အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိန္ဒိယနိုင်ငံသားအား စတော့ရှယ်ယာခြယ်လှယ်မှု၊ စာရင်းလိမ်လည်ဟု အမေရိကန်သုတေသနအဖွဲ့ စွပ်စွဲ

764

Htay Oung (NP News) - ဇန်နဝါရီ ၂၇
အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် “ဂေါတမ်အက်ဒါနီ” တည်ထောင်ထားတဲ့ “ဂေါတမ် အုပ်စု“ ဟာ စတော့ ရှယ်ယာခြယ်လှယ်မှုနဲ့ စာရင်းကိုင်လိမ်လည်မှုတို့ကို ကျူးလွန်လျက်ရှိတယ်လို့ နယူးယောက်အခြေစိုက် “ဟင်ဒင် ဘတ်ဂ် သုတေသနကုမ္ပဏီ” က စွပ်စွဲဖော်ပြလိုက်ပါတယ်။ ဘဏ္ဍာရေးအမြတ်အစွန်းများအတွက် စတော့ရှယ်ယာ စျေးနှုန်းများအပေါ် ကြိုးကိုင်မှုများနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဋ္ဌာနက စုံစမ်းစစ်ဆေးနေတဲ့အမှုများမှာ မဟာမိတ်အဖြစ် စာရင်းဝင်တဲ့ သုတေသနကုမ္ပဏီရဲ့အစီရင်ခံစာ ထွက်ပေါ်လာတဲ့ ဇန်နဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ မှာပဲ “ဂေါတမ်အုပ်စု” ဟာ စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆုံးရှုံးသွားရတယ်လို့ BBC က ယမန်နေ့ ရေးသားခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှာ ဂေါ့တမ် အက်ဒါနီဟာ အသားတင် အမေရိကန်ဒေါ်လာ ၁၂၉.၃ ဘီလျံ ပိုင်ဆိုင်သူဖြစ်ပြီး ကမ္ဘာပေါ်မှာ စတုတ္ထမြောက်နဲ့ အာရှတိုက်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း “ဖီးဘီး” နဲ့ “ဘလွန်း ဘတ်ဂ်” တို့ က မှတ်တမ်းတင်ခဲ့ကြဖူးပါတယ်။
အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဟာ တမင်ရည်ရွယ်ထားတဲ့ အမှားအယွင်းများနဲ့ မလိုမုန်းထား ဖော်ပြခြင်းသာ ဖြစ်ကြောင်း၊ ဟင်ဒင်ဘတ်ဂ်အပေါ် ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားလျက်ရှိကြောင်း အသက် ၆ဝ အရွယ် ဘီလျံနာသူဋ္ဌေးကြီးက မှတ်ချက်ပေးပါတယ်။
“အက်ဒါနီ ဂရု” ဟာ အိန္ဒိယနိုင်ငံရဲ့အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး ကုန်စည်ကူးသန်းမှု၊ လေဆိပ်၊ အသုံးဝန်ဆောင်လုပ်ငန်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အပါအဝင် ကျယ်ပြန့်တဲ့လုပ်ငန်းနယ်ပယ်များမှာ စီးပွားရေးဆောင်ရွက်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်တက္ကသိုလ်ထွက် စီးပွားရေးနဲ့ စက်မှုလုပ်ငန်းရှင် နိုင်ငံတကာအဆင့် ဘီလျံနာသူဋ္ဌေးကြီး ဂေါ့တမ်ရှန်သီလာအက်ဒါနီက ဦးဆောင်ပါတယ်။
