မင်းတုန်းမင်းကြီး၏ တံခါးနီမြို့ရိုး သုတေသနလုပ်ငန်းပြီးစီး
1393
စော (NP News) - ဇန်နဝါရီ ၂
မင်းတုန်းမင်းတည်ဆောက်ခဲ့သော တံခါးနီမြို့ရိုးတွင် သုတေသနလုပ်ငန်းများပြီးစီးပြီးဖြစ်သောကြောင့် ထိန်းသိမ်းရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းက NP news ကို ပြောသည်။
တံခါးနီမြို့ရိုးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မြနန်းစံကျော် ရွှေနန်းတော်ကြီး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိကြောင်း သိရသည်။
“တူးဖော်သုတေသနလုပ်ငန်းက ပြီးသွား ပြီ။ ထိန်းသိမ်းရေးလုပ်မှာ။ အမိုး၊ အကာနဲ့ ထိန်းဖို့ ယာယီ တင်ထားတယ်။ ထိန်းသိမ်းရေးက မထိန်းရသေးဘူး။ တင်ထားတုန်းရှိသေးတယ်” ဟု ဒေါ်တင်တင်ဝင်းကပြော သည်။
အဆိုပါတူးဖော်သုတေသနလုပ်ငန်းကို နိုဝင်ဘာလမှ ဒီဇင်ဘာလ (၂၂)ရက်အထိ ဆောင်ရွက်ခဲ့ရပြီး မူလ လက်ရာအတိုင်း ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက ဒီစာပေအထောက်အထားထဲမှာသာ နန်းတော်ထဲဝင်တယ်ဆိုရင် တံခါးနီမြို့ရိုးရဲ့ Main ပေါက်ကတော့ ဘုရင်၊ မိဖုရားနဲ့သာသနာပိုင်ဆရာတော်တွေ ဝင်တယ်။ ဒီမလွယ်ပေါက်ကမှ တခြားအဆင့်တွေ၊ အကုန်းလုံးတွေ ဝင် တယ်။ Main ပေါက်ကတော့ ဘုရင်၊ မိဖုရားနဲ့ သာသနာပိုင်ဆရာတော်လွဲလို့ ဘယ်သူမှဝင်ခွင့် မပြုဘူးပေါ့။ အဲဒါက စာထဲမှာပဲဖတ်ဖူးတာ။ အခု တူးဖော်လိုက်တဲ့အချိန်မှာ မလွယ်ပေါက်လေးကို သွားတွေ့ တာ” ဟု ၎င်းကပြောသည်။
တံခါးနီမြို့ရိုးကို ပြန်လည်တူးဖော်သုတေသနပြုလုပ်ရာတွင် တောင်ဘက်(၇၅)ပေ၊ မြောက်ဘက် (၇၅) ပေ စုစုပေါင်း ပေ (၁၅၀) ကို တူးဖော်ခဲ့ရကြောင်း သိရသည်။
“အရင်တုန်းက အရှေ့ဘက်မှာဆိုတော့ ပေ(၁၀ဝဝ) ကျော်လောက်တော့ ရှိမယ်။ အခုတူးတာတော့ ဟိုဘက် (၇၅) ပေ ၊ ဒီဘက် (၇၅) ပေပဲ တူးတာ။ Main လမ်းကြီးရှိသေးတာကို ပေ (၁၅၀)ပေါ့။ Main လမ်း ကြီးရဲ့ တောင်ဘက်၊ မြောက်ဘက် တူးလိုက်တာ။ တောင်ဘက်၊ မြောက်ဘက်ကို ဟိုဘက် (၇၅)ပေ ၊ ဒီဘက် (၇၅) ပေဆိုပြီးတော့ တူးလိုက်တဲ့ အချိန်မှာ တံခါးနီမြို့ရိုးကြီးတွေ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အေဒီ (၁၈၅၃) တွင် မင်းတုန်းမင်းတရားကြီး တည်ဆောက်ခဲ့သော မြနန်းစံကျော် ရွှေနန်းတော်ကြီး သည် ဒုတိယ ကမ္ဘာစစ်အတွင်း ပျက်စီးခဲ့ရပြီး အဆောက်အအုံအသစ်ကို ရှေးမူအတိုင်း (၁၉၉၃) ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Zawgyi Version;
မင္းတုန္းမင္းႀကီး၏ တံခါးနီၿမိဳ႕႐ိုး သုေတသနလုပ္ငန္းၿပီးစီး
