“ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း အမြန်ဆုံး အာဏာကိုလွှဲပေးချင်တဲ့သဘောတော့ တွေ့ပါတယ်” - (ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်)
1474
NP News - ဇန်နဝါရီ ၂၂
“သက်တမ်း ၂ နှစ်ပြည် နစက ဘယ်လိုရှေ့ဆက်မလဲ” ခေါင်းစဥ်ဖြင့် နစက ၏ ရှေ့ဆက်မည့် လုပ်ငန်းစဥ်များနှင့် မြန်မာနိုင်ငံ၏အနာဂတ် မည်သို့ဆက်ဖြစ်လာနိုင်သလဲ ဆိုသည်များကို (ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အား NP News ၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းမှ မေးမြန်း၊ ဆွေးနွေး၊ သုံးသပ်ထားသည်ကို ပြန်လည်ရေးသားဖော်ပြလိုက်ပါသည်။
မေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ခေတ်
မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်အခု ဒီနေ့မေးမြန်းဆွေးနွေးမယ့်အကြောင်းအရာကတော့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေနဲ့အညီ နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ နစကပေါ့နော်။ နစက အနေနဲ့ သူ့ရဲ့သက်တမ်းက လာမယ့် ဇန်နဝါရီ ၃၁ ရက်၊ ည လို့ပဲပြောပြော ဖေဖော်ဝါရီ ၁ ရက်ပဲပြောပြော အဲဒီမှာကုန်မယ်ပေါ့။ (၂)နှစ် သက်တမ်း ပြည့်မယ်။ ပြည့်တဲ့အချိန်မှာ သူတို့ ဘာဆက်လုပ်မလဲ။ ဘယ်လိုဆက်ဖြစ်နိုင်လဲ။ နောက်လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာ ဘာတွေ ထွက်လာနိုင်ခြေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ မေးမြန်းဆွေးနွေးဖို့အတွက် ဆရာ ဒေါက်တာအေးမောင်ကို ဖိတ်ခေါ်ထားပါတယ်။ အဲ့ဒီတော့ ဆရာ ဒေါက်တာအေးမောင်ကို စပြီးတော့ မေးမြန်းပါမယ်။
မေး ။ ။ မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်တို့ လက်ရှိ နစကရဲ့သက်တမ်းကလည်း ဇန်နဝါရီ ၃၁ ညလို့ပဲပြောပြော၊ ဖေဖော်ဝါရီ ၁ ရက် မနက်ပဲပြောပြော ပြည့်ပြီပေါ့နော်။ ၂ နှစ်ပြည့်ပြီဆိုတော့ သူတို့ ဘာတွေစလုပ်ကြမလဲလို့ ပေါ့ နော်။ ဆရာ အဲဒါလေး အရင်ပြောပြပေးလို့ရမလား။
ဖြေ ။ ။ အဲဒီတော့ ပထမတစ်ချက်က ဒီအရေးပေါ်ကာလဥပဒေပါ ပြဋ္ဌာန်းချက်များကို သုံးမယ်လို့ ကျွန်တော်တို့ လွှတ်တော်အမတ်ကာလတုန်းက မထင်ခဲ့ဖူးဘူး။ ဒီကာလကို ဖြတ်ကျော်ဖို့မလိုဘဲနဲ့ ဒီအသွင်းကူးပြောင်းရေးအစိုးရ တစ်ရပ် အဆက်ဆက်ပေါ့ဗျာ။ ပိုပြီးကောင်းတဲ့မြန်မာနိုင်ငံကြီးကို တည်ဆောက်သွားနိုင်ကြမယ်လို့ထင်ခဲ့တာ။ ဆိုတော့ အခုလိုဖြစ်လာတဲ့အခါကျတော့လေ ဒီဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ကာကွယ်ရေးဦးစီးချုပ်သည် နောက်နိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဘာဆက်သွားကြမှာလဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာက ပုဒ်မပေါင်း (၂၂)ခုလောက် ရှိတယ်ဗျ။ ၄၁ဝ ကနေ ၄၃၂ ထိဆိုတဲ့ခါကျတော့ ရှေ့နောက်ပြန်ကြည့်ကြရတာပေါ့။ ဆိုတော့ အားလုံးတဲ့အတိုင်း ကိုကျော်မျိုးမင်း မေးတဲ့အတိုင်းပါပဲ။ ခုနက နိုင်ငံတော်အချုပ်အခြာအာဏာ၊ ဒို့တာဝန်အရေး (၃)ပါးနဲ့ ပတ်သက်လို့၊ အကြမ်းဖက် တာပတ်သက်တဲ့ကဏ္ဍမျိုးမှာ အရေးပေါ်အစည်းအဝေးလုပ်ပြီးမှ နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းနိုင်တယ်။ တစ်နှစ်ထိ အပ်နှင်းနိုင်တယ်ဆိုတာမျိုးနဲ့ စဖွင့်တာကို။ အဲဒီမှာ (၆)လနှစ်ကြိမ် သာမာန် အချိန်မှာ တိုးနိုင်တယ်။ အဲဒါကို ပုဒ်မ ၄၂၂ နဲ့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တာဝန်အပ်နှင်းခြင်းခံရတဲ့ ကာကွယ်ရေးဦးစီးချုပ်က သူ့ရဲ့တာဝန်ပြီးမြောက်ကြောင်းကိုတင်ပြတဲ့ကာလ ရောက်တဲ့ အခါမှာ အဲဒီ ၄၂၂ နဲ့ပြန်ပြီးတော့ မူလပေးတဲ့အမိန့်အာဏာကို ပြန်ရုတ်သိမ်းရမှာကို။ ဆိုတော့ အဲဒီအခင်းအကျင်း ဖြစ်လာမှာလား။ အဲဒီကာလ ဇန်နဝါရီ ၃၁ နေ့ဟာ သူ့ကိုအပ်နှင်းထားတဲ့တာဝန် (၂)နှစ်တိတိပြည့်လို့ ကာကွယ်ရေး ဦးစီးချုပ်ကနေ သူ့ကိုအာဏာ တာဝန်ပေးခဲ့တဲ့ သမ္မတဦးမြင့်ဆွေ အပေါ် ဘယ်လိုအစီရင်ခံမှာလဲ။ အဲဒီ အစီရင်ခံမှု အပေါ်မူတည်ပြီးမှ ကျန်တဲ့၊ ကျွန်တော် ခုနက တင်ပြတဲ့ အရေးပေါ်ကာလဥပဒေပါပြဋ္ဌာန်းချက် ပုဒ်မပေါင်း (၂၂) ခု ကို ဘယ်လိုရှေ့ဆက်သွားမှာလဲဆိုတာစဉ်းစားဖို့ ဖြစ်လာတာပေါ့။ အဲဒီတော့ သမ္မတကြီးကို ကာကွယ်ရေးဦးစီးချုပ် ရဲ့တင်ပြချက်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့တင်ပြချက်သည် ကျွန်တော်တို့ အဲဒီပေါ်မူတည်ပြီးမှ ရှေ့ဆက်ဘယ်လိုသွားမှာလဲဆိုတာကို ကျွန်တော်တို့သုံးသပ်နိုင်မှာ ဖြစ်တယ်။ သို့သော်လည်းပဲ အာဏာအပ်နှင်းခြင်းခံရတဲ့ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ဘက်က ၂ဝ၂၃ ခုနှစ် ဩဂုတ်လမှာ ကျင်းပနိုင်ဖွယ် ရှိတယ်ဆိုတဲ့အသုံးနှုန်းကို သုံးနှုန်းခဲ့တာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ပြန်ပြီး Count လုပ်တာပေါ့။ အဲဒီတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာစပြီးတော့ သမ္မတကြီး ဦးမြင့်ဆွေရဲ့ကာလုံသည် တကယ်လို့များ ဗိုလ်ချုပ်မှူးကြီးဘက်က (၂) နှစ်တာကာလအတွင်းမှာ သူ့ကိုပေးတဲ့တာဝန်ကို ပြည့်ပြည့်ဝဝ၊ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်တဲ့အထိ၊ နိုင်ငံတော်အေးချမ်းသွားပါပြီ၊ လုံခြုံသွားပါပြီ၊ သမ္မတကြီးတာဝန်ပေးတဲ့အတိုင်း ကျွန်တော်ကျေပွန်စွာ ထမ်းဆောင် ပြီးပါပြီဆိုရင် အဲဒီပုဒ်မတွေအရ ဖေဖော်ဝါရီ (၁) ရက်နေ့ကနေ (၆)လအတွင်းမှာ ဆိုတဲ့အခါကျတော့ ဇူလိုင်လ အတွင်းမှာ ဇူလိုင်လ မကျော်လွန်ခင်မှာ သမ္မတကြီးဦးမြင့်ဆွေသည် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပေးရမယ့်သဘောဖြစ်ပါတယ်။ အဲတော့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် (၆) လ။ ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးက ဩဂုတ်လ လို့ပြောခဲ့တာလဲ။ ၂ဝ၂၃ လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ကျန်တဲ့ ပုဒ်မတွေကို သုံးသပ်ကြည့်တာပေါ့။ အဲဒီတော့ ရှေ့ဆက်ပြီး ပုဒ်မတွေဟာ တစ်ခုပြီးတစ်ခုက Overlapping ဖြစ်နေတာပေါ့။ ပုဒ်မ ၂၂ဝ ကျော်ကို ကျွန်တော်တို့ကြည့်တဲ့အခါမှာ ၄၂၅ မှာ ၄၂ဝ ကျော်ကို ပြန်ကြည့်တဲ့အခါမှာ တကယ်လို့များ ၄၂၂ အရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်သည် လိုအပ်သေးတယ်ဆိုခဲ့လို့ရှိရင် အဲဒီကာလသည် လည်းပဲ လွှတ်တော်တွေကျင်းပတဲ့ကာလ၊ လွှတ်တော်ကိုယ်စားလှယ်များ ရှိတဲ့ကာလ လွှတ်တော်ကာလပေါ့ဗျာ။ မဟုတ်ခဲ့ဘူးဆိုရင်ဆိုတဲ့ အခြေအနေအရ ပုဒ်မ ၄၂၅ ကိုပြန်ကြည့်တဲ့အခါမှာ သမ္မတကြီးထက် နိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့လုပ်ပိုင်ခွင့်က ဥပဒေပါပြဋ္ဌာန်းချက်ရဲ့ထိပ်ကို ရောက်သွားတယ်။ အဲဒီတော့ အဲဒီကာလမှာ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တကယ်လို့များ ကာကွယ်ရေးဦးစီးချုပ်က တင်ပြလာခဲ့လို့ရှိရင် ဆက်ပြီးတော့ လုပ်ပိုင်ခွင့် (၆)လ နှစ်ကြိမ်ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားနိုင်တယ်လို့၊ တိုးမြှင့်ပေးနိုင်တယ်ဆိုတဲ့ပုဒ်မ၊ ပြဋ္ဌာန်းချက် ရှိလာတဲ့အခါမှာ ပထမ တစ်နှစ်တာကာလရဲ့ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ကာကွယ်ရေးဦးစီးချုပ် လုပ်ပိုင်ခွင့်အပြည့်အဝ တစ်နှစ်ထပ်တိုးရသွားတဲ့သဘော ဖြစ်သွားပါတယ်။
အဲဒီလိုအခြေအနေမျိုးကြုံလာမှာကို ကြိုသိလို့များ ၂ဝ၂၃ ဩဂုတ်လမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ကြိုပြောခဲ့ တာလား။ ဒါ ဒုတိယ သက်တမ်းရဲ့၊ တကယ်လို့ ၄၂၅ အရ တာဝန်ဆက်ယူမယ်ဆိုရင် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ကာကွယ်ရေးဦးစီချုပ်ကို အပ်နှင်းနိုင်တဲ့ ဒုတိယသက်တမ်းရဲ့ပထမလဖြစ်နေတယ်။ ဆိုတော့ အဲဒါ လေးကို ပြန်စဉ်းစားကြည့်တာပေါ့။ အဲဒီလိုဆိုရင် ကျွန်တော်တို့ပြန်ပြီးတော့ ၄၁၆ တို့၊ ၄၁၇ တို့၊ ၄၁၈ တို့အတိုင်း ပြန်လာတာပေါ့။ ကျွန်တော်တို့ အခု အရေးပေါ်ကာလဥပဒေပြဋ္ဌာန်းချက် (၁)နှစ်တို့ ၊ (၆)လ နှစ်ကြိမ်တို့အတိုင်းပဲ။ ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထပ်ပြီးတော့ အာဏာအပ်နှင်းရတာပေါ့။ အဲ့လို အပ်နှင်းပြီးမှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ Completion Report ပေးပြီးတဲ့ နောက်မှာမှသာလျှင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် (၆)လအတွင်းမှာ လွတ်လပ်ပြီးတရာမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်တယ်ဆိုပြီး တော့မှ ပုဒ်မ ၄၂၉ မှာ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် အဲဒီအဟတွေ အားလုံးသည် ကျွန်တော်တို့သုံးသပ်တဲ့အခါ မှာတော့ ရွေးကောက်ပွဲပေါ့ဗျာ။ ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲဆိုတဲ့အခါမှာ ကျွန်တော်တို့လက်ရှိအာဏာရ ယူတဲ့ကဏ္ဍကိုပြန်ကြည့်တဲ့အခါမှာလည်းပဲ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ပြဿနာ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန် ၃၉၉ အရ ရွေးကောက်ပွဲကော်မရှင်သည် တာဝန်အပြည့်အဝရှိသွားတဲ့အခါမှာ ၃၉၉ ပါ ပြဋ္ဌာန်းချက်အတိုင်း တကယ်လို့များ ရွေးကောက်ပွဲကို ကျင်းပပေးပါလျက်နဲ့ လုံလုံခြုံခြုံကျင်းပနိုင်တဲ့အနေအထား မျိုးမရှိခဲ့ဘူးဆိုရင် ကာလုံက အပ်နှင်းတဲ့ရွေးကောက်ပွဲကော်မရှင်သည်ပင်လျှင် ပုဒ်မ ၃၉၉ ပါ ပြဋ္ဌာန်းချက်အတိုင်းပဲ ပြန်ပြီးတော့ ကာလုံကို သတင်းပြန်ပို့ရတဲ့အခါမှာ အဲဒီအခင်းကျင်းတစ်ခုက ၄၁ဝ၊ ၄၁၂ စသဖြင့် ကျွန်တော်တို့ အရေးပေါ်ကာလဥပဒေပြဋ္ဌာန်းချက်မှာ ပါတဲ့အတိုင်းပဲ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့အတွက်ကိုက အလီလီပေါ့ဗျာ။ အုပ်ချုပ်ရေးယန္တရားတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းကိုပြန်အပ်ရတဲ့၊ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ပြန်ကြည့်တဲ့ အခါ Series လိုက်ပဲ။ တကယ်လို့များ နိုင်ငံတော်ရဲ့ကာလတစ်ခုမှာပေါ့ဗျာ ရွေးကောက်ပွဲကျင်းပတဲ့ ကာလတစ်ခုမှာ ပဲဖြစ်ဖြစ်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အာဏာရယူထားတဲ့ကာလမှာပဲဖြစ်ဖြစ် အုပ်ချုပ်ရေးယန္တရား တစ်ခု ပျက်ခဲ့လို့ရှိရင် ပြန်ပြီးတော့ အုပ်ချုပ်ရေးယန္တရား နဂိုအတိုင်းရောက်ဖို့အတွက် အာဏာကို ပြန်အပ်နိုင်တယ်။ အုပ်ချုပ်ရေးယန္တရားကို။ ဟုတ်ပြီနော်။
တကယ်လို့များ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်တဲ့အခင်းအကျင်းတစ်ခု ပေါ်လာခဲ့ပြန်ရင်လည်း အဲဒီကို အခင်းအကျင်းကိုပြန်ပြီးတော့ Recovery ပြန်ဖြစ်ဖို့အတွက် သက်ဆိုင်တဲ့ကာကွယ်ရေး ဦးစီးချုပ်ကိုဖြစ်ဖြစ်၊ martial law နဲ့ ပြဋ္ဌာန်းပြီးမှ အဲဒီဒေသ အဲဒီအခြေအနေကို ပြန်ပြီးတည်ငြိမ်အောင် လုပ်ပိုင်ခွင့်တစ်ခါပေးလာတယ်။ အခုလက်ရှိကြုံနေရတဲ့ဥစ္စာက ကျွန်တော်တို့မှတ်မိသလောက်ဆိုရင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိခိုက် တဲ့၊ ဒို့တာဝန်အရေး (၃)ပါးကို ထိခိုက်တဲ့ ပုဒ်မကြီးဖြစ်နေတယ်။ အဲဒီပုဒ်မအရပေါ့ဗျာ။ ကာကွယ်ရေးဦးစီးချုပ်ကို၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု ဘာညာဆိုတဲ့ဥစ္စာ ပုဒ်မ ၄၁၇ အရ ကျွန်တော်တို့က တစ်နှစ် အာဏာ အပ်နှင်းထားရတာဖြစ်တဲ့အခါမှာ ဒီလိုပဲမငြိမ်မသက်ဖြစ်ရင် အလီလီသောပေါ့ဗျာ။ အာဏာ အပ်နှင်းပိုင်ခွင့် က ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာ ရှိလာသလို ကာကွယ်ရေးဦးစီးချုပ်ကလည်းပဲ အလီလီသော အာဏာ များကို ရယူပြီးမှ ရွေးကောက်ပွဲတစ်ရပ်ကို အောင်အောင်မြင်မြင်ကျင်းပနိုင်တဲ့အထိ တစ်နည်းအားဖြင့် ကာလုံက ယူထားရတဲ့ လက်ရှိရွေးကောက်ခံအစိုးရတစ်ရပ်ရဲ့အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါအတိုင်း အာဏာကို ရယူထား တာကို ရွေးကောက်ပွဲကို ကျင်းပပေးပြီခါမှ ပြန်ပြီးတော့ အာဏာကို ရယူရမယ့် ရွေးကောက်ခံအစိုးရတစ်ရပ် လက်ထဲကို အပ်နှင်းနိုင်တဲ့အထိသည် ကာလုံရဲ့တာဝန်ဖြစ်တဲ့အခါမှာ ကာလကန့်သတ်ချက်က ခုနကလိုပေါ့ဗျာ။ ပထမ တစ်နှစ်၊ ခြောက်လနှစ်ကြိမ်၊ နောက် ပုဒ်မ ၄၂၅ အရ ကာကွယ်ရေးဦးစီးချုပ်ကို တစ်ခါ ကာလုံကနေပြီးတော့ တစ်နှစ် ထပ်ပြီးတော့ ခြောက်လနှစ်ကြိမ် တိုးပေးပိုင်ခွင့် ရှိလာတဲ့အခါမှာ အဓိက အခရာသည် ရွေးကောက်ပွဲပဲ။ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် မကျင်းပနိုင်ခဲ့ဘူးဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခုနကလို ရွေးကောက်ပွဲကိုကျင်းပနိုင်တဲ့အထိ ဘယ်လိုပြောမလဲ တရားဥပဒေပြန်စိုးမိုးနိုင်တဲ့အထိ အာဏာအပ်နှင်းပိုင်ခွင့်ရှိသလို၊ အာဏာရယူပိုင်ခွင့်ရှိတဲ့အခါမှာ ကျွန်တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ ရွေးကောက်ပွဲတစ်ရပ်ကို အောင်အောင်မြင်မြင်ကျင်းပနိုင်အောင် လူထုသည်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများသည်လည်းကောင်း ကျွန်တော်တို့အားပေးကူညီပြီးမှ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို အမြန်ဆုံးပေါ်ပြီးမှ လက်ရှိအကျပ်အတည်းကိုကျော်လွှားကြမှာလား။ ကာကွယ်ရေးဦးစီးချုပ်ကိုချည်းပဲ ဖွဲ့စည်းပုံပါ အတိုင်း အလီလီသောအာဏာများကိုအပ်နှင်းပြီးမှ၊ တည်ငြိမ်အေးချမ်းပြီးမှ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးတဲ့ အထိဆက်ပြီးတော့ စခန်းသွားကြမှာလား ဆိုတာကို လူထုကပဲ ရွေးရမှာပဲဖြစ်ပါတယ်။ ဒါတော့ ကျွန်တော် ဖတ်၊ မှတ်ထားသလောက်ပါ။