ဟင်ဒင်ဘတ်ဂ်အနေနဲ့ အက်ဒါနီဂရုရဲ့အတိုချုံးရောင်းချခြင်းလုပ်ငန်းများမှာ အထူးပြု (သို့မဟုတ်) ကျဆင်းလိမ့် မယ်လို့မျှော်လင့်ရတဲ့ ကုမ္ပဏီတစ်ခုရဲ့ရှယ်ယာစျေးနှုန်းအပေါ်မှာ တွက်ချက်ဖော်ပြထားပါတယ်။
ဂေါတမ် အက်ဒါနီဟာ ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းများ သမိုင်းမှာ အကြီးမားဆုံး နှစ်ပေါက် တစ်ပေါက်ရိုက်သူ ဖြစ်ကြောင်း ဟင်ဒင်ဘတ်ဂ်က စွပ်စွဲလိုက်ခြင်းဟာ အက်ဒါနီဂရုက သူတို့ရဲ့အစုရှယ်ယာတွေကို ထုတ်ရောင်းချခြင်း မတိုင်မီ တစ်ရက်အလိုမှာ ဖြစ်ပါတယ်။
မော်ရေးရှပ်နဲ့ ကာရစ်ဘီယံတို့လို ပင်လယ်ရပ်ခြား အခွန်တိမ်းရှောင်ရာ စခန်းများမှာ အက်ဒါနီဂရုပိုင် ကုမ္ပဏီများ ရှိနေခြင်းကိုလည်း မေးခွန်းထုတ်ထားပါတယ်။ အက်ဒါနီကုမ္ပဏီများဟာ မရေရာတဲ့ ငွေကြေးဆိုင်ရာနောက် ကြောင်းများ ရှိနေပြီး အကြွေးတစ်ပုံတစ်ခေါင်းကြီးနဲ့ အုပ်စုဖွဲ့ထားခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အစီရင်ခံစာအချက်အလက်များအတွက် အမေရိကန်နဲ့ အိန္ဒိယရှိ ဟင်ဒင်ဘတ်ဂ်သုတေသနကုမ္ပဏီများအပေါ် ပြန်လည်ကုစားပေးဖို့နဲ့ တရားစွဲအရေးယူဖို့အတွက် သုံးသပ်နေကြောင်း၊ မိမိတို့စီးပွားရေးအုပ်စုဟာ ဥပဒေ အားလုံးနဲ့ အမြဲတမ်း ကိုက်ညီကြောင်း ဂေါ့တမ်ဂရုက ဇန်နဝါရီလ ၂၆ ရက်၊ ကြသပတေးနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ရှယ်ယာတွေဟာ ၁ဝ ရာခိုင်နှုန်းအထိ ထိုးစိုက်ကျသွားပြီး အမေရိကန်ဒေါ်လာ ၇ ဘီလျံဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အစီရင်ခံစာကြောင့် ဆက်နွယ်လာတဲ့ နယူးဒေလီ စတော့စျေးကွက်များ မငြိမ်မသက်ဖြစ်ရမှုဟာ အလွန်စိုးရိမ်စရာကောင်းပြီး အိန္ဒိယနိုင်ငံသားများအတွက် မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေတယ်လို့ အက်ဒါနီရဲ့ ဥပဒေရေးရာအဖွဲ့အကြီးအကဲက မှတ်ချက်ပေးပါတယ်။
အစီရင်ခံစာနဲ့ အထောက်အထားမဲ့အကြောင်းအရာတွေဟာ အက်ဒါနီဂရုကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးများအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေဖို့ ဟင်ဒင်ဘတ်ဂ်သုတေသနက တမင်ရည်ရွယ်ဖန်တီးခြင်းဖြစ်ကြောင်း အတိုင်းသား မြင်နေရပါတယ်လို့လည်း ဆိုပါတယ်။ အုပ်စုရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ အက်ဒါနီအင်တာ ပရိုက်စ်ကတော့ သူတို့ရဲ့ရှယ်ယာတွေကို အများပြည်သူထံ ဇန်နဝါရီလ ၂၇ ရက်၊ သောကြာနေ့မှာ စတင်ရောင်းချဖို့ စီစဉ်ထား ပါတယ်။
