NUG ၊ PDF တို့အနေဖြင့် ဒီမိုကရေစီကို ချစ်သည်ဆိုပါက လက်နက်ချပြီး ရွေးကောက်ပွဲဝင်ပြိုင်ရန် ဝန်ကြီးဟောင်း ဦးမောင်မြင့် ဖိတ်ခေါ်

 1157

NP News - ဇန်နဝါရီ ၁၅

NUG ၊ PDF တို့အနေဖြင့် ဒီမိုကရေစီကို အမှန်တကယ်ချစ်သည်ဆိုပါက လက်နက် ချပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဝန်ကြီးဟောင်း ဦးမောင်မြင့်က အသိ ပေးဖိတ်ခေါ်လိုက်သည်။

အလုပ်သမားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သော ဦးမောင်မြင့်သည် NP News နှင့် သီးသန့်အင်တာဗျူးတွင် အထက်ပါကဲ့သို့ အသိ ပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် နစကအနေဖြင့် ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်စီစဉ်လျက်ရှိပြီး ၎င်းရွေးကောက်ပွဲကို လက်ခံသွားမည်မဟုတ်ကြောင်းလည်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

“ကျွန်တော့်အနေနဲ့ PDF တွေကိုပေးချင်တဲ့ Message ကတော့၊ NUG ကိုပေးချင်တဲ့ Message ကတော့ ခင်ဗျားတို့ ဒီမိုကရေစီကို တကယ်ချစ်တယ်ဆိုရင် အမြန်ဆုံးပြန်လာ၊ ဒီမိုကရေစီကို အမှန်တကယ်မြတ်နိုးတယ်ဆိုရင် အမြန်ဆုံးလက်နက်ချ။ အဲဒီတော့ တရားဝင်ပါတီအနေနဲ့ ဆက်ရှိနေတယ်ဆိုလို့ ရှိရင်လည်း အဲဒီပါတီကိုအကြောင်းပြုပြီး ရွေးကောက်ပွဲကိုဝင်၊ တရားဝင်ပါတီ မဟုတ်တော့ဘူးဆိုရင်လည်း ပါတီအသစ်ထောင်မယ်ဆိုရင်လည်း ထောင်လို့ရသေးတယ်။ ရွေးကောက်ပွဲကို ဝင်ပြိုင်ပါ။ ဒါ Free and Fair ဖြစ်ဖို့အတွက် တကယ့်ကို ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်တွေက သမိုင်းမှာဖျက်လို့မရတဲ့ အမည်းစက်ကြီးမဖြစ်အောင် အခုချိန်ထိက မှားတော့မှားတယ်၊ ဖျက်လို့ရနိုင်သေးတယ်” ဟု ဦးမောင်မြင့်က ပြောသည်။

လာမည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပေးစေလိုပါက PDF များအနေဖြင့် လက်နက်ချရန် လိုအပ်ကြောင်း ဝန်ကြီးဟောင်း ဦးမောင်မြင့်က ဆိုသည်။

“PDF တွေက လက်နက်မချဘူး၊ PDF တွေက လက်နက်အားကိုးနဲ့ပဲ နေရာတကာ အနိုင်ကျင့်မယ် သူတို့ရဲ့လက်နက်တွေနဲ့ပဲ ရွေးကောက်ပွဲ result ပြုပြင်ပြောင်းလဲအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။ ဒါကျွန်တော့် တစ်ယောက်ထဲ အမြင်ကိုပြောတာပေါ့။ ဖြစ်ဦးတော့ အဲဒီဟာသည် အောင်မြင်တဲ့ ရွေး ကောက်ပွဲ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း Free and Fair election မဖြစ်နိုင်ဘူး” ဟု ဦးမောင်မြင့်က သုံးသပ်ပြောဆိုထားသည်။

မကြာမီအချိန် ဇန်နဝါရီလ ၃၁ ရက်တွင် နစက၏ အစိုးရသက်တမ်းမှာ (၂)နှစ်ပြည့်ကာ ကုန်ဆုံးတော့မည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ဆက် လက်တာဝန်ယူလုပ်ဆောင်သွားမည့်အစီအစဉ်များကို နစကအနေဖြင့် ကြိုတင်အသိပေးခြင်းမျိုး မရှိသေးပေ။

