ဝေဟင်ပိုင်နက် ကျူးကျော်ကြောင်း စွပ်စွဲပြီးနောက် ကွန်ဂိုစစ်ဘက် ဂျက်တိုက်လေယာဉ်ကို ရဝမ်ဒါ ပစ်ခတ်

 743

Htay Oung (NP News) - ဇန်နဝါရီ ၂၅

အင်္ဂါနေ့(ဇန်နဝါရီလ ၂၄ ရက်)မှာ ရဝမ်ဒါတပ်တွေက အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။ မိမိနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကို ကျူးကျော်ကြောင်း ရဝမ်ဒါရဲ့ စွပ်စွဲချက်ဟာ စစ်ပွဲတစ်ခုစတင်ဖို့ ကွန်ဂိုအစိုးရအပေါ် လှုံဆော်သလို ဖြစ်လာတယ်လို့ Reuters က ယနေ့ (ဇန်နဝါရီလ ၂၅ ရက်)မှာ ရေးသားပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြတဲ့ ဗီဒီယိုအရ ဝေဟင်မှာ ပျံသန်းနေတဲ့ စစ်ဘက်လေယာဉ်တစ်စင်းဆီကို ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ပုံ၊ အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမဲ့ လေယာဉ်က ဆက်လက် ပျံသန်းသွားပုံတို့ကို တွေ့မြင်ရပါတယ်။ ရိုက်တာအနေနဲ့ ဗီဒီယိုရဲ့ ခိုင်မာမှုကို လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဲ့ဒီ ဂျက်တိုက်လေယာဉ်ဟာ ရဝမ်ဒါလေကြောင်း ပိုင်နက်အတွင်း ရောက်နေခဲ့တယ်ဆိုတဲ့ ရဝမ်ဒါရဲ့ စွပ်စွဲချက်ကို ကွန်ဂိုနိုင်ငံက ငြင်းဆိုထားပြီး သူပုန်သောင်း ကျန်းမှုကြောင့် တင်းမာနေတဲ့ နှစ်နိုင်ငံအကြားနောက်ဆုံး အငြင်းပွားမှုဖြစ်လာပါတယ်။

မိမိလေကြောင်း ပိုင်နက်အတွင်း ပျံသန်းနေတဲ့ ကွန်ဂိုလေယာဉ်ကို ရဝမ်ဒါက တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လေယာဉ်အနေနဲ့ ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ ပြည်နယ်မြို့တော် ဂိုမာသို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း ကွန်ဂိုက အတည်ပြုထားပါတယ်။

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံလို့ခေါ်ပြီး လူဦးရေ ၁ဝ၈ သန်းခန့်နေထိုင်ရာ အာဖရိကအနောက်ပိုင်း တိုင်းပြည်မှာ M23 အဖွဲ့လို့ ခေါ်ဆိုသူများက ပုန်ကန်လျှက်ရှိပါတယ်။ လူဦးရေ (၁၂)သန်းခန့်ရှိတဲ့ ရဝမ်ဒါနိုင်ငံရဲ့ လုပ်ရပ်ဟာ M23 သူပုန်အဖွဲ့ရဲ့ ထိုးစစ်အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပျက်ပြားအောင် ရည်ရွယ်ပြီး " စစ်သဘောသက်ရောက်တဲ့ တမင်ရန်လိုမှု" ဖြစ်ကြောင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