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ နီးစပ်မှုကြောင့်သာ ဂေါတမ်အက်ဒါနီအနေနဲ့ အကျိုးအမြတ်များ ရရှိနေခြင်းဖြစ်ကြောင်း ကာလရှည်ကြာ စွပ်စွဲနေကြတဲ့ အိန္ဒိယအတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဟင်ဒင်ဘတ်ဂ်ရဲ့အစီရင်ခံစာကို အမြန် ကြိုဆိုလိုက်ကြပါတယ်။
အသေးစိတ် သုတေသနပြုချက်တွေဟာ အများသူငါ နယ်ပယ်မှာ လူသိရှင်ကြား ထွက်ပေါ်လာပုံကိုထောက်ပြီး စွဲချက်တင်ခံထားရတာကို အိန္ဒိယအစိုးရအနေနဲ့ သတိပြုမိဖို့ အရေးကြီးပါတယ်လို့ အတိုက်အခံလွှတ်တော်အမတ် တို့က သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။
တာဝန်ရှိ နယူးဒေလီ စုံစမ်းစစ်ဆေးရေးအေဂျင်စီများနဲ့ စျေးကွက်ထိန်းချုပ်ရေးမှူးတို့အနေနဲ့ အက်ဒါနီဂရုရဲ့ လုပ်ငန်းဆောင်ရွက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုဖွင့်ဖို့ အိန္ဒိယတောင်ပိုင်း ထင်ရှားတဲ့ နိုင်ငံရေးသမား ကေတီ ရာမာရာအိုက တောင်းဆိုပါတယ်။ ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များရဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးမဆို အမှီအခိုကင်းကင်းနဲ့ စတင်နိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။
အိန္ဒိယရဲ့စာရင်းဝင်ကုမ္ပဏီများကိုထိန်းချုပ်တဲ့ နယူးဒေလီ စတော့ရှယ်ယာများနဲ့ ငွေကြေးလဲလှယ်မှုဆိုင်ရာ ဘုတ်အဖွဲ့အနေနဲ့ သူတို့ထံ လိပ်မူပြီး တိကျတဲ့တိုင်ကြားချက်တစ်ခုရှိမှသာ အရေးယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် တစ်ခြားနည်းလမ်းမရှိကြောင်း၊ ယခင် စည်းမျဉ်းပိုင်းဆိုင်ရာစိစစ်ရေး အစီရင်ခံစာများမှာ စွပ်စွဲချက်အများအပြား ရှိနေခဲ့ဖူးကြောင်း စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအတွက် ရင်းနှီးမြှုပ်နှံသူများကို အကြံပေးတဲ့ “အင်ဂါဗန့် စီးပွားရေးသုတေသန” အတိုင်ပင်ခံလုပ်ငန်းတည်ထောင်သူ ရှာရီယန်ဆူပရာမန်းနီးက ပြောပါတယ်။
