အမေရိကန်သမ္မတဟောင်းဖြစ်သလို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဂျင်မီကာတာရဲ့ဈာပနာကို နိုင်ငံတော်အဆင့် ကျင်းပမယ်
![](/img/icon_eye.svg)
476
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67765335df398f29ec78f0d8/banner-67765335df398f29ec78f0d8-x800.JPG)
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
အမေရိကန်သမ္မတဟောင်းဂျင်မီကာတာကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီလ ၉ ရက်ကို အားလပ်ရပ်အဖြစ် အမေရိကန်သမ္မတက ကြေညာလိုက်ပြီး အစိုးရရုံးတွေ အားလုံးပိတ်မှာဖြစ်သလို ဘဏ္ဍာရေးဈေးကွက်လည်း ပိတ်နား ဖွယ်ရှိနေပါတယ်။
မြို့တော်ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီလ ၉ ရက်မှာ ကျင်းပမယ့် ကွယ်လွန်သူသမ္မတဟောင်းကာတာ သေဆုံးတဲ့အသက် အရွယ်ဟာ အမေရိကန်နိုင်ငံရဲ့သမ္မတသမိုင်းမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သမ္မတဟောင်း ကာတာ ကွယ်လွန်မှုအတွက် အောက်မေ့သတိရမှုအနေနဲ့ နိုင်ငံတဝန်းက အစိုးရရုံးတွေ၊ စာတိုက်တွေနဲ့ နိုင်ငံတကာမှာ ရှိတဲ့ အမေရိကန်အစိုးရရုံးတွေမှာ ရက်ပေါင်း ၃၀ တိတိ နိုင်ငံတော်အလံကို တိုင်ဝက်ချလွှင့်ထူကြမှာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်မှာတော့ သူ့ရဲ့ဇာတိ ဂျော်ဂျီယာပြည်နယ် လွှတ်တော်မှာ အောက်မေ့ဂုဏ်ပြုမှာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်အထိတော့ ကာတာ စင်တာမှာ ထားရှိမှာဖြစ်ပြီး လူထု လာရောက်ဂါရဝပြုနိုင်မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ကာတာရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၇ ရက်မှာ မြို့တော် ဝါရှင်တန်ဒီစီကို သယ်ဆောင်လာမှာဖြစ်ပြီး လွှတ်တော်မှာ ဇန်နဝါရီလ ၈ ရက်အထိ လူထု ဂါရ၀ပြုနိုင်ရေးအတွက် ထားရှိမှာဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်မှာတော့ Washington National Cathedral - အမျိုးသား ဘုရားရှိခိုးကျောင်းမှာ နိုင်ငံတော် ဈာပနအခမ်းအနားကို ကျင်းပမှာ ဖြစ်ပြီး အဲဒီနေ့မှာပဲ သူ့ရဲ့ဇာတိ ဂျော်ဂျီယာပြည်နယ် Plains မြို့ကို ပြန်လည်သယ်ဆောင်ပြီး ဇနီးဖြစ်သူ Rosalynn Carter အုတ်ဂူအနီးမှာ သဂြိုဟ်မှာဖြစ်ပါတယ်။