“ဒါကြောင့် PDF တွေ မင်းတို့လုပ်နေတာကတော့ဖြင့် နိုင်ငံတော်ကသွားနေတဲ့ ဒီမိုကရေစီ မဖြစ်မနေဖြတ်သန်းရမယ့် ဂိတ်တံခါးဖြစ်တဲ့ ဒီရွေးကောက်ပွဲဆိုတာကြီးကို မင်းတို့ ဖျက်ဖို့ ကြိုးစားတယ်ဆိုလို့ရှိရင် ဒါမင်းတို့မှားနေပြီ။ ရွေးကောက်ပွဲကို မသွားဘဲနဲ့လည်း တကယ်တမ်း credibility ဖြစ်တဲ့ legitimacy ရှိတဲ့ အစိုးရဆိုတာမဖြစ်နိုင်ဘူး။ ဒါမှန်တယ်။ ဒါပေမယ့် အဲဒီလို မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့မှ မင်းတို့က ပုန်ကန်ခြားနား တော်လှန်တိုက်ခိုက်သတ်ဖြတ် ဒါတွေ လုပ်နေမယ်ဆိုလို့ရှိရင် အစိုးရက ဒီလိုပဲနှိမ်နင်းနေမှာပဲ။ ရွေးကောက်ပွဲကလည်း ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး” ဟု ဦးမောင်မြင့်က ပြောသည်။

လက်ရှိ နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR) ဖြင့် ကျင်းပသွားမည်ဟု ပြောဆိုထားပြီး နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲဝင်ပြိုင်ရန် စောင့်ကြည့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။

zawgyi version
NUG ၊ PDF တို႔အေနျဖင့္ ဒီမိုကေရစီကို ခ်စ္သည္ဆိုပါက လက္နက္ခ်ၿပီး ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရန္ ဝန္ႀကီးေဟာင္း ဦးေမာင္ျမင့္ ဖိတ္ေခၚ
NP News - ဇန္နဝါရီ ၁၅

NUG ၊ PDF တို႔အေနျဖင့္ ဒီမိုကေရစီကို အမွန္တကယ္ခ်စ္သည္ဆိုပါက လက္နက္ ခ်ၿပီး ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဝန္ႀကီးေဟာင္း ဦးေမာင္ျမင့္က အသိ ေပးဖိတ္ေခၚလိုက္သည္။

အလုပ္သမားဝန္ႀကီးဌာနႏွင့္ စက္မႈဝန္ႀကီးဌာန၏ ဝန္ႀကီးေဟာင္းတစ္ဦးျဖစ္ေသာ ဦးေမာင္ျမင့္သည္ NP News ႏွင့္ သီးသန႔္အင္တာဗ်ဴးတြင္ အထက္ပါကဲ့သို႔ အသိ ေပးေျပာဆိုလိုက္ျခင္းျဖစ္သည္။

လက္ရွိတြင္ နစကအေနျဖင့္ ယခုႏွစ္အတြင္း အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္အတြက္ ႀကိဳတင္ျပင္ဆင္စီစဥ္လ်က္ရွိၿပီး ၎ေ႐ြးေကာက္ပြဲကို လက္ခံသြားမည္မဟုတ္ေၾကာင္းလည္း NUG ဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

“ကြၽန္ေတာ့္အေနနဲ႔ PDF ေတြကိုေပးခ်င္တဲ့ Message ကေတာ့၊ NUG ကိုေပးခ်င္တဲ့ Message ကေတာ့ ခင္ဗ်ားတို႔ ဒီမိုကေရစီကို တကယ္ခ်စ္တယ္ဆိုရင္ အျမန္ဆုံးျပန္လာ၊ ဒီမိုကေရစီကို အမွန္တကယ္ျမတ္ႏိုးတယ္ဆိုရင္ အျမန္ဆုံးလက္နက္ခ်။ အဲဒီေတာ့ တရားဝင္ပါတီအေနနဲ႔ ဆက္ရွိေနတယ္ဆိုလို႔ ရွိရင္လည္း အဲဒီပါတီကိုအေၾကာင္းျပဳၿပီး ေ႐ြးေကာက္ပြဲကိုဝင္၊ တရားဝင္ပါတီ မဟုတ္ေတာ့ဘူးဆိုရင္လည္း ပါတီအသစ္ေထာင္မယ္ဆိုရင္လည္း ေထာင္လို႔ရေသးတယ္။ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ပါ။ ဒါ Free and Fair ျဖစ္ဖို႔အတြက္ တကယ့္ကို ခင္ဗ်ားတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြက သမိုင္းမွာဖ်က္လို႔မရတဲ့ အမည္းစက္ႀကီးမျဖစ္ေအာင္ အခုခ်ိန္ထိက မွားေတာ့မွားတယ္၊ ဖ်က္လို႔ရႏိုင္ေသးတယ္” ဟု ဦးေမာင္ျမင့္က ေျပာသည္။