BBC က အိန္ဒိယစျေးကွက်ထိန်းသိမ်းရေးဘုတ်အဖွဲ့ထံ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ခြင်း ရရှိခဲ့ဘူးလို့ သိရပါတယ်။ သောကြာနေ့မှာ သူတို့ရဲ့ရှယ်ယာ ဒေါ်လာ ၂.၄ ဘီလျံဖိုး ထုတ်ရောင်းဖို့ အသင့်ဖြစ်နေတဲ့ အက်ဒါနီဂရုအတွက် အစီရင်ခံစာပါစွပ်စွဲချက်တွေဟာ ရင်းနှီးမြုပ်နှံသူအချို့ကို ရပ်တန့်သွားစေနိုင်ကြောင်း၊ အစီရင်ခံစာရဲ့ ရေရှည် အကျိုးဆက်တွေဟာ အက်ဒါနီဂရုအတွက် ပိုပြီးအခက်တွေ့သွားစေနိုင်တယ်လို့ ဘဏ္ဍာရေးစျေးကွက် လေ့လာ သုံးသပ်သူတစ်ဦးက ခန့်မှန်းပါတယ်။
ဘလွန်းဘတ်ဂ်သတင်းဌာနမှ ပင်တိုင်ဆောင်းပါးရှင် အင်ဒီမူကာဂျီကတော့ နိုင်ငံတကာ ပါဝင်တဲ့ ဘဏ္ဍာရေး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ နိုင်ငံရေးအမျိုးသားရေးဝါဒတို့ရဲ့ဖိအားများကြားမှာ ပိတ်မိနေမှုများ ရှိနေကြောင်း၊ ပိုမို ကျယ်ပြန့်တဲ့ အိန္ဒိယစျေးကွက်ရဲ့ခိုင်မာမှုနဲ့ပတ်သက်ပြီး အက်ဒါနီရဲ့ အခြားမှာ မေးခွန်းများစွာရှိနေကြောင်း၊ စျေးကွက်အတွင်း ဝင်ရောက်သန့်ရှင်းရေးလုပ်ရမည့် နယူးဒေလီ စတော့ရှယ်ယာများနဲ့ ငွေကြေးလဲလှယ်မှုဆိုင်ရာ ဘုတ်အဖွဲ့အနေနဲ့ လူအများရဲ့ အော်ဟစ်သံကို စောင့်ဆိုင်းနေသလိုဖြစ်နေကြောင်း သုံးသပ်ရေးသား လိုက်ပါတယ်။
#ဟင်ဒင်ဘတ်ဂ်သုတေသနကုမ္ပဏီ #ဂေါ့တမ်ရှန်သီလာအက်ဒါနီ #အာရှတိုက်အချမ်းသာဆုံးပုဂ္ဂိုလ်
(BBC., 27 Januray 2023,” Asia's richest man hits back at 'con' claims” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အာရွတိုက္၏ အခ်မ္းသာဆုံးပုဂၢိဳလ္ အိႏၵိယႏိုင္ငံသားအား စေတာ့ရွယ္ယာျခယ္လွယ္မႈ၊ စာရင္းလိမ္လည္ဟု အေမရိကန္သုေတသနအဖြဲ႕ စြပ္စြဲ
Htay Oung (NP News) - ဇန္နဝါရီ ၂၇
အာရွတိုက္ရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္ “ေဂါတမ္အက္ဒါနီ” တည္ေထာင္ထားတဲ့ “ေဂါတမ္ အုပ္စု“ ဟာ စေတာ့ ရွယ္ယာျခယ္လွယ္မႈနဲ႔ စာရင္းကိုင္လိမ္လည္မႈတို႔ကို က်ဴးလြန္လ်က္ရွိတယ္လို႔ နယူးေယာက္အေျခစိုက္ “ဟင္ဒင္ ဘတ္ဂ္ သုေတသနကုမၸဏီ” က စြပ္စြဲေဖာ္ျပလိုက္ပါတယ္။ ဘ႑ာေရးအျမတ္အစြန္းမ်ားအတြက္ စေတာ့ရွယ္ယာ ေစ်းႏႈန္းမ်ားအေပၚ ႀကိဳးကိုင္မႈမ်ားနဲ႔ပတ္သက္ၿပီး အေမရိကန္တရားေရး႒ာနက စုံစမ္းစစ္ေဆးေနတဲ့အမႈမ်ားမွာ မဟာမိတ္အျဖစ္ စာရင္းဝင္တဲ့ သုေတသနကုမၸဏီရဲ႕အစီရင္ခံစာ ထြက္ေပၚလာတဲ့ ဇန္နဝါရီ ၂၅ ရက္၊ ဗုဒၶဟူးေန႔ မွာပဲ “ေဂါတမ္အုပ္စု” ဟာ ေစ်းကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံဆုံးရႈံးသြားရတယ္လို႔ BBC က ယမန္ေန႔ ေရးသားခဲ့ပါတယ္။
၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွာ ေဂါ့တမ္ အက္ဒါနီဟာ အသားတင္ အေမရိကန္ေဒၚလာ ၁၂၉.၃ ဘီလ်ံ ပိုင္ဆိုင္သူျဖစ္ၿပီး ကမာၻေပၚမွာ စတုတၳေျမာက္နဲ႔ အာရွတိုက္မွာ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ေၾကာင္း “ဖီးဘီး” နဲ႔ “ဘလြန္း ဘတ္ဂ္” တို႔ က မွတ္တမ္းတင္ခဲ့ၾကဖူးပါတယ္။
အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီဟာ တမင္ရည္႐ြယ္ထားတဲ့ အမွားအယြင္းမ်ားနဲ႔ မလိုမုန္းထား ေဖာ္ျပျခင္းသာ ျဖစ္ေၾကာင္း၊ ဟင္ဒင္ဘတ္ဂ္အေပၚ ဥပေဒေၾကာင္းအရ အေရးယူရန္ စဥ္းစားလ်က္ရွိေၾကာင္း အသက္ ၆ဝ အ႐ြယ္ ဘီလ်ံနာသူေ႒းႀကီးက မွတ္ခ်က္ေပးပါတယ္။
“အက္ဒါနီ ဂ႐ု” ဟာ အိႏၵိယႏိုင္ငံရဲ႕အႀကီးမားဆုံးကုမၸဏီတစ္ခုျဖစ္ၿပီး ကုန္စည္ကူးသန္းမႈ၊ ေလဆိပ္၊ အသုံးဝန္ေဆာင္လုပ္ငန္းနဲ႔ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား အပါအဝင္ က်ယ္ျပန႔္တဲ့လုပ္ငန္းနယ္ပယ္မ်ားမွာ စီးပြားေရးေဆာင္႐ြက္လ်က္ရွိပါတယ္။ အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္တကၠသိုလ္ထြက္ စီးပြားေရးနဲ႔ စက္မႈလုပ္ငန္းရွင္ ႏိုင္ငံတကာအဆင့္ ဘီလ်ံနာသူေ႒းႀကီး ေဂါ့တမ္ရွန္သီလာအက္ဒါနီက ဦးေဆာင္ပါတယ္။
ဟင္ဒင္ဘတ္ဂ္အေနနဲ႔ အက္ဒါနီဂ႐ုရဲ႕အတိုခ်ဳံးေရာင္းခ်ျခင္းလုပ္ငန္းမ်ားမွာ အထူးျပဳ (သို႔မဟုတ္) က်ဆင္းလိမ့္ မယ္လို႔ေမွ်ာ္လင့္ရတဲ့ ကုမၸဏီတစ္ခုရဲ႕ရွယ္ယာေစ်းႏႈန္းအေပၚမွာ တြက္ခ်က္ေဖာ္ျပထားပါတယ္။
ေဂါတမ္ အက္ဒါနီဟာ ေကာ္ပိုရိတ္စီးပြားေရးလုပ္ငန္းမ်ား သမိုင္းမွာ အႀကီးမားဆုံး ႏွစ္ေပါက္ တစ္ေပါက္႐ိုက္သူ ျဖစ္ေၾကာင္း ဟင္ဒင္ဘတ္ဂ္က စြပ္စြဲလိုက္ျခင္းဟာ အက္ဒါနီဂ႐ုက သူတို႔ရဲ႕အစုရွယ္ယာေတြကို ထုတ္ေရာင္းခ်ျခင္း မတိုင္မီ တစ္ရက္အလိုမွာ ျဖစ္ပါတယ္။
ေမာ္ေရးရွပ္နဲ႔ ကာရစ္ဘီယံတို႔လို ပင္လယ္ရပ္ျခား အခြန္တိမ္းေရွာင္ရာ စခန္းမ်ားမွာ အက္ဒါနီဂ႐ုပိုင္ ကုမၸဏီမ်ား ရွိေနျခင္းကိုလည္း ေမးခြန္းထုတ္ထားပါတယ္။ အက္ဒါနီကုမၸဏီမ်ားဟာ မေရရာတဲ့ ေငြေၾကးဆိုင္ရာေနာက္ ေၾကာင္းမ်ား ရွိေနၿပီး အေႂကြးတစ္ပုံတစ္ေခါင္းႀကီးနဲ႔ အုပ္စုဖြဲ႕ထားျခင္းျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။