မေး ။ ။ ဟုတ်ကဲ့ ဆိုတော့ ကျွန်တော်တို့ အရပ်သားနားလည်အောင် ပြောရရင်တော့ ဦးမင်းအောင်လှိုင်က အခုလက်ရှိ သူက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့အမိန့်အရ ဦးမင်းအောင်လှိုင်က တာဝန် ထမ်းဆောင်နေတယ်။ သူ့သက်တမ်း နှစ်နှစ်ပြည့်တယ်။ သူ့သက်တမ်း နှစ်နှစ်ပြည့်တဲ့နေ့မှာ သူက ဘာလုပ်ရမလဲ ဆိုတော့ “သူတာဝန်ထမ်းဆောင်တာ နှစ်နှစ်ပြည့်ပါပြီ။ သူလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေက အောင်မြင်ခဲ့ တယ်၊ မအောင်မြင်ခဲ့ဘူး၊ ဘယ်လောက် လုပ်ထားခဲ့တယ်၊ မလုပ်ထားခဲ့ဘူး။” ဒါကို သူက သူ့ report ကို သူက ကာလုံရဲ့ခေါင်းဆောင်နဲ့၊ ယာယီသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်တဲ့ ကာလုံကို သူက တင်ပြမယ်။ အဲဒီတော့ ကာလုံက အဲဒါကို ကြည့်ပြီးတော့မှ နောက်ထပ် အမိန့်ကြေညာစာတစ်ဆောင်ကို ပြန်ထုတ်မယ်။ ထုတ်တဲ့ အမိန့်ကြေညာစာ တစ်စောင်သည် ဘာဆိုတာကတော့ ဒါ….ဖွဲ့စည့်ပုံအခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မ၊ ပုဒ်ထီးတွေ အတိုင်းဆက်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်လို့ ကျွန်တော်တို့နားလည်ရမှာပေါ့နော်။ အဲဒါက ဘာဖြစ်လာနိုင်ခြေရှိလဲဆိုတဲ့ Point ကရော ဆရာ ဘယ်ပုဒ်မနဲ့ ထောက်ပြချင်လဲ။
ဖြေ ။ ။ အခုလက်ရှိအနေအထားမှာ တည်ငြိမ်အေးချမ်းတဲ့အခင်းအကျင်းဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိနေကြတယ်။ ဥပမာ - နိုင်ငံကြီးတစ်ချို့ကဆိုရင် ရွေးကောက်ပွဲကို ပျက်အောင်ကို ဖျက်မယ့်သဘောတောင်၊ ထောက်ပံ့တာတွေ ရှိကြတဲ့အနေအထားကို တွေ့ရတယ်။ လက်ရှိ လာမယ့် ရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့သဘောတောင် ကြေညာထားတာတွေရှိတဲ့အခါမှာ အမှန်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးနိုင်တဲ့အခင်းအကျင်းသည် တစ်နိုင်ငံလုံး အတိုင်း အတာအရ လာမယ့်ကာလတိုအတွင်းမှာ ဖြစ်နိုင်ခြေအလွန်တရာနည်းတယ်လို့သုံးသပ်တဲ့ပုဂ္ဂိုလ်တွေက ပိုများ တယ်ဗျ။ တချို့ဆိုရင် အစိတ်အပိုင်းတစ်ခုကို ပြည်နယ်တစ်ခုကိုကျင်းပပြီးမှ အလီလီများ ကျင်းပမှာလား။ Handle လုပ်နိုင်တဲ့ ဥပမာ - တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မကျင်းပနိုင်ခဲ့ဘူးဆိုရင် တောင်မှ ဖွဲ့စည်းပုံပါအတိုင်းဆိုတဲ့သဘောနဲ့စဉ်းစားကြတာ သုံးသပ်ကြတာတွေ ရှိပါတယ်။ နိုင်ငံရေးပါတီများ ဘက်ကလည်းပဲ ဖွဲ့စည်းပုံပါပြဋ္ဌာန်းထားတာတော့ဖြင့် ကျွန်တော်တို့ဘယ်တော့မှ ရှေ့ဆက်သွားမယ့်လမ်းကြောင်း ကိုတွေ့နိုင်မလဲဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုတာဝန်အပ်နှင်းတဲ့ သမ္မတကြီးကို အစီရင်ခံတဲ့နေ့ကို ဇန်နဝါရီလ ၃၁ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်သည် တစ်နည်းအားဖြင့် SAC သည် သမ္မတကြီးကို သူ့ရဲ့ တာဝန် အပ်နှင်းထားတဲ့ တစ်နှစ် ခြောက်လ နှစ်ကြိမ်ကို ဘယ်လိုအစီရင်ခံမလဲ။ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးနိုင် ပါပြီ။ မိမိထံ အပ်နှင်းတဲ့တာဝန်အားလုံးကို မိမိအောင်မြင်စွာထမ်းရွက်ပြီးပါပြီ။ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေး နိုင်တဲ့ပတ်ဝန်းကျင်၊ နိုင်ငံရေး ရာသီဥတု၊ ငြိမ်ချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံသူနိုင်ငံသားများ လွတ်လွတ်လပ်လပ် မိမိဆန္ဒအတိုင်း ဆန္ဒမျိုးကို မဲရုံဆီလာရောက်ပေးနိုင်တဲ့အနေအထားရှိပြီ (သို့မဟုတ်) မရှိသေးဘူးဆိုတာမျိုး အစီရင်ခံမှာလား။ အဲဒီနှစ်ခုပေါ် မူတည်ပြီးမှ တကယ်လို့ရှိပြီဆိုရင် နိုင်ငံတော်သမ္မတကြီးဘက်က အစိုးရတစ်ရပ်ကို ပြောင်းပေးရမှာပေါ့။ အဲဒီလိုအစိုးရတစ်ရပ်ကိုပြောင်းပေးတဲ့အခါမှာ သူ့ရဲ့ဥပဒေပြုမှုအာဏာကိုတော့ဖြင့် သူက ကျင့်သုံးပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရားကို အဖွဲ့အစည်းတစ်ခုခုကိုဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖြစ်ဖြစ်၊ အစိုးရအသစ်တစ်ရပ် နိုင်ငံတော်အဆင့် အဖွဲ့အစည်းအသစ်တွေနဲ့ အကုန်လုံးဖွဲ့စည်းပေးပြီးကာမှ ခုနကလို ရှေ့ဆက်ပြီး လုပ်ငန်းလုပ်ရမယ့်ကဏ္ဍရှိတာကိုး။ အဲဒီတော့ တကယ်လို့များ ကာကွယ်ရေးဦးစီးချုပ်က သူ့ရဲ့ တစ်နှစ် ခြောက်လ နှစ်ကြိမ်ဆိုတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးနိုင်ချေမရှိသေးဘူး။ လက်ရှိကာလကလည်း လွှတ်တော်များမရှိတဲ့ကာလဖြစ်နေတယ်ဆိုတဲ့ အနေ အထားအရ ပုဒ်မ ၄၂၅ အရ ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆီကို ထပ်ပြီးတော့ အာဏာ ခြောက်လ လိုအပ်ပါသေးတယ်လို့ တင်ပြခဲ့လို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပေးပိုင်ခွင့်က ၄၂၅ အရ ရှိနေပြန်တယ်။ အဲဒီ ၄၂၅ ကို ကာကွယ်ရေးဦးစီးချုပ်က ထုတ်သုံးလာမှာလား။ ထုတ်မသုံး တော့ဘဲနဲ့ နှစ်နှစ်တာကာလအတွင်းမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် သမ္မတကြီးဆီကို အာဏာအပ်နှင်းမှာ လား။ တကယ်လို့ ၄၂၅ အရ ကာလုံက ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းတဲ့ကာလမှာလည်း နိုင်ငံတော် သမ္မတကြီးတစ်ဦးအဖြစ် သမ္မတကြီးအနေနဲ့ပဲ နိုင်ငံတော်ကို အုပ်ချုပ်ပိုင်ခွင့်က တခြားပုဒ်မတစ်ခုမှာ ပေးထားတဲ့ အခါမှာ ကျွန်တော်တို့က ဖေဖော်ဝါရီ ၁ ရက်နေ့ အခင်းအကျင်းကိုရောက်မှပဲ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်အတိုင်း ဘယ်လိုရှေ့ဆက်ပြီးမှ ပါတီစုံစနစ်တစ်ခု၊ ရွေးကောက်ပွဲစနစ်တစ်ခုကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်ရဲ့ကာကွယ်ရေးနှင့် လုံခြုံရေးကို တာဝန်ယူထားတဲ့အဖွဲ့အစည်းများက ရှေ့ဆက်သွားကြမှသာလျှင် ရှေ့ဆက်သွားကြမှဖြစ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ဘာကြောင့်ချရသလဲဆိုတဲ့အဖြေ အဲဒီကာလမှ ထွက်လာမှာ။ အဲဒီတော့ ကျွန်တော်တို့က အခုခန့်မှန်းတာကတော့ ခုနက ဦးကျော်မျိုးမင်း ပြောသလိုလေ... ဘာကြောင့် ၂ဝ၂၃ ဩဂုတ်လလို့ ကာကွယ်ရေးဦးစီချုပ်က သုံးနှုန်းခဲ့တာလဲ။ အဲဒီကာလသည် ခုနကပြောသလို ဖေဖော်ဝါရီ ၁ ရက် ကနေ (၆)လအတွင်းမှာတင် မဟုတ်ဘူး။ ပုဒ်မ ၄၂၅ အရ ၆လနှစ်ကြိမ် ထပ်တိုးခွင့်ရှိတဲ့ ကာလမှာ သူဘက်က ကြိုတင်ပြထားတဲ့အခါမှာ အဲဒီလို နောက်ထပ် တစ်နှစ်ကိုသွားဖို့ လိုအပ်တယ် ဆိုရင်လည်းပဲ လက်ရှိနစကနဲ့သွားဖို့ ခွင့်မပြုထားတာလည်း တွေ့ရတယ်။ နောက်အသစ်တစ်ရပ်ကို ဖွဲ့စည်းရမယ်။ ဆိုတော့ အဲဒီအခင်းအကျင်းကတော့ လာမယ့်ကာလမှာမှ ကျွန်တော်တို့ပြောနိုင်မှာ ကိုကျော်မျိုးမင်းရေ။
မေး ။ ။ ကျွန်တော်တို့ အဲဒီတော့ ကျွန်တော်တို့တွေးမိတာပေါ့နော်။ တွက်ဆမိတာပေါ့။ နစက (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ) သည် (၂)နှစ်ပြည့်သွားတဲ့အတွက် သူ့ရဲ့အဖွဲ့ကို ပြန်အပ်လိုက်တဲ့အခါ သူ့ရဲ့နာမည်ကိုတော့ ပြန်သုံးချင်မှ သုံးပြီးတော့ သူက အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီက နောက်ထပ် အခြားတစ်ဖွဲ့၊ အခြားလူ ပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) အခြားသောလူတန်းစား လူတစ်စု၊ တစ်ဖွဲ့ပေါ့နော်။ အဲဒါကို အာဏာပေးအပ်နိုင်စွမ်း ရှိတယ်ဆိုတဲ့အခွင့်အရေးမျိုးလည်း သွားတွေ့နေသေးတယ်။ ဆိုတော့ ဒါပေမယ့် သူ့ရဲ့ပေးပိုင်ခွင့်က ဥပဒေအရ (၃) ခုရှိတဲ့ထဲမှာမှ (၂) ခုပဲပေးတော့မှာ။ အခုလက်ရှိနစကက (၃) ခုလုံးကိုင်ထားလို့ရတယ်။ နောက်လာမယ့် သက်တမ်း ကျရင်တော့ (၂) ခုပဲ သူကပေးတော့မယ်။ ကာလုံက ဥပဒေပြုရေးကို ကိုင်ထားပြီးတော့၊ အုပ်ချုပ်ရေးနဲ့ တရားစီရင် ရေးကို အခြားသောအဖွဲ့တစ်ဖွဲ့ကို ပေးလို့ရတယ်ဆိုတော့ နစကမဟုတ်တောင် အခြားအဖွဲ့ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ပုဒ်မလည်း သွားတွေ့တယ်။
ဖြေ ။ ။ မဟုတ်ဘူး။ အဲဒါမျိုးမဟုတ်ဘူး ထင်တယ်။ သမ္မတကြီးဘက်က ဥပမာ - ၄၂၂ အရ ကာကွယ်ရေးဦးစီး ချုပ်ကို အပ်နှင်းထားတဲ့တာဝန်ကို ရုတ်သိမ်းလိုက်ပြီဆိုရင် အဲဒီကာလမှာ သမ္မတကြီးက ဥပဒေပြုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို သီးသန့်အဖွဲ့အစည်းကို အပ်နှင်းရမယ်လို့ပါတယ်။ တကယ်လို့များ သမ္မတကြီး ဦးမြင့်ဆွေက ဥပမာ - ကာကွယ်ရေးဦးစီးချုပ်က (၂)နှစ်ပြည့်လို့ သူ့ရဲ့မူလတာဝန်ကို ပြန်အပ်နှင်းတယ်၊ တာဝန်အပ်နှင်းတာကို ပယ်ဖျက်တယ်ဆိုတဲ့ ကဏ္ဍမျိုးရောက်ခဲ့လို့ရှိရင်၊ တကယ်လို့များ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကသာ ပုဒ်မ ၄၂၅ ကို ကိုင်ပြီး သုံးတော့မယ်ဆိုရင် ခုနက ကာလ၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါ ကာကွယ်ရေးဦးစီးချုပ်အတိုင်းပဲ ဥပဒေပြုခွင့်ရော၊ အုပ်ချုပ်ရေးတရားစီရင်ရေးအားလုံးသည် ကာလုံဆီရောက်သွား တယ်။ ဟုတ်တယ် အဲဒါမျိုးပြဋ္ဌာန်းထားတာ ကျွန်တော်တွေ့တယ်။
မေး ။ ။ ဟုတ်တယ် အဲဒီကာလုံကြောင့်ပဲ။ သူက အဲဒီကာလုံက ပုဒ်မ ၄၂၇ မှာ ကာလုံရဲ့တာဝန် ပြန်ပေါ်လာတာ တွေ့ရတယ်။ ၄၂၇ မှာကျတော့ သူ့ရဲ့ အာဏာ(၃)ရပ်ကို ကျင့်သုံး ဆောင်ရွက် လို့ရတယ်။ အဲဒီမှာ (၂)ရပ်ကိုတော့ အခြားသော နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်၊ အာဏာပိုင်အဖွဲ့တွေကိုရွေးချယ်ပြီးတော့ အာဏာကို ပေးခဲ့ လို့ရတယ်လို့ပြောထားတယ်။ (၂) ခုပေးလို့ရတယ်လို့ သူက ပြောထားတာတွေ့ရတယ်။ ဥပဒေပြုရေးတော့မပါ ဘူး။ ဥပဒေပြုရေးတော့ မပါဘဲနဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကိုတော့ တခြားအဖွဲ့ကို ထပ်ပေးလို့ရသေးတယ်။ ဆိုတော့ နစကအစား နောက်ထပ်အဖွဲ့တစ်ဖွဲ့ ထပ်ပေါ်လာမလားဆိုတဲ့တွေးစရာလေးတွေ သွားတွေ့တာပေါ့ ဆရာ။
ဖြေ ။ ။ ပေါ်လာနိုင်ချေများတယ်။ အခြေခံဥပဒေအတိုင်းဆက်သွားမယ်ဆိုရင် နောက်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တာဝန်အပ်နှင်းတဲ့ကာလမှာ အစိုးရအဖွဲ့အစည်းအသစ်တစ်ခုနဲ့ဆက်ပြီး (၆)လ နှစ်ကြိမ် သွားရမယ့်သဘောတွေ့တယ်။
မေး ။ ။ သူက အဲဒီအဖွဲ့ကလည်း ရွေးကောက်ပွဲကျင်းပပေးဖို့ တာဝန်လွှဲအပ်တဲ့အဖွဲ့လို့ ဆိုတဲ့အဓိပ္ပါယ်သွား သက်ရောက်နေတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အဲဒီအစိုးရအဖွဲ့က မဟုတ်ဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကပဲ ကျင်းပရမှာ။ အဲဒီ တော့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ခုနက ဥပဒေပြုမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှုအားလုံးရဲ့အာဏာ (၃) ရပ်ကို ယူထားတယ်။ ဒါပေမယ့် အုပ်ချုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ရှိရင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို အဖွဲ့အစည်း တစ်ခုကိုပေးနိုင်တယ်။ ဟုတ်ပြီလား။ ကျင်းပရမှာကျတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကပဲ ပြန်ပြီးတော့ (၆)လအတွင်းမှာ၊ (၆)လအတွင်းမှာဆိုတော့ ကာကွယ်ရေးဦးစီးချုပ်က (၁)နှစ်ပြည့်လို့ပေါ့ဗျာ။ သူ့ရဲ့တာဝန်အရ ဒါကြီးကို Completion Report ပေးပြီးတဲ့နောက်မှာ အဲဒီပေးတဲ့နေ့ကစပြီး (၆)လအတွင်း ဆိုတဲ့အခါမှာ တကယ်လို့ များ ပြန်တွက်ကြည့်တာပေါ့။ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီးတော့ (၆)လ နှစ်ကြိမ်၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ကာကွယ်ရေးဦးစီးချုပ်က တင်ပြလို့ တရားဥပဒေစိုးမိုးအောင် ငြိမ်ဝပ်ပိပြားအောင် ထပ်ပြီးလုပ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ရင်၊ ဆုံးဖြတ်ခဲ့ရင် (၆)လ နှစ်ကြိမ်ဆိုတော့ ဇန်နဝါရီ ၃၁ ရက် ၂ဝ၂၄ ထိ သွားမှာ။ အဲဒီတော့ ပထမ (၆)လအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်က “ကျွန်တော် ပထမ (၆)လအတွင်းမှာ ဆောင်ရွက်ပြီးပါပြီလို့ သတင်းပို့ခဲ့လို့ရှိရင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အဲဒီ (၆)လ၊ ဇူလိုင်လအတွင်းမှာ၊ ၂ဝ၂၃ ဇူလိုင်လ အတွင်းမှာ သူ့ရဲ့အာဏာကိုပြန်ယူမှာပေါ့။ ကာကွယ်ရေးဦးစီးချုပ်ဆီက။ အဲဒါဆို ဩဂုတ်လ (၁)ရက်နေ့ကစပြီး တော့ (၆)လအတွင်းမှာ ရွေးကောက်ပွဲကို ကာလုံက ကျင်းပပေးရမှာပေါ့။ အဲဒီကာလက မရှည်ဖို့လည်း လိုအပ်သလို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးနိုင်အောင် လူထုကရော၊ နိုင်ငံတကာကရော၊ ထွက်ပေါက်တစ်ခု ရသွားအောင်လို့ဖြင့် လုပ်ပေးဖို့လိုအပ်တဲ့ကာလလို့ ထင်တယ်။ မဟုတ်ရင် ဒီလိုပဲ ပတ်ချာလည် ပြီးကာမှ ဖွဲ့စည်းပုံပါအတိုင်း၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လိုသွားနိုင်ပါတယ်။ ၃၉၉ ရယ်၊ ၄၁၇ ရယ်၊ ၄၂၅ ရယ် ဒါတွေက တရားဝင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အခါမှာ ဘယ်လိုသွားကြမလဲဆိုတာကတော့ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လို ကျင့်သုံးမှာလဲဆိုတာအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။