ရဝမ်ဒါအစိုးရရဲ့ စောစောပိုင်း ပြောဆိုချက်တွေမှာတော့ ရီဗာအူးနဲ့ အလားတူနယ်မြေမှာ လေကြောင်း ပိုင်နက်ကျူးကျော်မှု ဖြစ်ပွားခဲ့ကြောင်း စွပ်စွဲထားပြီး၊ မိမိတို့ ဝေဟင်ပိုင်နက်ကို ကာကွယ်တဲ့အနေနဲ့ ကျူးကျော်ဝင် ရောက်လာတဲ့ ဂျက်တိုက်လေယာဉ်ကို ရဝမ်ဒါတပ်များက ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ DRC အနေနဲ့ ယခုလို ရန်စမှုများကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း ရဝမ်ဒါ အစိုးရပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့နှစ် DRC နိုင်ငံအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုရာမှာ နိုင်ငံ့အရှေ့ပိုင်းရှိ M23 သူပုန်များကို ရဝမ်ဒါက ကျောထောက်နောက်ခံပေးထားကြောင်း ကွန်ဂို၊ ကုသမဂ္ဂကျွမ်းကျင်သူများနဲ့ အနောက်အင်အားကြီးနိုင်ငံများက စွပ်စွဲနေပါတယ်။ ရဝမ်ဒါကတော့ ဘယ်လိုမှ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံရဲ့ ရက် (၁ဝဝ) ခန့်ကြာ ပြည်တွင်းစစ်မှာ တွတ်ဆီမျိုးနွယ်စု (၅)သိန်းမှ (၈)သိန်းအထိ ဂျီနိုဆိုက် သုတ်သင်ခြင်း ခံရပါတယ်။ ၁၉၆၂ ခုနှစ်အထိ ရဝမ်ဒါနိုင်ငံမှာ ကိုလိုနီအရှင်သခင် ဘယ်လ်ဂျီယန်တို့က လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်း ရှိတဲ့ ဟူတူမျိုးနွယ်စုများကို မျက်နှာသာပေး မြှောက်စားခဲ့ကြပါတယ်။ လူမျိုးစုနှစ်စုအကြား သွေးကွဲမုန်းတီးမှုဟာ ဘယ်လ်ဂျီယန်တပ်တို့ ထွက်ခွာသွားပြီး နှစ် ၃ဝ ခန့်အကြာမှာ သွေးချောင်းစီး လူသတ်ပွဲများဖြစ်လာခဲ့ပါတယ်။

ယူဂန္ဓာနိုင်ငံရောက် တွတ်ဆီဒုက္ခသည်အများစု ပါဝင်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦး RPF ဟာ ၁၉၉ဝ ခုနှစ်မှာ နိုင်ငံမြောက်ပိုင်းကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ (၃)နှစ်ကြာစစ်ပွဲအတွင်း နှစ်ဖက်စလုံးမှ အသာစီးမရရှိခဲ့ကြပဲ ၁၉၉၃ ခုနှစ် ရဝမ်ဒါ ဟူတူသမ္မတ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်တနေ့မှာပဲ လူနည်းစု တွတ်ဆီတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး စတင်ခဲ့ပါတယ်။ အမျိုးသမီးပေါင်း ၂၅ဝဝဝဝ မှ ၅ဝဝဝဝဝ အဓမ္မပြုကျင့်ခံရမှု အပါအဝင် ရက်စက် ကြမ်းကြုတ်မှုကြီးကို အမေရိကန်အပါအဝင် နိုင်ငံကြီးများက ဝင်ရောက် ဟန့်တားခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီနောက် ၁၉၉၆-ခုနှစ်မှာ RPF တို့ ဦးဆောင်တဲ့ ရဝမ်ဒါတပ်များဟာ ယခု ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ ဖြစ်လာမယ့် ဇိုင်ယာနိုင်ငံကို ကျူးကျော်ခဲ့ပြီး လူပေါင်း (၂)သိန်းခန့် သေဆုံးရတဲ့ တစ်နှစ်ကြာ ပထမ ကွန်ဂိုစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ် စတင်တဲ့ ဒုတိယ ကွန်ဂိုစစ်ပွဲကိုတော့ အာဖရိကရဲ့ ကမ္ဘာစစ်လို့ ခေါ်ဆိုကြပါတယ်။ အာဖရိက (၉)နိုင်ငံနဲ့ လက်နက်ကိုင် (၁၅)ဖွဲ့ခန့် ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။ ရဝမ်ဒါ လူမျိုးသုဉ်းပြုမှု နောက်ဆက်တွဲဖြစ်တဲ့ စစ်ပွဲဟာ ၂ဝဝ၃ ခုနှစ်မှာ ရပ်တန့်သွားပေမဲ့ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ လက်နက်ကိုင် ပုန်ကန်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

သယံဇာတ အလွန်ကြွယ်ဝပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှု၊ အခြေခံအဆောက်အအုံ ချို့တဲ့မှု အကျင့်ပျက်ခြစားမှု များနဲ့ ဒီမိုကရက်တစ် ကွန်ဂိုဟာ ကမ္ဘာ့လူသားရင်းမြစ်ဖွံ့ဖြိုးမှု အနိမ့်ဆုံးတိုင်းပြည်ဖြစ်နေပါတယ်။ လူပေါင်း ၄၅ဝဝဝဝ ထက်မနည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ တိုက်ပွဲများအဆုံးသတ်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တွတ်ဆီတို့ဦးဆောင်တဲ့အဖွဲ့ဟာ မကြာသေးမီ သူတို့သိမ်းယူထားတဲ့ ကွန်ဂိုနယ်မြေများကနေ ဇန်နဝါရီလ ၁၅ ရက်မှာ ရုတ်သိမ်းပေးဖို့ ရည်မှန်းပြီး ဒေသတွင်း ခေါင်း ဆောင်တွေက နိုဝင်ဘာလမှာ ကြားဝင်စေ့စပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူပုန်တွေဟာ အဲ့ဒီနယ်မြေတွေက ရုတ်သိမ်းပေးခြင်း အပြည့်အ၀ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ရက်သတ္တ ပတ်မှာ ကွန်ဂိုသမ္မတက ပြောပါတယ်။ အပြန်အလှန်အားဖြင့် ဒီဇင်ဘာလမှာ ကွန်ဂိုမှ ဂျက်တိုက်လေယာဉ် တစ်စင်းဟာ သူတို့ရဲ့ လေ ကြောင်းပိုင်နက်ကို ခေတ္တမျှ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ရဝမ်ဒါက စွပ်စွဲပါတယ်။

ဒါပေမဲ့ အဲ့ဒီလေယာဉ်ဟာ လက်နက်တပ်ဆင်ထားခြင်း မရှိတဲ့ စစ်လေယာဉ်ဖြစ်ပြီး နယ်စပ်အနီး ကင်းထောက် နေစဉ် ရဝမ်ဒါလေဆိပ်မှာ ခေတ္တမျှ ဆင်းသက်ခဲ့ရတဲ့ မတော်တဆမှုတစ်ခုသာဖြစ်တယ်လို့ ကွန်ဂိုက ပြောပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံတို့ဟာ လူဖြူကြေးစားစစ်သားများအပါအဝင် တစ်ဖက်နိုင်ငံကျောထောက်နောက်ခံပြု သူပုန်များက မိမိတို့နိုင်ငံအတွင်း ဆန့်ကျင်သောင်းကျန်းနေကြောင်း စွပ်စွဲနေကြပါတယ်။

(Reuters., 25 January 2023, “Rwanda shoots at Congolese military jet over alleged airspace violation ” ကို ဆီလျော်အောင် ကောက်နှုတ်ာသာပြန်ဆိုသည်။)

zawgyi version
ေဝဟင္ပိုင္နက္ က်ဴးေက်ာ္ေၾကာင္း စြပ္စြဲၿပီးေနာက္ ကြန္ဂိုစစ္ဘက္ ဂ်က္တိုက္ေလယာဥ္ကို ရဝမ္ဒါ ပစ္ခတ္
Htay Oung (NP News) - ဇန္နဝါရီ ၂၅

အဂၤါေန႔(ဇန္နဝါရီလ ၂၄ ရက္)မွာ ရဝမ္ဒါတပ္ေတြက အိမ္နီးခ်င္း ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ (DRC) ရဲ႕ ဂ်က္တိုက္ေလယာဥ္တစ္စင္းကို ပစ္ခတ္ခဲ့ပါတယ္။ မိမိႏိုင္ငံရဲ႕ ေဝဟင္ပိုင္နက္ကို က်ဴးေက်ာ္ေၾကာင္း ရဝမ္ဒါရဲ႕ စြပ္စြဲခ်က္ဟာ စစ္ပြဲတစ္ခုစတင္ဖို႔ ကြန္ဂိုအစိုးရအေပၚ လႈံေဆာ္သလို ျဖစ္လာတယ္လို႔ Reuters က ယေန႔ (ဇန္နဝါရီလ ၂၅ ရက္)မွာ ေရးသားပါတယ္။

ကြန္ဂိုႏိုင္ငံရဲ႕ လူမႈကြန္ရက္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ မွ်ေဝေနၾကတဲ့ ဗီဒီယိုအရ ေဝဟင္မွာ ပ်ံသန္းေနတဲ့ စစ္ဘက္ေလယာဥ္တစ္စင္းဆီကို ဒုံးက်ည္ျဖင့္ ပစ္ခတ္လိုက္ပုံ၊ အနီးမွာ ေပါက္ကြဲမႈ ျဖစ္ခဲ့ေပမဲ့ ေလယာဥ္က ဆက္လက္ ပ်ံသန္းသြားပုံတို႔ကို ေတြ႕ျမင္ရပါတယ္။ ႐ိုက္တာအေနနဲ႔ ဗီဒီယိုရဲ႕ ခိုင္မာမႈကို ေလာေလာဆယ္ အတည္ျပဳႏိုင္ျခင္း မရွိပါဘူး။

