အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အိန္ဒိယအစိုးရပြော

125

Pika (NP News) - သြဂုတ် ၂၅
အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပေမယ့်လည်း အိန္ဒိယနိုင်ငံက ကာကွယ်ဖို့လိုအပ်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရုရှားရေနံကိုဝယ်ယူမှုကြောင့် အမေရိကန်ရဲ့အခွန်စည်းကြပ်မှု (၅၀)ရာခိုင်နှုန်းကို ရင်ဆိုင်ရဖို့ အလားအလာတွေရှိနေချိန်မှာပဲ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။ အိန္ဒိယကုန်စည်တွေအပေါ် အမေရိကန်ရဲ့အခွန်စည်းကြပ်မှု(၂၅)ရာခိုင်နှုန်းဟာ အသက်ဝင်နေပြီဖြစ်ပြီး ကျန်ရှိနေတဲ့(၂၅)ရာခိုင်နှုန်းဟာ လာမယ့်ဩဂုတ်လ(၂၇)ရက်မှာ စတင်အသက်ဝင်လာနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က “အမေရိကန်နဲ့ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ထိန်းသိမ်းဖို့နဲ့ကာကွယ်ဖို့လိုအပ်တဲ့ လမ်းကြောင်းအချို့ ကျွန်တော်တို့မှာရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ရုရှားရေနံကို အများဆုံးဝယ်ယူနေတဲ့နိုင်ငံတွေဖြစ်ပြီး အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်တွေရှိနေပေမယ့်လည်း ၎င်းတို့နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ကတိပြုထား ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ အိႏၵိယအစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၂၅
အေမရိကန္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးညႇိႏႈိင္းမႈေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေပမယ့္လည္း အိႏၵိယႏိုင္ငံက ကာကြယ္ဖို႔လိုအပ္တဲ့လမ္းေၾကာင္းေတြရွိေနတယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ အိႏၵိယႏိုင္ငံဟာ ႐ုရွားေရနံကိုဝယ္ယူမႈေၾကာင့္ အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈ (၅၀)ရာခိုင္ႏႈန္းကို ရင္ဆိုင္ရဖို႔ အလားအလာေတြရွိေနခ်ိန္မွာပဲ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။ အိႏၵိယကုန္စည္ေတြအေပၚ အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈ(၂၅)ရာခိုင္ႏႈန္းဟာ အသက္ဝင္ေနၿပီျဖစ္ၿပီး က်န္ရွိေနတဲ့(၂၅)ရာခိုင္ႏႈန္းဟာ လာမယ့္ဩဂုတ္လ(၂၇)ရက္မွာ စတင္အသက္ဝင္လာႏိုင္ေျခရွိတယ္လို႔လည္း သိရပါတယ္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က “အေမရိကန္နဲ႔ကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြး ညႇိႏႈိင္းမႈေတြမွာ ထိန္းသိမ္းဖို႔နဲ႔ကာကြယ္ဖို႔လိုအပ္တဲ့ လမ္းေၾကာင္းအခ်ိဳ႕ ကြၽန္ေတာ္တို႔မွာရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔ဟာ ႐ုရွားေရနံကို အမ်ားဆုံးဝယ္ယူေနတဲ့ႏိုင္ငံေတြျဖစ္ၿပီး အေမရိကန္ရဲ႕ အခြန္စည္းၾကပ္မႈအသစ္ေတြရွိေနေပမယ့္လည္း ၎တို႔ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ကာကြယ္သြားမယ္လို႔ ကတိျပဳထား ၾကတယ္လို႔လည္း သိရပါတယ္။