မေး ။ ။ အဲဒီတော့ ဆရာ ခုနက ထောက်ပြတဲ့အချက်မျိုးဆိုရင်တော့ တကယ်လို့ရွေးကောက်ပွဲသာ မကျင်းပနိုင် အောင် ဝိုင်းပြီးတော့ ဖျက်ကြမယ်ဆိုရင်ပေါ့နော်... ဝိုင်းဖျက်ကြမယ်။ နိုင်ငံတကာကလည်း ဖျက်ဖို့ ကြိုးစားနေ တယ်။ ပြည်တွင်းကလည်း ဆူပူသောင်းကျန်းအုံကြွနေဦးမယ်ဆိုရင် ကာလုံကတော့ ဆက်တိုက်ဆက်တိုက်ဆို သလို သူချည်းပဲ ဆက်တိုက်အုပ်ချုပ်သွားတဲ့ အခွင့်အရေးမျိုးဖြစ်သွားနိုင်တဲ့ သဘောမျိုးဖြစ်နေတာပေါ့။
ဖြေ ။ ။ အင်း။ အဲဒီလိုမျိုး ပြဋ္ဌာန်းထားပါတယ်။ ဒါကြီးက ပြဋ္ဌာန်းထားပြီးသား ဥပဒေဖြစ်တဲ့အခါမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ဘက်ကလည်းပဲ ခုနက ကာလုံဆိုတာကို ပွင့်ပွင့်လင်းလင်းပြောရရင် နှစ်ပေါင်း (၁ဝ) ကျော်ရေးဆွဲလာခဲ့တဲ့ အခြေခံမူတွေအပေါ်မှာ အခြေပြုပြီးမှ ဒီဖွဲ့စည်းပုံကြီး ထွက်လာတာကိုး။ အဲဒီတော့ ဘယ်လိုပဲပြောပြောပေါ့ ဟိုတုန်းကာလကဆို ဦးစိုးသိန်းတို့ကလည်း ပြောပါတယ်။ ဒီဖွဲ့စည်းပုံကြီးသည် တပ်မတော်ကို အာဏာမသိမ်းဖို့အတွက် ကျွန်တော်တို့ သေသေချာချာသုံးသပ်ပြီးမှ အခြေခံမူတွေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်ဆိုတာကို ပြန်ကြည့်ရင် အခြေခံဥပဒေတစ်ခုကိုပယ်ဖျက်ပြီးမှ တပ်မတော်က အာဏာရယူစရာ မလိုဘဲနဲ့ ဒီလိုနိုင်ငံတော်ရဲ့ဒီလိုအခြေအနေပေါ့ဗျာ။ ပထမတစ်ဆင့်က အုပ်ချုပ်ရေးယန္တရား ပျက်မယ်။ အဲဒီလို ပျက်ရင်လည်းပဲ အဲဒီလိုအုပ်ချုပ်ရေးယန္တရားပျက်တဲ့ဟာကို တည်ငြိမ်အောင် အပ်နှင်းနိုင်တဲ့အဆင့်တစ်ခုရှိတယ်။ ဖွဲ့စည်းပုံပါအတိုင်း ၄၁ဝ မှာ ပါတယ်။ နောက်တစ်ခါ ခုနကပြောသလို ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာတယ်ဆိုရင်လည်းပဲ အဲဒီလိုထိခိုက်တဲ့ Area လေးတွေကို ကာလသတ်မှတ်ပြီးမှ ကာကွယ်ရေး ဦးစီးချုပ် ကို အာဏာအပ်နှင်းတယ်။ သူက သူကိုယ်တိုင်မဟုတ်ရင် သူ့ရဲ့စစ်ဒေသတိုင်းမှူးကို Martial Law နဲ့ အုပ်ချုပ်ခွင့် ပေးတယ်။ ဒါ ဒုတိယအဆင့်ပေါ့။
တတိယအဆင့်ကျတော့ ခုနကလို နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်လာပြီ၊ တိုင်းပြည်ကြီးရဲ့အချုပ်ခြာအာဏာ၊ တို့တာဝန်အရေး (၃)ပါးကို ထိခိုက်လာပြီ၊ လုယူဖို့ ကြိုးစားလာပြီဆိုရင် နောက်ဆုံးတတိယအဆင့်ကိုကျတဲ့အခါမှာ ကာလုံသည်၊ သမ္မတကြီးသည်ပေါ့ဗျာ ကာကွယ်ရေးဦးစီးချုပ်ကို တစ်နှစ်ကာလ ဒါတွေကို ပြန်ပြီးတော့ တည်ဆောက်နိုင်အောင် အာဏာအပ်နှင်းပိုင်ခွင့်ရှိတယ်။ လိုအပ်ရင် (၆) လ (၂) ကြိမ် တိုးခွင့်ရှိတယ်။ ဒါ ဖွဲ့စည်းပုံ က ပေးထားတာ။ အဲဒီလိုပေးထားပြီးခါမှ ကာကွယ်ရေးဦးစီးချုပ်သည် ဒီဖွဲ့စည်းပုံရဲ့အနှစ်သာရက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကိုဗျ။ အဲဒီတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ လက်ကျန်ဖြစ်တဲ့ ဥပမာ - သမ္မတတွေပေါ့ဗျာ။ အကြောင်းကြောင်းကြောင့် လွှတ်တော်ကာလ၊ အလွန်ကာလမှာ ဆိုရင် ဒီပုဂ္ဂိုလ်တွေကို ဆက်ပြီးတာဝန်ပေးထားသေးတယ်။ အဓိက ရွေးကောက်ခံအစိုးရတစ်ရပ်ပေါ်လာတဲ့အထိ သူသည် မူလတာဝန်မှာ ရှိရမယ်။ ရွေးကောက်ခံအစိုးရတစ်ရပ်ပေါ်တဲ့အထိဆိုတာက ရွေးကောက်ခံအစိုးရ တစ်ရပ် ကိုဖွဲ့စည်းဖို့အတွက် လွှတ်တော်အမတ်တွေ ပေါ်လာတဲ့အထိ နောက်ကိုဆက်တွေးရင် ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပတဲ့အထိ အဲဒီကာလအထိ နိုင်ငံတော်ငြိမ်းချမ်းအေးချမ်းအောင်ပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ငံသားတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိအောင်လုပ်ရမယ့်အဖွဲ့အစည်းသည် တပ်မတော်အပါဝင် လုံခြုံရေးအဖွဲ့စည်းတွေဖြစ်တယ်။ အဲဒီလိုအဖွဲ့အစည်းများကို ခုနကပြောသလိုပေါ့၊ အပ်နှင်းနိုင်တဲ့ပုဂ္ဂိုလ်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပေါ့။ ဆိုတော့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ခုနကဟာအတိုင်းပေါ့ ၄၂၅ က အတိုင်းပေါ့ဗျာ။ ထပ်ပြီးတော့ (၂)နှစ်တာကာလပေးထားတဲ့ ကာကွယ်ရေးဦးစီးချုပ်က တစ်ခါ၊ ရွေးကောက်ပွဲကျင်းပဖို့အတွက် မလုံခြုံသေးပါဘူး။ နိုင်ငံတော်ရဲ့အရပ်ရပ်က ဒီလိုဖြစ်နေပါသေးတယ်။ ဟုတ်လား။ ကာကွယ်ရေးဦးစီးချုပ်ကို ထပ်ပြီးတော့ (၆)လ အာဏာအပ်နှင်းဖို့ လိုအပ်ပါသေးတယ်လို့တင်ပြခဲ့ရင် ၄၂၅ အရ (၆) လ (၂) ကြိမ်တောင် ပေးခွင့်ရှိတယ်။ အဲဒီတော့ သူ့မှာ ခုနကလို အခင်းအကျင်းတစ်ခုပေါ့ဗျာ။ ရွေးကောက်ပွဲအခင်း အကျင်း အောင်အောင်မြင်မြင်ဖြစ်ဖို့အတွက် (၃)နှစ်တာ ကာလလောက်တော့ ဖွဲ့စည်းပုံပါအတိုင်းပေါ့ဗျာ။ ရတာ ပေါ့။
မေး ။ ။ ဆိုတော့ ကျွန်တော် အဲဒီမှာ တစ်ခု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက လူအင်အား အပြည့် အဝရှိသလားဆိုတဲ့မေးခွန်းပေါ့။ အပြည့်အဝတော့ မရှိဘူးဆိုတာကိုလည်း တွေ့ရတယ်။ ဆိုတော့ ကာလုံမှာ အခုကျွန်တော်တို့ကြည့်လိုက်တော့ သမ္မတပေါ့။ အရင်တုန်းက ကြည့်လိုက်တော့ သမ္မတဦးဝင်းမြင့်ပေါ့။ သမ္မတ(၃) ပါး ရှိတာပေါ့။ သမ္မတ၊ ဒုသမ္မတ (၂)ဦးနဲ့ဆို (၃)ဦးပေါ့။ လွှတ်တော်ဥက္ကဋ္ဌက (၂)ယောက်ရှိရမယ်ဆိုတော့ လွှတ်တော်ဥက္ကဋ္ဌက တစ်ယောက်ပဲ့နေတယ်။ သမ္မတ(၃)ဦးမှာ တစ်ဦးပဲ့တယ်။ နောက်တစ်ခါ နိုင်ငံခြားရေးဝန်ကြီး ကလည်း ရှိပြီဆိုတော့ ဒီ(၁၁)ဦးမှာ (၂)ဦးပဲ ပဲ့တယ် (၉)အပြည့်ရှိတယ်ဆိုတဲ့သဘောသွားတွေ့ရတယ်။ လက်ရှိ ကာလုံမှာ။ ဆိုတော့ လက်ရှိကာလုံသည် (၉)ဦးတိတိ အပြည့်ရှိနေတဲ့အတွက် ဒါက ဘယ်လိုပြောမလဲဆိုတော့ ခိုင်မာတဲ့ကာလုံတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။ တချို့တွေက ပြောသလို တမင် အတင်းယူထားဟာလို့ပြောရ မလား။
ဖြေ ။ ။ မဟုတ်ဘူး။ ပေးထားတာ ရှိတယ်ဗျ။ ဒီဖွဲ့စည်းပုံပါအတိုင်ပဲ။ သိပ်ပြီး အရေးကြီးတဲ့ကာလမျိုးမှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ကျင်းပပိုင်ခွင့်သည် ဥပမာ - နိုင်ငံခြားရေးဝန်ကြီးပါဖို့ မလိုဘူး။ ကာကွယ်ရေး ဦးစီးချုပ်ရယ် နိုင်ငံတော်သမ္မတ အပါအဝင်ပေါ့ဗျာ။ ကာကွယ်ရေးဦးစီးချုပ်ရယ် ဒုတိယကာကွယ်ရေးဦးစီးချုပ်ရယ် နယ်စပ်လုံခြုံရေးနဲ့ပတ်သက်တဲ့ ဝန်ကြီးရယ်၊ ပြည်ထဲရေးရယ် ကာကွယ်ရေးဝန်ကြီးရယ် အဲဒီလိုအဝိုင်းအဝန်းနဲ့ကို ကျင့်ပခွင့်ရှိတယ်။ ကျင်းပပြီးတဲ့အခါမှာ ခုနက ဆုံဖြတ်ပိုင်ခွင့်ရှိတယ်။ အဲဒီလိုဟာကို အနီးဆုံး လွှတ်တော်ကို တင်ပြရမယ်ဆိုတဲ့ဟာကတော့ ပြဋ္ဌာန်းထားတာရှိတယ်။ ဆိုတော့ ကျင်းပပိုင်ခွင့်ရှိတယ်။ ကာလုံမှာ Members စုံစရာမလိုဘူး။ အရေးပေါ်ကာလမလို့ ဒီပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်တွေနဲ့ ကျင်းပခွင့်ရှိတယ်။ ဒါပေမယ့်လို့ အနည်းဆုံး ဘယ်လောက်ကာလအတွင်းမှာ ပြန်ပြီးတော့ Report လုပ်ရမယ်။ ဆိုတော့ ဥပဒေအရ ကျင်းပပိုင်ခွင့် ဆုံးဖြတ်ပိုင် ခွင့်ရှိပါတယ်။
မေး ။ ။ နောက်တစ်ချက်က အဲဒီမှာ နိုင်ငံတော်ရဲ့အရေးပေါ်အခြေအနေ တစ်ခုခုကြုံလာတဲ့အခါ အခုလိုမျိုး အရေးပေါ်ကာလတစ်ခု လုပ်တော့မယ်ဆိုရင် နိုင်ငံတော်သမ္မတကို တင်ပြပြီးတော့မှ လုပ်ရမယ်ဆိုတာကိုပြော တယ်။ အဲဒီတော့ အဲဒီမှာ ပြဿနာအကြီးကြီးရှိသွားတာက နိုင်ငံတော်သမ္မတက အဲဒီတုန်းက ဦးဝင်းမြင့်ပါ။ ဘာဖြစ်လို့ ဦးဝင်းမြင့်ကိုလာပြီးတော့ မတင်ပြဘဲနဲ့ ဦးဝင်းမြင့်ကို လာဖမ်းပြီးတော့ ဒုတိယသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေ ကို လုပ်ရပါသလဲဆိုတဲ့မေးခွန်းတွေက တော်တော်လေး ပွဲဆူတာပေါ့နော်။ အခုထိလည်း အဲဒီမေးခွန်းတွေက အဖြေ မထွက်နိုင်သေးဘူး။ ဦးဝင်းမြင့်က သမ္မတလေ။ သမ္မတ မရှိဘဲလုပ်တယ်ဆိုတာ ဒါတရားမဝင်ဘူး။ အဲဒီလိုခေါင်းစဉ် နဲ့ ဝိုင်းပြောကြတာရှိတယ်။ ဆိုတော့ အဲဒါကို ဆရာက ဘယ်လိုများ ရှင်းချက်ထုတ်ချင်လဲ။
ဖြေ ။ ။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးရဲ့အရည်အချင်းဆိုတဲ့ပြဋ္ဌာန်းချက်တစ်ခု အခန်းတစ်ခုပါတယ်။ အဲဒီမှာ ပုဒ်မ ၆၂ ထင်တယ်ဗျ။ ကျွန်တော်မှတ်မိသလောက် ပုဒ်မ ၆၂ မှာ ဘာပြဋ္ဌာန်းထားသလဲဆိုရင် နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရဘူးဆိုတာပါတယ်။ အဲဒီတော့ တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတဖြစ်ပြီးရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလည်းပဲ အဲဒီကြေညာ တဲ့ နေ့ကစပြီးတော့ နှုတ်ထွက်ပြီးသားဖြစ်တယ်ဆိုတာကို ပြဋ္ဌာန်းထားတယ်ဗျ။ အဲဒါ ပုဒ်မ ၆၃ မှာ ပြဋ္ဌာန်းထားတ ယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှာလား ဆိုလည်း မဟုတ်ဘူး။ နိုင်ငံတော် သမ္မတသည် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နိုင်တယ်။ အစိုးရဝန်ထမ်းလည်း ဖြစ်နိုင်တယ်။ မဟုတ်ဘူးလား။ မည်သည့်ပုဂ္ဂိုလ်၊ အစိုးရဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်။ သို့သော်လည်းပဲ အခုနကပြောသလို အစိုးရ ဝန်ထမ်းဆိုရင်လည်း အဲဒီကာလမှာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီးရင် အဲဒီတာဝန်က အငြိမ်းစားယူပြီး ဖြစ်တယ်။ ဆိုတော့ နိုင်ငံတော်သမ္မတနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေက ပီပီပြင်ပြင်ရှိတယ်။ ဆိုတော့ ဘာတစ်ခု တွေ့လည်းဆိုရင် ဥပမာ - ဆိုပါစို့ဗျာ ပုဒ်မ ၆၂ ကို ပြောင်းပြန်တွေးကြည့်ပေါ့။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော် သမ္မတဖြစ်တဲ့နေ့ကစပြီး လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့လူလည်း အဲဒီနေ့ ကစပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပြီးသားဖြစ်ရမယ်။ နိုင်ငံတော်သမ္မတရဲ့အနေအထားပေါ့။ သာမန်ပုဂ္ဂိုလ်တစ်ယောက်ကိုလည်းပဲ လွှတ်တော်ဘက်က အဆိုပြုပြီးခါမှ နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်နိုင် တယ်။ ဆိုတော့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်က အများကြီးရှိတာကို ။
သူ့ရဲ့ကာလသည် အခုနကပြောသလို သတ်မှတ်တဲ့ (၅)နှစ်တာကာလအတွင်းမှာ ရှိမှာလား။ ကျန်းမာရေးကြောင့် လည်းပဲသူ့ကို နှုတ်ထွက်ခွင့် ၇၃ မှာပေးထားတယ်။ သူ့ရဲ့ဘာခေါ်မလဲဗျာ အငြိမ်းစားယူခွင့်လည်းပေးထားတယ်။ တစ်နည်းအားဖြင့် ဘယ်လိုပြောမလဲ သူ့ရဲ့စွမ်းဆောင်ရည်ကျသွားလို့ပေါ့ဗျာ။ အကြောင်းကြောင့် တစ်ခုခုကြောင့် လည်းပဲ နိုင်ငံတော်သမ္မတရာထူးကနေ ၇၃ (က) အရပေါ့ဗျာ။ ပထမအကြိမ် လွှတ်တော် သက်တမ်းကိုပြန်ကြည့် ရင် သမ္မတကြီးဦးသိန်းစိန်ပေါ့။ နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်နေတဲ့ကာလမှာ မည်သည့်ပါတီ၊ မိမိပါတီ ရဲ့လှုပ်ရှားမှုတွေမှာမှ ပါဝင်ခွင့် မရှိစေရဆိုတဲ့ပုဒ်မတစ်ခု ပြဋ္ဌာန်းထားတာရှိတဲ့အခါမှာ နိုင်ငံတော်သမ္မတအဖြစ် သမ္မတကြီးဦးသိန်းစိန်က ဟိုတုန်းက USDP ဥက္ကဋ္ဌကို စပြီး ဖြစ်တာနဲ့တစ်ပြိုင်တည်းမှာပဲ ပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကို စွန့်ဖို့၊ မစွန့်ဖို့ဆိုတဲ့ဥစ္စာက ဖွဲ့စည်းပုံပါ ဒွိဟလေးတွေဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ ဖွဲ့စည်းပုံပါအတိုင်းပဲ သမ္မတကြီးက ပါတီဥက္ကဋ္ဌက စွန့်တယ်။ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌတာဝန် ကိုယူတယ်။
အဲဒီနောက်မှာ ၂ဝ၁၅ ရွေးကောက်ပွဲကို ရောက်တော့မယ့်ကာလမှာ သမ္မတကြီးဦးသိန်းစိန်သည် လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်ခံမှာလား၊ သမ္မတကြီးဖြစ်နိုင်တဲ့အရည်အသွေးက လွှတ်တော်ကိုယ်စားလှယ်ဖြစ်စရာ မလိုဘူး။ သာမန်လူပုဂ္ဂိုလ်တစ်ဦးကိုလည်းပဲ သူ့ပါတီက ကြိုက်လို့ရှိရင် သမ္မတကြီးအဖြစ် တင်မြှောက်နိုင်တဲ့ ဖွဲ့စည်းပုံက ပြဋ္ဌာန်းချက်ရှိတဲ့အခါမှာ ဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မပြိုင်ဘူးဗျ။ ၂ဝ၁၅ အခင်းအ ကျင်းမှာ တစ်နည်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်လူကြီးပိုင်း အားလုံးနီးပါးက ဒီဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်ကို ကြက်ယက်သလို တစ်ခုချင်းတစ်ခုသိတယ်။ ဘယ်လိုဘယ်လို ပြဋ္ဌာန်းထားတယ်။ တစ်ခုပြီးတစ်ခု ဘယ်လိုဖြစ်နေ တယ်ဆိုတာကို အကုန်သိတယ်။ အဲဒါကြောင့်လည်း အဲဒီအခင်းအကျင်းလေးဖြစ်မှာကိုကြောက်လို့ သမ္မတကြီး ဦး သိန်းစိန်လက်ထက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးချယ်မခံဘူး။ အဲဒီတော့ အခုအခင်းအကျင်းကို ပြန်ကြည့်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဆိုတာ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးရ တယ်။ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးဖို့အတွက် ရွေးကောက်ပွဲတစ်ခုကို ဖြတ်သန်းရတယ်။ အဲဒီမတိုင် ခင်လေးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမတ်လောင်းတွေကို သက်ဆိုင်ရာပါတီက ရွေးရတယ်။ အဲဒီကာလ မှာ ကျွန်တော်ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဝင်းမြင့်သည် ဒီသမ္မတ (၅)နှစ်ပဲဆိုတာ ရှိပါလိမ့် မယ်။ အဲဒါကြောင့်လည်း သမ္မတကြီးဦးဝင်းမြင့် သမ္မတကြီးအလွန်ကာလမှာ လွှတ်တော်အမတ်အဖြစ် လွှတ်တော် အတွင်းကို ပြန်ရောက်နိုင်အောင်ဆိုတဲ့အခင်းအကျင်းတစ်ခုရှိလို့သာ ကိုယ်စားလှယ်အဖြစ် ရွေးတယ်။ ရွေးကောက်ပွဲအခင်းအကျင်းကို ပြိုင်ကြတယ်။ ရွေးကောက်ပွဲအခင်းအကျင်းကို ကျင်းပရင်းနဲ့ အခုလိုအရေးပေါ် ကာလပြဋ္ဌာန်းချက်ပါအတိုင်း ဖြစ်လာတော့မယ်ဆိုတဲ့ဖြစ်လာတဲ့ကာလမှာ သမ္မတကြီးဦးဝင်းမြင့်သည် လွှတ်တော် ကိုယ်စားလှယ်အဖြစ်က အရွေးကောက်ခံပြီးသားဖြစ်နေတယ်။ အဲဒီတော့ ဖွဲ့စည်းပုံပါအတိုင်း အာဏာက overleft ပေးပြီးသား လွှတ်တော်ကိုယ်စားလှယ်က ကြိုပြီးလာရတယ်။ ကျမ်းကျိန်ရတယ်။ ကျွန်တော်တို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အရကြည့်ရင် သမ္မတရဲ့အုပ်ချုပ်ရေးယန္တရား၊ အစိုးရအဖွဲ့ယန္တရား တစ်လလောက်နောက်ဆုတ်တယ်။ တစ်နည်းအားဖြင့် ဇန်နဝါရီလ (သို့မဟုတ်) ဖေဖော်ဝါရီလလောက်မှာ လွှတ်တော်တွေကို ပြန်ခေါ်ရတယ်။ ပြီးရင် အစိုးရတစ်ရပ်ရဲ့အင်္ဂါရပ်တွေ အကုန်လုံးပေါ်အောင် လွှတ်တော်တွင်းက ဖွဲ့စည်းရတယ်။ ပြီးမှ ဧပြီလ ၁ ရက်နေ့၊ တစ်နည်းအားဖြင့် မတ်လ ၃၁ ရက်နေ့မှာ လက်ရှိအစိုးရတစ်ရပ်ရဲ့အုပ်ချုပ်ရေးယန္တရားကို ဒီဘက်က ဖွဲ့စည်းလိုက် တဲ့ အစိုးရယန္တရားကို ပြန်ပြီးအာဏာလွှဲနိုင်အောင် ဖွဲ့စည်းပုံက ဒီတိုင်းထားတာ။ တစ်လလောက်ဖြစ်တာပေါ့။
သမ္မတကြီးဦးဝင်းမြင့်သည် လွှတ်တော်ကိုယ်စားလှယ်မဟုတ်ခဲ့ဘူးဆိုရင် အခုလိုအခင်းအကျင်းမျိုးကလည်း ဖြစ်လာပြီဆိုရင် သူသည်သမ္မကြီးအဖြစ် ဆက်ပြီးတော့ မတ်လ ၃၁ ရက်နေ့အထိ သူဆက်ပြီးတော့ အာဏာကို ယူ သွားရမယ့်အနေအထားရှိတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်ခံလိုက်တဲ့အခါကျ တော့ ပုဒ်မ ၆၂ ကို ပြန်ကြည့်ရင်တောင်မှ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဘူး။ သမ္မတကြီးဖြစ်မယ်ဆိုရင်။ အဲဒီ တော့ သမ္မတကြီးဖြစ်ထားတဲ့လူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပြီဆိုရင် အဲဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အခင်းအကျင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်သွားတော့မယ်။ ကျမ်းကျိန်ရတော့မယ့် အနေ အထားဖြစ်သွားပြီ။ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် သူသွားတော့မယ်။ တာဝန်နှစ်ခုကို မယူရ တဲ့ ပုဒ်မ ၆၂ ကလည်းရှိနေပြီ။ ဆိုတော့ အဲဒီနှစ်ခုရဲ့ကြားမှာ အဟကို လက်ရှိအနေအထားအရ တစ်နာရီလောက် ထင်ပါတယ်။ အဲဒီကြားထဲမှာ သမ္မတကြီးရဲ့တာဝန်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန်ကို ယူရတော့ မယ့်ကာလမို့လို့ သမ္မတကြီးတာဝန်ရပ်စဲတော့မယ့်ကာလ၊ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံပါအတိုင်း ယာယီသမ္မတ အဖြစ် ဒုတိယသမ္မတကို တင်ရမှာကို အဲဒီကာလလေးကြားမှာ လက်ရှိအခင်းအကျင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဥပဒေအရပြန်ကြည့်ရင်တော့ ဒီလိုအဟလေးတွေကတော့ရှိပါတယ်။ ဥပမာ ၂၁၇ ကို ကြည့်ပါလား ။ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ အုပ်ချုပ်ရေးယန္တရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို အပ်နှင်းနိုင်တယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး နဲ့ ဝင်လာတာကို အဲဒီမတိုင်ခင်မှာ ၂ဝ၁ဝ အခင်းအကျင်းမှာလည်း အဲဒီ ၂၁၇ နဲ့ပဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့က ရုံးအမှတ် ဘယ်လောက်ဘယ်လောက်ဆို တာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနရှေ့က ရုံးလေးရှိတယ်ဗျ။ archive နဲ့ ယဉ်ကျေးမှုပြတိုက်ကြားမှာလေ အဲဒီရုံးကိုလာမယ်ဆိုတာ ကျွန်တော်တို့က လွှတ်တော်တွင်းကကြားတာပေါ့။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန် ပေါ်လာတာပေါ့ဗျာ။ ၂၁၇ အရ ပြောတာပါ။
အဟလေးတွေရှိသလို အခု ၄၂၅ မှာလည်း အဟလေးတွေရှိတယ်။ ခင်ဗျားတို့ ပြန်ကြည်လေ။ ခုနက ၄၁၇ အရ အပ်နှင်းတယ်။ မဟုတ်ဘူးလား။ ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းတယ်။ ကာလုံဦးဆောင်တဲ့သမ္မတကြီးက အပ်နှင်းတယ်။ ဒါပေမယ့် ခုနကလို (၂)နှစ်တာကာလအတွင်းမှာ နိုင်ငံတော်ရဲ့ရွေးကောက်ပွဲအသစ်တစ်ရပ်ကို ကျင်းပနိုင်လောက်အောင် လုံခြုံမှုနဲ့ ဥပဒေစိုးမိုးမှုမရှိသေးဘူးဆိုခဲ့လို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်သည် အကျိုး အကြောင်းနဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုတင်ပြနိုင်တဲ့ ပုဒ်မတစ်ခါ ၄၂၅ မှာ ဖွင့်ထားတယ်။ အဲဒီတော့ (၆) လတစ်ကြိမ်ထပ်သွားလို့ရပြန်တယ်။ ဆိုတော့ ဒီလိုပုဒ်မတွေ ဘယ်လောက်ရှိသလဲဆိုတာကို သေချာ ရှာရင်တော့ ဖြင့် တွေ့နိုင်ပါသေးတယ်။
မေး ။ ။ ကျွန်တော်တို့ကလည်း အဲဒါကိုကြည့်ပြီးတော့ နားလည်လိုက်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးဝင်းမြင့်က သမ္မတရဲ့အရည်အချင်းပျက်ယွင်းသွားတယ်ပေါ့။ ဖေဖော်ဝါရီလ ၁ ရက်မနက်မှာ ပျက်ယွင်းသွားတဲ့ အချိန်မှာပဲ တပ်မတော်က ဒါကိုအချိန်အခါကောင်းယူပြီးတော့ ယာယီသမ္မတလို့သတ်မှတ်လို့ရတဲ့ ဦးမြင့်ဆွေ၊ ဒုသမ္မတ (၁)ကို ယာယီသမ္မတလို့တင်ပြီးတော့ ဒီကာလုံကိုခေါ်ပြီးတော့ လက်ရှိသူတို့ အာဏာအလွှဲအပြောင်းကို ရအောင် ထိန်းသွားတဲ့သဘောလို့ ဘေးကကြည့်တာ မြင်လိုက်ရပါတယ်။
ဖြေ ။ ။ ဟုတ်တယ်ဗျ။ ယာယီသမ္မတသည် ဖွဲ့စည်းပုံပါအတိုင်း ဆိုရင်ပေါ့ဗျာ။ တကယ်လို့များ ပြည်ထောင်စု လွှတ်တော်ကလည်း ရှိနေသေးတယ်။ လွှတ်တော်ကလည်း ရှိနေသေးတယ်ဆိုရင်တော့ ထပ်ပြီးတော့ ဒုတိယသမ္မတတစ်ဦး ထပ်ရွေးရတော့မှာပေါ့။ ကာလသတ်မှတ်ချက်ရှိပါတယ်။ တစ်ပတ်အတွင်းမှာ လွှတ်တော် ကျင်းပနေစဉ်ဆိုရင် သမ္မတကြီးလစ်လပ်လို့ ဒုတိယသမ္မတက သမ္မတရာထူး ယာယီယူရလို့ရှိရင် တစ်ပတ်အတွင်း မှာ လွှတ်တော်ကိုကျင်းပပေးရမယ်။ အဲဒီတော့ သူ့ရဲ့အဝန်းအဝိုင်းထဲကပေါ့ဗျာ။ အစုထဲကပေါ့ဗျာ။ ဥပမာ - ပြည်သူ့ လွှတ်တော်အစုလား၊ အမျိုးသားလွှတ်တော်အစုလား၊ တပ်မတော်အစုလား အဲဒီအစုထဲက ဒုတိယသမ္မတတစ်ဦးကို ထပ်ရွေးရမယ်။ အကယ်၍များ လွှတ်တော်ကျင်းပတဲ့ကာလမဟုတ်ဘူးဆိုရင် လွှတ်တော်ခေါ်နိုင်အောင် (၂၁) ရက် ကြားခံသတ်မှတ်ပေးရတယ်။ အဲဒီမှာ ဒုတိယသမ္မတ သုံးဦးထဲကနေ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကြီး တစ်ဦးကိုပြန်ရွေးရမယ်။ အခုကာလက လွှတ်တော်ကျင်းပတဲ့ကာလ မဟုတ်ဘူး။ လွှတ်တော်မရှိတဲ့ ကာလမျိုး ဖြစ်တဲ့အခါမှာ အရေးပေါ်အခြေအနေအရ ယာယီသမ္မတအဖြစ် ဒုတိယသမ္မတ(၁)သည် ဖွဲ့စည်းပုံပါအတိုင်း ယာယီသမ္မတ အဖြစ် ယူခွင့်ရှိတယ်။ အဲဒီတော့ ယာယီသမ္မတအဖြစ် ယူခွင့်ရှိတဲ့ ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေသည် လက်ရှိကာလမှာ သမ္မတကြီးတစ်ဦးအဖြစ်ပဲ ရွေးကောက်ခံသမ္မတကြီးတစ်ဦးပေါ်တဲ့အထိ သူက အုပ်ချုပ်ရေး ယန္တရားကို ဆက်ပြီးတော့ ကိုင်ခွင့် ဖွဲ့စည်းပုံမှာပေးထားတယ်။ အဲဒီမှာ လွှတ်တော်ဥက္ကဋ္ဌတွေလည်း ပါတယ်။ ဒုတိယသမ္မတတွေလည်း ပါတာပေါ့။ အဲဒီယန္တရားကလည်း ရှိကို ရှိတယ်။ အာဏ မအပ်နှင်းနိုင်သမျှကာလပတ်လုံး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရှိနေမယ်။ ယာယီသမ္မတ ဦးမြင့်ဆွေရှိနေမယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှိနေမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှိရင်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှိနေမယ်။
မေး ။ ။ ဒါကိုအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ လာမယ့် ဖေဖော်ဝါရီလ (၁)ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံကို ဘယ်လိုပဲတင်တင် အဲဒီတစ်နှစ်လုံးကတော့ ကာလုံရဲ့ဦးဆောင်မှုနဲ့ဆက်သွားပြီး အုပ်ချုပ်မယ်။ ဒါပေမယ့် အဓိကကတော့ လူထုသိဖို့လိုတာကတော့ အဲဒီတစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲ ပေါ်လာအောင်သာ ဝိုင်းဝန်းပြီးတော့ ထိန်းကျောင်းဖို့သင့်တယ်။ ပျက်အောင်လုပ်ရင်တော့ အရပ်သား ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်လာဖို့ဆိုတာ အလှမ်းဝေးမယ့်သဘောလို့ ပွိုင့်ထုတ်လို့ရမလား။
ဖြေ ။ ။ မှန်တယ်။ အဲဒီအတိုင်းပဲသွားမယ်။ သွားဖို့လည်း ဒီဖွဲ့စည်းပုံက ပေးထားတာ။ ဆိုတော့ ကျွန်တော်တို့ ကတော့ဖြင့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တပ်မတော်ဘက်ကလည်း တတ်နိုင်သလောက် ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်အောင် ဦးတည်ချက်ကြီးငါးရပ်နဲ့ သူကြိုးစားပမ်းစားတည်ဆောက်နေတာကို တွေ့တယ်။ ရွေးကောက်ပွဲ ကော်မရှင်သည်လည်းပဲ အခုလိုအခင်အကျင်းထပ်မပေါ်နိုင်အောင် ရွေးကောက်ပွဲစနစ်ကိုလည်း ပုံစံပြောင်းဖို့ ကြိုးစားနေတာကိုလည်း တွေ့တယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်ဇန်နဝါရီလ ၃၁ ရက်မှာပဲ ကာကွယ်ရေးဦးစီးချုပ်က တင်ပြတဲ့အစီရင်ခံစာသည် ဘယ်လိုရှေ့ဆက်သွားမှာလဲ။ ၄၂၅ နဲ့ ရှေ့ဆက်သွားမှာလား။ အဲဒီကာလမှာပဲ ယာယီသမ္မတကြီးကို အာဏာအပ်နှင်းနိုင်တဲ့အထိ သူ့ဘက်က Report က ပေးမှာလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနှစ်နှစ်တာကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ကာလက ဇန်နဝါရီ ၃၁ မှာ ပြီးမှာပေါ့။ ဖွဲ့စည်းပုံ အရတော့ဖြင့် ကာလုံပဲလုပ်လုပ်၊ သမ္မတကြီးပဲလုပ်လုပ် အစိုးရအသစ်တစ်ရပ်ကတော့ ပေါ်လာမယ်။ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်အသစ်တစ်ရပ်ကလည်း ပေါ်လာမယ်။ အဲဒီအခင်းအကျင်းတွေကတော့ အခုတွေ့နေ ရပါတယ်။ အဲဒီတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးတစ်ခုကိုကျင်းပနိုင်မှပဲ လက်ရှိ အကျပ် အတည်းကို ကျော်လွှားနိုင်မယ်။
ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း အမြန်ဆုံး အာဏာကိုလွှဲပေးချင်တဲ့သဘောတော့ တွေ့ပါတယ်။ ဆိုတော့ မြန်မြန်လေး လွှဲပေးနိုင်အောင် ရွေးကောက်ပွဲကြီးတစ်ခု အောင်အောင်မြင်မြင်ကျင်းပနိုင်အောင် ဝိုင်းဝန်းကူညီဖို့က လိုအပ်ပါတယ်။ လာမယ့်အစိုးရအသစ်ကပင် ဒီပတ်ဝန်းကျင်မျိုးဖန်တီးနိုင်အောင် ဆက်ပြီးကြိုးစားရမှာဖြစ်ပါ တယ်။ နိုင်ငံတကာဘက်ကရော၊ အာဆီယံဘက်ကရော၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ဘက်ကရော ကာကွယ်ရေးဦးစီးချုပ် ဒီထွက်ပေါက်က မြန်မြန်ထွက်နိုင်အောင် မဟုတ်ဘူးလား။ ဖွဲ့စည်းပုံအကြပ် အတည်းကိုလည်းကျော်လွှားနိုင်အောင် မြန်မာနိုင်ငံရဲ့လက်ရှိ လက်နက်ကိုင်ပဋိပက္ခ၊ နှစ်ပေါင်း(၇၅) နှစ်လောက် ဖြစ်လာတဲ့ဥစ္စာကိုလည်း ကျော်လွှားနိုင်အောင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘုံသဘောထားတစ်ခုရဖို့၊ ဒီအကြပ်အတည်းမျိုးမကြုံရအောင် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ နိုင်ငံသစ်တည်ဆောက်နိုင်တဲ့ ဦးတည်ချက် မျိုးနဲ့ ဒီအကြပ်အတည်းကို အောင်မြင်အောင်ကျော်လွှားဖို့ လိုအပ်မယ်လို့ထင်ပါတယ်။
ဒီအကြပ်အတည်းကိုဒီအတိုင်းထားလိုက်ရင်တော့ဖြင့် ဒီလိုပဲ သံသရာဆက်ပြီးတော့ တစ်ကျော့ပြီးတစ်ကျော့ ၊ တစ် နည်းအားဖြင့် သွေးမြေကျမှုနဲ့ အမုန်းသံသရာပေါ့ဗျာ။ ဆက်ပြီးလည်နေမယ်ထင်ပါတယ်။ အဲဒါကြောင့် မြန်မြန် လေး နိုင်ငံတော်တစ်ခုလုံးနဲ့ချီပြီးကာမှ ဒီအကြပ်အတည်းကိုကျော်လွှားဖို့ ဘက်ပေါင်းစုံက ကြိုးစားကြစေချင် တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်းပဲ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဒီတိုင်းမထားဘဲနဲ့ အပြုသဘောနဲ့ ချဉ်းကပ်စေချင်တယ်။ လူထုရသင့်ရထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးကို အမြန်ဆုံးရအောင် ပံ့ပိုးကူညီစေချင်တယ်။ အမုန်းသံသယနဲ့ပေါ့ဗျာ သွေးမြေကျမှု သံသရာရှည်အောင် အားပေးကူညီတာမျိုးကို ရပ်သင့်တယ်လို့ ကျွန်တော်တို့ ဘက်က မြင်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံများဘက်ကလည်းပဲ မိတ်ဖက်သဘောနဲ့ဝိုင်းဝန်းကူညီပြီးမှ အကုန်လုံး ပူးပေါင်းပြီးမှ ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် (၇၅)နှစ်တာ လွတ်လပ်ရေးရဲ့အရသာကို လူထု အားလုံး ခံစားနိုင်အောင် ဝိုင်းဝန်းကူညီစေချင်တယ်။ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး သွေးမြေကျမှုရပ်အောင် နိုင်ငံရေးသဘောတူညီချက်၊ ဘုံသဘောတူညီချက်တစ်ခု ရစေချင်တယ်။ အဲဒီလို ရဖို့ အတွက် ဒီနိုင်ငံရေးထွက်ပေါက်အနေနဲ့ ဒီရွေးကောက်ပွဲက အခရာကျပါတယ်။ ရွေးကောက်ပွဲတစ်ခု မဖြစ်လာနိုင် ခင် နိုင်ငံရေးအားဖြင့် ငြိမ်းချမ်းအောင်၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင်၊ ဒီအကြပ်အတည်းမှာ ညှိနှိုင်းပြီးမှ ကျော်လွှားကြစေချင်တယ်။ အဲဒီလိုကျော်လွှားနိုင်ဖို့အတွက်လည်း နိုင်ငံတကာ မိသားစုဘက်က ဝိုင်းဝန်းကူညီပေး ပါ။ အိမ်နီးနားချင်း နိုင်ငံကြီးများဘက်ကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးပါလို့တော့ မေတ္တာရပ်ခံလိုပါတယ်။
မေး ။ ။ ဟုတ်ကဲ့၊ အခုလို အချိန်ပေးပြီးဖြေကြားပေးတာကိုလည်း ကျေးဇူးတင်ပါတယ် ဆရာ။
ဖြေ ။ ။ ဟုတ်ကဲ့။
“ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္ကလည္း အျမန္ဆုံး အာဏာကိုလႊဲေပးခ်င္တဲ့သေဘာေတာ့ ေတြ႕ပါတယ္” - (ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္)