ဂျင်မီကာတာဟာ အမေရိကန်သမ္မတအဖြစ် ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ အမေရိကန်နိုင်ငံရဲ့ ၃၉ ဦးမြောက် သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရယူနိုင်ခဲ့ကာ အသက် ၁၀၀ အရွယ်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67765335df398f29ec78f0d8/body-image-67765335df398f29ec78f0d8-0.JPG)
Zawgyi Version;
အေမရိကန္သမၼတေဟာင္းျဖစ္သလို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ဂ်င္မီကာတာရဲ႕ဈာပနာကို ႏိုင္ငံေတာ္အဆင့္ က်င္းပမယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂
အေမရိကန္သမၼတေဟာင္းဂ်င္မီကာတာကို ေအာက္ေမ့ဂုဏ္ျပဳတဲ့အေနနဲ႔ ဇန္နဝါရီလ ၉ ရက္ကို အားလပ္ရပ္အျဖစ္ အေမရိကန္သမၼတက ေၾကညာလိုက္ၿပီး အစိုးရ႐ုံးေတြ အားလုံးပိတ္မွာျဖစ္သလို ဘ႑ာေရးေဈးကြက္လည္း ပိတ္နား ဖြယ္ရွိေနပါတယ္။
ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီမွာ ဇန္နဝါရီလ ၉ ရက္မွာ က်င္းပမယ့္ ကြယ္လြန္သူသမၼတေဟာင္းကာတာ ေသဆုံးတဲ့အသက္ အ႐ြယ္ဟာ အေမရိကန္ႏိုင္ငံရဲ႕သမၼတသမိုင္းမွာ အသက္အႀကီးဆုံးပုဂၢိဳလ္ျဖစ္ခဲ့ပါတယ္။ သမၼတေဟာင္း ကာတာ ကြယ္လြန္မႈအတြက္ ေအာက္ေမ့သတိရမႈအေနနဲ႔ ႏိုင္ငံတဝန္းက အစိုးရ႐ုံးေတြ၊ စာတိုက္ေတြနဲ႔ ႏိုင္ငံတကာမွာ ရွိတဲ့ အေမရိကန္အစိုးရ႐ုံးေတြမွာ ရက္ေပါင္း ၃၀ တိတိ ႏိုင္ငံေတာ္အလံကို တိုင္ဝက္ခ်လႊင့္ထူၾကမွာျဖစ္ၿပီး ဇန္နဝါရီလ ၄ ရက္မွာေတာ့ သူ႔ရဲ႕ဇာတိ ေဂ်ာ္ဂ်ီယာျပည္နယ္ လႊတ္ေတာ္မွာ ေအာက္ေမ့ဂုဏ္ျပဳမွာျဖစ္ၿပီး ဇန္နဝါရီလ ၄ ရက္ကေန ၆ ရက္အထိေတာ့ ကာတာ စင္တာမွာ ထားရွိမွာျဖစ္ၿပီး လူထု လာေရာက္ဂါရဝျပဳႏိုင္မွာ ျဖစ္ပါတယ္။
သမၼတေဟာင္း ကာတာရဲ႕႐ုပ္အေလာင္းကို ဇန္နဝါရီလ ၇ ရက္မွာ ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီကို သယ္ေဆာင္လာမွာျဖစ္ၿပီး လႊတ္ေတာ္မွာ ဇန္နဝါရီလ ၈ ရက္အထိ လူထု ဂါရ၀ျပဳႏိုင္ေရးအတြက္ ထားရွိမွာျဖစ္ပါတယ္။ ဇန္နဝါရီလ ၉ ရက္မွာေတာ့ Washington National Cathedral - အမ်ိဳးသား ဘုရားရွိခိုးေက်ာင္းမွာ ႏိုင္ငံေတာ္ ဈာပနအခမ္းအနားကို က်င္းပမွာ ျဖစ္ၿပီး အဲဒီေန႔မွာပဲ သူ႔ရဲ႕ဇာတိ ေဂ်ာ္ဂ်ီယာျပည္နယ္ Plains ၿမိဳ႕ကို ျပန္လည္သယ္ေဆာင္ၿပီး ဇနီးျဖစ္သူ Rosalynn Carter အုတ္ဂူအနီးမွာ သၿဂိဳဟ္မွာျဖစ္ပါတယ္။
ဂ်င္မီကာတာဟာ အေမရိကန္သမၼတအျဖစ္ ၁၉၇၇ ခုႏွစ္ကေန ၁၉၈၁ ခုႏွစ္အထိ အေမရိကန္ႏိုင္ငံရဲ႕ ၃၉ ဦးေျမာက္ သမၼတအျဖစ္ တာဝန္ယူခဲ့ဖူးၿပီး ၂၀၀၂ ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကိုရယူႏိုင္ခဲ့ကာ အသက္ ၁၀၀ အ႐ြယ္နဲ႔ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။