မြန်မာနိုင်ငံသို့ နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသော CMP စက်ရုံ(၃ဝဝ)နီးပါးကို တွန်းအားပေးကာ လုပ်ဆောင်နေဟုဆို

 1793

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသေးသည့် CMP စက်ရုံပေါင်း (၃ဝဝ)နီးပါးကို တွန်းအားပေးကာ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

နိုင်ငံအတွင်း၌ CMP စက်ရုံ၊ အလုပ်ရုံပေါင်း (၇၃၈)ရုံရှိသည့်အနက် ငွေစာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ (၃၆၂)ရုံသာရှိကြောင်း အလုပ် သမားဝန်ကြီးဌာနက ဆိုထားသည်။

သို့သော် နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသည့်စက်ရုံမှာ (၂၈၄)ရုံအထိ ရှိသည့်အပြင် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံမှာ (၉၂)ရုံအထိ ရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ အသိပေးပြောဆိုထားသည်။

“တစ်ချို့ကြတော့ ငွေစာရင်းမဝင်သေးဘူးဆိုတာက ကနဦး အခုမှ ကုန်ကလမ်းမှာပဲ ရှိသေးတာ။ ပြောချင်တာက delivery က ဟိုဘက်ကို မရောက်သေးတဲ့အချိန်မှာ သူတို့ဘက်ကလည်း ငွေမပို့သေးဘူးပေါ့ ဒီလိုမျိုးတော့ ရှိပါတယ်။ အကြောင်းတွေက တော့ အမျိုးစုံပါပဲ။ တစ်ချို့ကလည်း ကုမ္ပဏီစပြီးတော့ လုပ်ငန်းမရသေးတော့ မဖွင့်တာ။ တစ်ချို့ ကလည်း Personal အကောင့်ပဲရှိတယ်။ Business အကောင့်မရှိဘူးပေါ့။ အဲဒါကိုလည်း ကျွန်တော်တို့ Business အကောင့်ဖွင့်ဖို့ တွန်းအားပေးနေပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို ပြောသည်။

ထို့ပြင် အချို့သော CMP စက်ရုံများအနေဖြင့် လိုင်စင်လျှောက်ထားပြီးနောက် အော် ဒါများရရှိခြင်း မရှိသေးသည့်အတွက် ငွေစာရင်းဖွင့်လှစ်ခြင်းများ မပြုလုပ်ကြသည်ကိုလည်းတွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ CMP စက်ရုံ၊ အလုပ်ရုံများမှ နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသည့်အတွက် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိမှုအပိုင်းတွင် နစ်နာမှုများရှိကြောင်း သိရသည်။

“အဓိကတော့ နိုင်ငံခြားငွေ မလွှဲတဲ့အတွက် နိုင်ငံအတွက် နိုင်ငံခြားငွေ၊ အရံငွေ မရဘူးပေါ့။ နောက်တစ်ခုကတော့ အရာရာ အားလုံးက ပုံသေနည်းနဲ့လည်း မဖြစ်ဘူး။ ပုံသဏ္ဍာန်ကတော့ မျိုးစုံရှိတာပေါ့။ ကိုဗစ်ကြောင့်ရော၊ အခြားသော နိုင်ငံရေး အ ခြေအနေတွေကြောင့်ရော။ ဒီအပေါ်မှာတော့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်စည်းရုံးတဲ့နည်းနဲ့ပဲ ကျွန်တော်တို့က နည်းလမ်းတကျဖြစ်အောင် တွန်းအားပေးပြီး လုပ်နေပါတယ်” ဟု ဦးညွန့်ဝင်းက ဆက်လက်ပြောသည်။

အဆိုပါ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ်အား အသုံးပြုရမည်ဖြစ်ပြီး နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသော စက်ရုံများသည်လည်း ပြည်ပမှ အသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် ဗဟိုဘဏ်၏ စည်းမျဉ်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက တိုက် တွန်းထားသည်။

မြန်မာနိုင်ငံအတွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များက အများဆုံးရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိေသာ CMP စက္႐ုံ(၃ဝဝ)နီးပါးကို တြန္းအားေပးကာ လုပ္ေဆာင္ေနဟုဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၉

ျမန္မာႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိေသးသည့္ CMP စက္႐ုံေပါင္း (၃ဝဝ)နီးပါးကို တြန္းအားေပးကာ ေဆာင္႐ြက္ေနေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံအတြင္း၌ CMP စက္႐ုံ၊ အလုပ္႐ုံေပါင္း (၇၃၈)႐ုံရွိသည့္အနက္ ေငြစာရင္းဖြင့္လွစ္ထားၿပီး ႏိုင္ငံျခားေငြဝင္ေရာက္သည့္ စက္႐ုံ (၃၆၂)႐ုံသာရွိေၾကာင္း အလုပ္ သမားဝန္ႀကီးဌာနက ဆိုထားသည္။

