ထိုင်းနိုင်ငံရှိ Khao San လမ်းဘေးတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

 958

Pika (NP News) - ဖေဖော်ဝါရီ ၉

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသားများ သီးသန့်အလုပ်လုပ်သည့်နေရာတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ပိတ်ပင်သည့်အနေဖြင့် Khao San လမ်းရှိ မြန်မာနိုင်ငံသားများပိုင်ဆိုင်သော အသားချောင်းကင် နှင့် roti အစားအသောက်ဆိုင်များကို ဝင်ရောက်စီးနင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

လျှို့ဝှက်အရာရှိအဖွဲ့တစ်ဖွဲ့သည် Khao San လမ်းနှင့် ကပ်လျက် Rambuttri လမ်းတွင် အစားအသောက်များရောင်းချနေသည့် မြန်မာနိုင်ငံသားအများအပြားကို စစ်ဆေးရန်အတွက် သွားရောက်ခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁)မှ စစ်ဆေးရေးမှူးကြီး ကာချာပွန်က ပြောကြားခဲ့သည်၊၊

သို့သော် ဈေးသည်များသည် အသွင်ယူထားသော ထိုင်းရဲအရာရှိများကို ရိပ်မိခဲ့ပြီးနောက် ထွက်ပြေးမှုများရှိခဲ့ကြောင်းလည်းသိရသည်။ ထိုင်းရဲအရာရှိများသည် အသားချောင်းကင်နှင့် roti အစားအသောက်ရောင်းသည့်ဆိုင်များတွင် လုပ်ကိုင်နေသော အသက်(၁၉)နှစ်မှ (၄၆)နှစ်ကြားရှိ အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါလူ(၁၁)ဦးသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို ပြသနိုင်ခြင်းမရှိသကဲ့သို့ ၎င်းတို့သည် မြန်မာနိုင်ငံနယ်စပ်ဒေသ ကုန်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ၎င်းတို့သည် အစားအသောက်ရောင်းချခြင်းဖြင့် တစ်ရက်လျှင် ဘတ်(၁ဝဝဝ)မှ (၁၅ဝဝ)ဝန်းကျင်ရရှိကြပြီး ထိုင်းစားသောက် ကုန်‌ရောင်းချသော အခြားသူများကဲ့သို့ နေရာငှားရမ်းခမပေးရကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အကြီးအကဲ ကာချာပွန်က ပြောကြားခဲ့သည်။

ယင်းဈေးသည်များသည် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်ခြင်းတို့ကြောင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် နေထိုင်ချိန်အတွင်း ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် အခွန်ရှောင်ခြင်းကဲ့သို့သော ဥပဒေချိုးဖောက်သည့်နိုင်ငံခြားသားများကို ဖမ်းဆီးရန် လူဝင်မှုကြီးကြပ်ရေးဗျူရိုမှရဲမှူးချုပ် Damrongsak Kittiprapas က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ Khao San လမ္းေဘးတြင္ ေဈးေရာင္းေနသည့္ ျမန္မာႏိုင္ငံသားမ်ား ဖမ္းဆီးခံရ
Pika (NP News) - ေဖေဖာ္ဝါရီ ၉

ထိုင္းလူဝင္မႈႀကီးၾကပ္ေရး ရဲတပ္ဖြဲ႕သည္ ထိုင္းႏိုင္ငံသားမ်ား သီးသန႔္အလုပ္လုပ္သည့္ေနရာတြင္ ႏိုင္ငံျခားသားမ်ား အလုပ္လုပ္ကိုင္ခြင့္ကို တားျမစ္ပိတ္ပင္သည့္အေနျဖင့္ Khao San လမ္းရွိ ျမန္မာႏိုင္ငံသားမ်ားပိုင္ဆိုင္ေသာ အသားေခ်ာင္းကင္ ႏွင့္ roti အစားအေသာက္ဆိုင္မ်ားကို ဝင္ေရာက္စီးနင္းျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

လွ်ိဳ႕ဝွက္အရာရွိအဖြဲ႕တစ္ဖြဲ႕သည္ Khao San လမ္းႏွင့္ ကပ္လ်က္ Rambuttri လမ္းတြင္ အစားအေသာက္မ်ားေရာင္းခ်ေနသည့္ ျမန္မာႏိုင္ငံသားအမ်ားအျပားကို စစ္ေဆးရန္အတြက္ သြားေရာက္ခဲ့ၾကေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာနခြဲ(၁)မွ စစ္ေဆးေရးမႉးႀကီး ကာခ်ာပြန္က ေျပာၾကားခဲ့သည္၊၊

သို႔ေသာ္ ေဈးသည္မ်ားသည္ အသြင္ယူထားေသာ ထိုင္းရဲအရာရွိမ်ားကို ရိပ္မိခဲ့ၿပီးေနာက္ ထြက္ေျပးမႈမ်ားရွိခဲ့ေၾကာင္းလည္းသိရသည္။ ထိုင္းရဲအရာရွိမ်ားသည္ အသားေခ်ာင္းကင္ႏွင့္ roti အစားအေသာက္ေရာင္းသည့္ဆိုင္မ်ားတြင္ လုပ္ကိုင္ေနေသာ အသက္(၁၉)ႏွစ္မွ (၄၆)ႏွစ္ၾကားရွိ အမ်ိဳးသား(၇)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦးတို႔ကို ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။

အဆိုပါလူ(၁၁)ဦးသည္ ႏိုင္ငံကူးလက္မွတ္ သို႔မဟုတ္ အလုပ္လုပ္ကိုင္ခြင့္ပါမစ္ကို ျပသႏိုင္ျခင္းမရွိသကဲ့သို႔ ၎တို႔သည္ ျမန္မာႏိုင္ငံနယ္စပ္ေဒသ ကုန္းလမ္းမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ဝင္ေရာက္လာေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္။ ၎တို႔သည္ အစားအေသာက္ေရာင္းခ်ျခင္းျဖင့္ တစ္ရက္လွ်င္ ဘတ္(၁ဝဝဝ)မွ (၁၅ဝဝ)ဝန္းက်င္ရရွိၾကၿပီး ထိုင္းစားေသာက္ ကုန္‌ေရာင္းခ်ေသာ အျခားသူမ်ားကဲ့သို႔ ေနရာငွားရမ္းခမေပးရေၾကာင္း ထိုင္းလူဝင္မႈႀကီးၾကပ္ေရး ရဲတပ္ဖြဲ႕အႀကီးအကဲ ကာခ်ာပြန္က ေျပာၾကားခဲ့သည္။

ယင္းေဈးသည္မ်ားသည္ ထိုင္းႏိုင္ငံသို႔တရားမဝင္ ဝင္ေရာက္လာျခင္းႏွင့္ အလုပ္လုပ္ကိုင္ခြင့္ပါမစ္မရွိဘဲ လုပ္ကိုင္ျခင္းတို႔ေၾကာင့္ တရားစြဲဆိုျခင္းခံခဲ့ရေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ ေနထိုင္ခ်ိန္အတြင္း ပါမစ္မရွိဘဲ အလုပ္လုပ္ကိုင္ျခင္း သို႔မဟုတ္ အခြန္ေရွာင္ျခင္းကဲ့သို႔ေသာ ဥပေဒခ်ိဳးေဖာက္သည့္ႏိုင္ငံျခားသားမ်ားကို ဖမ္းဆီးရန္ လူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ိုမွရဲမႉးခ်ဳပ္ Damrongsak Kittiprapas က အမိန္႔ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.