စစ်တွေမြို့ရှိရပ်ကွက်အချို့တွင် အင်တာနက်လိုင်းများပြန်ရနေ
                        
                            
                             
 1697
 
                             
                            
                            
                         
                        
 
                        သက်ပိုင်(NP News) - ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့၊ရပ်ကွက်အချို့တွင် အင်တာနက်လိုင်းများ ပြန်ရနေပြီကိုတွေ့ရကြောင်း  ဒေသခံများထံမှသိရသည်။
မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်တို့သာမက မြို့တွင်းနေရာအချို့တွင်လည်း အင်တာနက်လိုင်းများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း  စစ်တွေမြို့ဒေသခံတစ်ဦးက ပြောသည်။
“မြို့ထဲကနေရာတော်တော်များများမှာတော့ မရသေးဘူး လိုင်းက E ပဲ တက်နေသေးတယ်။ မင်းဂံတို့ ၊ ကန်တော်ကြီးတို့ဘက်မှာတော့ရနေပြီ။ ဝေသာလီဘောလုံးကွင်းနားမှာဆိုရင် Video Call တွေတောင် ပြောလို့ရနေပြီ။ကြားတာတော့ ဒီလကုန်ရင် စစ်တွေတစ်မြို့လုံးမှာ အင်တာနက်လိုင်းတွေ ပြန်ရမယ်ဆိုပြီး ပြောနေကြတာပဲ ” ဟု ၎င်းကဆိုသည်။
 ၂၀၂၃ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် AA အဖွဲ့က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန် လုပ်ဆောင်လာခဲ့ပြီးနောက် စစ်တွေမြို့တွင် ၂၀၂၄ နိုဝင်ဘာလ (၁၆) ရက်နေ့ကစ၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လ (၂၀) ရက်တွင် မိုင်တဲ ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ကာ ဩဂုတ်လ (၂၄)ရက်မှ စတင်၍ အင်တာနက်လိုင်းများ ပြန်လည်ရရှိလာနေခြင်းလည်း ဖြစ်သည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: