မလေးရှားသို့သွားရောက်ရန် စီစဉ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီး

 610

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉

ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်၊ ညနေပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ဦး နှင့် ထိုင်းနိုင်ငံသားတစ်ဦးကို Suphan Buri ပြည်နယ် Sam Chuk ဒေသ Sam Chuk အရပ်ရှိ အမှတ် ၄ ကျေးရွာ၏ လယ်ကွင်းများထဲတွင် ဖမ်းမိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့သည် Suphanburi-Chainat လမ်းမပေါ်တွင် ထိုင်းနိုင်ငံသားမောင်းနှင်လာသော အနက်ရောင်ကားတစ်စီးကို ရပ်တန့်ခိုင်းရာ ရပ်တန့်မှု မရှိဘဲ မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကားနှင့် ကားပေါ်ပါလာသူများကို စပါးစိုက်ခင်းထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါကားကို တက်ခရိုင်တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ်ရှိ Mee Sae Ja ဆိုသူက မောင်းနှင်လာခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား ၁၂ ဦးထဲတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါယာဥ်သည် မြန်မာနိုင်ငံသားများကိုခေါ်ဆောင်ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ မောင်းနှင်မည်ဖြစ်ကြောင်း၊ Suphan Buri ပြည်နယ်ကို ဖြတ်သန်းမောင်းနှင်ရန်ကြိုးပမ်းချိန်တွင် ရဲတပ်ဖွဲ့နှင့် တွေ့ဆုံ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုထားသည်။

ထိုင်းနိုင်ငံသား ယာဥ်မောင်းသမားကို ပြည်ပနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးခြင်း၊ နိုင်ငံ အတွင်း နေထိုင်ခွင့်ပေးပြီး ပုန်းအောင်းနိုင်ရန် ကူညီပေးခြင်းတို့ဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသားများကိုလည်း ခွင့်ပြုချက်မရဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်း မှုများဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံသားများကို Sam Chuk ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အတွက် Suphanburi လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မေလးရွားသို႔သြားေရာက္ရန္ စီစဥ္ထားေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္းအျမန္လမ္းရဲတပ္ဖြဲ႕ လိုက္လံဖမ္းဆီး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉

ထိုင္းအျမန္လမ္းရဲတပ္ဖြဲ႕သည္ ေဖေဖာ္ဝါရီ ၇ ရက္၊ ညေနပိုင္းက ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၂ဦး ႏွင့္ ထိုင္းႏိုင္ငံသားတစ္ဦးကို Suphan Buri ျပည္နယ္ Sam Chuk ေဒသ Sam Chuk အရပ္ရွိ အမွတ္ ၄ ေက်း႐ြာ၏ လယ္ကြင္းမ်ားထဲတြင္ ဖမ္းမိခဲ့ေၾကာင္း၊ ထိုင္းရဲတပ္ဖြဲ႕ကဆိုသည္။ထိုင္းအျမန္လမ္းရဲတပ္ဖြဲ႕သည္ Suphanburi-Chainat လမ္းမေပၚတြင္ ထိုင္းႏိုင္ငံသားေမာင္းႏွင္လာေသာ အနက္ေရာင္ကားတစ္စီးကို ရပ္တန႔္ခိုင္းရာ ရပ္တန႔္မႈ မရွိဘဲ ေမာင္းေျပးသျဖင့္ လိုက္လံဖမ္းဆီးခဲ့ရာ ကားႏွင့္ ကားေပၚပါလာသူမ်ားကို စပါးစိုက္ခင္းထဲတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းအျမန္လမ္းရဲတပ္ဖြဲ႕က ေျပာသည္။

အဆိုပါကားကို တက္ခ႐ိုင္တြင္ေနထိုင္ေသာ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ Mee Sae Ja ဆိုသူက ေမာင္းႏွင္လာခဲ့ျခင္း ျဖစ္ၿပီး ကားေပၚတြင္ ျမန္မာႏိုင္ငံသားေ႐ႊ႕ေျပာင္းအလုပ္သမား ၁၂ ဦး ပါဝင္ခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးခဲ့ေသာ ျမန္မာႏိုင္ငံသား ၁၂ ဦးထဲတြင္ အမ်ိဳးသား ၇ ဦးႏွင့္ အမ်ိဳးသမီး ၅ ဦးတို႔ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။ အဆိုပါယာဥ္သည္ ျမန္မာႏိုင္ငံသားမ်ားကိုေခၚေဆာင္ၿပီး၊ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းသို႔ ေမာင္းႏွင္မည္ျဖစ္ေၾကာင္း၊ Suphan Buri ျပည္နယ္ကို ျဖတ္သန္းေမာင္းႏွင္ရန္ႀကိဳးပမ္းခ်ိန္တြင္ ရဲတပ္ဖြဲ႕ႏွင့္ ေတြ႕ဆုံ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ဖမ္းဆီးခံရသူမ်ားက ထြက္ဆိုထားသည္။

ထိုင္းႏိုင္ငံသား ယာဥ္ေမာင္းသမားကို ျပည္ပႏိုင္ငံသားမ်ားကို ထိုင္းႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ေပးျခင္း၊ ႏိုင္ငံ အတြင္း ေနထိုင္ခြင့္ေပးၿပီး ပုန္းေအာင္းႏိုင္ရန္ ကူညီေပးျခင္းတို႔ျဖင့္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ျမန္မာႏိုင္ငံသားမ်ားကိုလည္း ခြင့္ျပဳခ်က္မရဘဲ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ရန္ ႀကိဳးပမ္း မႈမ်ားျဖင့္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျမန္မာႏိုင္ငံသားမ်ားကို Sam Chuk ရဲစခန္းတြင္ ထိန္းသိမ္းထားၿပီး မိခင္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ရန္ အတြက္ Suphanburi လူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.