ပဲ၊ ကြက်သွန်ရောင်းရငွေကျပ်သိန်း(၂ဝဝ)ကျော်အပါအဝင် ကုန်ပစ္စည်းများတင်ဆောင်လာသည့်ကားလုယက်ခံရပြီး အမျိူးသားတစ်ဦးသေဆုံးမှု ပေါက်မြို့၌ဖြစ်ပွား

 872

စော (NP News) - ဇန်နဝါရီ ၁၅

ပဲ၊ ကြက်သွန်ရောင်းရငွေကျပ်သိန်း(၂ဝဝ)ကျော်ကို ကားဖြင့် သယ်ဆောင်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် မကွေတိုင်း၊ ပေါက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ပေါက်မြို့နယ်ရှိ ထန်းတပင်ကျေးရွာ၌ နေထိုင်သော အသက်(၄၅)နှစ်အရွယ်ရှိ ဦးပေါက်ကျော်သည် တစ်ရွာတည်းနေ ဦးနန်းအောင်နှင့်အတူ ပဲနှင့် ကြက်သွန်များကို ကားဖြင့် သယ်ဆောင်ကာ ပခုက္ကူမြို့သို့ သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပြီးနောက် ဦးပေါက်ကျော်နှင့် ဦးနန်းအောင်တို့သည် ငွေကျပ်သိန်း (၂၅ဝ) ခန့် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ပြန်လည်ဝယ်ယူခဲ့ပြီး ငွေကျပ်သိန်း (၂၃ဝ)ခန့်နှင့်အတူ ထန်းတပင်ကျေးရွာသို့ ထန်းတပင်-ပေါက်-ရေပြာ-ကမ္မ-ပခုက္ကူလမ်းအတိုင်း ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဉ် ညနေ ၅ နာရီအချိန်၌ အင်တောတောင်ကျေးရွာအနီးရှိ အမှတ် (၁)တံတားအနောက်ဘက်အရောက်တွင် PDF အဖွဲ့မှ တစ္ဆေ(ခ)အေးငြိမ်းဖြိုးဦး ဆောင်သော လူ(၂ဝ)ဦးခန့်က တားဆီးကာ ဦးပေါက်ကျော်အား သေနတ်ဖြင့် ပစ်ခတ်ကာ ဓားဖြင့်ပါ ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ဦးနန်းအောင်ကိုလည်း ပဲနှင့်ကြက်သွန်ရောင်းချရငွေ ကျပ်သိန်း (၂၃ဝ) အပါအဝင် ကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကားနှင့်အတူဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
ပဲ၊ ၾကက္သြန္ေရာင္းရေငြက်ပ္သိန္း(၂ဝဝ)ေက်ာ္အပါအဝင္ ကုန္ပစၥည္းမ်ားတင္ေဆာင္လာသည့္ကားလုယက္ခံရၿပီး အမ်ိဴးသားတစ္ဦးေသဆုံးမႈ ေပါက္ၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၁၅

ပဲ၊ ၾကက္သြန္ေရာင္းရေငြက်ပ္သိန္း(၂ဝဝ)ေက်ာ္ကို ကားျဖင့္ သယ္ေဆာင္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦး သတ္ျဖတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၂ ရက္၊ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ မေကြတိုင္း၊ ေပါက္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ေပါက္ၿမိဳ႕နယ္ရွိ ထန္းတပင္ေက်း႐ြာ၌ ေနထိုင္ေသာ အသက္(၄၅)ႏွစ္အ႐ြယ္ရွိ ဦးေပါက္ေက်ာ္သည္ တစ္႐ြာတည္းေန ဦးနန္းေအာင္ႏွင့္အတူ ပဲႏွင့္ ၾကက္သြန္မ်ားကို ကားျဖင့္ သယ္ေဆာင္ကာ ပခုကၠဴၿမိဳ႕သို႔ သြားေရာက္ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေရာင္းခ်ၿပီးေနာက္ ဦးေပါက္ေက်ာ္ႏွင့္ ဦးနန္းေအာင္တို႔သည္ ေငြက်ပ္သိန္း (၂၅ဝ) ခန႔္ တန္ဖိုးရွိေသာ ကုန္ပစၥည္းမ်ားကို ျပန္လည္ဝယ္ယူခဲ့ၿပီး ေငြက်ပ္သိန္း (၂၃ဝ)ခန႔္ႏွင့္အတူ ထန္းတပင္ေက်း႐ြာသို႔ ထန္းတပင္-ေပါက္-ေရျပာ-ကမၼ-ပခုကၠဴလမ္းအတိုင္း ျပန္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ျပန္လာစဥ္ ညေန ၅ နာရီအခ်ိန္၌ အင္ေတာေတာင္ေက်း႐ြာအနီးရွိ အမွတ္ (၁)တံတားအေနာက္ဘက္အေရာက္တြင္ PDF အဖြဲ႕မွ တေစၦ(ခ)ေအးၿငိမ္းၿဖိဳးဦး ေဆာင္ေသာ လူ(၂ဝ)ဦးခန႔္က တားဆီးကာ ဦးေပါက္ေက်ာ္အား ေသနတ္ျဖင့္ ပစ္ခတ္ကာ ဓားျဖင့္ပါ ထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ထို႔ျပင္ ဦးနန္းေအာင္ကိုလည္း ပဲႏွင့္ၾကက္သြန္ေရာင္းခ်ရေငြ က်ပ္သိန္း (၂၃ဝ) အပါအဝင္ ကုန္ပစၥည္းမ်ားတင္ေဆာင္ထားသည့္ ကားႏွင့္အတူဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.