ထိုင်းနိုင်ငံ Koh Samui ဒေသရှိကမ်းခြေမှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို သေဆုံးလျက်တွေ့ရှိ

630

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံ ပင်လယ်ပြင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့ရုပ်အလောင်းကို ပြန်ရှာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Koh Samui ဒေသရှိ ဟိုတည်အရှေ့ဘက် ကမ်းခြေမှာ မြန်မာနိုင်ငံသားရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအခြေစိုက် One News သတင်းဌာနက ဖော်ပြထားပါတယ်။
"Koh Samui ဒေသရှိ viewpoint က ကျောက်တောင်တွေပေါ်မတက်ဖို့ သတိပေးမှုကို လက်မခံတဲ့ မြန်မာနိုင်ငံသားရဲ့ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့တယ်။ အဲဒီမြန်မာနိုင်ငံသားဟာပြီးခဲ့တဲ့ ၂ ရက်လောက်က လှိုင်းပုတ်ခံရပြီး ပြုတ်ကျသွားခဲ့တာဖြစ်တယ်။ အဲဒီမြန်မာနိုင်ငံသားရဲ့ရုပ်အလောင်းကို ပြုတ်ကျခဲ့တဲ့နေရာကနေ ၂ ကီလိုမီတာ အကွာရှိ ဟိုတည်ကမ်းခြေမှာ ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်" လို့ အဆိုပါသတင်းဌာန က ရေးသားဖော်ပြထား ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားဟာ ၎င်းရဲ့သူငယ်ချင်းနှစ်ဦးနဲ့အတူ ဟိုတည်နားရှိ viewpoint ကို အရက်သောက်ဖို့ သွားရောက်ခဲ့ပြီး ၎င်းတို့သုံးဦးကို လေပြင်းတိုက်ပြီး လှိုင်းကြီးနေတဲ့အတွက် viewpoint ကိုမသွားဖို့ ထိုင်း အာဏာပိုင်များက သတိပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါတယ်။
ဒါပေမယ့် သတိပေးမှုကိုလက်မခံဘဲ မြန်မာနိုင်ငံသား သုံးဦးဟာ ပင်လယ်နီးရှိ viewpoint နားရှိ လမ်းလျှောက်သွား ခဲ့ပြီးနောက်မကြာမီ မြန်မာနိုင်ငံသားတစ်ဦး viewpoint ရှိ ကျောက်တောင်များပေါ်မှ ပင်လယ်ထဲသို့ပြုတ်ကျ သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ က ပြောပါတယ်။ သူငယ်ချင်းများဟာ မြန်မာနိုင်ငံသားပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းကြောင့် ငိုယိုပြီး အကူအညီတောင်းမှုများလုပ်ဆောင်ခဲ့ကြောင်း၊ လှိုင်းပုတ်မှု ပြင်းထန်လွန်းနေ တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို ကူညီပေးဖို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူများ က ဆိုပါတယ်။

Zawgyi Version;