အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့မှစ၍ ယာယီရပ်ဆိုင်း

 4075

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့်အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်အကိုင်အေဂျင်စီများနှင့်ညှိနှိုင်းကာ ယခင်ကတည်းက ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ဇန်နဝါရီလ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာဌာနများက အကြောင်းကြားထားသည်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ဆို ထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း MOEAF က အသိပေးအ ကြောင်းကြားထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေ ညာထားသည်။

၎င်းကဲ့သို့ရပ်ဆိုင်းထားခဲ့သော်လည်း ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများက ညှိနှိုင်းဆောင်ရွက် ပုံမှန်ဆောင်ရွက်ပေးမှုများရှိခဲ့သည်။

လက်ရှိအချိန်တွင် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရှိရပြီး နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း နိုင်ငံကူးလက်မှတ်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လာမည့်(၃)ပတ်ခန့်အကြာတွင် ပြန်လည်စတင်နိုင်မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်စ တင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

zawgyi version
အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ယေန႔မွစ၍ ယာယီရပ္ဆိုင္း
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ယေန႔ (ဇန္နဝါရီလ ၁၇ ရက္)မွစ၍ ယာယီရပ္ဆိုင္းလိုက္ေၾကာင္း သတင္းရရွိသည္။

အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန၏ခြင့္ျပဳၿပီး အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို အလုပ္သမားဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ အလုပ္အကိုင္ေအဂ်င္စီမ်ားႏွင့္ညႇိႏႈိင္းကာ ယခင္ကတည္းက ပုံမွန္ေဆာင္႐ြက္လ်က္ရွိသည္။

လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္အား ဇန္နဝါရီလ ၁၇ ရက္မွစတင္ကာ ယာယီရပ္ဆိုင္းေၾကာင္း သက္ဆိုင္ရာဌာနမ်ားက အေၾကာင္းၾကားထားသည္ဟု ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF)က ဆို ထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္း၊ ေလွ်ာက္ထားရန္ အမည္စာရင္းေပးပို႔ျခင္းမ်ားကို ယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္းလည္း MOEAF က အသိေပးအ ေၾကာင္းၾကားထားသည္။

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္မွစတင္ကာ ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕က ေၾက ညာထားသည္။

၎ကဲ့သို႔ရပ္ဆိုင္းထားခဲ့ေသာ္လည္း ခြင့္ျပဳၿပီး အလုပ္ေခၚစာျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ညႇိႏႈိင္းေဆာင္႐ြက္ ပုံမွန္ေဆာင္႐ြက္ေပးမႈမ်ားရွိခဲ့သည္။

လက္ရွိအခ်ိန္တြင္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္းကို ယာယီရပ္ဆိုင္းလိုက္ေၾကာင္း သိရွိရၿပီး နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕အေနျဖင့္လည္း ႏိုင္ငံကူးလက္မွတ္ကိစၥႏွင့္ပတ္သက္၍ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၆ ရက္တြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို လာမည့္(၃)ပတ္ခန႔္အၾကာတြင္ ျပန္လည္စတင္ႏိုင္မည္ဟု ေျပာဆိုခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္လည္စ တင္ႏိုင္ျခင္း မရွိေသးသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.