အာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်လာခဲ့တဲ့ အရှေ့တီမောနိုင်ငံရဲ့ သမ္မတ အကြောင်းတစေ့တစောင်း

 94

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၄၇)ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်း အဝေးမှာ အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ ရဲ့(၁၁)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အာ ဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရခြင်းနဲ့ပတ်သက်ပြီး အရှေ့တီမောနိုင်ငံဝန်ကြီးချုပ် ဂူစမာအိုက “ဒီနေ့ဟာ အရှေ့တီမောနိုင်ငံရဲ့သမိုင်းဝင်နေ့ဖြစ်ပါတယ်။ အရှေ့တီမောနိုင်ငံပြည်သူတွေရဲ့မျှော်လင့်ချက်တွေ အ မှန်တကယ်ဖြစ်လာခဲ့ပါတယ်}လို့ပြောပါတယ်။ အရှေ့တီမောကို နိုင်ငံအဖြစ်သတ်မှတ်ထားပေမယ့် ၎င်း တို့ လူဦးရေဟာ ရန်ကုန်မြို့ရဲ့လက်ရှိလူဦးရေနဲ့ နှိုင်းယှဉ် ရင် (၃)ပုံ(၁)ပုံတောင်မရှိပါဘူး။ အရှေ့တီမော နိုင်ငံဟာ အာရှတိုက်အတွင်းရှိနိုင်ငံတွေထဲမှာ အဆင်းရဲ ဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သလို လူဦးရေ (၁ ဒသမ ၄) သန်းကျော်သာရှိပါတယ်။ အရှေ့တီမောနိုင်ငံရဲ့ဂျီဒီပီဟာ (၂)ဘီလျံကျော်သာရှိပြီး အာဆီယံ အဖွဲ့ရဲ့ စုစုပေါင်းဂျီဒီပီနဲ့နှိုင်းယှဉ်ရင် များစွာလျော့နည်းလွန်းနေကာ အာဆီယံအဖွဲ့ရဲ့ စုစုပေါင်းဂျီဒီပီဟာ အမေရိကန်ဒေါ်လာ (၄)ထရီလျံနီးပါးရှိပါတယ်။ အရှေ့တီမောနိုင်ငံဟာ တီမောကျွန်းရဲ့အရှေ့ဘက် အ ပိုင်းမှာ တည်ရှိကာ အချုပ်အခြာအာဏာပိုင်ကျွန်းနိုင်ငံဖြစ်ပြီး စတုရန်းကီလိုမီတာပေါင်း (၁၅,ဝ၀၇) ကျယ်ဝန်းတယ်လို့သိရပါတယ်။
(၁၆)ရာစုအတွင်းက ပေါ်တူဂီတို့ရဲ့ ကိုလိုနီပြုမှုကိုခံခဲ့ရတဲ့ တီမောဒေသဟာ (၁၉၇၅)ခုနှစ် နိုဝင် ဘာလ(၂၅)ရက်မတိုင်မီအထိ ပေါ်တူဂစ်-တီ မောဟုလူသိများခဲ့ပြီး တီမောတော်လှန်ရေးတပ်ပေါင်း စုက လွတ်လပ်ရေးကိုကြေညာခဲ့ပေမယ့် (၉)ရက်အ ကြာမှာ အင်ဒိုနီးရှားစစ်တပ်ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားစစ်တပ်နဲ့ တီမောနယ်မြေခွဲထွက်ရေးအုပ်စုတွေကြား လက်နက် ကိုင် ပဋိပက္ခတွေက ကာလကြာရှည်စွာတည်ရှိခဲ့ပြီး ကုလသမဂ္ဂရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ (၁၉၉၉)ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အရှေ့တီမောကို လက်လွှတ်ခဲ့ရပါတယ်။ အရှေ့တီမောနိုင်ငံဟာ (၂၀ဝ၂)ခုနှစ် မေလ(၂၀)ရက်မှာ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာကာ (၂၁)ရာစုမှာ ပထမ ဆုံးပေါ်ထွက်လာတဲ့ အချုပ်အခြာအာဏာပိုင် တိုင်းပြည်ဖြစ်ပါတယ်။ အရှေ့တီမောနိုင်ငံကို လက်ရှိ တာ ဝန်ယူအုပ်ချုပ်နေသူဟာ သမ္မတ ဂျိုစ့် မန်နျူရယ် ရာမို့စ်ဟော်တာဖြစ်ပါတယ်။ ဟော်တာဟာ အရှေ့ တီ မောနိုင်ငံ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာခဲ့ပြီးနောက် သမ္မတအဖြစ် နှစ်ကြိမ်ရွေးကောက်ခံရသူ ဖြစ်ပါတယ်။ ၎င်းဟာ အရှေ့တီမောနိုင်ငံရဲ့သမ္မတ သက်တမ်းမှာ (၄)ဦးမြောက်သမ္မတနဲ့ (၇) ဦးမြောက် သမ္မတအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဟော်တာ ဟာ (၂၀၂၂)ခုနှစ်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင် ရခဲ့ပြီးနောက် (၇)ဦးမြောက်သမ္မတအဖြစ် ရွေးကောက်ခံရသူဖြစ်ပါတယ်။ ဟော်တာကို (၁၉၄၉)ခုနှစ် ဒီဇင်ဘာလမှာ ဒါလီမြို့မှာမွေးဖွားခဲ့ပြီး ငြိမ်း ချမ်းရေးနိုဘယ်ဆုကို (၁၉၉၆)ခုနှစ်တုန်းက ပူးတွဲရရှိခဲ့သူ လည်းဖြစ်ပါတယ်။ ဟော်တာဟာ အရှေ့တီမော နိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေ ရှင်းနိုင်အောင်ကြိုးပမ်းခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနို ဘယ်ဆု ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ အသက် (၇၅) နှစ်အရွယ်ရှိ ဟော်တာဟာ သမ္မတ ရာထူးကို နှစ်ကြိမ်တာဝန်ယူခဲ့ဖူးတဲ့အပြင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ အရှေ့တီမောနိုင်ငံမှာ နေထိုင်တဲ့ မက်တီကို မျိုးနွယ်စု ဖခင်ဖြစ်သူက ပေါ်တူဂီနိုင်ငံသားဖြစ်ကာ မိခင်ဖြစ်သူက ပေါ်တူဂီ - အရှေ့တီမော လူမျိုးဖြစ်ပါတယ်။ ဟော်တာဟာ ငယ်စဉ်တုန်းက ကက်သလစ်ခရစ်ယာန် သာသနာပြုကျောင်းမှာ ကျောင်းတက်ခဲ့ရသူဖြစ်ပြီး (၁၉၈၃)ခုနှစ်မှာ The Hague Academy of International Law ကျောင်းမှာ နိုင်ငံတကာ ဥပဒေဘာသာရပ်အပြင် ဥပဒေဆိုင်ရာဘွဲ့တွေကို ရရှိခဲ့ပါတယ်။ ဟော်တာမှာ မွေးချင်း (၁၁) ဦးရှိပြီး (၄)ဦးက အင်ဒိုနီးရှားစစ်တပ် ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဟော်တာဟာ အမေရိကန်နိုင်ငံ အောက်စဖိုဒ့် စိန့်အန်တိုနီ ကောလိပ်ရဲ့ သုတေသီတစ်ဦးဖြစ်ပြီး ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန် နဲ့ အရှေ့တီမော ဘာသာစကား ငါးမျိုးကိုကျွမ်းကျင်စွာ ပြောဆိုတတ်သူလည်းဖြစ်ပါတယ်။ ၎င်းဟာ အရှေ့ တီမောနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုများမှာ နှစ်ပေါင်းများစွာကြာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ပြည် ပြေးအဖြစ် ရှင်သန်ခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ ဟော်တာဟာ ဘမျိုးဘိုးတူ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ၎င်းရဲ့အဘိုးဖြစ်သူဟာလည်း အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူဖြစ်ကာ ပြည် ပြေးအဖြစ် နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ဟော်တာဟာ အရှေ့တီမောလွတ်လပ်ရေးတပ်ဦးကို ဦးဆောင် တည်ထောင်သူတစ်ဦးဖြစ်သလို အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ဟော်တာဟာ အရှေ့တီမော နိုင်ငံကို ပေါ်တူဂီနိုင်ငံလက်အောက် ရောက်ရှိနေချိန်တည်းက လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သလို