NP News - ဇန္နဝါရီ ၂၂
“သက္တမ္း ၂ ႏွစ္ျပည္ နစက ဘယ္လိုေရွ႕ဆက္မလဲ” ေခါင္းစဥ္ျဖင့္ နစက ၏ ေရွ႕ဆက္မည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ျမန္မာႏိုင္ငံ၏အနာဂတ္ မည္သို႔ဆက္ျဖစ္လာႏိုင္သလဲ ဆိုသည္မ်ားကို (ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာ ေအးေမာင္အား NP News ၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းမွ ေမးျမန္း၊ ေဆြးေႏြး၊ သုံးသပ္ထားသည္ကို ျပန္လည္ေရးသားေဖာ္ျပလိုက္ပါသည္။
ေမးျမန္း - ေက်ာ္မ်ိဳးမင္း၊ ေရးသား - ေခတ္
မဂၤလာပါ ခင္ဗ်။ ကြၽန္ေတာ္အခု ဒီေန႔ေမးျမန္းေဆြးေႏြးမယ့္အေၾကာင္းအရာကေတာ့ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ဥပေဒနဲ႔အညီ ႏိုင္ငံေတာ္အာဏာကို ရယူခဲ့တဲ့ နစကေပါ့ေနာ္။ နစက အေနနဲ႔ သူ႔ရဲ႕သက္တမ္းက လာမယ့္ ဇန္နဝါရီ ၃၁ ရက္၊ ည လို႔ပဲေျပာေျပာ ေဖေဖာ္ဝါရီ ၁ ရက္ပဲေျပာေျပာ အဲဒီမွာကုန္မယ္ေပါ့။ (၂)ႏွစ္ သက္တမ္း ျပည့္မယ္။ ျပည့္တဲ့အခ်ိန္မွာ သူတို႔ ဘာဆက္လုပ္မလဲ။ ဘယ္လိုဆက္ျဖစ္ႏိုင္လဲ။ ေနာက္လာမယ့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မနက္မွာ ဘာေတြ ထြက္လာႏိုင္ေျခရွိလဲဆိုတာနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔အညီ ေမးျမန္းေဆြးေႏြးဖို႔အတြက္ ဆရာ ေဒါက္တာေအးေမာင္ကို ဖိတ္ေခၚထားပါတယ္။ အဲ့ဒီေတာ့ ဆရာ ေဒါက္တာေအးေမာင္ကို စၿပီးေတာ့ ေမးျမန္းပါမယ္။
ေမး ။ ။ မဂၤလာပါ ခင္ဗ်။ ကြၽန္ေတာ္တို႔ လက္ရွိ နစကရဲ႕သက္တမ္းကလည္း ဇန္နဝါရီ ၃၁ ညလို႔ပဲေျပာေျပာ၊ ေဖေဖာ္ဝါရီ ၁ ရက္ မနက္ပဲေျပာေျပာ ျပည့္ၿပီေပါ့ေနာ္။ ၂ ႏွစ္ျပည့္ၿပီဆိုေတာ့ သူတို႔ ဘာေတြစလုပ္ၾကမလဲလို႔ ေပါ့ ေနာ္။ ဆရာ အဲဒါေလး အရင္ေျပာျပေပးလို႔ရမလား။
ေျဖ ။ ။ အဲဒီေတာ့ ပထမတစ္ခ်က္က ဒီအေရးေပၚကာလဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို သုံးမယ္လို႔ ကြၽန္ေတာ္တို႔ လႊတ္ေတာ္အမတ္ကာလတုန္းက မထင္ခဲ့ဖူးဘူး။ ဒီကာလကို ျဖတ္ေက်ာ္ဖို႔မလိုဘဲနဲ႔ ဒီအသြင္းကူးေျပာင္းေရးအစိုးရ တစ္ရပ္ အဆက္ဆက္ေပါ့ဗ်ာ။ ပိုၿပီးေကာင္းတဲ့ျမန္မာႏိုင္ငံႀကီးကို တည္ေဆာက္သြားႏိုင္ၾကမယ္လို႔ထင္ခဲ့တာ။ ဆိုေတာ့ အခုလိုျဖစ္လာတဲ့အခါက်ေတာ့ေလ ဒီဥပေဒပါျပ႒ာန္းခ်က္မ်ားအတိုင္း ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေနာက္ႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ဘာဆက္သြားၾကမွာလဲ။ ဒီဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္၊ အေရးေပၚကာလျပ႒ာန္းခ်က္မွာက ပုဒ္မေပါင္း (၂၂)ခုေလာက္ ရွိတယ္ဗ်။ ၄၁ဝ ကေန ၄၃၂ ထိဆိုတဲ့ခါက်ေတာ့ ေရွ႕ေနာက္ျပန္ၾကည့္ၾကရတာေပါ့။ ဆိုေတာ့ အားလုံးတဲ့အတိုင္း ကိုေက်ာ္မ်ိဳးမင္း ေမးတဲ့အတိုင္းပါပဲ။ ခုနက ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာ၊ ဒို႔တာဝန္အေရး (၃)ပါးနဲ႔ ပတ္သက္လို႔၊ အၾကမ္းဖက္ တာပတ္သက္တဲ့က႑မ်ိဳးမွာ အေရးေပၚအစည္းအေဝးလုပ္ၿပီးမွ ႏိုင္ငံေတာ္သမၼတသည္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာအပ္ႏွင္းႏိုင္တယ္။ တစ္ႏွစ္ထိ အပ္ႏွင္းႏိုင္တယ္ဆိုတာမ်ိဳးနဲ႔ စဖြင့္တာကို။ အဲဒီမွာ (၆)လႏွစ္ႀကိမ္ သာမာန္ အခ်ိန္မွာ တိုးႏိုင္တယ္။ အဲဒါကို ပုဒ္မ ၄၂၂ နဲ႔ ႏိုင္ငံေတာ္သမၼတဦးေဆာင္တဲ့ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို တာဝန္အပ္ႏွင္းျခင္းခံရတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္က သူ႔ရဲ႕တာဝန္ၿပီးေျမာက္ေၾကာင္းကိုတင္ျပတဲ့ကာလ ေရာက္တဲ့ အခါမွာ အဲဒီ ၄၂၂ နဲ႔ျပန္ၿပီးေတာ့ မူလေပးတဲ့အမိန႔္အာဏာကို ျပန္႐ုတ္သိမ္းရမွာကို။ ဆိုေတာ့ အဲဒီအခင္းအက်င္း ျဖစ္လာမွာလား။ အဲဒီကာလ ဇန္နဝါရီ ၃၁ ေန႔ဟာ သူ႔ကိုအပ္ႏွင္းထားတဲ့တာဝန္ (၂)ႏွစ္တိတိျပည့္လို႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ကေန သူ႔ကိုအာဏာ တာဝန္ေပးခဲ့တဲ့ သမၼတဦးျမင့္ေဆြ အေပၚ ဘယ္လိုအစီရင္ခံမွာလဲ။ အဲဒီ အစီရင္ခံမႈ အေပၚမူတည္ၿပီးမွ က်န္တဲ့၊ ကြၽန္ေတာ္ ခုနက တင္ျပတဲ့ အေရးေပၚကာလဥပေဒပါျပ႒ာန္းခ်က္ ပုဒ္မေပါင္း (၂၂) ခု ကို ဘယ္လိုေရွ႕ဆက္သြားမွာလဲဆိုတာစဥ္းစားဖို႔ ျဖစ္လာတာေပါ့။ အဲဒီေတာ့ သမၼတႀကီးကို ကာကြယ္ေရးဦးစီးခ်ဳပ္ ရဲ႕တင္ျပခ်က္၊ ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕တင္ျပခ်က္သည္ ကြၽန္ေတာ္တို႔ အဲဒီေပၚမူတည္ၿပီးမွ ေရွ႕ဆက္ဘယ္လိုသြားမွာလဲဆိုတာကို ကြၽန္ေတာ္တို႔သုံးသပ္ႏိုင္မွာ ျဖစ္တယ္။ သို႔ေသာ္လည္းပဲ အာဏာအပ္ႏွင္းျခင္းခံရတဲ့ကာလမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္က ၂ဝ၂၃ ခုႏွစ္ ဩဂုတ္လမွာ က်င္းပႏိုင္ဖြယ္ ရွိတယ္ဆိုတဲ့အသုံးႏႈန္းကို သုံးႏႈန္းခဲ့တာရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ျပန္ၿပီး Count လုပ္တာေပါ့။ အဲဒီေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာစၿပီးေတာ့ သမၼတႀကီး ဦးျမင့္ေဆြရဲ႕ကာလုံသည္ တကယ္လို႔မ်ား ဗိုလ္ခ်ဳပ္မႉးႀကီးဘက္က (၂) ႏွစ္တာကာလအတြင္းမွာ သူ႔ကိုေပးတဲ့တာဝန္ကို ျပည့္ျပည့္ဝဝ၊ ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပႏိုင္တဲ့အထိ၊ ႏိုင္ငံေတာ္ေအးခ်မ္းသြားပါၿပီ၊ လုံၿခဳံသြားပါၿပီ၊ သမၼတႀကီးတာဝန္ေပးတဲ့အတိုင္း ကြၽန္ေတာ္ေက်ပြန္စြာ ထမ္းေဆာင္ ၿပီးပါၿပီဆိုရင္ အဲဒီပုဒ္မေတြအရ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကေန (၆)လအတြင္းမွာ ဆိုတဲ့အခါက်ေတာ့ ဇူလိုင္လ အတြင္းမွာ ဇူလိုင္လ မေက်ာ္လြန္ခင္မွာ သမၼတႀကီးဦးျမင့္ေဆြသည္ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ တစ္ရပ္ကို က်င္းပေပးရမယ့္သေဘာျဖစ္ပါတယ္။ အဲေတာ့ ေဖေဖာ္ဝါရီ၊ မတ္၊ ဧၿပီ၊ ေမ၊ ဇြန္၊ ဇူလိုင္ (၆) လ။ ဘာေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီးက ဩဂုတ္လ လို႔ေျပာခဲ့တာလဲ။ ၂ဝ၂၃ လို႔ ေျပာတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က က်န္တဲ့ ပုဒ္မေတြကို သုံးသပ္ၾကည့္တာေပါ့။ အဲဒီေတာ့ ေရွ႕ဆက္ၿပီး ပုဒ္မေတြဟာ တစ္ခုၿပီးတစ္ခုက Overlapping ျဖစ္ေနတာေပါ့။ ပုဒ္မ ၂၂ဝ ေက်ာ္ကို ကြၽန္ေတာ္တို႔ၾကည့္တဲ့အခါမွာ ၄၂၅ မွာ ၄၂ဝ ေက်ာ္ကို ျပန္ၾကည့္တဲ့အခါမွာ တကယ္လို႔မ်ား ၄၂၂ အရ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ တာဝန္သည္ လိုအပ္ေသးတယ္ဆိုခဲ့လို႔ရွိရင္ အဲဒီကာလသည္ လည္းပဲ လႊတ္ေတာ္ေတြက်င္းပတဲ့ကာလ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ရွိတဲ့ကာလ လႊတ္ေတာ္ကာလေပါ့ဗ်ာ။ မဟုတ္ခဲ့ဘူးဆိုရင္ဆိုတဲ့ အေျခအေနအရ ပုဒ္မ ၄၂၅ ကိုျပန္ၾကည့္တဲ့အခါမွာ သမၼတႀကီးထက္ ႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕လုပ္ပိုင္ခြင့္က ဥပေဒပါျပ႒ာန္းခ်က္ရဲ႕ထိပ္ကို ေရာက္သြားတယ္။ အဲဒီေတာ့ အဲဒီကာလမွာ ပုဒ္မ ၄၂၅ အရ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ တကယ္လို႔မ်ား ကာကြယ္ေရးဦးစီးခ်ဳပ္က တင္ျပလာခဲ့လို႔ရွိရင္ ဆက္ၿပီးေတာ့ လုပ္ပိုင္ခြင့္ (၆)လ ႏွစ္ႀကိမ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ေပးထားႏိုင္တယ္လို႔၊ တိုးျမႇင့္ေပးႏိုင္တယ္ဆိုတဲ့ပုဒ္မ၊ ျပ႒ာန္းခ်က္ ရွိလာတဲ့အခါမွာ ပထမ တစ္ႏွစ္တာကာလရဲ႕ ဥပေဒပါျပ႒ာန္းခ်က္အတိုင္း ကာကြယ္ေရးဦးစီးခ်ဳပ္ လုပ္ပိုင္ခြင့္အျပည့္အဝ တစ္ႏွစ္ထပ္တိုးရသြားတဲ့သေဘာ ျဖစ္သြားပါတယ္။
အဲဒီလိုအေျခအေနမ်ိဳးႀကဳံလာမွာကို ႀကိဳသိလို႔မ်ား ၂ဝ၂၃ ဩဂုတ္လမွာ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ႀကိဳေျပာခဲ့ တာလား။ ဒါ ဒုတိယ သက္တမ္းရဲ႕၊ တကယ္လို႔ ၄၂၅ အရ တာဝန္ဆက္ယူမယ္ဆိုရင္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီက ကာကြယ္ေရးဦးစီခ်ဳပ္ကို အပ္ႏွင္းႏိုင္တဲ့ ဒုတိယသက္တမ္းရဲ႕ပထမလျဖစ္ေနတယ္။ ဆိုေတာ့ အဲဒါ ေလးကို ျပန္စဥ္းစားၾကည့္တာေပါ့။ အဲဒီလိုဆိုရင္ ကြၽန္ေတာ္တို႔ျပန္ၿပီးေတာ့ ၄၁၆ တို႔၊ ၄၁၇ တို႔၊ ၄၁၈ တို႔အတိုင္း ျပန္လာတာေပါ့။ ကြၽန္ေတာ္တို႔ အခု အေရးေပၚကာလဥပေဒျပ႒ာန္းခ်က္ (၁)ႏွစ္တို႔ ၊ (၆)လ ႏွစ္ႀကိမ္တို႔အတိုင္းပဲ။ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီက ထပ္ၿပီးေတာ့ အာဏာအပ္ႏွင္းရတာေပါ့။ အဲ့လို အပ္ႏွင္းၿပီးမွ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ Completion Report ေပးၿပီးတဲ့ ေနာက္မွာမွသာလွ်င္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ (၆)လအတြင္းမွာ လြတ္လပ္ၿပီးတရာမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပေပးႏိုင္တယ္ဆိုၿပီး ေတာ့မွ ပုဒ္မ ၄၂၉ မွာ ျပ႒ာန္းထားတယ္။ အဲဒါေၾကာင့္ အဲဒီအဟေတြ အားလုံးသည္ ကြၽန္ေတာ္တို႔သုံးသပ္တဲ့အခါ မွာေတာ့ ေ႐ြးေကာက္ပြဲေပါ့ဗ်ာ။ ပါတီစုံဒီမိုကေရစီစနစ္ေ႐ြးေကာက္ပြဲဆိုတဲ့အခါမွာ ကြၽန္ေတာ္တို႔လက္ရွိအာဏာရ ယူတဲ့က႑ကိုျပန္ၾကည့္တဲ့အခါမွာလည္းပဲ ေ႐ြးေကာက္ပြဲေၾကာင့္ ျဖစ္လာတဲ့ျပႆနာ။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ တာဝန္ ၃၉၉ အရ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ တာဝန္အျပည့္အဝရွိသြားတဲ့အခါမွာ ၃၉၉ ပါ ျပ႒ာန္းခ်က္အတိုင္း တကယ္လို႔မ်ား ေ႐ြးေကာက္ပြဲကို က်င္းပေပးပါလ်က္နဲ႔ လုံလုံၿခဳံၿခဳံက်င္းပႏိုင္တဲ့အေနအထား မ်ိဳးမရွိခဲ့ဘူးဆိုရင္ ကာလုံက အပ္ႏွင္းတဲ့ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ပင္လွ်င္ ပုဒ္မ ၃၉၉ ပါ ျပ႒ာန္းခ်က္အတိုင္းပဲ ျပန္ၿပီးေတာ့ ကာလုံကို သတင္းျပန္ပို႔ရတဲ့အခါမွာ အဲဒီအခင္းက်င္းတစ္ခုက ၄၁ဝ၊ ၄၁၂ စသျဖင့္ ကြၽန္ေတာ္တို႔ အေရးေပၚကာလဥပေဒျပ႒ာန္းခ်က္မွာ ပါတဲ့အတိုင္းပဲ ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ဖို႔အတြက္ကိုက အလီလီေပါ့ဗ်ာ။ အုပ္ခ်ဳပ္ေရးယႏၲရားေတြကို သက္ဆိုင္တဲ့အဖြဲ႕အစည္းကိုျပန္အပ္ရတဲ့၊ ဥပေဒပါျပ႒ာန္းခ်က္ေတြကို ျပန္ၾကည့္တဲ့ အခါ Series လိုက္ပဲ။ တကယ္လို႔မ်ား ႏိုင္ငံေတာ္ရဲ႕ကာလတစ္ခုမွာေပါ့ဗ်ာ ေ႐ြးေကာက္ပြဲက်င္းပတဲ့ ကာလတစ္ခုမွာ ပဲျဖစ္ျဖစ္၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီက အာဏာရယူထားတဲ့ကာလမွာပဲျဖစ္ျဖစ္ အုပ္ခ်ဳပ္ေရးယႏၲရား တစ္ခု ပ်က္ခဲ့လို႔ရွိရင္ ျပန္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးယႏၲရား နဂိုအတိုင္းေရာက္ဖို႔အတြက္ အာဏာကို ျပန္အပ္ႏိုင္တယ္။ အုပ္ခ်ဳပ္ေရးယႏၲရားကို။ ဟုတ္ၿပီေနာ္။
တကယ္လို႔မ်ား ျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္တဲ့အခင္းအက်င္းတစ္ခု ေပၚလာခဲ့ျပန္ရင္လည္း အဲဒီကို အခင္းအက်င္းကိုျပန္ၿပီးေတာ့ Recovery ျပန္ျဖစ္ဖို႔အတြက္ သက္ဆိုင္တဲ့ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုျဖစ္ျဖစ္၊ martial law နဲ႔ ျပ႒ာန္းၿပီးမွ အဲဒီေဒသ အဲဒီအေျခအေနကို ျပန္ၿပီးတည္ၿငိမ္ေအာင္ လုပ္ပိုင္ခြင့္တစ္ခါေပးလာတယ္။ အခုလက္ရွိႀကဳံေနရတဲ့ဥစၥာက ကြၽန္ေတာ္တို႔မွတ္မိသေလာက္ဆိုရင္ ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ထိခိုက္ တဲ့၊ ဒို႔တာဝန္အေရး (၃)ပါးကို ထိခိုက္တဲ့ ပုဒ္မႀကီးျဖစ္ေနတယ္။ အဲဒီပုဒ္မအရေပါ့ဗ်ာ။ ကာကြယ္ေရးဦးစီးခ်ဳပ္ကို၊ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ဆူပူေသာင္းက်န္းမႈ ဘာညာဆိုတဲ့ဥစၥာ ပုဒ္မ ၄၁၇ အရ ကြၽန္ေတာ္တို႔က တစ္ႏွစ္ အာဏာ အပ္ႏွင္းထားရတာျဖစ္တဲ့အခါမွာ ဒီလိုပဲမၿငိမ္မသက္ျဖစ္ရင္ အလီလီေသာေပါ့ဗ်ာ။ အာဏာ အပ္ႏွင္းပိုင္ခြင့္ က ကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီမွာ ရွိလာသလို ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္းပဲ အလီလီေသာ အာဏာ မ်ားကို ရယူၿပီးမွ ေ႐ြးေကာက္ပြဲတစ္ရပ္ကို ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္တဲ့အထိ တစ္နည္းအားျဖင့္ ကာလုံက ယူထားရတဲ့ လက္ရွိေ႐ြးေကာက္ခံအစိုးရတစ္ရပ္ရဲ႕အေရးေပၚကာလျပ႒ာန္းခ်က္ပါအတိုင္း အာဏာကို ရယူထား တာကို ေ႐ြးေကာက္ပြဲကို က်င္းပေပးၿပီခါမွ ျပန္ၿပီးေတာ့ အာဏာကို ရယူရမယ့္ ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ လက္ထဲကို အပ္ႏွင္းႏိုင္တဲ့အထိသည္ ကာလုံရဲ႕တာဝန္ျဖစ္တဲ့အခါမွာ ကာလကန႔္သတ္ခ်က္က ခုနကလိုေပါ့ဗ်ာ။ ပထမ တစ္ႏွစ္၊ ေျခာက္လႏွစ္ႀကိမ္၊ ေနာက္ ပုဒ္မ ၄၂၅ အရ ကာကြယ္ေရးဦးစီးခ်ဳပ္ကို တစ္ခါ ကာလုံကေနၿပီးေတာ့ တစ္ႏွစ္ ထပ္ၿပီးေတာ့ ေျခာက္လႏွစ္ႀကိမ္ တိုးေပးပိုင္ခြင့္ ရွိလာတဲ့အခါမွာ အဓိက အခရာသည္ ေ႐ြးေကာက္ပြဲပဲ။ ေ႐ြးေကာက္ပြဲမ်ား ေအာင္ေအာင္ျမင္ျမင္ မက်င္းပႏိုင္ခဲ့ဘူးဆိုရင္ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကာလုံသည္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ခုနကလို ေ႐ြးေကာက္ပြဲကိုက်င္းပႏိုင္တဲ့အထိ ဘယ္လိုေျပာမလဲ တရားဥပေဒျပန္စိုးမိုးႏိုင္တဲ့အထိ အာဏာအပ္ႏွင္းပိုင္ခြင့္ရွိသလို၊ အာဏာရယူပိုင္ခြင့္ရွိတဲ့အခါမွာ ကြၽန္ေတာ္တို႔ ျပန္သုံးသပ္ရမွာေပါ့။ ေ႐ြးေကာက္ပြဲတစ္ရပ္ကို ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္ေအာင္ လူထုသည္လည္းေကာင္း၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားသည္လည္းေကာင္း ကြၽန္ေတာ္တို႔အားေပးကူညီၿပီးမွ ေ႐ြးေကာက္ခံ အစိုးရတစ္ရပ္ကို အျမန္ဆုံးေပၚၿပီးမွ လက္ရွိအက်ပ္အတည္းကိုေက်ာ္လႊားၾကမွာလား။ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုခ်ည္းပဲ ဖြဲ႕စည္းပုံပါ အတိုင္း အလီလီေသာအာဏာမ်ားကိုအပ္ႏွင္းၿပီးမွ၊ တည္ၿငိမ္ေအးခ်မ္းၿပီးမွ ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပးတဲ့ အထိဆက္ၿပီးေတာ့ စခန္းသြားၾကမွာလား ဆိုတာကို လူထုကပဲ ေ႐ြးရမွာပဲျဖစ္ပါတယ္။ ဒါေတာ့ ကြၽန္ေတာ္ ဖတ္၊ မွတ္ထားသေလာက္ပါ။
