ ထရမ့်အဖွဲ့အစည်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လတ်စ်ဗီးဂတ်စ်မြို့ ရဲဌာနရဲ့ ရဲအရာရှိ Kevin McMahill က "ထရမ့်ဟိုတည်ရှေ့မှာ Tesla ကုမ္ပဏီရဲ့ Cybertruck ကားတစ်စီးပေါက်ကွဲခဲ့တာမှန်ပါတယ်။ ကျွန်တော်တို့ဖြေဆိုရမယ့် မေးခွန်းတွေ အများကြီးရှိပါသေးတယ်" လို့ ပြောခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုက အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တစ်ခု ဟုတ်/မဟုတ် လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ အက်ဖ်ဘီအိုင် အထူးအေးဂျင့် Jeremy Schwartz က ပြောကြားခဲ့ပါတယ်။

၎င်းက "ဒီဟာက အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တစ်ခု ဟုတ်/မဟုတ် ဆိုတာကို သိရဖို့အတွက် ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
Pika (NP News) - ဇန္နဝါရီ ၂

ဇန္နဝါရီလ(၁)ရက္မွာ Teslaကုမၸဏီရဲ႕ Cybertruck ကားတစ္စီးဟာ လတ္စ္ဗီးဂတ္စ္ၿမိဳ႕မွာရွိတဲ့ ထရမ့္ႏိုင္ငံတကာဟိုတယ္ေရွ႕မွာ ေပါက္ကြဲခဲ့ၿပီး လူ(၁)ဦးေသဆုံးကာ အျခားလူ(၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေပါက္ကြဲမႈဟာ အၾကမ္းဖက္လုပ္ရပ္တစ္ခု ဟုတ္/မဟုတ္ဆိုတာကို အက္ဖ္ဘီအိုင္အဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဟိုတယ္ရဲ႕အတြင္းနဲ႔ အျပင္ဖက္မွာရွိတဲ့ မ်က္ျမင္သက္ေသေတြ ႐ိုက္ကူးယူထားတဲ့ ဗီဒီယိုေတြအရ Cybertruck ကားဟာ ေပါက္ကြဲခဲ့ၿပီး မီးေတာက္ေတြ ထြက္ေပၚလာတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

လူဝီစီယားနားျပည္နယ္ နယူးေအာ္လန္ၿမိဳ႕မွာ အမ်ိဳးသားတစ္ဦးက ႏွစ္သစ္ကူးေန႔ အပန္းေျဖေနသူမ်ားကို ထရပ္ကားျဖင့္ဝင္တိုက္ခဲ့မႈနဲ႔အတူ လူ(၁၅)ဦးေသဆုံးခဲ့ၿပီးေနာက္ အဲဒီျဖစ္ရပ္ထြက္ေပၚလာတာျဖစ္ပါတယ္။လတ္စ္ဗီးဂတ္စ္ၿမိဳ႕မွာရွိတဲ့ ထရမ့္ႏိုင္ငံတကာ ဟိုတယ္ဟာ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕ကုမၸဏီျဖစ္တဲ့ ထရမ့္အဖြဲ႕အစည္းရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

လတ္စ္ဗီးဂတ္စ္ၿမိဳ႕ ရဲဌာနရဲ႕ ရဲအရာရွိ Kevin McMahill က "ထရမ့္ဟိုတည္ေရွ႕မွာ Tesla ကုမၸဏီရဲ႕ Cybertruck ကားတစ္စီးေပါက္ကြဲခဲ့တာမွန္ပါတယ္။ ကြၽန္ေတာ္တို႔ေျဖဆိုရမယ့္ ေမးခြန္းေတြ အမ်ားႀကီးရွိပါေသးတယ္" လို႔ ေျပာခဲ့ပါတယ္။ အဲဒီေပါက္ကြဲမႈက အၾကမ္းဖက္တိုက္ခိုက္မႈလုပ္ရပ္တစ္ခု ဟုတ္/မဟုတ္ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ အက္ဖ္ဘီအိုင္ အထူးေအးဂ်င့္ Jeremy Schwartz က ေျပာၾကားခဲ့ပါတယ္။

၎က "ဒီဟာက အၾကမ္းဖက္တိုက္ခိုက္မႈလုပ္ရပ္တစ္ခု ဟုတ္/မဟုတ္ ဆိုတာကို သိရဖို႔အတြက္ ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.