ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၆ဝဝ)ဦးကို ရှေ့လမှစ၍ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုဆို

 385

ယွန်း (NP News)- ဇန်နဝါရီ ၃ဝ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ IDC အကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသား(၆ဝဝ)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇန်နဝါရီလ ၃ဝ ရက်) ၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ IDC အကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသား(၆ဝဝ)ဦးသည် နေရပ်သို့ပြန်ခွင့်မရသေးသည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကျဥ်းသား(၆ဝဝ)ဦးတို့သည် ၎င်းတို့အား မြန်မာနိုင်ငံရှိ ကော့သောင်းမြို့သို့ အမြန်ဆုံးလွှဲပြောင်းပေးရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်မှစ၍ တောင်းဆို ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့‌ကြောင့် ဇန်နဝါရီလ(၂၉)ရက်တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိမှ IDC အကျဥ်းထောင်၏ တာဝန်ရှိသူများ အပါအဝင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ ပြောင်းလုပ်သားခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါညှိနှိုင်းမှုများအရ ထိန်းသိမ်းခံထားရသူ (၆ဝဝ)ဦးအနက်မှ (၂၂ဝ)ဦးကို လာမည့် ဖေဖော်ဝါရီလ(၂)ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ(၈)ရက်နှင့် (၁၅)ရက်တို့တွင် ကျန်ရှိသူများကို အသီးသီးပို့ဆောင်ပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလဖြစ်၍ ကန့်သတ်အရေအတွက်ဖြင့် လွှဲ‌ပြောင်းပေးနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ရေနာင္းၿမိဳ႕တြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသား(၆ဝဝ)ဦးကို ေရွ႕လမွစ၍ ျမန္မာ ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးမည္ဟုဆို
ယြန္း (NP News)- ဇန္နဝါရီ ၃ဝ

ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕ရွိ IDC အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာ ႏိုင္ငံသား(၆ဝဝ)ဦးကို ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇန္နဝါရီလ ၃ဝ ရက္) ၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕ရွိ IDC အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာ ႏိုင္ငံသား(၆ဝဝ)ဦးသည္ ေနရပ္သို႔ျပန္ခြင့္မရေသးသည့္ ကိစၥႏွင့္ ပတ္သက္၍ ဆႏၵျပခဲ့ျခင္းျဖစ္သည္။

အဆိုပါ အက်ဥ္းသား(၆ဝဝ)ဦးတို႔သည္ ၎တို႔အား ျမန္မာႏိုင္ငံရွိ ေကာ့ေသာင္းၿမိဳ႕သို႔ အျမန္ဆုံးလႊဲေျပာင္းေပးရန္အတြက္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၈)ရက္မွစ၍ ေတာင္းဆို ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔‌ေၾကာင့္ ဇန္နဝါရီလ(၂၉)ရက္တြင္ ျမန္မာသံ႐ုံးမွ အလုပ္သမားသံအရာရွိမွ IDC အက်ဥ္းေထာင္၏ တာဝန္ရွိသူမ်ား အပါအဝင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာေ႐ႊ႕ ေျပာင္းလုပ္သားေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါညႇိႏႈိင္းမႈမ်ားအရ ထိန္းသိမ္းခံထားရသူ (၆ဝဝ)ဦးအနက္မွ (၂၂ဝ)ဦးကို လာမည့္ ေဖေဖာ္ဝါရီလ(၂)ရက္တြင္ ျမန္မာႏိုင္ငံသို႔ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ေဖေဖာ္ဝါရီလ(၈)ရက္ႏွင့္ (၁၅)ရက္တို႔တြင္ က်န္ရွိသူမ်ားကို အသီးသီးပို႔ေဆာင္ေပးမည္ျဖစ္ၿပီး ကိုဗစ္-၁၉ ေရာဂါကာလျဖစ္၍ ကန႔္သတ္အေရအတြက္ျဖင့္ လႊဲ‌ေျပာင္းေပးေနရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.