ေမး ။ ။ ဟုတ္ကဲ့ ဆိုေတာ့ ကြၽန္ေတာ္တို႔ အရပ္သားနားလည္ေအာင္ ေျပာရရင္ေတာ့ ဦးမင္းေအာင္လႈိင္က အခုလက္ရွိ သူက အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီရဲ႕အမိန႔္အရ ဦးမင္းေအာင္လႈိင္က တာဝန္ ထမ္းေဆာင္ေနတယ္။ သူ႔သက္တမ္း ႏွစ္ႏွစ္ျပည့္တယ္။ သူ႔သက္တမ္း ႏွစ္ႏွစ္ျပည့္တဲ့ေန႔မွာ သူက ဘာလုပ္ရမလဲ ဆိုေတာ့ “သူတာဝန္ထမ္းေဆာင္တာ ႏွစ္ႏွစ္ျပည့္ပါၿပီ။ သူလုပ္ေဆာင္ခဲ့တဲ့ လုပ္ငန္းေဆာင္တာေတြက ေအာင္ျမင္ခဲ့ တယ္၊ မေအာင္ျမင္ခဲ့ဘူး၊ ဘယ္ေလာက္ လုပ္ထားခဲ့တယ္၊ မလုပ္ထားခဲ့ဘူး။” ဒါကို သူက သူ႔ report ကို သူက ကာလုံရဲ႕ေခါင္းေဆာင္နဲ႔၊ ယာယီသမၼတ ဦးျမင့္ေဆြေခါင္းေဆာင္တဲ့ ကာလုံကို သူက တင္ျပမယ္။ အဲဒီေတာ့ ကာလုံက အဲဒါကို ၾကည့္ၿပီးေတာ့မွ ေနာက္ထပ္ အမိန႔္ေၾကညာစာတစ္ေဆာင္ကို ျပန္ထုတ္မယ္။ ထုတ္တဲ့ အမိန႔္ေၾကညာစာ တစ္ေစာင္သည္ ဘာဆိုတာကေတာ့ ဒါ….ဖြဲ႕စည့္ပုံအေျခခံဥပေဒထဲမွာပါတဲ့ ပုဒ္မ၊ ပုဒ္ထီးေတြ အတိုင္းဆက္သြားမယ္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္တယ္လို႔ ကြၽန္ေတာ္တို႔နားလည္ရမွာေပါ့ေနာ္။ အဲဒါက ဘာျဖစ္လာႏိုင္ေျခရွိလဲဆိုတဲ့ Point ကေရာ ဆရာ ဘယ္ပုဒ္မနဲ႔ ေထာက္ျပခ်င္လဲ။
ေျဖ ။ ။ အခုလက္ရွိအေနအထားမွာ တည္ၿငိမ္ေအးခ်မ္းတဲ့အခင္းအက်င္းျဖစ္သလား၊ မျဖစ္ဘူးလား ဆိုတာကို ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း သိေနၾကတယ္။ ဥပမာ - ႏိုင္ငံႀကီးတစ္ခ်ိဳ႕ကဆိုရင္ ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ကို ဖ်က္မယ့္သေဘာေတာင္၊ ေထာက္ပံ့တာေတြ ရွိၾကတဲ့အေနအထားကို ေတြ႕ရတယ္။ လက္ရွိ လာမယ့္ ေ႐ြးေကာက္ပြဲကို ဖ်က္မယ္ဆိုတဲ့သေဘာေတာင္ ေၾကညာထားတာေတြရွိတဲ့အခါမွာ အမွန္ကေတာ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရဆိုရင္ ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပးႏိုင္တဲ့အခင္းအက်င္းသည္ တစ္ႏိုင္ငံလုံး အတိုင္း အတာအရ လာမယ့္ကာလတိုအတြင္းမွာ ျဖစ္ႏိုင္ေျခအလြန္တရာနည္းတယ္လို႔သုံးသပ္တဲ့ပုဂၢိဳလ္ေတြက ပိုမ်ား တယ္ဗ်။ တခ်ိဳ႕ဆိုရင္ အစိတ္အပိုင္းတစ္ခုကို ျပည္နယ္တစ္ခုကိုက်င္းပၿပီးမွ အလီလီမ်ား က်င္းပမွာလား။ Handle လုပ္ႏိုင္တဲ့ ဥပမာ - တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္၊ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔မက်င္းပႏိုင္ခဲ့ဘူးဆိုရင္ ေတာင္မွ ဖြဲ႕စည္းပုံပါအတိုင္းဆိုတဲ့သေဘာနဲ႔စဥ္းစားၾကတာ သုံးသပ္ၾကတာေတြ ရွိပါတယ္။ ႏိုင္ငံေရးပါတီမ်ား ဘက္ကလည္းပဲ ဖြဲ႕စည္းပုံပါျပ႒ာန္းထားတာေတာ့ျဖင့္ ကြၽန္ေတာ္တို႔ဘယ္ေတာ့မွ ေရွ႕ဆက္သြားမယ့္လမ္းေၾကာင္း ကိုေတြ႕ႏိုင္မလဲဆိုရင္ ကာကြယ္ေရးဦးစီးခ်ဳပ္က သူ႔ကိုတာဝန္အပ္ႏွင္းတဲ့ သမၼတႀကီးကို အစီရင္ခံတဲ့ေန႔ကို ဇန္နဝါရီလ ၃၁ ရက္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တစ္နည္းအားျဖင့္ SAC သည္ သမၼတႀကီးကို သူ႔ရဲ႕ တာဝန္ အပ္ႏွင္းထားတဲ့ တစ္ႏွစ္ ေျခာက္လ ႏွစ္ႀကိမ္ကို ဘယ္လိုအစီရင္ခံမလဲ။ ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပးႏိုင္ ပါၿပီ။ မိမိထံ အပ္ႏွင္းတဲ့တာဝန္အားလုံးကို မိမိေအာင္ျမင္စြာထမ္း႐ြက္ၿပီးပါၿပီ။ ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပး ႏိုင္တဲ့ပတ္ဝန္းက်င္၊ ႏိုင္ငံေရး ရာသီဥတု၊ ၿငိမ္ခ်မ္းမႈ၊ တရားဥပေဒစိုးမိုးမႈ၊ ႏိုင္ငံသူႏိုင္ငံသားမ်ား လြတ္လြတ္လပ္လပ္ မိမိဆႏၵအတိုင္း ဆႏၵမ်ိဳးကို မဲ႐ုံဆီလာေရာက္ေပးႏိုင္တဲ့အေနအထားရွိၿပီ (သို႔မဟုတ္) မရွိေသးဘူးဆိုတာမ်ိဳး အစီရင္ခံမွာလား။ အဲဒီႏွစ္ခုေပၚ မူတည္ၿပီးမွ တကယ္လို႔ရွိၿပီဆိုရင္ ႏိုင္ငံေတာ္သမၼတႀကီးဘက္က အစိုးရတစ္ရပ္ကို ေျပာင္းေပးရမွာေပါ့။ အဲဒီလိုအစိုးရတစ္ရပ္ကိုေျပာင္းေပးတဲ့အခါမွာ သူ႔ရဲ႕ဥပေဒျပဳမႈအာဏာကိုေတာ့ျဖင့္ သူက က်င့္သုံးပိုင္ခြင့္ရွိတယ္။ ဒါေပမယ့္ အုပ္ခ်ဳပ္ေရးယႏၲရားကို အဖြဲ႕အစည္းတစ္ခုခုကိုျဖစ္ျဖစ္၊ ပုဂၢိဳလ္တစ္ဦးဦးကို ျဖစ္ျဖစ္၊ အစိုးရအသစ္တစ္ရပ္ ႏိုင္ငံေတာ္အဆင့္ အဖြဲ႕အစည္းအသစ္ေတြနဲ႔ အကုန္လုံးဖြဲ႕စည္းေပးၿပီးကာမွ ခုနကလို ေရွ႕ဆက္ၿပီး လုပ္ငန္းလုပ္ရမယ့္က႑ရွိတာကိုး။ အဲဒီေတာ့ တကယ္လို႔မ်ား ကာကြယ္ေရးဦးစီးခ်ဳပ္က သူ႔ရဲ႕ တစ္ႏွစ္ ေျခာက္လ ႏွစ္ႀကိမ္ဆိုတဲ့ ႏွစ္ႏွစ္တာ ကာလအတြင္းမွာ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပးႏိုင္ေခ်မရွိေသးဘူး။ လက္ရွိကာလကလည္း လႊတ္ေတာ္မ်ားမရွိတဲ့ကာလျဖစ္ေနတယ္ဆိုတဲ့ အေန အထားအရ ပုဒ္မ ၄၂၅ အရ ကာကြယ္ေရးဦးစီးခ်ဳပ္က ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီဆီကို ထပ္ၿပီးေတာ့ အာဏာ ေျခာက္လ လိုအပ္ပါေသးတယ္လို႔ တင္ျပခဲ့လို႔ရွိရင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ေပးပိုင္ခြင့္က ၄၂၅ အရ ရွိေနျပန္တယ္။ အဲဒီ ၄၂၅ ကို ကာကြယ္ေရးဦးစီးခ်ဳပ္က ထုတ္သုံးလာမွာလား။ ထုတ္မသုံး ေတာ့ဘဲနဲ႔ ႏွစ္ႏွစ္တာကာလအတြင္းမွာ ေ႐ြးေကာက္ပြဲကိုက်င္းပႏိုင္ေအာင္ သမၼတႀကီးဆီကို အာဏာအပ္ႏွင္းမွာ လား။ တကယ္လို႔ ၄၂၅ အရ ကာလုံက ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာအပ္ႏွင္းတဲ့ကာလမွာလည္း ႏိုင္ငံေတာ္ သမၼတႀကီးတစ္ဦးအျဖစ္ သမၼတႀကီးအေနနဲ႔ပဲ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ပိုင္ခြင့္က တျခားပုဒ္မတစ္ခုမွာ ေပးထားတဲ့ အခါမွာ ကြၽန္ေတာ္တို႔က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အခင္းအက်င္းကိုေရာက္မွပဲ ဖြဲ႕စည္းပုံပါျပ႒ာန္းခ်က္အတိုင္း ဘယ္လိုေရွ႕ဆက္ၿပီးမွ ပါတီစုံစနစ္တစ္ခု၊ ေ႐ြးေကာက္ပြဲစနစ္တစ္ခုကို ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္ဖို႔အတြက္ ႏိုင္ငံေတာ္ရဲ႕ကာကြယ္ေရးႏွင့္ လုံၿခဳံေရးကို တာဝန္ယူထားတဲ့အဖြဲ႕အစည္းမ်ားက ေရွ႕ဆက္သြားၾကမွသာလွ်င္ ေရွ႕ဆက္သြားၾကမွျဖစ္မယ္ဆိုတဲ့ဆုံးျဖတ္ခ်က္ကို ဘာေၾကာင့္ခ်ရသလဲဆိုတဲ့အေျဖ အဲဒီကာလမွ ထြက္လာမွာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က အခုခန႔္မွန္းတာကေတာ့ ခုနက ဦးေက်ာ္မ်ိဳးမင္း ေျပာသလိုေလ... ဘာေၾကာင့္ ၂ဝ၂၃ ဩဂုတ္လလို႔ ကာကြယ္ေရးဦးစီခ်ဳပ္က သုံးႏႈန္းခဲ့တာလဲ။ အဲဒီကာလသည္ ခုနကေျပာသလို ေဖေဖာ္ဝါရီ ၁ ရက္ ကေန (၆)လအတြင္းမွာတင္ မဟုတ္ဘူး။ ပုဒ္မ ၄၂၅ အရ ၆လႏွစ္ႀကိမ္ ထပ္တိုးခြင့္ရွိတဲ့ ကာလမွာ သူဘက္က ႀကိဳတင္ျပထားတဲ့အခါမွာ အဲဒီလို ေနာက္ထပ္ တစ္ႏွစ္ကိုသြားဖို႔ လိုအပ္တယ္ ဆိုရင္လည္းပဲ လက္ရွိနစကနဲ႔သြားဖို႔ ခြင့္မျပဳထားတာလည္း ေတြ႕ရတယ္။ ေနာက္အသစ္တစ္ရပ္ကို ဖြဲ႕စည္းရမယ္။ ဆိုေတာ့ အဲဒီအခင္းအက်င္းကေတာ့ လာမယ့္ကာလမွာမွ ကြၽန္ေတာ္တို႔ေျပာႏိုင္မွာ ကိုေက်ာ္မ်ိဳးမင္းေရ။
ေမး ။ ။ ကြၽန္ေတာ္တို႔ အဲဒီေတာ့ ကြၽန္ေတာ္တို႔ေတြးမိတာေပါ့ေနာ္။ တြက္ဆမိတာေပါ့။ နစက (ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ) သည္ (၂)ႏွစ္ျပည့္သြားတဲ့အတြက္ သူ႔ရဲ႕အဖြဲ႕ကို ျပန္အပ္လိုက္တဲ့အခါ သူ႔ရဲ႕နာမည္ကိုေတာ့ ျပန္သုံးခ်င္မွ သုံးၿပီးေတာ့ သူက အမ်ိဳးသားကာကြယ္ေရးလုံၿခဳံေရးေကာင္စီက ေနာက္ထပ္ အျခားတစ္ဖြဲ႕၊ အျခားလူ ပုဂၢိဳလ္တစ္ဦးဦး (သို႔မဟုတ္) အျခားေသာလူတန္းစား လူတစ္စု၊ တစ္ဖြဲ႕ေပါ့ေနာ္။ အဲဒါကို အာဏာေပးအပ္ႏိုင္စြမ္း ရွိတယ္ဆိုတဲ့အခြင့္အေရးမ်ိဳးလည္း သြားေတြ႕ေနေသးတယ္။ ဆိုေတာ့ ဒါေပမယ့္ သူ႔ရဲ႕ေပးပိုင္ခြင့္က ဥပေဒအရ (၃) ခုရွိတဲ့ထဲမွာမွ (၂) ခုပဲေပးေတာ့မွာ။ အခုလက္ရွိနစကက (၃) ခုလုံးကိုင္ထားလို႔ရတယ္။ ေနာက္လာမယ့္ သက္တမ္း က်ရင္ေတာ့ (၂) ခုပဲ သူကေပးေတာ့မယ္။ ကာလုံက ဥပေဒျပဳေရးကို ကိုင္ထားၿပီးေတာ့၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ ေရးကို အျခားေသာအဖြဲ႕တစ္ဖြဲ႕ကို ေပးလို႔ရတယ္ဆိုေတာ့ နစကမဟုတ္ေတာင္ အျခားအဖြဲ႕ဆိုတာမ်ိဳး ျဖစ္ေကာင္း ျဖစ္လာႏိုင္ေျခရွိတယ္ဆိုတဲ့ပုဒ္မလည္း သြားေတြ႕တယ္။
ေျဖ ။ ။ မဟုတ္ဘူး။ အဲဒါမ်ိဳးမဟုတ္ဘူး ထင္တယ္။ သမၼတႀကီးဘက္က ဥပမာ - ၄၂၂ အရ ကာကြယ္ေရးဦးစီး ခ်ဳပ္ကို အပ္ႏွင္းထားတဲ့တာဝန္ကို ႐ုတ္သိမ္းလိုက္ၿပီဆိုရင္ အဲဒီကာလမွာ သမၼတႀကီးက ဥပေဒျပဳပိုင္ခြင့္ရွိတယ္။ ဒါေပမယ့္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးကို သီးသန႔္အဖြဲ႕အစည္းကို အပ္ႏွင္းရမယ္လို႔ပါတယ္။ တကယ္လို႔မ်ား သမၼတႀကီး ဦးျမင့္ေဆြက ဥပမာ - ကာကြယ္ေရးဦးစီးခ်ဳပ္က (၂)ႏွစ္ျပည့္လို႔ သူ႔ရဲ႕မူလတာဝန္ကို ျပန္အပ္ႏွင္းတယ္၊ တာဝန္အပ္ႏွင္းတာကို ပယ္ဖ်က္တယ္ဆိုတဲ့ က႑မ်ိဳးေရာက္ခဲ့လို႔ရွိရင္၊ တကယ္လို႔မ်ား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကသာ ပုဒ္မ ၄၂၅ ကို ကိုင္ၿပီး သုံးေတာ့မယ္ဆိုရင္ ခုနက ကာလ၊ အေရးေပၚကာလျပ႒ာန္းခ်က္ပါ ကာကြယ္ေရးဦးစီးခ်ဳပ္အတိုင္းပဲ ဥပေဒျပဳခြင့္ေရာ၊ အုပ္ခ်ဳပ္ေရးတရားစီရင္ေရးအားလုံးသည္ ကာလုံဆီေရာက္သြား တယ္။ ဟုတ္တယ္ အဲဒါမ်ိဳးျပ႒ာန္းထားတာ ကြၽန္ေတာ္ေတြ႕တယ္။
ေမး ။ ။ ဟုတ္တယ္ အဲဒီကာလုံေၾကာင့္ပဲ။ သူက အဲဒီကာလုံက ပုဒ္မ ၄၂၇ မွာ ကာလုံရဲ႕တာဝန္ ျပန္ေပၚလာတာ ေတြ႕ရတယ္။ ၄၂၇ မွာက်ေတာ့ သူ႔ရဲ႕ အာဏာ(၃)ရပ္ကို က်င့္သုံး ေဆာင္႐ြက္ လို႔ရတယ္။ အဲဒီမွာ (၂)ရပ္ကိုေတာ့ အျခားေသာ ႏိုင္ငံေတာ္အဆင့္၊ ျပည္ေထာင္စုအဆင့္၊ အာဏာပိုင္အဖြဲ႕ေတြကိုေ႐ြးခ်ယ္ၿပီးေတာ့ အာဏာကို ေပးခဲ့ လို႔ရတယ္လို႔ေျပာထားတယ္။ (၂) ခုေပးလို႔ရတယ္လို႔ သူက ေျပာထားတာေတြ႕ရတယ္။ ဥပေဒျပဳေရးေတာ့မပါ ဘူး။ ဥပေဒျပဳေရးေတာ့ မပါဘဲနဲ႔ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးကိုေတာ့ တျခားအဖြဲ႕ကို ထပ္ေပးလို႔ရေသးတယ္။ ဆိုေတာ့ နစကအစား ေနာက္ထပ္အဖြဲ႕တစ္ဖြဲ႕ ထပ္ေပၚလာမလားဆိုတဲ့ေတြးစရာေလးေတြ သြားေတြ႕တာေပါ့ ဆရာ။
ေျဖ ။ ။ ေပၚလာႏိုင္ေခ်မ်ားတယ္။ အေျခခံဥပေဒအတိုင္းဆက္သြားမယ္ဆိုရင္ ေနာက္ၿပီး ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက တာဝန္အပ္ႏွင္းတဲ့ကာလမွာ အစိုးရအဖြဲ႕အစည္းအသစ္တစ္ခုနဲ႔ဆက္ၿပီး (၆)လ ႏွစ္ႀကိမ္ သြားရမယ့္သေဘာေတြ႕တယ္။
ေမး ။ ။ သူက အဲဒီအဖြဲ႕ကလည္း ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ တာဝန္လႊဲအပ္တဲ့အဖြဲ႕လို႔ ဆိုတဲ့အဓိပၸါယ္သြား သက္ေရာက္ေနတယ္။
ေျဖ ။ ။ ဟုတ္တယ္။ အဲဒီအစိုးရအဖြဲ႕က မဟုတ္ဘူး။ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကပဲ က်င္းပရမွာ။ အဲဒီ ေတာ့ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ခုနက ဥပေဒျပဳမႈ၊ အုပ္ခ်ဳပ္မႈ၊ တရားစီရင္မႈအားလုံးရဲ႕အာဏာ (၃) ရပ္ကို ယူထားတယ္။ ဒါေပမယ့္ အုပ္ခ်ဳပ္ပိုင္ခြင့္နဲ႔ပတ္သက္လို႔ရွိရင္ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးကို အဖြဲ႕အစည္း တစ္ခုကိုေပးႏိုင္တယ္။ ဟုတ္ၿပီလား။ က်င္းပရမွာက်ေတာ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကပဲ ျပန္ၿပီးေတာ့ (၆)လအတြင္းမွာ၊ (၆)လအတြင္းမွာဆိုေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္က (၁)ႏွစ္ျပည့္လို႔ေပါ့ဗ်ာ။ သူ႔ရဲ႕တာဝန္အရ ဒါႀကီးကို Completion Report ေပးၿပီးတဲ့ေနာက္မွာ အဲဒီေပးတဲ့ေန႔ကစၿပီး (၆)လအတြင္း ဆိုတဲ့အခါမွာ တကယ္လို႔ မ်ား ျပန္တြက္ၾကည့္တာေပါ့။ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔ကစၿပီးေတာ့ (၆)လ ႏွစ္ႀကိမ္၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီသည္ ကာကြယ္ေရးဦးစီးခ်ဳပ္က တင္ျပလို႔ တရားဥပေဒစိုးမိုးေအာင္ ၿငိမ္ဝပ္ပိျပားေအာင္ ထပ္ၿပီးလုပ္ဖို႔ လိုအပ္တယ္လို႔ သုံးသပ္ရင္၊ ဆုံးျဖတ္ခဲ့ရင္ (၆)လ ႏွစ္ႀကိမ္ဆိုေတာ့ ဇန္နဝါရီ ၃၁ ရက္ ၂ဝ၂၄ ထိ သြားမွာ။ အဲဒီေတာ့ ပထမ (၆)လအတြင္းမွာပဲ ကာကြယ္ေရးဦးစီးခ်ဳပ္က “ကြၽန္ေတာ္ ပထမ (၆)လအတြင္းမွာ ေဆာင္႐ြက္ၿပီးပါၿပီလို႔ သတင္းပို႔ခဲ့လို႔ရွိရင္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ အဲဒီ (၆)လ၊ ဇူလိုင္လအတြင္းမွာ၊ ၂ဝ၂၃ ဇူလိုင္လ အတြင္းမွာ သူ႔ရဲ႕အာဏာကိုျပန္ယူမွာေပါ့။ ကာကြယ္ေရးဦးစီးခ်ဳပ္ဆီက။ အဲဒါဆို ဩဂုတ္လ (၁)ရက္ေန႔ကစၿပီး ေတာ့ (၆)လအတြင္းမွာ ေ႐ြးေကာက္ပြဲကို ကာလုံက က်င္းပေပးရမွာေပါ့။ အဲဒီကာလက မရွည္ဖို႔လည္း လိုအပ္သလို လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပေပးႏိုင္ေအာင္ လူထုကေရာ၊ ႏိုင္ငံတကာကေရာ၊ ထြက္ေပါက္တစ္ခု ရသြားေအာင္လို႔ျဖင့္ လုပ္ေပးဖို႔လိုအပ္တဲ့ကာလလို႔ ထင္တယ္။ မဟုတ္ရင္ ဒီလိုပဲ ပတ္ခ်ာလည္ ၿပီးကာမွ ဖြဲ႕စည္းပုံပါအတိုင္း၊ အေရးေပၚကာလျပ႒ာန္းခ်က္ပါအတိုင္း ဘယ္လိုသြားႏိုင္ပါတယ္။ ၃၉၉ ရယ္၊ ၄၁၇ ရယ္၊ ၄၂၅ ရယ္ ဒါေတြက တရားဝင္ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒမွာ ျပ႒ာန္းထားတဲ့ ဥပေဒျဖစ္တဲ့အခါမွာ ဘယ္လိုသြားၾကမလဲဆိုတာကေတာ့ ဥပေဒျပ႒ာန္းခ်က္ပါအတိုင္း ဘယ္လို က်င့္သုံးမွာလဲဆိုတာအေပၚမွာ မူတည္တယ္လို႔ ထင္ပါတယ္။
