သေနတ်(၃)လက်အထိ ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်သော လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ကြေညာ

 6365

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၁

သေနတ်(၃)လက်အထိ ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်သော လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ကာ ကြေညာထားသည်။

သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားသူများအနေဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရန် လိုအပ်ပြီး နိုင်ငံတော် အပေါ် သစ္စာရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူ ဖြစ်ရမည်ဟု အရည်အချင်းသတ်မှတ်ထားသည်။

အလားတူ နိုင်ငံတော်၏လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို လက်နက်ကိုင်ဆောင်ခွင့် ပြုခြင်းအားဖြင့် အနှောင့်အယှက်ပြုနိုင်သူ မဖြစ်စေရန်နှင့် နိုင်ငံတော်၏လုံခြုံရေးတို့နှင့်စပ်လျဉ်း၍ အရေးယူခြင်း ခံရဖူးသူ မဖြစ်ရန်လိုအပ်ကြောင်းလည်း သတ်မှတ်ထားသည်။

“အဲဒါတော့ ထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ အရင်ထဲကလည်း လက်နက်ကိုင်ဆောင်ခွင့်မူ ရှိပါတယ်။ အဲဒီမူကိုပဲ ကျွန်တော်တို့က နည်းနည်းပါးပါး လက်ရှိအခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ပြင်ပြီးတော့ ထုတ်တာပဲ ရှိတာပါ။ အရင်ကတည်းက လက်နက်ကိုင်ဆောင်ခွင့်မူဆိုတာ ရှိတယ်လေ။ ၁၉၇၇ ခုနှစ် အဲဒီမှာကတည်းက ရှိတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ကျော်လင်းက NP News ကို အတည်ပြု ပြောဆို ထားသည်။

သေနတ်ကိုင်ဆောင်ခွင့်အား လျှောက်ထားရာတွင် ပြည်သူ့ဝန်ထမ်းမဟုတ်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေး ရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာရဲစခန်းတို့မှ (၁)လအတွင်း ရယူထားသည့် ထောက်ခံချက် မူရင်း ပါရှိရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ၌ သတ်မှတ်ထားသည်။

ထို့ပြင် ပြည်သူ့ဝန်ထမ်းများမှ သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားရာတွင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ထောက်ခံချက်ပါရှိရန် လိုအပ်ကြောင်းနှင့် တပ်မတော်သားများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ထောက်ခံချက်ပါရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။

လက်နက်ကိုင်ဆောင်ခွင့်ရရှိသူများအနေဖြင့် ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေး ထိန်းသိမ်းရန်အလို့ငှာ ဒေသဆိုင်ရာအာဏာပိုင်က ဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါ၌ လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း အမိန့်ကြော်ငြာတွင် ဖော်ပြ ထားသည်။

သေနတ်အမျိုးအစားများကို သတ်မှတ်သည့်အရည်အချင်းနှင့် ပြည့်စုံသူများအား ကန့်သတ်သည့်အရေအတွက် ထက်မပိုစေဘဲ လိုင်စင်ဖြင့်သော်လည်းကောင်း၊ ပါမစ်ဖြင့်သော်လည်းကောင်း ကိုင်ဆောင်ခွင့်လျှောက်ထားနိုင် ကြောင်း သိရသည်။

လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများမှာ ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ အမဲလိုက် သေနတ်၊ လေသေနတ် စသည့်သေနတ်များ ပါဝင်ပြီး အမျိုးအစားအလိုက် ခဲယမ်း ၅ဝ နှင့် ၁ဝဝ ကြား ကိုင်ဆောင် နိုင်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ထို့ပြင် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများမှာ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်နှင့် စက်သေနတ်က လေးအုပ်စုဝင် သေနတ်များ ပါဝင်ကြောင်း ဖော်ပြထားပြီး အမျိုးအစားအလိုက် ခဲယမ်း ၅ဝ နှင့် ၁ဝဝ ကြား ကိုင်ဆောင်နိုင်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

