စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြီးရင် အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူသွားမယ်လို့ အစ္စရေးအစိုးရ ပြော
217
Pika (NP News) - အောက်တိုဘာ ၃၁
ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံတို့မှာ ၎င်းတို့ရဲ့စစ်ရေးရည်မှန်းချက်တွေ အောင် မြင်ပြီးရင် အစ္စရေးဟာ အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူဖို့ စီစဉ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နေတန်ရာဟုက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ နေတန်ရာဟုက "ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဂါဇာကို မထိန်းချုပ်တော့တဲ့နေ့၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ကျွန်တော်တို့နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ အခြေချမှုတွေမရှိတော့တဲ့နေ့တွေအတွက် ရင်ဆိုင်နေရတဲ့စစ်မျက်နှာစာနှစ်ခုကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ အစီအစဉ်တွေကို ကျွန်တော်တို့လုပ်နေပါတယ်။ အဲဒီလိုတည်ငြိမ်သွားပြီဆိုရင် နောက်ထပ်အရေးကြီးတာတွေကို ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။
အဲဒီရည်မှန်းချက်တွေအားလုံး အောင်မြင်ပြီးရင် အစ္စရေးဟာ အခြားအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် သမိုင်းဝင် Abraham သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးမှုနဲ့အတူ ဒေသတွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ နေတန်ရာဟုက "အခြားအာရပ်နိုင်ငံတွေဟာ ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မြင်မှာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အီရန်ဟာ ယခုလအစောပိုင်းမှာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အပါအဝင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ အကြီးတန်းအရာရှိတွေ သေဆုံးခဲ့မှုကြောင့် ယခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးဟာ အီရန်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိကျတဲ့တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
စစ္ေရးရည္မွန္းခ်က္ေတြ ေအာင္ျမင္ၿပီးရင္ အာရပ္ႏိုင္ငံေတြနဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြရယူသြားမယ္လို႔ အစၥေရးအစိုးရ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၃၁
ဂါဇာကမ္းေျမာင္ေဒသနဲ႔ လက္ဘႏြန္ႏိုင္ငံတို႔မွာ ၎တို႔ရဲ႕စစ္ေရးရည္မွန္းခ်က္ေတြ ေအာင္ ျမင္ၿပီးရင္ အစၥေရးဟာ အာရပ္ႏိုင္ငံေတြနဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြရယူဖို႔ စီစဥ္ေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
အစၥေရးက အီရန္ရဲ႕စစ္ဘက္ဆိုင္ရာအေဆာက္အအုံေတြကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ ခိုက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေနတန္ရာဟုက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေနတန္ရာဟုက "ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ဂါဇာကို မထိန္းခ်ဳပ္ေတာ့တဲ့ေန႔၊ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ကြၽန္ေတာ္တို႔ႏိုင္ငံေျမာက္ပိုင္းနယ္စပ္မွာ အေျခခ်မႈေတြမရွိေတာ့တဲ့ေန႔ေတြအတြက္ ရင္ဆိုင္ေနရတဲ့စစ္မ်က္ႏွာစာႏွစ္ခုကို တည္ၿငိမ္ေအာင္ လုပ္ေဆာင္ဖို႔ အစီအစဥ္ေတြကို ကြၽန္ေတာ္တို႔လုပ္ေနပါတယ္။ အဲဒီလိုတည္ၿငိမ္သြားၿပီဆိုရင္ ေနာက္ထပ္အေရးႀကီးတာေတြကို ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္သြားမွာပါ"လို႔ေျပာဆိုခဲ့ပါတယ္။
အဲဒီရည္မွန္းခ်က္ေတြအားလုံး ေအာင္ျမင္ၿပီးရင္ အစၥေရးဟာ အျခားအာရပ္ႏိုင္ငံေတြနဲ႔ ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ သမိုင္းဝင္ Abraham သေဘာတူညီခ်က္ေတြကို လက္မွတ္ေရးထိုးမႈနဲ႔အတူ ေဒသတြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။ ေနတန္ရာဟုက "အျခားအာရပ္ႏိုင္ငံေတြဟာ ကြၽန္ေတာ္တို႔ကို တိုက္ခိုက္ေနတဲ့ အီရန္ေက်ာေထာက္ေနာက္ခံျပဳအဖြဲ႕ေတြရဲ႕ လုပ္ရပ္ေတြကို ျမင္မွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။
အီရန္ဟာ ယခုလအေစာပိုင္းမွာ အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္အပါအဝင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ အႀကီးတန္းအရာရွိေတြ ေသဆုံးခဲ့မႈေၾကာင့္ ယခုလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အီရန္ဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ အီရန္ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးဟာ အီရန္ႏိုင္ငံမွာရွိတဲ့ စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြကို တိက်တဲ့တိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။