ေမး ။ ။ အဲဒီေတာ့ ဆရာ ခုနက ေထာက္ျပတဲ့အခ်က္မ်ိဳးဆိုရင္ေတာ့ တကယ္လို႔ေ႐ြးေကာက္ပြဲသာ မက်င္းပႏိုင္ ေအာင္ ဝိုင္းၿပီးေတာ့ ဖ်က္ၾကမယ္ဆိုရင္ေပါ့ေနာ္... ဝိုင္းဖ်က္ၾကမယ္။ ႏိုင္ငံတကာကလည္း ဖ်က္ဖို႔ ႀကိဳးစားေန တယ္။ ျပည္တြင္းကလည္း ဆူပူေသာင္းက်န္းအုံႂကြေနဦးမယ္ဆိုရင္ ကာလုံကေတာ့ ဆက္တိုက္ဆက္တိုက္ဆို သလို သူခ်ည္းပဲ ဆက္တိုက္အုပ္ခ်ဳပ္သြားတဲ့ အခြင့္အေရးမ်ိဳးျဖစ္သြားႏိုင္တဲ့ သေဘာမ်ိဳးျဖစ္ေနတာေပါ့။
ေျဖ ။ ။ အင္း။ အဲဒီလိုမ်ိဳး ျပ႒ာန္းထားပါတယ္။ ဒါႀကီးက ျပ႒ာန္းထားၿပီးသား ဥပေဒျဖစ္တဲ့အခါမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ဘက္ကလည္းပဲ ခုနက ကာလုံဆိုတာကို ပြင့္ပြင့္လင္းလင္းေျပာရရင္ ႏွစ္ေပါင္း (၁ဝ) ေက်ာ္ေရးဆြဲလာခဲ့တဲ့ အေျခခံမူေတြအေပၚမွာ အေျချပဳၿပီးမွ ဒီဖြဲ႕စည္းပုံႀကီး ထြက္လာတာကိုး။ အဲဒီေတာ့ ဘယ္လိုပဲေျပာေျပာေပါ့ ဟိုတုန္းကာလကဆို ဦးစိုးသိန္းတို႔ကလည္း ေျပာပါတယ္။ ဒီဖြဲ႕စည္းပုံႀကီးသည္ တပ္မေတာ္ကို အာဏာမသိမ္းဖို႔အတြက္ ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာသုံးသပ္ၿပီးမွ အေျခခံမူေတြနဲ႔ ျပ႒ာန္းထားတဲ့ ဥပေဒျဖစ္ပါတယ္ဆိုတာကို ျပန္ၾကည့္ရင္ အေျခခံဥပေဒတစ္ခုကိုပယ္ဖ်က္ၿပီးမွ တပ္မေတာ္က အာဏာရယူစရာ မလိုဘဲနဲ႔ ဒီလိုႏိုင္ငံေတာ္ရဲ႕ဒီလိုအေျခအေနေပါ့ဗ်ာ။ ပထမတစ္ဆင့္က အုပ္ခ်ဳပ္ေရးယႏၲရား ပ်က္မယ္။ အဲဒီလို ပ်က္ရင္လည္းပဲ အဲဒီလိုအုပ္ခ်ဳပ္ေရးယႏၲရားပ်က္တဲ့ဟာကို တည္ၿငိမ္ေအာင္ အပ္ႏွင္းႏိုင္တဲ့အဆင့္တစ္ခုရွိတယ္။ ဖြဲ႕စည္းပုံပါအတိုင္း ၄၁ဝ မွာ ပါတယ္။ ေနာက္တစ္ခါ ခုနကေျပာသလို ျပည္သူရဲ႕အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္လာတယ္ဆိုရင္လည္းပဲ အဲဒီလိုထိခိုက္တဲ့ Area ေလးေတြကို ကာလသတ္မွတ္ၿပီးမွ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကို အာဏာအပ္ႏွင္းတယ္။ သူက သူကိုယ္တိုင္မဟုတ္ရင္ သူ႔ရဲ႕စစ္ေဒသတိုင္းမႉးကို Martial Law နဲ႔ အုပ္ခ်ဳပ္ခြင့္ ေပးတယ္။ ဒါ ဒုတိယအဆင့္ေပါ့။
တတိယအဆင့္က်ေတာ့ ခုနကလို ႏိုင္ငံေတာ္ကို ဖ်က္လိုဖ်က္ဆီးလုပ္လာၿပီ၊ တိုင္းျပည္ႀကီးရဲ႕အခ်ဳပ္ျခာအာဏာ၊ တို႔တာဝန္အေရး (၃)ပါးကို ထိခိုက္လာၿပီ၊ လုယူဖို႔ ႀကိဳးစားလာၿပီဆိုရင္ ေနာက္ဆုံးတတိယအဆင့္ကိုက်တဲ့အခါမွာ ကာလုံသည္၊ သမၼတႀကီးသည္ေပါ့ဗ်ာ ကာကြယ္ေရးဦးစီးခ်ဳပ္ကို တစ္ႏွစ္ကာလ ဒါေတြကို ျပန္ၿပီးေတာ့ တည္ေဆာက္ႏိုင္ေအာင္ အာဏာအပ္ႏွင္းပိုင္ခြင့္ရွိတယ္။ လိုအပ္ရင္ (၆) လ (၂) ႀကိမ္ တိုးခြင့္ရွိတယ္။ ဒါ ဖြဲ႕စည္းပုံ က ေပးထားတာ။ အဲဒီလိုေပးထားၿပီးခါမွ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဒီဖြဲ႕စည္းပုံရဲ႕အႏွစ္သာရက ပါတီစုံ ဒီမိုကေရစီစနစ္နဲ႔ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြကိုဗ်။ အဲဒီေတာ့ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြရဲ႕ လက္က်န္ျဖစ္တဲ့ ဥပမာ - သမၼတေတြေပါ့ဗ်ာ။ အေၾကာင္းေၾကာင္းေၾကာင့္ လႊတ္ေတာ္ကာလ၊ အလြန္ကာလမွာ ဆိုရင္ ဒီပုဂၢိဳလ္ေတြကို ဆက္ၿပီးတာဝန္ေပးထားေသးတယ္။ အဓိက ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ေပၚလာတဲ့အထိ သူသည္ မူလတာဝန္မွာ ရွိရမယ္။ ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ေပၚတဲ့အထိဆိုတာက ေ႐ြးေကာက္ခံအစိုးရ တစ္ရပ္ ကိုဖြဲ႕စည္းဖို႔အတြက္ လႊတ္ေတာ္အမတ္ေတြ ေပၚလာတဲ့အထိ ေနာက္ကိုဆက္ေတြးရင္ ေ႐ြးေကာက္ပြဲႀကီး ေအာင္ေအာင္ျမင္ျမင္က်င္းပတဲ့အထိ အဲဒီကာလအထိ ႏိုင္ငံေတာ္ၿငိမ္းခ်မ္းေအးခ်မ္းေအာင္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြအားလုံး လြတ္လြတ္လပ္လပ္ မဲေပးပိုင္ခြင့္ရွိေအာင္လုပ္ရမယ့္အဖြဲ႕အစည္းသည္ တပ္မေတာ္အပါဝင္ လုံၿခဳံေရးအဖြဲ႕စည္းေတြျဖစ္တယ္။ အဲဒီလိုအဖြဲ႕အစည္းမ်ားကို ခုနကေျပာသလိုေပါ့၊ အပ္ႏွင္းႏိုင္တဲ့ပုဂၢိဳလ္က ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီေပါ့။ ဆိုေတာ့ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ခုနကဟာအတိုင္းေပါ့ ၄၂၅ က အတိုင္းေပါ့ဗ်ာ။ ထပ္ၿပီးေတာ့ (၂)ႏွစ္တာကာလေပးထားတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ခါ၊ ေ႐ြးေကာက္ပြဲက်င္းပဖို႔အတြက္ မလုံၿခဳံေသးပါဘူး။ ႏိုင္ငံေတာ္ရဲ႕အရပ္ရပ္က ဒီလိုျဖစ္ေနပါေသးတယ္။ ဟုတ္လား။ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ထပ္ၿပီးေတာ့ (၆)လ အာဏာအပ္ႏွင္းဖို႔ လိုအပ္ပါေသးတယ္လို႔တင္ျပခဲ့ရင္ ၄၂၅ အရ (၆) လ (၂) ႀကိမ္ေတာင္ ေပးခြင့္ရွိတယ္။ အဲဒီေတာ့ သူ႔မွာ ခုနကလို အခင္းအက်င္းတစ္ခုေပါ့ဗ်ာ။ ေ႐ြးေကာက္ပြဲအခင္း အက်င္း ေအာင္ေအာင္ျမင္ျမင္ျဖစ္ဖို႔အတြက္ (၃)ႏွစ္တာ ကာလေလာက္ေတာ့ ဖြဲ႕စည္းပုံပါအတိုင္းေပါ့ဗ်ာ။ ရတာ ေပါ့။
ေမး ။ ။ ဆိုေတာ့ ကြၽန္ေတာ္ အဲဒီမွာ တစ္ခု အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီက လူအင္အား အျပည့္ အဝရွိသလားဆိုတဲ့ေမးခြန္းေပါ့။ အျပည့္အဝေတာ့ မရွိဘူးဆိုတာကိုလည္း ေတြ႕ရတယ္။ ဆိုေတာ့ ကာလုံမွာ အခုကြၽန္ေတာ္တို႔ၾကည့္လိုက္ေတာ့ သမၼတေပါ့။ အရင္တုန္းက ၾကည့္လိုက္ေတာ့ သမၼတဦးဝင္းျမင့္ေပါ့။ သမၼတ(၃) ပါး ရွိတာေပါ့။ သမၼတ၊ ဒုသမၼတ (၂)ဦးနဲ႔ဆို (၃)ဦးေပါ့။ လႊတ္ေတာ္ဥကၠ႒က (၂)ေယာက္ရွိရမယ္ဆိုေတာ့ လႊတ္ေတာ္ဥကၠ႒က တစ္ေယာက္ပဲ့ေနတယ္။ သမၼတ(၃)ဦးမွာ တစ္ဦးပဲ့တယ္။ ေနာက္တစ္ခါ ႏိုင္ငံျခားေရးဝန္ႀကီး ကလည္း ရွိၿပီဆိုေတာ့ ဒီ(၁၁)ဦးမွာ (၂)ဦးပဲ ပဲ့တယ္ (၉)အျပည့္ရွိတယ္ဆိုတဲ့သေဘာသြားေတြ႕ရတယ္။ လက္ရွိ ကာလုံမွာ။ ဆိုေတာ့ လက္ရွိကာလုံသည္ (၉)ဦးတိတိ အျပည့္ရွိေနတဲ့အတြက္ ဒါက ဘယ္လိုေျပာမလဲဆိုေတာ့ ခိုင္မာတဲ့ကာလုံတစ္ခုျဖစ္တယ္လို႔ေျပာလို႔ရတယ္။ တခ်ိဳ႕ေတြက ေျပာသလို တမင္ အတင္းယူထားဟာလို႔ေျပာရ မလား။
ေျဖ ။ ။ မဟုတ္ဘူး။ ေပးထားတာ ရွိတယ္ဗ်။ ဒီဖြဲ႕စည္းပုံပါအတိုင္ပဲ။ သိပ္ၿပီး အေရးႀကီးတဲ့ကာလမ်ိဳးမွာ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို က်င္းပပိုင္ခြင့္သည္ ဥပမာ - ႏိုင္ငံျခားေရးဝန္ႀကီးပါဖို႔ မလိုဘူး။ ကာကြယ္ေရး ဦးစီးခ်ဳပ္ရယ္ ႏိုင္ငံေတာ္သမၼတ အပါအဝင္ေပါ့ဗ်ာ။ ကာကြယ္ေရးဦးစီးခ်ဳပ္ရယ္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ရယ္ နယ္စပ္လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ ဝန္ႀကီးရယ္၊ ျပည္ထဲေရးရယ္ ကာကြယ္ေရးဝန္ႀကီးရယ္ အဲဒီလိုအဝိုင္းအဝန္းနဲ႔ကို က်င့္ပခြင့္ရွိတယ္။ က်င္းပၿပီးတဲ့အခါမွာ ခုနက ဆုံျဖတ္ပိုင္ခြင့္ရွိတယ္။ အဲဒီလိုဟာကို အနီးဆုံး လႊတ္ေတာ္ကို တင္ျပရမယ္ဆိုတဲ့ဟာကေတာ့ ျပ႒ာန္းထားတာရွိတယ္။ ဆိုေတာ့ က်င္းပပိုင္ခြင့္ရွိတယ္။ ကာလုံမွာ Members စုံစရာမလိုဘူး။ အေရးေပၚကာလမလို႔ ဒီပုဂၢိဳလ္၊ ဒီပုဂၢိဳလ္ေတြနဲ႔ က်င္းပခြင့္ရွိတယ္။ ဒါေပမယ့္လို႔ အနည္းဆုံး ဘယ္ေလာက္ကာလအတြင္းမွာ ျပန္ၿပီးေတာ့ Report လုပ္ရမယ္။ ဆိုေတာ့ ဥပေဒအရ က်င္းပပိုင္ခြင့္ ဆုံးျဖတ္ပိုင္ ခြင့္ရွိပါတယ္။
ေမး ။ ။ ေနာက္တစ္ခ်က္က အဲဒီမွာ ႏိုင္ငံေတာ္ရဲ႕အေရးေပၚအေျခအေန တစ္ခုခုႀကဳံလာတဲ့အခါ အခုလိုမ်ိဳး အေရးေပၚကာလတစ္ခု လုပ္ေတာ့မယ္ဆိုရင္ ႏိုင္ငံေတာ္သမၼတကို တင္ျပၿပီးေတာ့မွ လုပ္ရမယ္ဆိုတာကိုေျပာ တယ္။ အဲဒီေတာ့ အဲဒီမွာ ျပႆနာအႀကီးႀကီးရွိသြားတာက ႏိုင္ငံေတာ္သမၼတက အဲဒီတုန္းက ဦးဝင္းျမင့္ပါ။ ဘာျဖစ္လို႔ ဦးဝင္းျမင့္ကိုလာၿပီးေတာ့ မတင္ျပဘဲနဲ႔ ဦးဝင္းျမင့္ကို လာဖမ္းၿပီးေတာ့ ဒုတိယသမၼတျဖစ္တဲ့ ဦးျမင့္ေဆြ ကို လုပ္ရပါသလဲဆိုတဲ့ေမးခြန္းေတြက ေတာ္ေတာ္ေလး ပြဲဆူတာေပါ့ေနာ္။ အခုထိလည္း အဲဒီေမးခြန္းေတြက အေျဖ မထြက္ႏိုင္ေသးဘူး။ ဦးဝင္းျမင့္က သမၼတေလ။ သမၼတ မရွိဘဲလုပ္တယ္ဆိုတာ ဒါတရားမဝင္ဘူး။ အဲဒီလိုေခါင္းစဥ္ နဲ႔ ဝိုင္းေျပာၾကတာရွိတယ္။ ဆိုေတာ့ အဲဒါကို ဆရာက ဘယ္လိုမ်ား ရွင္းခ်က္ထုတ္ခ်င္လဲ။
ေျဖ ။ ။ အဲဒီေတာ့ ႏိုင္ငံေတာ္သမၼတႀကီးရဲ႕အရည္အခ်င္းဆိုတဲ့ျပ႒ာန္းခ်က္တစ္ခု အခန္းတစ္ခုပါတယ္။ အဲဒီမွာ ပုဒ္မ ၆၂ ထင္တယ္ဗ်။ ကြၽန္ေတာ္မွတ္မိသေလာက္ ပုဒ္မ ၆၂ မွာ ဘာျပ႒ာန္းထားသလဲဆိုရင္ ႏိုင္ငံေတာ္သမၼတ (သို႔မဟုတ္) ဒုတိယသမၼတမ်ားသည္ မည္သည့္လႊတ္ေတာ္ကိုယ္စားလွယ္မွ် မျဖစ္ေစရဘူးဆိုတာပါတယ္။ အဲဒီေတာ့ တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္သမၼတျဖစ္ၿပီးရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကလည္းပဲ အဲဒီေၾကညာ တဲ့ ေန႔ကစၿပီးေတာ့ ႏႈတ္ထြက္ၿပီးသားျဖစ္တယ္ဆိုတာကို ျပ႒ာန္းထားတယ္ဗ်။ အဲဒါ ပုဒ္မ ၆၃ မွာ ျပ႒ာန္းထားတ ယ္။ အဲဒီေတာ့ ႏိုင္ငံေတာ္သမၼတသည္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္မွာလား ဆိုလည္း မဟုတ္ဘူး။ ႏိုင္ငံေတာ္ သမၼတသည္ လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ႏိုင္တယ္။ အစိုးရဝန္ထမ္းလည္း ျဖစ္ႏိုင္တယ္။ မဟုတ္ဘူးလား။ မည္သည့္ပုဂၢိဳလ္၊ အစိုးရဝန္ထမ္းမဟုတ္တဲ့ ပုဂၢိဳလ္လည္းျဖစ္ႏိုင္တယ္။ သို႔ေသာ္လည္းပဲ အခုနကေျပာသလို အစိုးရ ဝန္ထမ္းဆိုရင္လည္း အဲဒီကာလမွာ သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ၿပီးရင္ အဲဒီတာဝန္က အၿငိမ္းစားယူၿပီး ျဖစ္တယ္။ ဆိုေတာ့ ႏိုင္ငံေတာ္သမၼတနဲ႔ပတ္သက္တဲ့ျပ႒ာန္းခ်က္ေတြက ပီပီျပင္ျပင္ရွိတယ္။ ဆိုေတာ့ ဘာတစ္ခု ေတြ႕လည္းဆိုရင္ ဥပမာ - ဆိုပါစို႔ဗ်ာ ပုဒ္မ ၆၂ ကို ေျပာင္းျပန္ေတြးၾကည့္ေပါ့။ ႏိုင္ငံေတာ္သမၼတသည္ ႏိုင္ငံေတာ္ သမၼတျဖစ္တဲ့ေန႔ကစၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္ရဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့လူလည္း အဲဒီေန႔ ကစၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္က ႏႈတ္ထြက္ၿပီးသားျဖစ္ရမယ္။ ႏိုင္ငံေတာ္သမၼတရဲ႕အေနအထားေပါ့။ သာမန္ပုဂၢိဳလ္တစ္ေယာက္ကိုလည္းပဲ လႊတ္ေတာ္ဘက္က အဆိုျပဳၿပီးခါမွ ႏိုင္ငံေတာ္သမၼတအျဖစ္ တင္ေျမႇာက္ႏိုင္ တယ္။ ဆိုေတာ့ ႏိုင္ငံေတာ္သမၼတရဲ႕လုပ္ပိုင္ခြင့္က အမ်ားႀကီးရွိတာကို ။
သူ႔ရဲ႕ကာလသည္ အခုနကေျပာသလို သတ္မွတ္တဲ့ (၅)ႏွစ္တာကာလအတြင္းမွာ ရွိမွာလား။ က်န္းမာေရးေၾကာင့္ လည္းပဲသူ႔ကို ႏႈတ္ထြက္ခြင့္ ၇၃ မွာေပးထားတယ္။ သူ႔ရဲ႕ဘာေခၚမလဲဗ်ာ အၿငိမ္းစားယူခြင့္လည္းေပးထားတယ္။ တစ္နည္းအားျဖင့္ ဘယ္လိုေျပာမလဲ သူ႔ရဲ႕စြမ္းေဆာင္ရည္က်သြားလို႔ေပါ့ဗ်ာ။ အေၾကာင္းေၾကာင့္ တစ္ခုခုေၾကာင့္ လည္းပဲ ႏိုင္ငံေတာ္သမၼတရာထူးကေန ၇၃ (က) အရေပါ့ဗ်ာ။ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းကိုျပန္ၾကည့္ ရင္ သမၼတႀကီးဦးသိန္းစိန္ေပါ့။ ႏိုင္ငံေတာ္သမၼတတာဝန္ကို ထမ္းေဆာင္ေနတဲ့ကာလမွာ မည္သည့္ပါတီ၊ မိမိပါတီ ရဲ႕လႈပ္ရွားမႈေတြမွာမွ ပါဝင္ခြင့္ မရွိေစရဆိုတဲ့ပုဒ္မတစ္ခု ျပ႒ာန္းထားတာရွိတဲ့အခါမွာ ႏိုင္ငံေတာ္သမၼတအျဖစ္ သမၼတႀကီးဦးသိန္းစိန္က ဟိုတုန္းက USDP ဥကၠ႒ကို စၿပီး ျဖစ္တာနဲ႔တစ္ၿပိဳင္တည္းမွာပဲ ပါတီရဲ႕ ဥကၠ႒ ရာထူးကို စြန႔္ဖို႔၊ မစြန႔္ဖို႔ဆိုတဲ့ဥစၥာက ဖြဲ႕စည္းပုံပါ ဒြိဟေလးေတြျဖစ္လာတယ္။ အဲဒီေနာက္ပိုင္းမွာ ဖြဲ႕စည္းပုံပါအတိုင္းပဲ သမၼတႀကီးက ပါတီဥကၠ႒က စြန႔္တယ္။ သူရဦးေ႐ႊမန္းက ပါတီဥကၠ႒တာဝန္ ကိုယူတယ္။
အဲဒီေနာက္မွာ ၂ဝ၁၅ ေ႐ြးေကာက္ပြဲကို ေရာက္ေတာ့မယ့္ကာလမွာ သမၼတႀကီးဦးသိန္းစိန္သည္ လႊတ္ေတာ္ကိုယ္ စားလွယ္အျဖစ္ ေ႐ြးေကာက္ခံမွာလား၊ သမၼတႀကီးျဖစ္ႏိုင္တဲ့အရည္အေသြးက လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္စရာ မလိုဘူး။ သာမန္လူပုဂၢိဳလ္တစ္ဦးကိုလည္းပဲ သူ႔ပါတီက ႀကိဳက္လို႔ရွိရင္ သမၼတႀကီးအျဖစ္ တင္ေျမႇာက္ႏိုင္တဲ့ ဖြဲ႕စည္းပုံက ျပ႒ာန္းခ်က္ရွိတဲ့အခါမွာ ဦးသိန္းစိန္က လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ မၿပိဳင္ဘူးဗ်။ ၂ဝ၁၅ အခင္းအ က်င္းမွာ တစ္နည္းအားျဖင့္ ျပည္ခိုင္ၿဖိဳးပါတီဝင္လူႀကီးပိုင္း အားလုံးနီးပါးက ဒီဖြဲ႕စည္းပုံပါျပ႒ာန္းခ်က္ကို ၾကက္ယက္သလို တစ္ခုခ်င္းတစ္ခုသိတယ္။ ဘယ္လိုဘယ္လို ျပ႒ာန္းထားတယ္။ တစ္ခုၿပီးတစ္ခု ဘယ္လိုျဖစ္ေန တယ္ဆိုတာကို အကုန္သိတယ္။ အဲဒါေၾကာင့္လည္း အဲဒီအခင္းအက်င္းေလးျဖစ္မွာကိုေၾကာက္လို႔ သမၼတႀကီး ဦး သိန္းစိန္လက္ထက္က လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္အေ႐ြးခ်ယ္မခံဘူး။ အဲဒီေတာ့ အခုအခင္းအက်င္းကို ျပန္ၾကည့္တဲ့အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သြားၿပီဆိုတာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာေပးရ တယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာေပးဖို႔အတြက္ ေ႐ြးေကာက္ပြဲတစ္ခုကို ျဖတ္သန္းရတယ္။ အဲဒီမတိုင္ ခင္ေလးမွာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အမတ္ေလာင္းေတြကို သက္ဆိုင္ရာပါတီက ေ႐ြးရတယ္။ အဲဒီကာလ မွာ ကြၽန္ေတာ္ထင္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွာ ဦးဝင္းျမင့္သည္ ဒီသမၼတ (၅)ႏွစ္ပဲဆိုတာ ရွိပါလိမ့္ မယ္။ အဲဒါေၾကာင့္လည္း သမၼတႀကီးဦးဝင္းျမင့္ သမၼတႀကီးအလြန္ကာလမွာ လႊတ္ေတာ္အမတ္အျဖစ္ လႊတ္ေတာ္ အတြင္းကို ျပန္ေရာက္ႏိုင္ေအာင္ဆိုတဲ့အခင္းအက်င္းတစ္ခုရွိလို႔သာ ကိုယ္စားလွယ္အျဖစ္ ေ႐ြးတယ္။ ေ႐ြးေကာက္ပြဲအခင္းအက်င္းကို ၿပိဳင္ၾကတယ္။ ေ႐ြးေကာက္ပြဲအခင္းအက်င္းကို က်င္းပရင္းနဲ႔ အခုလိုအေရးေပၚ ကာလျပ႒ာန္းခ်က္ပါအတိုင္း ျဖစ္လာေတာ့မယ္ဆိုတဲ့ျဖစ္လာတဲ့ကာလမွာ သမၼတႀကီးဦးဝင္းျမင့္သည္ လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္က အေ႐ြးေကာက္ခံၿပီးသားျဖစ္ေနတယ္။ အဲဒီေတာ့ ဖြဲ႕စည္းပုံပါအတိုင္း အာဏာက overleft ေပးၿပီးသား လႊတ္ေတာ္ကိုယ္စားလွယ္က ႀကိဳၿပီးလာရတယ္။ က်မ္းက်ိန္ရတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ၂ဝဝ၈ ဖြဲ႕စည္းပုံ အရၾကည့္ရင္ သမၼတရဲ႕အုပ္ခ်ဳပ္ေရးယႏၲရား၊ အစိုးရအဖြဲ႕ယႏၲရား တစ္လေလာက္ေနာက္ဆုတ္တယ္။ တစ္နည္းအားျဖင့္ ဇန္နဝါရီလ (သို႔မဟုတ္) ေဖေဖာ္ဝါရီလေလာက္မွာ လႊတ္ေတာ္ေတြကို ျပန္ေခၚရတယ္။ ၿပီးရင္ အစိုးရတစ္ရပ္ရဲ႕အဂၤါရပ္ေတြ အကုန္လုံးေပၚေအာင္ လႊတ္ေတာ္တြင္းက ဖြဲ႕စည္းရတယ္။ ၿပီးမွ ဧၿပီလ ၁ ရက္ေန႔၊ တစ္နည္းအားျဖင့္ မတ္လ ၃၁ ရက္ေန႔မွာ လက္ရွိအစိုးရတစ္ရပ္ရဲ႕အုပ္ခ်ဳပ္ေရးယႏၲရားကို ဒီဘက္က ဖြဲ႕စည္းလိုက္ တဲ့ အစိုးရယႏၲရားကို ျပန္ၿပီးအာဏာလႊဲႏိုင္ေအာင္ ဖြဲ႕စည္းပုံက ဒီတိုင္းထားတာ။ တစ္လေလာက္ျဖစ္တာေပါ့။