ထိုသို့ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများအနက် ရိုင်ဖယ်နှင့်စက်သေနတ်ကလေးအုပ်စုဝင် သေ နတ်များကို ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဒေသအလိုက် တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်၏လုပ်ငန်းများဆိုင်ရာလုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်း၊ ပြည်သူ့စစ်အဖွဲ့ အစည်း စသည်တို့ကိုသာ ကိုင်ဆောင်ခွင့်ပြုကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းမဟုတ်သူများသည် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားများအနက် ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား(၃)လက်အထိ ကိုင်ဆောင်ခွင့်ပြုနိုင်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းများသည် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသောသေနတ် အမျိုးအစားများအနက် ကြိုက်နှစ်ရာ သေနတ်အမျိုးအစား(၃)လက်အထိကို သော်လည်းကောင်း၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသေနတ်များအနက် (၁)လက်ကို သော်လည်းကောင်း ကိုင်ဆောင်ခွင့်ပြုနိုင်ကြောင်း ဖော်ပြထားသည်။

လက်နက်ကိုင်ဆောင်ရန် လိုင်စင်များထုတ်ပေးခြင်း၊ ပါမစ်များထုတ်ပေးခြင်း၊ နိုင်ငံတော်ပိုင်လက်နက်များငှားရမ်း ခြင်းတို့နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၎င်း၏ ၁၉၇၇ ခုနှစ် မေလ ၉ ရက် ရက်စွဲပါအမိန့်အမှတ် ၅၅ အရ လက်နက် ကိုင်ဆောင်ရေးမူတစ်ရပ်ကို ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ခဲ့သော လက်နက်ကိုင်ဆောင်ရေးမူကို ပြောင်းလဲလာသည့်အခြေအနေအရပ်ရပ်နှင့်အညီဖြစ်စေရန် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများပြုလုပ်ကာ ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

Zawgyi Version;
ေသနတ္(၃)လက္အထိ ကိုင္ေဆာင္ခြင့္ ေလွ်ာက္ထားႏိုင္ေသာ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူကို ျပည္ထဲေရး ဝန္ႀကီးဌာန ထုတ္ျပန္ေၾကညာ
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၁

ေသနတ္(၃)လက္အထိ ကိုင္ေဆာင္ခြင့္ေလွ်ာက္ထားႏိုင္ေသာ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူကို ျပည္ထဲေရး ဝန္ႀကီးဌာနမွ အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ကာ ေၾကညာထားသည္။

ေသနတ္ကိုင္ေဆာင္ခြင့္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ အသက္(၁၈)ႏွစ္ ျပည့္ၿပီးသူျဖစ္ရန္ လိုအပ္ၿပီး ႏိုင္ငံေတာ္ အေပၚ သစၥာရွိသူ၊ အက်င့္စာရိတၱေကာင္းမြန္သူ၊ လုံၿခဳံမႈအတြက္ ေသနတ္ကိုင္ေဆာင္ရန္ အမွန္တကယ္လိုအပ္သူ ျဖစ္ရမည္ဟု အရည္အခ်င္းသတ္မွတ္ထားသည္။

အလားတူ ႏိုင္ငံေတာ္၏လုံၿခဳံေရး၊ ေဒသဆိုင္ရာလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးကို လက္နက္ကိုင္ေဆာင္ခြင့္ ျပဳျခင္းအားျဖင့္ အေႏွာင့္အယွက္ျပဳႏိုင္သူ မျဖစ္ေစရန္ႏွင့္ ႏိုင္ငံေတာ္၏လုံၿခဳံေရးတို႔ႏွင့္စပ္လ်ဥ္း၍ အေရးယူျခင္း ခံရဖူးသူ မျဖစ္ရန္လိုအပ္ေၾကာင္းလည္း သတ္မွတ္ထားသည္။