အဲ့ဒီ ဂ်က္တိုက္ေလယာဥ္ဟာ ရဝမ္ဒါေလေၾကာင္း ပိုင္နက္အတြင္း ေရာက္ေနခဲ့တယ္ဆိုတဲ့ ရဝမ္ဒါရဲ႕ စြပ္စြဲခ်က္ကို ကြန္ဂိုႏိုင္ငံက ျငင္းဆိုထားၿပီး သူပုန္ေသာင္း က်န္းမႈေၾကာင့္ တင္းမာေနတဲ့ ႏွစ္ႏိုင္ငံအၾကားေနာက္ဆုံး အျငင္းပြားမႈျဖစ္လာပါတယ္။

မိမိေလေၾကာင္း ပိုင္နက္အတြင္း ပ်ံသန္းေနတဲ့ ကြန္ဂိုေလယာဥ္ကို ရဝမ္ဒါက တိုက္႐ိုက္ပစ္ခတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားၿပီး ေလယာဥ္အေနနဲ႔ ႀကီးႀကီးမားမား ထိခိုက္မႈမရွိဘဲ ျပည္နယ္ၿမိဳ႕ေတာ္ ဂိုမာသို႔ ေဘးကင္းစြာ ဆင္းသက္ခဲ့ေၾကာင္း ကြန္ဂိုက အတည္ျပဳထားပါတယ္။

ဒီမိုကရက္တစ္ ကြန္ဂိုသမၼတႏိုင္ငံလို႔ေခၚၿပီး လူဦးေရ ၁ဝ၈ သန္းခန႔္ေနထိုင္ရာ အာဖရိကအေနာက္ပိုင္း တိုင္းျပည္မွာ M23 အဖြဲ႕လို႔ ေခၚဆိုသူမ်ားက ပုန္ကန္လွ်က္ရွိပါတယ္။ လူဦးေရ (၁၂)သန္းခန႔္ရွိတဲ့ ရဝမ္ဒါႏိုင္ငံရဲ႕ လုပ္ရပ္ဟာ M23 သူပုန္အဖြဲ႕ရဲ႕ ထိုးစစ္အဆုံးသတ္ဖို႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ပ်က္ျပားေအာင္ ရည္႐ြယ္ၿပီး " စစ္သေဘာသက္ေရာက္တဲ့ တမင္ရန္လိုမႈ" ျဖစ္ေၾကာင္း ဒီမိုကရက္တစ္ကြန္ဂိုႏိုင္ငံက သတင္းထုတ္ျပန္ပါတယ္။

ရဝမ္ဒါအစိုးရရဲ႕ ေစာေစာပိုင္း ေျပာဆိုခ်က္ေတြမွာေတာ့ ရီဗာအူးနဲ႔ အလားတူနယ္ေျမမွာ ေလေၾကာင္း ပိုင္နက္က်ဴးေက်ာ္မႈ ျဖစ္ပြားခဲ့ေၾကာင္း စြပ္စြဲထားၿပီး၊ မိမိတို႔ ေဝဟင္ပိုင္နက္ကို ကာကြယ္တဲ့အေနနဲ႔ က်ဴးေက်ာ္ဝင္ ေရာက္လာတဲ့ ဂ်က္တိုက္ေလယာဥ္ကို ရဝမ္ဒါတပ္မ်ားက ပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ DRC အေနနဲ႔ ယခုလို ရန္စမႈမ်ားကို ရပ္တန႔္ဖို႔ ေတာင္းဆိုေၾကာင္း ရဝမ္ဒါ အစိုးရေျပာေရးဆိုခြင့္ရွိသူက မွတ္ခ်က္ေပးပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ DRC ႏိုင္ငံအတြင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားမႈရာမွာ ႏိုင္ငံ့အေရွ႕ပိုင္းရွိ M23 သူပုန္မ်ားကို ရဝမ္ဒါက ေက်ာေထာက္ေနာက္ခံေပးထားေၾကာင္း ကြန္ဂို၊ ကုသမဂၢကြၽမ္းက်င္သူမ်ားနဲ႔ အေနာက္အင္အားႀကီးႏိုင္ငံမ်ားက စြပ္စြဲေနပါတယ္။ ရဝမ္ဒါကေတာ့ ဘယ္လိုမွ ပတ္သက္မႈမရွိေၾကာင္း ျငင္းဆိုထားပါတယ္။