သမၼတႀကီးဦးဝင္းျမင့္သည္ လႊတ္ေတာ္ကိုယ္စားလွယ္မဟုတ္ခဲ့ဘူးဆိုရင္ အခုလိုအခင္းအက်င္းမ်ိဳးကလည္း ျဖစ္လာၿပီဆိုရင္ သူသည္သမၼႀကီးအျဖစ္ ဆက္ၿပီးေတာ့ မတ္လ ၃၁ ရက္ေန႔အထိ သူဆက္ၿပီးေတာ့ အာဏာကို ယူ သြားရမယ့္အေနအထားရွိတယ္။ ဒါေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအျဖစ္ ေ႐ြးေကာက္ခံလိုက္တဲ့အခါက် ေတာ့ ပုဒ္မ ၆၂ ကို ျပန္ၾကည့္ရင္ေတာင္မွ လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္ရဘူး။ သမၼတႀကီးျဖစ္မယ္ဆိုရင္။ အဲဒီ ေတာ့ သမၼတႀကီးျဖစ္ထားတဲ့လူက လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေနၿပီဆိုရင္ အဲဒီေန႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အခင္းအက်င္းမွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ က်မ္းက်ိန္သြားေတာ့မယ္။ က်မ္းက်ိန္ရေတာ့မယ့္ အေန အထားျဖစ္သြားၿပီ။ တစ္နည္းအားျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ သူသြားေတာ့မယ္။ တာဝန္ႏွစ္ခုကို မယူရ တဲ့ ပုဒ္မ ၆၂ ကလည္းရွိေနၿပီ။ ဆိုေတာ့ အဲဒီႏွစ္ခုရဲ႕ၾကားမွာ အဟကို လက္ရွိအေနအထားအရ တစ္နာရီေလာက္ ထင္ပါတယ္။ အဲဒီၾကားထဲမွာ သမၼတႀကီးရဲ႕တာဝန္က လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးရဲ႕တာဝန္ကို ယူရေတာ့ မယ့္ကာလမို႔လို႔ သမၼတႀကီးတာဝန္ရပ္စဲေတာ့မယ့္ကာလ၊ တစ္နည္းအားျဖင့္ ဖြဲ႕စည္းပုံပါအတိုင္း ယာယီသမၼတ အျဖစ္ ဒုတိယသမၼတကို တင္ရမွာကို အဲဒီကာလေလးၾကားမွာ လက္ရွိအခင္းအက်င္းျဖစ္တယ္လို႔ သုံးသပ္ပါတယ္။
ဥပေဒအရျပန္ၾကည့္ရင္ေတာ့ ဒီလိုအဟေလးေတြကေတာ့ရွိပါတယ္။ ဥပမာ ၂၁၇ ကို ၾကည့္ပါလား ။ အေျခခံဥပေဒ ပုဒ္မ ၂၁၇ အရ အုပ္ခ်ဳပ္ေရးယႏၲရားရွိတဲ့ ပုဂၢိဳလ္တစ္ဦးဦး (သို႔မဟုတ္) အဖြဲ႕အစည္းတစ္ခုခုကို ႏိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားကို အပ္ႏွင္းႏိုင္တယ္ဆိုတာနဲ႔ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ရာထူး နဲ႔ ဝင္လာတာကို အဲဒီမတိုင္ခင္မွာ ၂ဝ၁ဝ အခင္းအက်င္းမွာလည္း အဲဒီ ၂၁၇ နဲ႔ပဲ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊနဲ႔ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးေမာင္ေအးတို႔က ႐ုံးအမွတ္ ဘယ္ေလာက္ဘယ္ေလာက္ဆို တာ ေမြးျမဴေရးနဲ႔ ေရလုပ္ငန္းဝန္ႀကီးဌာနေရွ႕က ႐ုံးေလးရွိတယ္ဗ်။ archive နဲ႔ ယဥ္ေက်းမႈျပတိုက္ၾကားမွာေလ အဲဒီ႐ုံးကိုလာမယ္ဆိုတာ ကြၽန္ေတာ္တို႔က လႊတ္ေတာ္တြင္းကၾကားတာေပါ့။ ဒါေပမယ့္ သမၼတႀကီး ဦးသိန္းစိန္ ေပၚလာတာေပါ့ဗ်ာ။ ၂၁၇ အရ ေျပာတာပါ။
အဟေလးေတြရွိသလို အခု ၄၂၅ မွာလည္း အဟေလးေတြရွိတယ္။ ခင္ဗ်ားတို႔ ျပန္ၾကည္ေလ။ ခုနက ၄၁၇ အရ အပ္ႏွင္းတယ္။ မဟုတ္ဘူးလား။ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အပ္ႏွင္းတယ္။ ကာလုံဦးေဆာင္တဲ့သမၼတႀကီးက အပ္ႏွင္းတယ္။ ဒါေပမယ့္ ခုနကလို (၂)ႏွစ္တာကာလအတြင္းမွာ ႏိုင္ငံေတာ္ရဲ႕ေ႐ြးေကာက္ပြဲအသစ္တစ္ရပ္ကို က်င္းပႏိုင္ေလာက္ေအာင္ လုံၿခဳံမႈနဲ႔ ဥပေဒစိုးမိုးမႈမရွိေသးဘူးဆိုခဲ့လို႔ရွိရင္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အက်ိဳး အေၾကာင္းနဲ႔ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကိုတင္ျပႏိုင္တဲ့ ပုဒ္မတစ္ခါ ၄၂၅ မွာ ဖြင့္ထားတယ္။ အဲဒီေတာ့ (၆) လတစ္ႀကိမ္ထပ္သြားလို႔ရျပန္တယ္။ ဆိုေတာ့ ဒီလိုပုဒ္မေတြ ဘယ္ေလာက္ရွိသလဲဆိုတာကို ေသခ်ာ ရွာရင္ေတာ့ ျဖင့္ ေတြ႕ႏိုင္ပါေသးတယ္။
ေမး ။ ။ ကြၽန္ေတာ္တို႔ကလည္း အဲဒါကိုၾကည့္ၿပီးေတာ့ နားလည္လိုက္တာကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဦးဝင္းျမင့္က သမၼတရဲ႕အရည္အခ်င္းပ်က္ယြင္းသြားတယ္ေပါ့။ ေဖေဖာ္ဝါရီလ ၁ ရက္မနက္မွာ ပ်က္ယြင္းသြားတဲ့ အခ်ိန္မွာပဲ တပ္မေတာ္က ဒါကိုအခ်ိန္အခါေကာင္းယူၿပီးေတာ့ ယာယီသမၼတလို႔သတ္မွတ္လို႔ရတဲ့ ဦးျမင့္ေဆြ၊ ဒုသမၼတ (၁)ကို ယာယီသမၼတလို႔တင္ၿပီးေတာ့ ဒီကာလုံကိုေခၚၿပီးေတာ့ လက္ရွိသူတို႔ အာဏာအလႊဲအေျပာင္းကို ရေအာင္ ထိန္းသြားတဲ့သေဘာလို႔ ေဘးကၾကည့္တာ ျမင္လိုက္ရပါတယ္။
ေျဖ ။ ။ ဟုတ္တယ္ဗ်။ ယာယီသမၼတသည္ ဖြဲ႕စည္းပုံပါအတိုင္း ဆိုရင္ေပါ့ဗ်ာ။ တကယ္လို႔မ်ား ျပည္ေထာင္စု လႊတ္ေတာ္ကလည္း ရွိေနေသးတယ္။ လႊတ္ေတာ္ကလည္း ရွိေနေသးတယ္ဆိုရင္ေတာ့ ထပ္ၿပီးေတာ့ ဒုတိယသမၼတတစ္ဦး ထပ္ေ႐ြးရေတာ့မွာေပါ့။ ကာလသတ္မွတ္ခ်က္ရွိပါတယ္။ တစ္ပတ္အတြင္းမွာ လႊတ္ေတာ္ က်င္းပေနစဥ္ဆိုရင္ သမၼတႀကီးလစ္လပ္လို႔ ဒုတိယသမၼတက သမၼတရာထူး ယာယီယူရလို႔ရွိရင္ တစ္ပတ္အတြင္း မွာ လႊတ္ေတာ္ကိုက်င္းပေပးရမယ္။ အဲဒီေတာ့ သူ႔ရဲ႕အဝန္းအဝိုင္းထဲကေပါ့ဗ်ာ။ အစုထဲကေပါ့ဗ်ာ။ ဥပမာ - ျပည္သူ႔ လႊတ္ေတာ္အစုလား၊ အမ်ိဳးသားလႊတ္ေတာ္အစုလား၊ တပ္မေတာ္အစုလား အဲဒီအစုထဲက ဒုတိယသမၼတတစ္ဦးကို ထပ္ေ႐ြးရမယ္။ အကယ္၍မ်ား လႊတ္ေတာ္က်င္းပတဲ့ကာလမဟုတ္ဘူးဆိုရင္ လႊတ္ေတာ္ေခၚႏိုင္ေအာင္ (၂၁) ရက္ ၾကားခံသတ္မွတ္ေပးရတယ္။ အဲဒီမွာ ဒုတိယသမၼတ သုံးဦးထဲကေန ျပည္ေထာင္စုလႊတ္ေတာ္မွာ သမၼတႀကီး တစ္ဦးကိုျပန္ေ႐ြးရမယ္။ အခုကာလက လႊတ္ေတာ္က်င္းပတဲ့ကာလ မဟုတ္ဘူး။ လႊတ္ေတာ္မရွိတဲ့ ကာလမ်ိဳး ျဖစ္တဲ့အခါမွာ အေရးေပၚအေျခအေနအရ ယာယီသမၼတအျဖစ္ ဒုတိယသမၼတ(၁)သည္ ဖြဲ႕စည္းပုံပါအတိုင္း ယာယီသမၼတ အျဖစ္ ယူခြင့္ရွိတယ္။ အဲဒီေတာ့ ယာယီသမၼတအျဖစ္ ယူခြင့္ရွိတဲ့ ဒုတိယသမၼတ (၁)ဦးျမင့္ေဆြသည္ လက္ရွိကာလမွာ သမၼတႀကီးတစ္ဦးအျဖစ္ပဲ ေ႐ြးေကာက္ခံသမၼတႀကီးတစ္ဦးေပၚတဲ့အထိ သူက အုပ္ခ်ဳပ္ေရး ယႏၲရားကို ဆက္ၿပီးေတာ့ ကိုင္ခြင့္ ဖြဲ႕စည္းပုံမွာေပးထားတယ္။ အဲဒီမွာ လႊတ္ေတာ္ဥကၠ႒ေတြလည္း ပါတယ္။ ဒုတိယသမၼတေတြလည္း ပါတာေပါ့။ အဲဒီယႏၲရားကလည္း ရွိကို ရွိတယ္။ အာဏ မအပ္ႏွင္းႏိုင္သမွ်ကာလပတ္လုံး ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ရွိေနမယ္။ ယာယီသမၼတ ဦးျမင့္ေဆြရွိေနမယ္။ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ ရွိေနမယ္။ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ရွိရင္လည္း အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ရွိေနမယ္။
ေမး ။ ။ ဒါကိုအႏွစ္ခ်ဳပ္အေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ (၁)ရက္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ကာလုံကို ဘယ္လိုပဲတင္တင္ အဲဒီတစ္ႏွစ္လုံးကေတာ့ ကာလုံရဲ႕ဦးေဆာင္မႈနဲ႔ဆက္သြားၿပီး အုပ္ခ်ဳပ္မယ္။ ဒါေပမယ့္ အဓိကကေတာ့ လူထုသိဖို႔လိုတာကေတာ့ အဲဒီတစ္ႏွစ္အတြင္းမွာ ေ႐ြးေကာက္ပြဲ ေပၚလာေအာင္သာ ဝိုင္းဝန္းၿပီးေတာ့ ထိန္းေက်ာင္းဖို႔သင့္တယ္။ ပ်က္ေအာင္လုပ္ရင္ေတာ့ အရပ္သား ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ ေပၚလာဖို႔ဆိုတာ အလွမ္းေဝးမယ့္သေဘာလို႔ ပြိဳင့္ထုတ္လို႔ရမလား။
ေျဖ ။ ။ မွန္တယ္။ အဲဒီအတိုင္းပဲသြားမယ္။ သြားဖို႔လည္း ဒီဖြဲ႕စည္းပုံက ေပးထားတာ။ ဆိုေတာ့ ကြၽန္ေတာ္တို႔ ကေတာ့ျဖင့္ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ တပ္မေတာ္ဘက္ကလည္း တတ္ႏိုင္သေလာက္ ေ႐ြးေကာက္ပြဲႀကီးတစ္ခု ျဖစ္ေအာင္ ဦးတည္ခ်က္ႀကီးငါးရပ္နဲ႔ သူႀကိဳးစားပမ္းစားတည္ေဆာက္ေနတာကို ေတြ႕တယ္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္သည္လည္းပဲ အခုလိုအခင္အက်င္းထပ္မေပၚႏိုင္ေအာင္ ေ႐ြးေကာက္ပြဲစနစ္ကိုလည္း ပုံစံေျပာင္းဖို႔ ႀကိဳးစားေနတာကိုလည္း ေတြ႕တယ္။ အဲဒီေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ လာမယ့္ဇန္နဝါရီလ ၃၁ ရက္မွာပဲ ကာကြယ္ေရးဦးစီးခ်ဳပ္က တင္ျပတဲ့အစီရင္ခံစာသည္ ဘယ္လိုေရွ႕ဆက္သြားမွာလဲ။ ၄၂၅ နဲ႔ ေရွ႕ဆက္သြားမွာလား။ အဲဒီကာလမွာပဲ ယာယီသမၼတႀကီးကို အာဏာအပ္ႏွင္းႏိုင္တဲ့အထိ သူ႔ဘက္က Report က ေပးမွာလား။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီႏွစ္ႏွစ္တာကာလ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ကာလက ဇန္နဝါရီ ၃၁ မွာ ၿပီးမွာေပါ့။ ဖြဲ႕စည္းပုံ အရေတာ့ျဖင့္ ကာလုံပဲလုပ္လုပ္၊ သမၼတႀကီးပဲလုပ္လုပ္ အစိုးရအသစ္တစ္ရပ္ကေတာ့ ေပၚလာမယ္။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္တစ္ရပ္ကလည္း ေပၚလာမယ္။ အဲဒီအခင္းအက်င္းေတြကေတာ့ အခုေတြ႕ေန ရပါတယ္။ အဲဒီေတာ့ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲႀကီးတစ္ခုကိုက်င္းပႏိုင္မွပဲ လက္ရွိ အက်ပ္ အတည္းကို ေက်ာ္လႊားႏိုင္မယ္။
ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္ကလည္း အျမန္ဆုံး အာဏာကိုလႊဲေပးခ်င္တဲ့သေဘာေတာ့ ေတြ႕ပါတယ္။ ဆိုေတာ့ ျမန္ျမန္ေလး လႊဲေပးႏိုင္ေအာင္ ေ႐ြးေကာက္ပြဲႀကီးတစ္ခု ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္ေအာင္ ဝိုင္းဝန္းကူညီဖို႔က လိုအပ္ပါတယ္။ လာမယ့္အစိုးရအသစ္ကပင္ ဒီပတ္ဝန္းက်င္မ်ိဳးဖန္တီးႏိုင္ေအာင္ ဆက္ၿပီးႀကိဳးစားရမွာျဖစ္ပါ တယ္။ ႏိုင္ငံတကာဘက္ကေရာ၊ အာဆီယံဘက္ကေရာ၊ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားအားလုံး ဘက္ကေရာ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒီထြက္ေပါက္က ျမန္ျမန္ထြက္ႏိုင္ေအာင္ မဟုတ္ဘူးလား။ ဖြဲ႕စည္းပုံအၾကပ္ အတည္းကိုလည္းေက်ာ္လႊားႏိုင္ေအာင္ ျမန္မာႏိုင္ငံရဲ႕လက္ရွိ လက္နက္ကိုင္ပဋိပကၡ၊ ႏွစ္ေပါင္း(၇၅) ႏွစ္ေလာက္ ျဖစ္လာတဲ့ဥစၥာကိုလည္း ေက်ာ္လႊားႏိုင္ေအာင္ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ ဘုံသေဘာထားတစ္ခုရဖို႔၊ ဒီအၾကပ္အတည္းမ်ိဳးမႀကဳံရေအာင္ ဘယ္လိုေရွ႕ဆက္သြားမလဲဆိုတဲ့ ႏိုင္ငံသစ္တည္ေဆာက္ႏိုင္တဲ့ ဦးတည္ခ်က္ မ်ိဳးနဲ႔ ဒီအၾကပ္အတည္းကို ေအာင္ျမင္ေအာင္ေက်ာ္လႊားဖို႔ လိုအပ္မယ္လို႔ထင္ပါတယ္။
ဒီအၾကပ္အတည္းကိုဒီအတိုင္းထားလိုက္ရင္ေတာ့ျဖင့္ ဒီလိုပဲ သံသရာဆက္ၿပီးေတာ့ တစ္ေက်ာ့ၿပီးတစ္ေက်ာ့ ၊ တစ္ နည္းအားျဖင့္ ေသြးေျမက်မႈနဲ႔ အမုန္းသံသရာေပါ့ဗ်ာ။ ဆက္ၿပီးလည္ေနမယ္ထင္ပါတယ္။ အဲဒါေၾကာင့္ ျမန္ျမန္ ေလး ႏိုင္ငံေတာ္တစ္ခုလုံးနဲ႔ခ်ီၿပီးကာမွ ဒီအၾကပ္အတည္းကိုေက်ာ္လႊားဖို႔ ဘက္ေပါင္းစုံက ႀကိဳးစားၾကေစခ်င္ တယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္းပဲ ျမန္မာ့ႏိုင္ငံေရးအၾကပ္အတည္းကို ဒီတိုင္းမထားဘဲနဲ႔ အျပဳသေဘာနဲ႔ ခ်ဥ္းကပ္ေစခ်င္တယ္။ လူထုရသင့္ရထိုက္တဲ့ ဒီမိုကေရစီအခြင့္အေရးကို အျမန္ဆုံးရေအာင္ ပံ့ပိုးကူညီေစခ်င္တယ္။ အမုန္းသံသယနဲ႔ေပါ့ဗ်ာ ေသြးေျမက်မႈ သံသရာရွည္ေအာင္ အားေပးကူညီတာမ်ိဳးကို ရပ္သင့္တယ္လို႔ ကြၽန္ေတာ္တို႔ ဘက္က ျမင္ပါတယ္။ အိမ္နီးနားခ်င္းႏိုင္ငံမ်ားဘက္ကလည္းပဲ မိတ္ဖက္သေဘာနဲ႔ဝိုင္းဝန္းကူညီၿပီးမွ အကုန္လုံး ပူးေပါင္းၿပီးမွ ၿငိမ္းခ်မ္းေအာင္၊ ဖြံ႕ၿဖိဳးေအာင္၊ တိုးတက္ေအာင္ (၇၅)ႏွစ္တာ လြတ္လပ္ေရးရဲ႕အရသာကို လူထု အားလုံး ခံစားႏိုင္ေအာင္ ဝိုင္းဝန္းကူညီေစခ်င္တယ္။ တပ္မေတာ္အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံး ေသြးေျမက်မႈရပ္ေအာင္ ႏိုင္ငံေရးသေဘာတူညီခ်က္၊ ဘုံသေဘာတူညီခ်က္တစ္ခု ရေစခ်င္တယ္။ အဲဒီလို ရဖို႔ အတြက္ ဒီႏိုင္ငံေရးထြက္ေပါက္အေနနဲ႔ ဒီေ႐ြးေကာက္ပြဲက အခရာက်ပါတယ္။ ေ႐ြးေကာက္ပြဲတစ္ခု မျဖစ္လာႏိုင္ ခင္ ႏိုင္ငံေရးအားျဖင့္ ၿငိမ္းခ်မ္းေအာင္၊ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းေအာင္၊ ဒီအၾကပ္အတည္းမွာ ညႇိႏႈိင္းၿပီးမွ ေက်ာ္လႊားၾကေစခ်င္တယ္။ အဲဒီလိုေက်ာ္လႊားႏိုင္ဖို႔အတြက္လည္း ႏိုင္ငံတကာ မိသားစုဘက္က ဝိုင္းဝန္းကူညီေပး ပါ။ အိမ္နီးနားခ်င္း ႏိုင္ငံႀကီးမ်ားဘက္ကလည္း ဝိုင္းဝန္းကူညီပံ့ပိုးေပးပါလို႔ေတာ့ ေမတၱာရပ္ခံလိုပါတယ္။
ေမး ။ ။ ဟုတ္ကဲ့၊ အခုလို အခ်ိန္ေပးၿပီးေျဖၾကားေပးတာကိုလည္း ေက်းဇူးတင္ပါတယ္ ဆရာ။
ေျဖ ။ ။ ဟုတ္ကဲ့။