မြန်မာနိုင်ငံသားတစ်ဦးကို တရားမဝင် ဝင်ရောက်နေထိုင်မှုအတွက် ထောင်ဒဏ်အပြင် ကြိမ်ဒဏ်ပါ မလေးရှား တရားရုံး အမိန့်ချမှတ်

 1792

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၇

မလေးရှားတရားရုံးသည် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်မှု စွပ်စွဲချက်အတွက် ဖေဖော်ဝါရီလ ၁၇ ရက်တွင်ထောင်ဒဏ်(၁)နှစ်ပြစ်ဒဏ်အပြင် ကြိမ်ဒဏ် နှစ်ချက်အရိုက်ခံရရန် ပြစ်ဒဏ်သတ်မှတ်လိုက်ကြောင်းသိရသည်။

မလေးရှားအာဏာပိုင်များသည် အသက်(၂၁)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို ဇန်နဝါရီလ ၈ ရက်က Selaru အမြန်လမ်းတွင်တွေ့ရှိ ဖမ်းဆီးခဲ့ပြီးနောက် မလေးရှားလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေချိုးဖောက်မှုဖြင့် စွဲချက် တင်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ဇန်နဝါရီလ ၇ ရက်က မြန်မာနိုင်ငံသားတစ်ဦးကို သတ်ခဲ့ကြောင်း စွပ်စွဲခံ ထားရသူလည်း ဖြစ်ကြောင်း သိရသည်။

မလေးရှားရဲတပ်ဖွဲ့သည်အဆိုပါ မြန်မာနိုင်ငံသား Za Uk ကို ပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့်ထပ်မံစွဲချက်တင်ထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်အပြစ်ပေးခံရဖွယ်ရှိနေကြောင်းသိရသည်။ မလေးရှားတရားရုံးသည် မြန်မာနိုင်ငံသားအပေါ် စွဲဆိုထားသော စွဲချက်များအနက်မှ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေချိုးဖောက်မှုကို စတင်စစ်ဆေးပြီး ထောင်ဒဏ် (၁) နှစ်နှင့်ကြိမ်ဒဏ် အမိန့်အရင်ချမှတ်ခဲ့ပြီး လူသတ်မှုအတွက် စွဲချက်ကို ထပ်မံ စစ်ဆေးမည်ဖြစ်သည်။ မလေးရှားသတင်းများအရ လူသတ်မှုစွဲချက်ကိုလာမည့် မတ်လ ၂၇ ရက်တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံသားတစ္ဦးကို တရားမဝင္ ဝင္ေရာက္ေနထိုင္မႈအတြက္ ေထာင္ဒဏ္အျပင္ ႀကိမ္ဒဏ္ပါ မေလးရွား တရား႐ုံး အမိန႔္ခ်မွတ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၇

မေလးရွားတရား႐ုံးသည္ ျမန္မာႏိုင္ငံသားတစ္ဦးကို မေလးရွားႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ေနထိုင္မႈ စြပ္စြဲခ်က္အတြက္ ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ေထာင္ဒဏ္(၁)ႏွစ္ျပစ္ဒဏ္အျပင္ ႀကိမ္ဒဏ္ ႏွစ္ခ်က္အ႐ိုက္ခံရရန္ ျပစ္ဒဏ္သတ္မွတ္လိုက္ေၾကာင္းသိရသည္။

မေလးရွားအာဏာပိုင္မ်ားသည္ အသက္(၂၁)ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားကို ဇန္နဝါရီလ ၈ ရက္က Selaru အျမန္လမ္းတြင္ေတြ႕ရွိ ဖမ္းဆီးခဲ့ၿပီးေနာက္ မေလးရွားလူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒခ်ိဳးေဖာက္မႈျဖင့္ စြဲခ်က္ တင္ခဲ့ေၾကာင္းသိရသည္။ ၎သည္ ဇန္နဝါရီလ ၇ ရက္က ျမန္မာႏိုင္ငံသားတစ္ဦးကို သတ္ခဲ့ေၾကာင္း စြပ္စြဲခံ ထားရသူလည္း ျဖစ္ေၾကာင္း သိရသည္။

မေလးရွားရဲတပ္ဖြဲ႕သည္အဆိုပါ ျမန္မာႏိုင္ငံသား Za Uk ကို ပုဒ္မ ၃ဝ၂ လူသတ္မႈျဖင့္ထပ္မံစြဲခ်က္တင္ထားၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားပါက ေသဒဏ္အျပစ္ေပးခံရဖြယ္ရွိေနေၾကာင္းသိရသည္။ မေလးရွားတရား႐ုံးသည္ ျမန္မာႏိုင္ငံသားအေပၚ စြဲဆိုထားေသာ စြဲခ်က္မ်ားအနက္မွ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒခ်ိဳးေဖာက္မႈကို စတင္စစ္ေဆးၿပီး ေထာင္ဒဏ္ (၁) ႏွစ္ႏွင့္ႀကိမ္ဒဏ္ အမိန႔္အရင္ခ်မွတ္ခဲ့ၿပီး လူသတ္မႈအတြက္ စြဲခ်က္ကို ထပ္မံ စစ္ေဆးမည္ျဖစ္သည္။ မေလးရွားသတင္းမ်ားအရ လူသတ္မႈစြဲခ်က္ကိုလာမည့္ မတ္လ ၂၇ ရက္တြင္ စတင္စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.