၁၉၉၄ ခုႏွစ္ ရဝမ္ဒါႏိုင္ငံရဲ႕ ရက္ (၁ဝဝ) ခန႔္ၾကာ ျပည္တြင္းစစ္မွာ တြတ္ဆီမ်ိဳးႏြယ္စု (၅)သိန္းမွ (၈)သိန္းအထိ ဂ်ီႏိုဆိုက္ သုတ္သင္ျခင္း ခံရပါတယ္။ ၁၉၆၂ ခုႏွစ္အထိ ရဝမ္ဒါႏိုင္ငံမွာ ကိုလိုနီအရွင္သခင္ ဘယ္လ္ဂ်ီယန္တို႔က လူဦးေရရဲ႕ ၈၄ ရာခိုင္ႏႈန္း ရွိတဲ့ ဟူတူမ်ိဳးႏြယ္စုမ်ားကို မ်က္ႏွာသာေပး ေျမႇာက္စားခဲ့ၾကပါတယ္။ လူမ်ိဳးစုႏွစ္စုအၾကား ေသြးကြဲမုန္းတီးမႈဟာ ဘယ္လ္ဂ်ီယန္တပ္တို႔ ထြက္ခြာသြားၿပီး ႏွစ္ ၃ဝ ခန႔္အၾကာမွာ ေသြးေခ်ာင္းစီး လူသတ္ပြဲမ်ားျဖစ္လာခဲ့ပါတယ္။

ယူဂႏၶာႏိုင္ငံေရာက္ တြတ္ဆီဒုကၡသည္အမ်ားစု ပါဝင္တဲ့ ရဝမ္ဒါ မ်ိဳးခ်စ္တပ္ဦး RPF ဟာ ၁၉၉ဝ ခုႏွစ္မွာ ႏိုင္ငံေျမာက္ပိုင္းကို စတင္ဝင္ေရာက္လာခဲ့ပါတယ္။ (၃)ႏွစ္ၾကာစစ္ပြဲအတြင္း ႏွစ္ဖက္စလုံးမွ အသာစီးမရရွိခဲ့ၾကပဲ ၁၉၉၃ ခုႏွစ္ ရဝမ္ဒါ ဟူတူသမၼတ လုပ္ႀကံသတ္ျဖတ္ခံရၿပီး ေနာက္တေန႔မွာပဲ လူနည္းစု တြတ္ဆီတို႔အေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈႀကီး စတင္ခဲ့ပါတယ္။ အမ်ိဳးသမီးေပါင္း ၂၅ဝဝဝဝ မွ ၅ဝဝဝဝဝ အဓမၼျပဳက်င့္ခံရမႈ အပါအဝင္ ရက္စက္ ၾကမ္းၾကဳတ္မႈႀကီးကို အေမရိကန္အပါအဝင္ ႏိုင္ငံႀကီးမ်ားက ဝင္ေရာက္ ဟန႔္တားျခင္း မရွိခဲ့ပါဘူး။

အဲ့ဒီေနာက္ ၁၉၉၆-ခုႏွစ္မွာ RPF တို႔ ဦးေဆာင္တဲ့ ရဝမ္ဒါတပ္မ်ားဟာ ယခု ဒီမိုကရက္တစ္ကြန္ဂိုသမၼတႏိုင္ငံ ျဖစ္လာမယ့္ ဇိုင္ယာႏိုင္ငံကို က်ဴးေက်ာ္ခဲ့ၿပီး လူေပါင္း (၂)သိန္းခန႔္ ေသဆုံးရတဲ့ တစ္ႏွစ္ၾကာ ပထမ ကြန္ဂိုစစ္ပြဲ ျဖစ္ပြားခဲ့ပါတယ္။