ေစာ (NP News) - ဇန္နဝါရီ ၂
မင္းတုန္းမင္းတည္ေဆာက္ခဲ့ေသာ တံခါးနီၿမိဳ႕႐ိုးတြင္ သုေတသနလုပ္ငန္းမ်ားၿပီးစီးၿပီးျဖစ္ေသာေၾကာင့္ ထိန္းသိမ္းေရး လုပ္ငန္းကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသား ျပတိုက္ ဦးစီးဌာန (မႏၲေလး ဌာနခြဲ) မွ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚတင္တင္ဝင္းက NP news ကို ေျပာသည္။
တံခါးနီၿမိဳ႕႐ိုးသည္ မႏၲေလးတိုင္းေဒသႀကီး မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႀကီး၏ အေရွ႕ဘက္ျခမ္းတြင္ တည္ရွိေၾကာင္း သိရသည္။
“တူးေဖာ္သုေတသနလုပ္ငန္းက ၿပီးသြား ၿပီ။ ထိန္းသိမ္းေရးလုပ္မွာ။ အမိုး၊ အကာနဲ႔ ထိန္းဖို႔ ယာယီ တင္ထားတယ္။ ထိန္းသိမ္းေရးက မထိန္းရေသးဘူး။ တင္ထားတုန္းရွိေသးတယ္” ဟု ေဒၚတင္တင္ဝင္းကေျပာ သည္။
အဆိုပါတူးေဖာ္သုေတသနလုပ္ငန္းကို ႏိုဝင္ဘာလမွ ဒီဇင္ဘာလ (၂၂)ရက္အထိ ေဆာင္႐ြက္ခဲ့ရၿပီး မူလ လက္ရာအတိုင္း ျပန္လည္ထိန္းသိမ္းေရးလုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“အရင္တုန္းက ဒီစာေပအေထာက္အထားထဲမွာသာ နန္းေတာ္ထဲဝင္တယ္ဆိုရင္ တံခါးနီၿမိဳ႕႐ိုးရဲ႕ Main ေပါက္ကေတာ့ ဘုရင္၊ မိဖုရားနဲ႔သာသနာပိုင္ဆရာေတာ္ေတြ ဝင္တယ္။ ဒီမလြယ္ေပါက္ကမွ တျခားအဆင့္ေတြ၊ အကုန္းလုံးေတြ ဝင္ တယ္။ Main ေပါက္ကေတာ့ ဘုရင္၊ မိဖုရားနဲ႔ သာသနာပိုင္ဆရာေတာ္လြဲလို႔ ဘယ္သူမွဝင္ခြင့္ မျပဳဘူးေပါ့။ အဲဒါက စာထဲမွာပဲဖတ္ဖူးတာ။ အခု တူးေဖာ္လိုက္တဲ့အခ်ိန္မွာ မလြယ္ေပါက္ေလးကို သြားေတြ႕ တာ” ဟု ၎ကေျပာသည္။
တံခါးနီၿမိဳ႕႐ိုးကို ျပန္လည္တူးေဖာ္သုေတသနျပဳလုပ္ရာတြင္ ေတာင္ဘက္(၇၅)ေပ၊ ေျမာက္ဘက္ (၇၅) ေပ စုစုေပါင္း ေပ (၁၅၀) ကို တူးေဖာ္ခဲ့ရေၾကာင္း သိရသည္။
“အရင္တုန္းက အေရွ႕ဘက္မွာဆိုေတာ့ ေပ(၁၀ဝဝ) ေက်ာ္ေလာက္ေတာ့ ရွိမယ္။ အခုတူးတာေတာ့ ဟိုဘက္ (၇၅) ေပ ၊ ဒီဘက္ (၇၅) ေပပဲ တူးတာ။ Main လမ္းႀကီးရွိေသးတာကို ေပ (၁၅၀)ေပါ့။ Main လမ္း ႀကီးရဲ႕ ေတာင္ဘက္၊ ေျမာက္ဘက္ တူးလိုက္တာ။ ေတာင္ဘက္၊ ေျမာက္ဘက္ကို ဟိုဘက္ (၇၅)ေပ ၊ ဒီဘက္ (၇၅) ေပဆိုၿပီးေတာ့ တူးလိုက္တဲ့ အခ်ိန္မွာ တံခါးနီၿမိဳ႕႐ိုးႀကီးေတြ႕တယ္” ဟု ၎က ဆက္လက္ေျပာသည္။
ေအဒီ (၁၈၅၃) တြင္ မင္းတုန္းမင္းတရားႀကီး တည္ေဆာက္ခဲ့ေသာ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႀကီး သည္ ဒုတိယ ကမာၻစစ္အတြင္း ပ်က္စီးခဲ့ရၿပီး အေဆာက္အအုံအသစ္ကို ေရွးမူအတိုင္း (၁၉၉၃) ခုႏွစ္တြင္ ျပန္လည္တည္ေဆာက္ခဲ့ ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။