သို႔ေသာ္ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိသည့္စက္႐ုံမွာ (၂၈၄)႐ုံအထိ ရွိသည့္အျပင္ ေငြစာရင္းဖြင့္လွစ္ထားျခင္းမရွိသည့္ စက္႐ုံမွာ (၉၂)႐ုံအထိ ရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ အသိေပးေျပာဆိုထားသည္။

“တစ္ခ်ိဳ႕ၾကေတာ့ ေငြစာရင္းမဝင္ေသးဘူးဆိုတာက ကနဦး အခုမွ ကုန္ကလမ္းမွာပဲ ရွိေသးတာ။ ေျပာခ်င္တာက delivery က ဟိုဘက္ကို မေရာက္ေသးတဲ့အခ်ိန္မွာ သူတို႔ဘက္ကလည္း ေငြမပို႔ေသးဘူးေပါ့ ဒီလိုမ်ိဳးေတာ့ ရွိပါတယ္။ အေၾကာင္းေတြက ေတာ့ အမ်ိဳးစုံပါပဲ။ တစ္ခ်ိဳ႕ကလည္း ကုမၸဏီစၿပီးေတာ့ လုပ္ငန္းမရေသးေတာ့ မဖြင့္တာ။ တစ္ခ်ိဳ႕ ကလည္း Personal အေကာင့္ပဲရွိတယ္။ Business အေကာင့္မရွိဘူးေပါ့။ အဲဒါကိုလည္း ကြၽန္ေတာ္တို႔ Business အေကာင့္ဖြင့္ဖို႔ တြန္းအားေပးေနပါတယ္” ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို ေျပာသည္။

ထို႔ျပင္ အခ်ိဳ႕ေသာ CMP စက္႐ုံမ်ားအေနျဖင့္ လိုင္စင္ေလွ်ာက္ထားၿပီးေနာက္ ေအာ္ ဒါမ်ားရရွိျခင္း မရွိေသးသည့္အတြက္ ေငြစာရင္းဖြင့္လွစ္ျခင္းမ်ား မျပဳလုပ္ၾကသည္ကိုလည္းေတြ႕ရွိရေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ CMP စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိသည့္အတြက္ ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားေငြရရွိမႈအပိုင္းတြင္ နစ္နာမႈမ်ားရွိေၾကာင္း သိရသည္။

“အဓိကေတာ့ ႏိုင္ငံျခားေငြ မလႊဲတဲ့အတြက္ ႏိုင္ငံအတြက္ ႏိုင္ငံျခားေငြ၊ အရံေငြ မရဘူးေပါ့။ ေနာက္တစ္ခုကေတာ့ အရာရာ အားလုံးက ပုံေသနည္းနဲ႔လည္း မျဖစ္ဘူး။ ပုံသ႑ာန္ကေတာ့ မ်ိဳးစုံရွိတာေပါ့။ ကိုဗစ္ေၾကာင့္ေရာ၊ အျခားေသာ ႏိုင္ငံေရး အ ေျခအေနေတြေၾကာင့္ေရာ။ ဒီအေပၚမွာေတာ့ လုပ္ငန္းရွင္ေတြကို ဆြဲေဆာင္စည္း႐ုံးတဲ့နည္းနဲ႔ပဲ ကြၽန္ေတာ္တို႔က နည္းလမ္းတက်ျဖစ္ေအာင္ တြန္းအားေပးၿပီး လုပ္ေနပါတယ္” ဟု ဦးၫြန႔္ဝင္းက ဆက္လက္ေျပာသည္။

အဆိုပါ စက္႐ုံ၊ အလုပ္႐ုံမ်ားအေနျဖင့္ ေငြေၾကးလည္ပတ္သုံးစြဲရာတြင္ ဘဏ္စနစ္အား အသုံးျပဳရမည္ျဖစ္ၿပီး ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိေသာ စက္႐ုံမ်ားသည္လည္း ျပည္ပမွ အသုံးစရိတ္မ်ား လႊဲေျပာင္းသုံးစြဲရာတြင္ ဗဟိုဘဏ္၏ စည္းမ်ဥ္း မ်ားႏွင့္အညီ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက တိုက္ တြန္းထားသည္။

ျမန္မာႏိုင္ငံအတြင္းရွိ CMP စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တ႐ုတ္၊ ထိုင္ဝမ္၊ ကိုရီးယား၊ ဂ်ပန္၊ ထိုင္းႏိုင္ငံတို႔မွ လုပ္ငန္းရွင္မ်ားက အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.