၁၉၉၈ ခုႏွစ္ စတင္တဲ့ ဒုတိယ ကြန္ဂိုစစ္ပြဲကိုေတာ့ အာဖရိကရဲ႕ ကမာၻစစ္လို႔ ေခၚဆိုၾကပါတယ္။ အာဖရိက (၉)ႏိုင္ငံနဲ႔ လက္နက္ကိုင္ (၁၅)ဖြဲ႕ခန႔္ ပါဝင္ခဲ့လို႔ ျဖစ္ပါတယ္။ ရဝမ္ဒါ လူမ်ိဳးသုဥ္းျပဳမႈ ေနာက္ဆက္တြဲျဖစ္တဲ့ စစ္ပြဲဟာ ၂ဝဝ၃ ခုႏွစ္မွာ ရပ္တန႔္သြားေပမဲ့ ကြန္ဂိုႏိုင္ငံအေရွ႕ပိုင္းမွာ လက္နက္ကိုင္ ပုန္ကန္မႈမ်ား ဆက္လက္ ျဖစ္ပြားေနခဲ့ပါတယ္။

သယံဇာတ အလြန္ႂကြယ္ဝေပမဲ့ ႏိုင္ငံေရး မတည္ၿငိမ္မႈ၊ အေျခခံအေဆာက္အအုံ ခ်ိဳ႕တဲ့မႈ အက်င့္ပ်က္ျခစားမႈ မ်ားနဲ႔ ဒီမိုကရက္တစ္ ကြန္ဂိုဟာ ကမာၻ႔လူသားရင္းျမစ္ဖြံ႕ၿဖိဳးမႈ အနိမ့္ဆုံးတိုင္းျပည္ျဖစ္ေနပါတယ္။ လူေပါင္း ၄၅ဝဝဝဝ ထက္မနည္း အိုးအိမ္မဲ့ျဖစ္ခဲ့ရတဲ့ တိုက္ပြဲမ်ားအဆုံးသတ္ေရး ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ တြတ္ဆီတို႔ဦးေဆာင္တဲ့အဖြဲ႕ဟာ မၾကာေသးမီ သူတို႔သိမ္းယူထားတဲ့ ကြန္ဂိုနယ္ေျမမ်ားကေန ဇန္နဝါရီလ ၁၅ ရက္မွာ ႐ုတ္သိမ္းေပးဖို႔ ရည္မွန္းၿပီး ေဒသတြင္း ေခါင္း ေဆာင္ေတြက ႏိုဝင္ဘာလမွာ ၾကားဝင္ေစ့စပ္ခဲ့ပါတယ္။

ဒါေပမဲ့ သူပုန္ေတြဟာ အဲ့ဒီနယ္ေျမေတြက ႐ုတ္သိမ္းေပးျခင္း အျပည့္အ၀ မရွိေသးဘူးလို႔ ၿပီးခဲ့တဲ့ ရက္သတၱ ပတ္မွာ ကြန္ဂိုသမၼတက ေျပာပါတယ္။ အျပန္အလွန္အားျဖင့္ ဒီဇင္ဘာလမွာ ကြန္ဂိုမွ ဂ်က္တိုက္ေလယာဥ္ တစ္စင္းဟာ သူတို႔ရဲ႕ ေလ ေၾကာင္းပိုင္နက္ကို ေခတၱမွ် က်ဴးေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ရဝမ္ဒါက စြပ္စြဲပါတယ္။

ဒါေပမဲ့ အဲ့ဒီေလယာဥ္ဟာ လက္နက္တပ္ဆင္ထားျခင္း မရွိတဲ့ စစ္ေလယာဥ္ျဖစ္ၿပီး နယ္စပ္အနီး ကင္းေထာက္ ေနစဥ္ ရဝမ္ဒါေလဆိပ္မွာ ေခတၱမွ် ဆင္းသက္ခဲ့ရတဲ့ မေတာ္တဆမႈတစ္ခုသာျဖစ္တယ္လို႔ ကြန္ဂိုက ေျပာပါတယ္။ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံတို႔ဟာ လူျဖဴေၾကးစားစစ္သားမ်ားအပါအဝင္ တစ္ဖက္ႏိုင္ငံေက်ာေထာက္ေနာက္ခံျပဳ သူပုန္မ်ားက မိမိတို႔ႏိုင္ငံအတြင္း ဆန႔္က်င္ေသာင္းက်န္းေနေၾကာင္း စြပ္စြဲေနၾကပါတယ္။

(Reuters., 25 January 2023, “Rwanda shoots at Congolese military jet over alleged airspace violation ” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.