လာမည့္ အေထြေထြေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာျဖင့္ က်င္းပေပးေစလိုပါက PDF မ်ားအေနျဖင့္ လက္နက္ခ်ရန္ လိုအပ္ေၾကာင္း ဝန္ႀကီးေဟာင္း ဦးေမာင္ျမင့္က ဆိုသည္။

“PDF ေတြက လက္နက္မခ်ဘူး၊ PDF ေတြက လက္နက္အားကိုးနဲ႔ပဲ ေနရာတကာ အႏိုင္က်င့္မယ္ သူတို႔ရဲ႕လက္နက္ေတြနဲ႔ပဲ ေ႐ြးေကာက္ပြဲ result ျပဳျပင္ေျပာင္းလဲေအာင္လုပ္မယ္ဆိုလို႔ရွိရင္ေတာ့ ေ႐ြးေကာက္ပြဲက မျဖစ္ႏိုင္ဘူး။ ဒါကြၽန္ေတာ့္ တစ္ေယာက္ထဲ အျမင္ကိုေျပာတာေပါ့။ ျဖစ္ဦးေတာ့ အဲဒီဟာသည္ ေအာင္ျမင္တဲ့ ေ႐ြး ေကာက္ပြဲ မျဖစ္ႏိုင္ဘူး။ ၿပီးေတာ့လည္း Free and Fair election မျဖစ္ႏိုင္ဘူး” ဟု ဦးေမာင္ျမင့္က သုံးသပ္ေျပာဆိုထားသည္။

မၾကာမီအခ်ိန္ ဇန္နဝါရီလ ၃၁ ရက္တြင္ နစက၏ အစိုးရသက္တမ္းမွာ (၂)ႏွစ္ျပည့္ကာ ကုန္ဆုံးေတာ့မည္ျဖစ္ၿပီး အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရန္အတြက္ ဆက္ လက္တာဝန္ယူလုပ္ေဆာင္သြားမည့္အစီအစဥ္မ်ားကို နစကအေနျဖင့္ ႀကိဳတင္အသိေပးျခင္းမ်ိဳး မရွိေသးေပ။

“ဒါေၾကာင့္ PDF ေတြ မင္းတို႔လုပ္ေနတာကေတာ့ျဖင့္ ႏိုင္ငံေတာ္ကသြားေနတဲ့ ဒီမိုကေရစီ မျဖစ္မေနျဖတ္သန္းရမယ့္ ဂိတ္တံခါးျဖစ္တဲ့ ဒီေ႐ြးေကာက္ပြဲဆိုတာႀကီးကို မင္းတို႔ ဖ်က္ဖို႔ ႀကိဳးစားတယ္ဆိုလို႔ရွိရင္ ဒါမင္းတို႔မွားေနၿပီ။ ေ႐ြးေကာက္ပြဲကို မသြားဘဲနဲ႔လည္း တကယ္တမ္း credibility ျဖစ္တဲ့ legitimacy ရွိတဲ့ အစိုးရဆိုတာမျဖစ္ႏိုင္ဘူး။ ဒါမွန္တယ္။ ဒါေပမယ့္ အဲဒီလို မျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ ဆက္ၿပီးေတာ့မွ မင္းတို႔က ပုန္ကန္ျခားနား ေတာ္လွန္တိုက္ခိုက္သတ္ျဖတ္ ဒါေတြ လုပ္ေနမယ္ဆိုလို႔ရွိရင္ အစိုးရက ဒီလိုပဲႏွိမ္နင္းေနမွာပဲ။ ေ႐ြးေကာက္ပြဲကလည္း ျဖစ္ခ်င္လည္းျဖစ္မယ္။ မျဖစ္ခ်င္လည္း မျဖစ္ဘူး” ဟု ဦးေမာင္ျမင့္က ေျပာသည္။

လက္ရွိ နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လာမည့္ေ႐ြး ေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ျဖင့္ က်င္းပသြားမည္ဟု ေျပာဆိုထားၿပီး ႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးပါတီမ်ားကလည္း ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရန္ ေစာင့္ၾကည့္ ျပင္ဆင္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.