အင်ဒိုနီးရှားနိုင်ငံရဲ့ကျူးကျော်သိမ်းပိုက်ခံရချိန်မှာလည်း လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်ပါ တယ်။ ၎င်းဟာ အရှေ့တီမောနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက အရှေ့တီမော လွတ်လပ်ရေးအဖွဲ့ တွေက ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို အသက် (၂၅)နှစ်အရွယ်နဲ့ တာဝန် ယူခွင့်ရခဲ့သူဖြစ်ပါတယ်။ အရှေ့တီမောကို အင်ဒိုနီးရှားစစ်တပ်က ကျူးကျော်သိမ်းပိုက်ချိန်မှာလည်း ကုလသမဂ္ဋအထိ သွားရောက် ပြီး အရေးဆို မိန့်ခွန်းပြောခဲ့သူဖြစ်ပါတယ်။ ၎င်း ဟာ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးအတွက် ကမ္ဘာတစ်ဝန်းကို လှည့်လည်စည်းရုံးခဲ့သူဖြစ်ပြီး ကမ္ဘာတစ်ဝန်းကို သွားရောက် ချိန်မှာ အိတ်ထဲမှာ အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာသာရှိခဲ့ကာ စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ခဲ့ရ သူဖြစ်ပါတယ်။ ဟော်တာဟာ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သူတွေထဲမှာ အဓိက အရေးပါသူဖြစ်ပြီး ပြည်သူတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်မာရရှိခဲ့သူလည်းဖြစ်ပါတယ်။ ၎င်း ဟာ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးရရှိအောင် တစ်စိုက်မတ်မတ်နဲ့ ကြိုးပမ်းခဲ့သူဖြစ်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေအပြင် နိုင်ငံတကာကို သွားရောက် ကာ စည်းရုံးပြောဆိုခဲ့သူဖြစ်ပါတယ်။ ဟော်တာဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးကို အဓိကဦးစားပေးတဲ့ခေါင်းဆောင်ဖြစ်ကာ နိုင်ငံ ရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ နူးညံ့သိမ့်မွေ့သူဖြစ်ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာမို့စ်ဟော် တာဟာ တီမောလွတ်လပ်ရေးအတွက် အဖွဲ့အစည်း ဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ညှိနှိုင်းရာမှာ ဦးဆောင်အခန်းကဏ္ဍမှပါဝင်ခဲ့သလို (၂၀ဝဝ) ပြည့်နှစ် မတ်လ (၁) ရက်က UNTAET နဲ့ အရေးကြီးတဲ့ ပူးတွဲအလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ တီမောကိုယ်စားလှယ် အဖွဲ့ကို ဗျူဟာအသစ်တစ်ခုထုတ်ကာ အဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်တွေကို ဖော်ထုတ်နိုင်အောင် ဦး ဆောင်ကြိုးပမ်းခဲ့ပါတယ်။ ၎င်းရဲ့ကြိုးပမ်းမှုတွေကြောင့် ရလဒ်ဟာ တီမောပြန်လည်တည်ဆောက်ရေး အမျိုးသားကွန်ဂရက် (CNRT) ခေါင်းဆောင်တွေအပါအဝင် အုပ်ချုပ်ရေးအာဏတွေနဲ့ ပူးတွဲအုပ်ချုပ်မှု အတွက် သဘောတူထားတဲ့ အသေးစိတ်ပုံစံဖြစ်ပါတယ်။ အရှေ့တီမောဟာ (၁၉၉၉)ခုနှစ်မှာ အင်ဒိုနီး ရှားနိုင်ငံထံကနေ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့ရဲ့ ယာယီအုပ်ချုပ်ခြင်းကို ရင်ဆိုင်ခဲ့ရပြီး (၂၀ဝ၂)ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်မှာ အရှေ့တီမော(ခ) တီမောလက်စ်တေနိုင်ငံဟာ ကုလသမဂ္ဂကို ဝင်ရောက်ခဲ့ပါတယ်။ ရာမို့စ်ဟော်တာဟာ အချုပ်အခြာ အာဏာပိုင်တဲ့ အရှေ့တီမောနိုင်ငံမှာ ပထမဆုံးဖွဲ့ စည်းခဲ့တဲ့ အစိုးရအဖွဲမှာ တီမောလက်စ်တေအစိုးရ၏ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါ တယ်။ ဟော်တာဟာ (၂၀ဝ၆)ခုနှစ် ဇွန်လ(၃)ရက်မှာ အရှေ့တီမောအစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကိုပါထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် အယ်လ်ကာတီရီအစိုးရအဖွဲ့နဲ့ စိတ်သဘောထားချင်းတိုက်ဆိုင် မှုမရှိတဲ့အတွက် ဟော်တာဟာ(၂၀ဝ၆)ခုနှစ် ဇွန်လ (၂၅)ရက်တွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် အယ်လ်ကာတီရီ ရာထူးကနုတ်ထွက်ခဲ့ပြီးနောက် ဟော် တာဟာ ဝန်ကြီးချုပ်ရာထူးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် အယ်လ်ကာ တီရီ နေရာကို ဆက်ခံခဲ့ပါတယ်။ ဟော်တာဟာ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်မခံရခင် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်အဖြစ် ကိုဖီအာနန် နေရာမှာ ဆက်ခံရန်ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်း အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါ တယ်။ ရာမို့စ်ဟော်တာဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး နောက် (၂၀ဝ၇) ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒမဲ (၆၉ ဒသမ ၁၈) ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး (၂၀ဝ၇) ခုနှစ် မေ(၂၀)မှာ အရှေ့တီမောသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို ကာသမ္မတရာထူးကို (၅)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၎င်းဟာ (၂၀၁၂)ခုနှစ်က ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပေမယ့် (၂၀၂၂) ခုနှစ်မှာ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ရွေး ချယ်ခံရပြီး ဆန္ဒမဲ (၆၂ ဒသမ ၁၀)ရာခိုင်နှုန်း ရရှိကာ၊ ဒုတိယ အကြိမ် မြောက်သမ္မတသက်တမ်းကို ထမ်းဆောင်ခဲ့ပါတယ်။
ဟော်တာဟာ အရှေ့တီမောနိုင်ငံရဲ့အစိုးရအဖွဲ့မှာ တာဝန်ယူချိန်အတွင်း လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတာမျိုးရင်ဆိုင်ခဲ့ရပြီး (၂၀ဝ၈) ခုနှစ် ဖေဖော်ဝါရီ (၁၁)ရက်တုန်းက သမ္မတ ရာမို့စ်ဟော်တာဟာ သေနတ်ပစ်ခတ်ခံရပြီး လုပ်ကြံခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ၎င်းဟာ ပြန်လည်သက်သာ ကောင်းမွန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဟော်တာဟာ သမ္မတအဖြစ် တာဝန်ယူ ချိန်အတွင်း နိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာအောင်ကြိုးပမ်းပေးနိုင်တဲ့ သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီး ၎င်းတာဝန်ယူချိန်အတွင်း အာဆီယံအဖွဲ့နဲ့ အရှေ့တီမောနိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင်ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Zawgyi Verion:
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအသစ္ျဖစ္လာခဲ့တဲ့ အေရွ႕တီေမာႏိုင္ငံရဲ႕ သမၼတ အေၾကာင္းတေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄
မေလးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ (၄၇)ႀကိမ္ေျမာက္အာဆီယံ ထိပ္သီးအစည္း အေဝးမွာ အေရွ႕တီေမာႏိုင္ငံဟာ အာဆီယံအဖြဲ႕ ရဲ႕(၁၁)ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာခဲ့ပါတယ္။ အာ ဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္ရျခင္းနဲ႔ပတ္သက္ၿပီး အေရွ႕တီေမာႏိုင္ငံဝန္ႀကီးခ်ဳပ္ ဂူစမာအိုက “ဒီေန႔ဟာ အေရွ႕တီေမာႏိုင္ငံရဲ႕သမိုင္းဝင္ေန႔ျဖစ္ပါတယ္။ အေရွ႕တီေမာႏိုင္ငံျပည္သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ေတြ အ မွန္တကယ္ျဖစ္လာခဲ့ပါတယ္}လို႔ေျပာပါတယ္။ အေရွ႕တီေမာကို ႏိုင္ငံအျဖစ္သတ္မွတ္ထားေပမယ့္ ၎ တို႔ လူဦးေရဟာ ရန္ကုန္ၿမိဳ႕ရဲ႕လက္ရွိလူဦးေရနဲ႔ ႏႈိင္းယွဥ္ ရင္ (၃)ပုံ(၁)ပုံေတာင္မရွိပါဘူး။ အေရွ႕တီေမာ ႏိုင္ငံဟာ အာရွတိုက္အတြင္းရွိႏိုင္ငံေတြထဲမွာ အဆင္းရဲ ဆုံးနဲ႔ ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံျဖစ္သလို လူဦးေရ (၁ ဒသမ ၄) သန္းေက်ာ္သာရွိပါတယ္။ အေရွ႕တီေမာႏိုင္ငံရဲ႕ဂ်ီဒီပီဟာ (၂)ဘီလ်ံေက်ာ္သာရွိၿပီး အာဆီယံ အဖြဲ႕ရဲ႕ စုစုေပါင္းဂ်ီဒီပီနဲ႔ႏႈိင္းယွဥ္ရင္ မ်ားစြာေလ်ာ့နည္းလြန္းေနကာ အာဆီယံအဖြဲ႕ရဲ႕ စုစုေပါင္းဂ်ီဒီပီဟာ အေမရိကန္ေဒၚလာ (၄)ထရီလ်ံနီးပါးရွိပါတယ္။ အေရွ႕တီေမာႏိုင္ငံဟာ တီေမာကြၽန္းရဲ႕အေရွ႕ဘက္ အ ပိုင္းမွာ တည္ရွိကာ အခ်ဳပ္အျခာအာဏာပိုင္ကြၽန္းႏိုင္ငံျဖစ္ၿပီး စတုရန္းကီလိုမီတာေပါင္း (၁၅,ဝ၀၇) က်ယ္ဝန္းတယ္လို႔သိရပါတယ္။
(၁၆)ရာစုအတြင္းက ေပၚတူဂီတို႔ရဲ႕ ကိုလိုနီျပဳမႈကိုခံခဲ့ရတဲ့ တီေမာေဒသဟာ (၁၉၇၅)ခုႏွစ္ ႏိုဝင္ ဘာလ(၂၅)ရက္မတိုင္မီအထိ ေပၚတူဂစ္-တီ ေမာဟုလူသိမ်ားခဲ့ၿပီး တီေမာေတာ္လွန္ေရးတပ္ေပါင္း စုက လြတ္လပ္ေရးကိုေၾကညာခဲ့ေပမယ့္ (၉)ရက္အ ၾကာမွာ အင္ဒိုနီးရွားစစ္တပ္ရဲ႕ တိုက္ခိုက္သိမ္းပိုက္ျခင္း ခံခဲ့ရပါတယ္။ ဒါေၾကာင့္ အင္ဒိုနီးရွားစစ္တပ္နဲ႔ တီေမာနယ္ေျမခြဲထြက္ေရးအုပ္စုေတြၾကား လက္နက္ ကိုင္ ပဋိပကၡေတြက ကာလၾကာရွည္စြာတည္ရွိခဲ့ၿပီး ကုလသမဂၢရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ဥပေဒအရ (၁၉၉၉)ခုႏွစ္မွာ အင္ဒိုနီးရွားႏိုင္ငံက အေရွ႕တီေမာကို လက္လႊတ္ခဲ့ရပါတယ္။ အေရွ႕တီေမာႏိုင္ငံဟာ (၂၀ဝ၂)ခုႏွစ္ ေမလ(၂၀)ရက္မွာ အခ်ဳပ္အျခာအာဏာပိုင္ တိုင္းျပည္တစ္ခုျဖစ္လာကာ (၂၁)ရာစုမွာ ပထမ ဆုံးေပၚထြက္လာတဲ့ အခ်ဳပ္အျခာအာဏာပိုင္ တိုင္းျပည္ျဖစ္ပါတယ္။ အေရွ႕တီေမာႏိုင္ငံကို လက္ရွိ တာ ဝန္ယူအုပ္ခ်ဳပ္ေနသူဟာ သမၼတ ဂ်ိဳစ့္ မန္န်ဴရယ္ ရာမို႔စ္ေဟာ္တာျဖစ္ပါတယ္။ ေဟာ္တာဟာ အေရွ႕ တီ ေမာႏိုင္ငံ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္လာခဲ့ၿပီးေနာက္ သမၼတအျဖစ္ ႏွစ္ႀကိမ္ေ႐ြးေကာက္ခံရသူ ျဖစ္ပါတယ္။ ၎ဟာ အေရွ႕တီေမာႏိုင္ငံရဲ႕သမၼတ သက္တမ္းမွာ (၄)ဦးေျမာက္သမၼတနဲ႔ (၇) ဦးေျမာက္ သမၼတအျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ေဟာ္တာ ဟာ (၂၀၂၂)ခုႏွစ္က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ ရခဲ့ၿပီးေနာက္ (၇)ဦးေျမာက္သမၼတအျဖစ္ ေ႐ြးေကာက္ခံရသူျဖစ္ပါတယ္။ ေဟာ္တာကို (၁၉၄၉)ခုႏွစ္ ဒီဇင္ဘာလမွာ ဒါလီၿမိဳ႕မွာေမြးဖြားခဲ့ၿပီး ၿငိမ္း ခ်မ္းေရးႏိုဘယ္ဆုကို (၁၉၉၆)ခုႏွစ္တုန္းက ပူးတြဲရရွိခဲ့သူ လည္းျဖစ္ပါတယ္။ ေဟာ္တာဟာ အေရွ႕တီေမာ ႏိုင္ငံမွာျဖစ္ပြားေနတဲ့ပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာေျဖ ရွင္းႏိုင္ေအာင္ႀကိဳးပမ္းခဲ့တဲ့အတြက္ ၿငိမ္းခ်မ္းေရးႏို ဘယ္ဆု ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္။ အသက္ (၇၅) ႏွစ္အ႐ြယ္ရွိ ေဟာ္တာဟာ သမၼတ ရာထူးကို ႏွစ္ႀကိမ္တာဝန္ယူခဲ့ဖူးတဲ့အျပင္ ဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရး ဝန္ႀကီး တာဝန္ေတြကိုလည္း ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ အေရွ႕တီေမာႏိုင္ငံမွာ ေနထိုင္တဲ့ မက္တီကို မ်ိဳးႏြယ္စု ဖခင္ျဖစ္သူက ေပၚတူဂီႏိုင္ငံသားျဖစ္ကာ မိခင္ျဖစ္သူက ေပၚတူဂီ - အေရွ႕တီေမာ လူမ်ိဳးျဖစ္ပါတယ္။ ေဟာ္တာဟာ ငယ္စဥ္တုန္းက ကက္သလစ္ခရစ္ယာန္ သာသနာျပဳေက်ာင္းမွာ ေက်ာင္းတက္ခဲ့ရသူျဖစ္ၿပီး (၁၉၈၃)ခုႏွစ္မွာ The Hague Academy of International Law ေက်ာင္းမွာ ႏိုင္ငံတကာ ဥပေဒဘာသာရပ္အျပင္ ဥပေဒဆိုင္ရာဘြဲ႕ေတြကို ရရွိခဲ့ပါတယ္။ ေဟာ္တာမွာ ေမြးခ်င္း (၁၁) ဦးရွိၿပီး (၄)ဦးက အင္ဒိုနီးရွားစစ္တပ္ ရဲ႕သတ္ျဖတ္ျခင္းကိုခံခဲ့ရပါတယ္။ ေဟာ္တာဟာ အေမရိကန္ႏိုင္ငံ ေအာက္စဖိုဒ့္ စိန႔္အန္တိုနီ ေကာလိပ္ရဲ႕ သုေတသီတစ္ဦးျဖစ္ၿပီး ေပၚတူဂီ၊ အဂၤလိပ္၊ ျပင္သစ္၊ စပိန္ နဲ႔ အေရွ႕တီေမာ ဘာသာစကား ငါးမ်ိဳးကိုကြၽမ္းက်င္စြာ ေျပာဆိုတတ္သူလည္းျဖစ္ပါတယ္။ ၎ဟာ အေရွ႕ တီေမာႏိုင္ငံ လြတ္လပ္ေရးရဖို႔ ႀကိဳးပမ္းမႈမ်ားမွာ ႏွစ္ေပါင္းမ်ားစြာၾကာ ပါဝင္လႈပ္ရွားခဲ့သူျဖစ္ၿပီး ျပည္ ေျပးအျဖစ္ ရွင္သန္ခဲ့ရဖူးသူလည္းျဖစ္ပါတယ္။ ေဟာ္တာဟာ ဘမ်ိဳးဘိုးတူ ႏိုင္ငံေရးသမားတစ္ဦး ျဖစ္ၿပီး ၎ရဲ႕အဘိုးျဖစ္သူဟာလည္း အေရွ႕တီေမာႏိုင္ငံ လြတ္လပ္ေရးအတြက္တိုက္ပြဲဝင္ခဲ့သူျဖစ္ကာ ျပည္ ေျပးအျဖစ္ ေနထိုင္ခဲ့ရသူျဖစ္ပါတယ္။ ေဟာ္တာဟာ အေရွ႕တီေမာလြတ္လပ္ေရးတပ္ဦးကို ဦးေဆာင္ တည္ေထာင္သူတစ္ဦးျဖစ္သလို အဖြဲ႕ဝင္ေဟာင္းတစ္ဦးလည္းျဖစ္ပါတယ္။ ေဟာ္တာဟာ အေရွ႕တီေမာ ႏိုင္ငံကို ေပၚတူဂီႏိုင္ငံလက္ေအာက္ ေရာက္ရွိေနခ်ိန္တည္းက လြတ္လပ္ေရးရရွိေအာင္ ႀကိဳးပမ္းခဲ့သလို အင္ဒိုနီးရွားႏိုင္ငံရဲ႕က်ဴးေက်ာ္သိမ္းပိုက္ခံရခ်ိန္မွာလည္း လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းခဲ့သူျဖစ္ပါ တယ္။ ၎ဟာ အေရွ႕တီေမာႏိုင္ငံလြတ္လပ္ေရးမရခင္ကတည္းက အေရွ႕တီေမာ လြတ္လပ္ေရးအဖြဲ႕ ေတြက ဖြဲ႕စည္းထားတဲ့ အစိုးရအဖြဲ႕မွာ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္ကို အသက္ (၂၅)ႏွစ္အ႐ြယ္နဲ႔ တာဝန္ ယူခြင့္ရခဲ့သူျဖစ္ပါတယ္။ အေရွ႕တီေမာကို အင္ဒိုနီးရွားစစ္တပ္က က်ဴးေက်ာ္သိမ္းပိုက္ခ်ိန္မွာလည္း ကုလသမဂၬအထိ သြားေရာက္ ၿပီး အေရးဆို မိန႔္ခြန္းေျပာခဲ့သူျဖစ္ပါတယ္။ ၎ ဟာ အေရွ႕တီေမာႏိုင္ငံ လြတ္လပ္ေရးအတြက္ ကမာၻတစ္ဝန္းကို လွည့္လည္စည္း႐ုံးခဲ့သူျဖစ္ၿပီး ကမာၻတစ္ဝန္းကို သြားေရာက္ ခ်ိန္မွာ အိတ္ထဲမွာ အေမရိကန္ေဒၚလာ (၂၅) ေဒၚလာသာရွိခဲ့ကာ စိန္ေခၚမႈ အမ်ားအျပားကို ရင္ဆိုင္ခဲ့ရ သူျဖစ္ပါတယ္။ ေဟာ္တာဟာ အေရွ႕တီေမာႏိုင္ငံ လြတ္လပ္ေရးရရွိေအာင္ႀကိဳးပမ္းခဲ့သူေတြထဲမွာ အဓိက အေရးပါသူျဖစ္ၿပီး ျပည္သူေတြရဲ႕ခ်စ္ခင္အားေပးမႈကို အခိုင္မာရရွိခဲ့သူလည္းျဖစ္ပါတယ္။ ၎ ဟာ အေရွ႕တီေမာႏိုင္ငံ လြတ္လပ္ေရးရရွိေအာင္ တစ္စိုက္မတ္မတ္နဲ႔ ႀကိဳးပမ္းခဲ့သူျဖစ္ၿပီး ၿငိမ္းခ်မ္းတဲ့ နည္းလမ္းေတြအျပင္ ႏိုင္ငံတကာကို သြားေရာက္ ကာ စည္း႐ုံးေျပာဆိုခဲ့သူျဖစ္ပါတယ္။ ေဟာ္တာဟာ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီအေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ ေရးကို အဓိကဦးစားေပးတဲ့ေခါင္းေဆာင္ျဖစ္ကာ ႏိုင္ငံ ေရးလုပ္ငန္းေတြလုပ္ကိုင္ရာမွာ ႏူးညံ့သိမ့္ေမြ႕သူျဖစ္ပါတယ္။
ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ရာမို႔စ္ေဟာ္ တာဟာ တီေမာလြတ္လပ္ေရးအတြက္ အဖြဲ႕အစည္း ဆိုင္ရာ အေျခခံအုတ္ျမစ္ေတြကို ညႇိႏႈိင္းရာမွာ ဦးေဆာင္အခန္းက႑မွပါဝင္ခဲ့သလို (၂၀ဝဝ) ျပည့္ႏွစ္ မတ္လ (၁) ရက္က UNTAET နဲ႔ အေရးႀကီးတဲ့ ပူးတြဲအလုပ္႐ုံေဆြးေႏြးပြဲတစ္ခုမွာ တီေမာကိုယ္စားလွယ္ အဖြဲ႕ကို ဗ်ဴဟာအသစ္တစ္ခုထုတ္ကာ အဖြဲ႕အစည္းဆိုင္ရာလိုအပ္ခ်က္ေတြကို ေဖာ္ထုတ္ႏိုင္ေအာင္ ဦး ေဆာင္ႀကိဳးပမ္းခဲ့ပါတယ္။ ၎ရဲ႕ႀကိဳးပမ္းမႈေတြေၾကာင့္ ရလဒ္ဟာ တီေမာျပန္လည္တည္ေဆာက္ေရး အမ်ိဳးသားကြန္ဂရက္ (CNRT) ေခါင္းေဆာင္ေတြအပါအဝင္ အုပ္ခ်ဳပ္ေရးအာဏေတြနဲ႔ ပူးတြဲအုပ္ခ်ဳပ္မႈ အတြက္ သေဘာတူထားတဲ့ အေသးစိတ္ပုံစံျဖစ္ပါတယ္။ အေရွ႕တီေမာဟာ (၁၉၉၉)ခုႏွစ္မွာ အင္ဒိုနီး ရွားႏိုင္ငံထံကေန လြတ္လပ္ေရးရရွိခဲ့ၿပီးေနာက္ ကုလသမဂၢအဖြဲ႕ရဲ႕ ယာယီအုပ္ခ်ဳပ္ျခင္းကို ရင္ဆိုင္ခဲ့ရၿပီး (၂၀ဝ၂)ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္မွာ အေရွ႕တီေမာ(ခ) တီေမာလက္စ္ေတႏိုင္ငံဟာ ကုလသမဂၢကို ဝင္ေရာက္ခဲ့ပါတယ္။ ရာမို႔စ္ေဟာ္တာဟာ အခ်ဳပ္အျခာ အာဏာပိုင္တဲ့ အေရွ႕တီေမာႏိုင္ငံမွာ ပထမဆုံးဖြဲ႕ စည္းခဲ့တဲ့ အစိုးရအဖြဲမွာ တီေမာလက္စ္ေတအစိုးရ၏ ပထမဆုံးႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ပါ တယ္။ ေဟာ္တာဟာ (၂၀ဝ၆)ခုႏွစ္ ဇြန္လ(၃)ရက္မွာ အေရွ႕တီေမာအစိုးရအဖြဲ႕ရဲ႕ ကာကြယ္ေရးဝန္ႀကီး ရာထူးကိုပါထမ္းေဆာင္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ အယ္လ္ကာတီရီအစိုးရအဖြဲ႕နဲ႔ စိတ္သေဘာထားခ်င္းတိုက္ဆိုင္ မႈမရွိတဲ့အတြက္ ေဟာ္တာဟာ(၂၀ဝ၆)ခုႏွစ္ ဇြန္လ (၂၅)ရက္တြင္ ႏိုင္ငံျခားေရးႏွင့္ ကာကြယ္ေရးဝန္ႀကီး အျဖစ္ကေန ႏုတ္ထြက္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ အယ္လ္ကာတီရီ ရာထူးကႏုတ္ထြက္ခဲ့ၿပီးေနာက္ ေဟာ္ တာဟာ ဝန္ႀကီးခ်ဳပ္ရာထူးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ အယ္လ္ကာ တီရီ ေနရာကို ဆက္ခံခဲ့ပါတယ္။ ေဟာ္တာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ အေ႐ြးခ်ယ္မခံရခင္ ကုလသမဂၢ အေထြ ေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ကိုဖီအာနန္ ေနရာမွာ ဆက္ခံရန္ျဖစ္ႏိုင္ေျခရွိတဲ့ ကိုယ္စားလွယ္ေလာင္း အျဖစ္ သတ္မွတ္ခံခဲ့ရသူလည္း ျဖစ္ပါ တယ္။ ရာမို႔စ္ေဟာ္တာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီး ေနာက္ (၂၀ဝ၇) ခုႏွစ္ေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ျပည္သူ႔ဆႏၵမဲ (၆၉ ဒသမ ၁၈) ရာခိုင္ႏႈန္းနဲ႔ အႏိုင္ရခဲ့ၿပီး (၂၀ဝ၇) ခုႏွစ္ ေမ(၂၀)မွာ အေရွ႕တီေမာသမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆို ကာသမၼတရာထူးကို (၅)ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၎ဟာ (၂၀၁၂)ခုႏွစ္က က်င္းပတဲ့ သမၼတ ေ႐ြးေကာက္ပြဲမွာထပ္မံ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ ရႈံးနိမ့္ခဲ့ေပမယ့္ (၂၀၂၂) ခုႏွစ္မွာ က်င္းပတဲ့ သမၼတ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ေ႐ြး ခ်ယ္ခံရၿပီး ဆႏၵမဲ (၆၂ ဒသမ ၁၀)ရာခိုင္ႏႈန္း ရရွိကာ၊ ဒုတိယ အႀကိမ္ ေျမာက္သမၼတသက္တမ္းကို ထမ္းေဆာင္ခဲ့ပါတယ္။
ေဟာ္တာဟာ အေရွ႕တီေမာႏိုင္ငံရဲ႕အစိုးရအဖြဲ႕မွာ တာဝန္ယူခ်ိန္အတြင္း လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းတာမ်ိဳးရင္ဆိုင္ခဲ့ရၿပီး (၂၀ဝ၈) ခုႏွစ္ ေဖေဖာ္ဝါရီ (၁၁)ရက္တုန္းက သမၼတ ရာမို႔စ္ေဟာ္တာဟာ ေသနတ္ပစ္ခတ္ခံရၿပီး လုပ္ႀကံခံခဲ့ရပါတယ္။ ဒါေပမဲ့ ဆရာဝန္ေတြရဲ႕ ႀကိဳးပမ္းမႈေတြေၾကာင့္ ၎ဟာ ျပန္လည္သက္သာ ေကာင္းမြန္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေဟာ္တာဟာ သမၼတအျဖစ္ တာဝန္ယူ ခ်ိန္အတြင္း ႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာေအာင္ႀကိဳးပမ္းေပးႏိုင္တဲ့ သမိုင္းမွတ္တိုင္ တစ္ခုကို စိုက္ထူႏိုင္ခဲ့ၿပီး ၎တာဝန္ယူခ်ိန္အတြင္း အာဆီယံအဖြဲ႕နဲ႔ အေရွ႕တီေမာႏိုင္ငံၾကား ဆက္ဆံေရး ပိုမို ေကာင္းမြန္ေအာင္ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.