အစီရင္ခံစာအခ်က္အလက္မ်ားအတြက္ အေမရိကန္နဲ႔ အိႏၵိယရွိ ဟင္ဒင္ဘတ္ဂ္သုေတသနကုမၸဏီမ်ားအေပၚ ျပန္လည္ကုစားေပးဖို႔နဲ႔ တရားစြဲအေရးယူဖို႔အတြက္ သုံးသပ္ေနေၾကာင္း၊ မိမိတို႔စီးပြားေရးအုပ္စုဟာ ဥပေဒ အားလုံးနဲ႔ အၿမဲတမ္း ကိုက္ညီေၾကာင္း ေဂါ့တမ္ဂ႐ုက ဇန္နဝါရီလ ၂၆ ရက္၊ ၾကသပေတးေန႔မွာ ေျပာပါတယ္။
ဒါေပမဲ့ သူတို႔ရဲ႕ရွယ္ယာေတြဟာ ၁ဝ ရာခိုင္ႏႈန္းအထိ ထိုးစိုက္က်သြားၿပီး အေမရိကန္ေဒၚလာ ၇ ဘီလ်ံဆုံးရႈံးသြားၿပီ ျဖစ္ပါတယ္။ အစီရင္ခံစာေၾကာင့္ ဆက္ႏြယ္လာတဲ့ နယူးေဒလီ စေတာ့ေစ်းကြက္မ်ား မၿငိမ္မသက္ျဖစ္ရမႈဟာ အလြန္စိုးရိမ္စရာေကာင္းၿပီး အိႏၵိယႏိုင္ငံသားမ်ားအတြက္ မလိုလားအပ္တဲ့ စိုးရိမ္ပူပန္မႈကို ျဖစ္ေပၚေစတယ္လို႔ အက္ဒါနီရဲ႕ ဥပေဒေရးရာအဖြဲ႕အႀကီးအကဲက မွတ္ခ်က္ေပးပါတယ္။
အစီရင္ခံစာနဲ႔ အေထာက္အထားမဲ့အေၾကာင္းအရာေတြဟာ အက္ဒါနီဂ႐ုကုမၸဏီေတြရဲ႕ ရွယ္ယာတန္ဖိုးမ်ားအေပၚ ဆိုးဆိုး႐ြား႐ြား အက်ိဳးသက္ေရာက္ေစဖို႔ ဟင္ဒင္ဘတ္ဂ္သုေတသနက တမင္ရည္႐ြယ္ဖန္တီးျခင္းျဖစ္ေၾကာင္း အတိုင္းသား ျမင္ေနရပါတယ္လို႔လည္း ဆိုပါတယ္။ အုပ္စုရဲ႕ ပင္မကုမၸဏီျဖစ္တဲ့ အက္ဒါနီအင္တာ ပ႐ိုက္စ္ကေတာ့ သူတို႔ရဲ႕ရွယ္ယာေတြကို အမ်ားျပည္သူထံ ဇန္နဝါရီလ ၂၇ ရက္၊ ေသာၾကာေန႔မွာ စတင္ေရာင္းခ်ဖို႔ စီစဥ္ထား ပါတယ္။
ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီနဲ႔ နီးစပ္မႈေၾကာင့္သာ ေဂါတမ္အက္ဒါနီအေနနဲ႔ အက်ိဳးအျမတ္မ်ား ရရွိေနျခင္းျဖစ္ေၾကာင္း ကာလရွည္ၾကာ စြပ္စြဲေနၾကတဲ့ အိႏၵိယအတိုက္အခံႏိုင္ငံေရးသမားေတြကေတာ့ ဟင္ဒင္ဘတ္ဂ္ရဲ႕အစီရင္ခံစာကို အျမန္ ႀကိဳဆိုလိုက္ၾကပါတယ္။
အေသးစိတ္ သုေတသနျပဳခ်က္ေတြဟာ အမ်ားသူငါ နယ္ပယ္မွာ လူသိရွင္ၾကား ထြက္ေပၚလာပုံကိုေထာက္ၿပီး စြဲခ်က္တင္ခံထားရတာကို အိႏၵိယအစိုးရအေနနဲ႔ သတိျပဳမိဖို႔ အေရးႀကီးပါတယ္လို႔ အတိုက္အခံလႊတ္ေတာ္အမတ္ တို႔က သူတို႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေရးသားပါတယ္။
တာဝန္ရွိ နယူးေဒလီ စုံစမ္းစစ္ေဆးေရးေအဂ်င္စီမ်ားနဲ႔ ေစ်းကြက္ထိန္းခ်ဳပ္ေရးမႉးတို႔အေနနဲ႔ အက္ဒါနီဂ႐ုရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးမႈဖြင့္ဖို႔ အိႏၵိယေတာင္ပိုင္း ထင္ရွားတဲ့ ႏိုင္ငံေရးသမား ေကတီ ရာမာရာအိုက ေတာင္းဆိုပါတယ္။ ဒါေပမဲ့ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕မ်ားရဲ႕ ဘယ္လိုလုပ္ေဆာင္ခ်က္မ်ိဳးမဆို အမွီအခိုကင္းကင္းနဲ႔ စတင္ႏိုင္ဖြယ္မရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေထာက္ျပၾကပါတယ္။
