မုဒုံမြို့နယ်တွင် ကြက်ကင်ဆိုင်ဖွင့်ကာ စီးပွားရှာနေသော လူငယ်လင်မယား(၂)ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

 339

သန့်ဇင်(NP News)-စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကြက်ကင်ဆိုင်ဖွင့်ကာစီးပွားရှာနေသော လူငယ်လင်မယား(၂)ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် (စက်တင်ဘာ ၂၆ရက်)၊ ည ၇နာရီခွဲဝန်းကျင်အချိန်ခန့်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဇယ်ဘုရားရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ဇယ်ဘုရားရှေ့တွင် လူငယ်လင်မယား(၂)ဦးက ကြက်ကင်နှင့် အသုတ်စုံ ဆိုင်ဖွင့်ကာ ဈေးရောင်းနေစဉ် လူ(၂)ဦးက ဆိုင်ကယ်(၁) စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကျိုက်ဇယ်ဘုရားနားမှာ ကြက်ကင်ရောင်းနေတဲ့လင်မယား(၂)ဦးကို သေနတ်နဲ့ပစ်သွားတာ။ အဲဒီနေ့က အဲဒါဖြစ်ပြီးနောက်ပိုင်းမှာ ဈေးရောင်း တဲ့လူတွေ ဆိုင်တွေပိတ်သွားကြတယ်။ ဘယ်လိုဖြစ်တာလည်းတော့ သေသေချာချာမသိဘူး။ အခုတော့ ညပိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖွင့်နေကြတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကမာဝက်မြို့တွင် နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် ကိုကောင်းဇော်လင်းနှင့် အသက် (၂၁) နှစ်အရွယ် မနှင်းရီဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသူ လင်မယား(၂)ဦးအား ဆေးကုသမှုခံယူရန် ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:
မုဒုံၿမိဳ႕နယ္တြင္ ၾကက္ကင္ဆိုင္ဖြင့္ကာ စီးပြာရွာေနေသာ လူငယ္လင္မယား(၂)ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၈

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္တြင္ ၾကက္ကင္ဆိုင္ဖြင့္ကာစီးပြားရွာေနေသာ လူငယ္လင္မယား(၂)ဦး ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (စက္တင္ဘာ ၂၆ရက္)၊ ည ၇နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က မုဒုံၿမိဳ႕နယ္၊ ကမာဝက္ၿမိဳ႕၊ သိမ္ကုန္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း၊ က်ိဳက္ဇယ္ဘုရားေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳက္ဇယ္ဘုရားေရွ႕တြင္ လူငယ္လင္မယား(၂)ဦးက ၾကက္ကင္ႏွင့္ အသုတ္စုံ ဆိုင္ဖြင့္ကာ ေဈးေရာင္းေနစဥ္ လူ(၂)ဦးက ဆိုင္ကယ္(၁) စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

“က်ိဳက္ဇယ္ဘုရားနားမွာ ၾကက္ကင္ေရာင္းေနတဲ့လင္မယား(၂)ဦးကို ေသနတ္နဲ႔ပစ္သြားတာ။ အဲဒီေန႔က အဲဒါျဖစ္ၿပီးေနာက္ပိုင္းမွာ ေဈးေရာင္း တဲ့လူေတြ ဆိုင္ေတြပိတ္သြားၾကတယ္။ ဘယ္လိုျဖစ္တာလည္းေတာ့ ေသေသခ်ာခ်ာမသိဘူး။ အခုေတာ့ ညပိုင္းမွာ ပုံမွန္အတိုင္း ျပန္ဖြင့္ေနၾကတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ကမာဝက္ၿမိဳ႕တြင္ ေနထိုင္သည့္ အသက္ (၂၅) ႏွစ္အ႐ြယ္ ကိုေကာင္းေဇာ္လင္းႏွင့္ အသက္ (၂၁) ႏွစ္အ႐ြယ္ မႏွင္းရီဦးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ က်ည္ထိမွန္ဒဏ္ရာရရွိသူ လင္မယား(၂)ဦးအား ေဆးကုသမႈခံယူရန္ ကမာဝက္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.