“အဲဒါေတာ့ ထုတ္ျပန္ထားတာ ဟုတ္ပါတယ္။ အရင္ထဲကလည္း လက္နက္ကိုင္ေဆာင္ခြင့္မူ ရွိပါတယ္။ အဲဒီမူကိုပဲ ကြၽန္ေတာ္တို႔က နည္းနည္းပါးပါး လက္ရွိအေျခအေနနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပင္ၿပီးေတာ့ ထုတ္တာပဲ ရွိတာပါ။ အရင္ကတည္းက လက္နက္ကိုင္ေဆာင္ခြင့္မူဆိုတာ ရွိတယ္ေလ။ ၁၉၇၇ ခုႏွစ္ အဲဒီမွာကတည္းက ရွိတယ္” ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ဒုတိယရဲတပ္ဖြဲ႕မႉး၊ ရဲမႉးခ်ဳပ္ေက်ာ္လင္းက NP News ကို အတည္ျပဳ ေျပာဆို ထားသည္။

ေသနတ္ကိုင္ေဆာင္ခြင့္အား ေလွ်ာက္ထားရာတြင္ ျပည္သူ႔ဝန္ထမ္းမဟုတ္သူမ်ားအေနျဖင့္ သက္ဆိုင္ရာ ရပ္ကြက္/ ေက်း ႐ြာအုပ္စုစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ သက္ဆိုင္ရာရဲစခန္းတို႔မွ (၁)လအတြင္း ရယူထားသည့္ ေထာက္ခံခ်က္ မူရင္း ပါရွိရမည္ျဖစ္ေၾကာင္း အမိန႔္ေၾကာ္ျငာစာ၌ သတ္မွတ္ထားသည္။

ထို႔ျပင္ ျပည္သူ႔ဝန္ထမ္းမ်ားမွ ေသနတ္ကိုင္ေဆာင္ခြင့္ေလွ်ာက္ထားရာတြင္ သက္ဆိုင္ရာဝန္ထမ္းအဖြဲ႕အစည္း အႀကီးအကဲ၏ေထာက္ခံခ်က္ပါရွိရန္ လိုအပ္ေၾကာင္းႏွင့္ တပ္မေတာ္သားမ်ားအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) ၏ ေထာက္ခံခ်က္ပါရွိရန္ လိုအပ္ေၾကာင္း သတ္မွတ္ထားသည္။

လက္နက္ကိုင္ေဆာင္ခြင့္ရရွိသူမ်ားအေနျဖင့္ ေဒသဆိုင္ရာလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ စည္းကမ္းေသဝပ္ တည္ၿငိမ္ေရး ထိန္းသိမ္းရန္အလို႔ငွာ ေဒသဆိုင္ရာအာဏာပိုင္က ျဖစ္ေစ၊ ဝန္ထမ္းအဖြဲ႕အစည္းတစ္ရပ္ရပ္ကျဖစ္ေစ ပါဝင္ေဆာင္႐ြက္ရန္ ၫႊန္ၾကားသည့္အခါ၌ လိုက္နာေဆာင္႐ြက္ရန္ တာဝန္ရွိေၾကာင္း အမိန႔္ေၾကာ္ျငာတြင္ ေဖာ္ျပ ထားသည္။

ေသနတ္အမ်ိဳးအစားမ်ားကို သတ္မွတ္သည့္အရည္အခ်င္းႏွင့္ ျပည့္စုံသူမ်ားအား ကန႔္သတ္သည့္အေရအတြက္ ထက္မပိုေစဘဲ လိုင္စင္ျဖင့္ေသာ္လည္းေကာင္း၊ ပါမစ္ျဖင့္ေသာ္လည္းေကာင္း ကိုင္ေဆာင္ခြင့္ေလွ်ာက္ထားႏိုင္ ေၾကာင္း သိရသည္။

လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာ ေသနတ္အမ်ိဳးအစားမ်ားမွာ ဆုံလည္ေသနတ္၊ ပစၥတိုေသနတ္၊ အမဲလိုက္ ေသနတ္၊ ေလေသနတ္ စသည့္ေသနတ္မ်ား ပါဝင္ၿပီး အမ်ိဳးအစားအလိုက္ ခဲယမ္း ၅ဝ ႏွင့္ ၁ဝဝ ၾကား ကိုင္ေဆာင္ ႏိုင္ေၾကာင္း အမိန႔္ေၾကာ္ျငာစာတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ပါမစ္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာ ေသနတ္အမ်ိဳးအစားမ်ားမွာ ပစၥတိုေသနတ္၊ ႐ိုင္ဖယ္ေသနတ္ႏွင့္ စက္ေသနတ္က ေလးအုပ္စုဝင္ ေသနတ္မ်ား ပါဝင္ေၾကာင္း ေဖာ္ျပထားၿပီး အမ်ိဳးအစားအလိုက္ ခဲယမ္း ၅ဝ ႏွင့္ ၁ဝဝ ၾကား ကိုင္ေဆာင္ႏိုင္ေၾကာင္း အမိန႔္ေၾကာ္ျငာစာတြင္ ပါရွိသည္။

ထိုသို႔ ပါမစ္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာ ေသနတ္အမ်ိဳးအစားမ်ားအနက္ ႐ိုင္ဖယ္ႏွင့္စက္ေသနတ္ကေလးအုပ္စုဝင္ ေသ နတ္မ်ားကို ေဒသဆိုင္ရာလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးအတြက္ ေဒသအလိုက္ တရားဝင္ဖြဲ႕စည္းထားသည့္ ႏိုင္ငံေတာ္၏လုပ္ငန္းမ်ားဆိုင္ရာလုံၿခဳံမႈအဖြဲ႕အစည္း၊ ေသာင္းက်န္းသူဆန႔္က်င္ေရးအဖြဲ႕အစည္း၊ ျပည္သူ႔စစ္အဖြဲ႕ အစည္း စသည္တို႔ကိုသာ ကိုင္ေဆာင္ခြင့္ျပဳေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ထမ္းမဟုတ္သူမ်ားသည္ လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာ ေသနတ္အမ်ိဳးအစားမ်ားအနက္ ႀကိဳက္ႏွစ္သက္ရာ ေသနတ္အမ်ိဳးအစား(၃)လက္အထိ ကိုင္ေဆာင္ခြင့္ျပဳႏိုင္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ထမ္းမ်ားသည္ လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာေသနတ္ အမ်ိဳးအစားမ်ားအနက္ ႀကိဳက္ႏွစ္ရာ ေသနတ္အမ်ိဳးအစား(၃)လက္အထိကို ေသာ္လည္းေကာင္း၊ ပါမစ္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသနတ္မ်ားအနက္ (၁)လက္ကို ေသာ္လည္းေကာင္း ကိုင္ေဆာင္ခြင့္ျပဳႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

လက္နက္ကိုင္ေဆာင္ရန္ လိုင္စင္မ်ားထုတ္ေပးျခင္း၊ ပါမစ္မ်ားထုတ္ေပးျခင္း၊ ႏိုင္ငံေတာ္ပိုင္လက္နက္မ်ားငွားရမ္း ျခင္းတို႔ႏွင့္ပတ္သက္၍ ျပည္ထဲေရးဝန္ႀကီးဌာနမွ ၎၏ ၁၉၇၇ ခုႏွစ္ ေမလ ၉ ရက္ ရက္စြဲပါအမိန႔္အမွတ္ ၅၅ အရ လက္နက္ ကိုင္ေဆာင္ေရးမူတစ္ရပ္ကို ထုတ္ျပန္ခဲ့ဖူးေၾကာင္း သိရသည္။

ထိုသို႔ ထုတ္ျပန္ခဲ့ေသာ လက္နက္ကိုင္ေဆာင္ေရးမူကို ေျပာင္းလဲလာသည့္အေျခအေနအရပ္ရပ္ႏွင့္အညီျဖစ္ေစရန္ လိုအပ္သည့္ ျပင္ဆင္မႈ၊ ျဖည့္စြက္မႈမ်ားျပဳလုပ္ကာ ထပ္မံထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာတြင္ ေဖာ္ျပထားသည္။

Picture

စိုင္းဟြမ္ မိန္း အိုရီယြန္

11/02/2023 14:01

👍

Picture

Htun Aung Kyaw

11/02/2023 16:42

Good news

Related news

© 2021. All rights reserved.