အိႏၵိယရဲ႕စာရင္းဝင္ကုမၸဏီမ်ားကိုထိန္းခ်ဳပ္တဲ့ နယူးေဒလီ စေတာ့ရွယ္ယာမ်ားနဲ႔ ေငြေၾကးလဲလွယ္မႈဆိုင္ရာ ဘုတ္အဖြဲ႕အေနနဲ႔ သူတို႔ထံ လိပ္မူၿပီး တိက်တဲ့တိုင္ၾကားခ်က္တစ္ခုရွိမွသာ အေရးယူႏိုင္မွာ ျဖစ္ပါတယ္။ အဲဒါအျပင္ တစ္ျခားနည္းလမ္းမရွိေၾကာင္း၊ ယခင္ စည္းမ်ဥ္းပိုင္းဆိုင္ရာစိစစ္ေရး အစီရင္ခံစာမ်ားမွာ စြပ္စြဲခ်က္အမ်ားအျပား ရွိေနခဲ့ဖူးေၾကာင္း စီမံခန႔္ခြဲေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို အႀကံေပးတဲ့ “အင္ဂါဗန္႔ စီးပြားေရးသုေတသန” အတိုင္ပင္ခံလုပ္ငန္းတည္ေထာင္သူ ရွာရီယန္ဆူပရာမန္းနီးက ေျပာပါတယ္။
BBC က အိႏၵိယေစ်းကြက္ထိန္းသိမ္းေရးဘုတ္အဖြဲ႕ထံ ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ျခင္း ရရွိခဲ့ဘူးလို႔ သိရပါတယ္။ ေသာၾကာေန႔မွာ သူတို႔ရဲ႕ရွယ္ယာ ေဒၚလာ ၂.၄ ဘီလ်ံဖိုး ထုတ္ေရာင္းဖို႔ အသင့္ျဖစ္ေနတဲ့ အက္ဒါနီဂ႐ုအတြက္ အစီရင္ခံစာပါစြပ္စြဲခ်က္ေတြဟာ ရင္းႏွီးျမဳပ္ႏွံသူအခ်ိဳ႕ကို ရပ္တန႔္သြားေစႏိုင္ေၾကာင္း၊ အစီရင္ခံစာရဲ႕ ေရရွည္ အက်ိဳးဆက္ေတြဟာ အက္ဒါနီဂ႐ုအတြက္ ပိုၿပီးအခက္ေတြ႕သြားေစႏိုင္တယ္လို႔ ဘ႑ာေရးေစ်းကြက္ ေလ့လာ သုံးသပ္သူတစ္ဦးက ခန္႔မွန္းပါတယ္။
ဘလြန္းဘတ္ဂ္သတင္းဌာနမွ ပင္တိုင္ေဆာင္းပါးရွင္ အင္ဒီမူကာဂ်ီကေတာ့ ႏိုင္ငံတကာ ပါဝင္တဲ့ ဘ႑ာေရး ဂလိုဘယ္လိုက္ေဇးရွင္းနဲ႔ ႏိုင္ငံေရးအမ်ိဳးသားေရးဝါဒတို႔ရဲ႕ဖိအားမ်ားၾကားမွာ ပိတ္မိေနမႈမ်ား ရွိေနေၾကာင္း၊ ပိုမို က်ယ္ျပန႔္တဲ့ အိႏၵိယေစ်းကြက္ရဲ႕ခိုင္မာမႈနဲ႔ပတ္သက္ၿပီး အက္ဒါနီရဲ႕ အျခားမွာ ေမးခြန္းမ်ားစြာရွိေနေၾကာင္း၊ ေစ်းကြက္အတြင္း ဝင္ေရာက္သန႔္ရွင္းေရးလုပ္ရမည့္ နယူးေဒလီ စေတာ့ရွယ္ယာမ်ားနဲ႔ ေငြေၾကးလဲလွယ္မႈဆိုင္ရာ ဘုတ္အဖြဲ႕အေနနဲ႔ လူအမ်ားရဲ႕ ေအာ္ဟစ္သံကို ေစာင့္ဆိုင္းေနသလိုျဖစ္ေနေၾကာင္း သုံးသပ္ေရးသား လိုက္ပါတယ္။
#ဟင္ဒင္ဘတ္ဂ္သုေတသနကုမၸဏီ #ေဂါ့တမ္ရွန္သီလာအက္ဒါနီ #အာရွတိုက္အခ်မ္းသာဆုံးပုဂၢိဳလ္
(BBC., 27 Januray 2023,” Asia's richest man hits back at 'con' claims” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)