အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မသက်ဆိုင်သူသာစေလွှတ်ပေးဖို့ အင်ဒိုနီးရှားဖိတ်ကြား

 696

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂

အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရ မပတ် သက်သူကိုစေလွှတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အင်ဒိုနိးရှားဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် ဖေဖော်ဝါရီလ ၃ရက် နဲ့ ၄ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးအရ မသက်ဆိုင်သူကိုသာစေလွှတ်ဖို့ ဖိတ်ကြားခဲ့ကြောင်းပြောပါတယ်။

အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးက "အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးတက်ရောက်ဖို့ မြန်မာနိုင်ငံကို ဖိတ်ကြားထားတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးများမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆွေးနွေးရဖွယ်ရှိနေပါတယ်။ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်တဲ့သူသာ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဖိတ်ကြားချက်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မြန်မာနိုင်ငံဘက်မှာ မူတည်နေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အာဆီယံအစည်းအဝေးတွေမှာနိုင်ငံရေးအရ ကိုယ်စားမပြုသူကို ဘယ်တော့မှစေလွှတ်တာမျိုးမရှိခဲ့ဘူး"လို့ ဖေဖော်ဝါရီလ ၁ရက်က ဂျာကာတာမြို့မှာကျင်းပတဲ့ National Resilience Institute (Lemhannas) အစည်းဝေးမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ မသက်ဆိုင်သူကိုစေလွှတ်ဖို့ ပျက်ကွက်ခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေခြင်းက အပြောင်းအလဲမရှိကြောင်းဆိုပါတယ်။

၎င်းက "အာဆီယံဟာအဖွဲ့ဝင်နိုင်ငံ (၁ဝ) နိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ မကြာခင်မှာ အဖွဲ့ဝင် နိုင်ငံ(၁၁)နိုင်ငံဖြစ်လာတော့မှာပါ။ အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့မူအားဖြင့် သဘောတူညီထားတယ်" လို့ပြောပါတယ်။

zawgyi version
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မသက္ဆိုင္သူသာေစလႊတ္ေပးဖို႔ အင္ဒိုနီးရွားဖိတ္ၾကား
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂

အင္ဒိုနီးရွားႏိုင္ငံဟာ လာမယ့္ရက္ပိုင္းအတြင္းက်င္းပမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးအရ မပတ္ သက္သူကိုေစလႊတ္ဖို႔ ဖိတ္ၾကားခဲ့ေၾကာင္း အင္ဒိုနီးရွားအစိုးရတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

အင္ဒိုနိးရွားဟာ ၂ဝ၂၃ ခုႏွစ္မွာ အာဆီယံအလွည့္က် ဥကၠ႒အျဖစ္တာဝန္ယူၿပီးေနာက္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ပထမဆုံးအႀကိမ္အိမ္ရွင္အျဖစ္ ေဖေဖာ္ဝါရီလ ၃ရက္ နဲ႔ ၄ ရက္တို႔မွာ က်င္းပသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီက ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးအရ မသက္ဆိုင္သူကိုသာေစလႊတ္ဖို႔ ဖိတ္ၾကားခဲ့ေၾကာင္းေျပာပါတယ္။

အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီးက "အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္း အေဝးတက္ေရာက္ဖို႔ ျမန္မာႏိုင္ငံကို ဖိတ္ၾကားထားတယ္။ ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ဆက္ရွိေနဆဲျဖစ္ပါတယ္။ အာဆီယံအစည္းအေဝးမ်ားမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ေဆြးေႏြးရဖြယ္ရွိေနပါတယ္။ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူသာ တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့တယ္။ ဖိတ္ၾကားခ်က္ကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ျမန္မာႏိုင္ငံဘက္မွာ မူတည္ေနတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း အာဆီယံအစည္းအေဝးေတြမွာႏိုင္ငံေရးအရ ကိုယ္စားမျပဳသူကို ဘယ္ေတာ့မွေစလႊတ္တာမ်ိဳးမရွိခဲ့ဘူး"လို႔ ေဖေဖာ္ဝါရီလ ၁ရက္က ဂ်ာကာတာၿမိဳ႕မွာက်င္းပတဲ့ National Resilience Institute (Lemhannas) အစည္းေဝးမွာထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံဟာ ႏိုင္ငံေရးအရ မသက္ဆိုင္သူကိုေစလႊတ္ဖို႔ ပ်က္ကြက္ခဲ့ေပမယ့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ေနျခင္းက အေျပာင္းအလဲမရွိေၾကာင္းဆိုပါတယ္။

၎က "အာဆီယံဟာအဖြဲ႕ဝင္ႏိုင္ငံ (၁ဝ) ႏိုင္ငံအျဖစ္ ဆက္ရွိေနဆဲျဖစ္ပါတယ္။ မၾကာခင္မွာ အဖြဲ႕ဝင္ ႏိုင္ငံ(၁၁)ႏိုင္ငံျဖစ္လာေတာ့မွာပါ။ အေရွ႕တီေမာႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔မူအားျဖင့္ သေဘာတူညီထားတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.