အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၈)သိန်းနီးပါး ဈေးနှုန်းဖြင့် ရောင်းချပေးရန် ရွှေဆိုင်နှင့်ရွှေကုန်သည်များကို YGEA မေတ္တာရပ်ခံ

 1444

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၂

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၈)သိန်းနီးပါးဈေးနှုန်းဖြင့် ရောင်းချပေးရန် ရွှေဆိုင်များနှင့်ရွှေကုန်သည်များအားလုံးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က မေတ္တာရပ်ခံထားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့(ဖေဖော်ဝါရီလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ မေတ္တာရပ်ခံပန်ကြားထားခြင်းဖြစ်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ လမ်းညွှန်ချက်အရ မီးလင်းအခေါက် ရွှေအား တစ်ကျပ်သားလျှင် ၂၇၉ဝဝဝဝ ကျပ် ဈေးနှုန်းဖြင့် ရွှေဆိုင်နှင့်ရွှေကုန်သည်များမှ တစ်ပြေးညီရောင်းချပေးရန် အသိပေးထားခြင်းဖြစ်သည်။

ယနေ့(ဖေဖော်ဝါရီလ ၂၂ ရက်)တွင် ပြင်ပရွှေဈေးကွက်၌ မီးလင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈၆ဝဝဝဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ကြောင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ လမ်းညွှန်ထားသည့် ရွှေဈေးနှုန်းနှင့် ပြင်ပရွှေဈေးကွက်၌ ဖြစ်ပေါ်နေသည့်ဈေးနှုန်းမှာ ကြီးမားစွာကွာဟမှု မရှိတော့ကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံးအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၄၅ဝဝဝဝ နှုန်းဖြင့် တစ်ပြေးညီရောင်းချပေးရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက မေတ္တာရပ်ခံမှု ရှိခဲ့သေးသည်။

နစကလက်ထက် ၂ဝ၂၂ ခုနှစ်မတ်လကုန်တွင် မြန်မာနိုင်ငံ၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်း (၂ဝ)ဝန်းကျင်သာရှိခဲ့ရာမှ သြဂုတ်လကုန်ပိုင်းတွင် ငွေကျပ်(၃၃)သိန်းဝန်းကျင်အထိ အမြင့်ဆုံး ဈေးတက်ခဲ့ဖူးသည်။

ထိုသို့ ရွှေဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ခဲ့သည့်အတွက် နစကအစိုးရမှ ရွှေစင်ရွှေတုံးနှင့် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးခဲ့ပြီး ရွှေဈေးကွက်ကို စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်မှုများ ပြုလုပ်ခဲ့သည်။

၎င်းကဲ့သို့ ရွှေများ ရောင်းချပေးမှုနှင့် ဈေးကွက်စောင့်ကြည်ကြပ်မတ်မှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ရွှေဈေးနှုန်းသည် ငွေကျပ် (၂၄) သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရွှေဈေးနှုန်းသည် ငွေကျပ် (၂၈)သိန်းဝန်းကျင်သို့ ရောက်ရှိနေလျက်ရှိသည်။

zawgyi version
အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၂၈)သိန္းနီးပါး ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးရန္ ေ႐ႊဆိုင္ႏွင့္ေ႐ႊကုန္သည္မ်ားကို YGEA ေမတၱာရပ္ခံ

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၂

အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၂၈)သိန္းနီးပါးေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးရန္ ေ႐ႊဆိုင္မ်ားႏွင့္ေ႐ႊကုန္သည္မ်ားအားလုံးကို ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)က ေမတၱာရပ္ခံထားသည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယေန႔(ေဖေဖာ္ဝါရီလ ၂၂ ရက္)တြင္ အထက္ပါကဲ့သို႔ ေမတၱာရပ္ခံပန္ၾကားထားျခင္းျဖစ္သည္။

ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီမွ လမ္းၫႊန္ခ်က္အရ မီးလင္းအေခါက္ ေ႐ႊအား တစ္က်ပ္သားလွ်င္ ၂၇၉ဝဝဝဝ က်ပ္ ေဈးႏႈန္းျဖင့္ ေ႐ႊဆိုင္ႏွင့္ေ႐ႊကုန္သည္မ်ားမွ တစ္ေျပးညီေရာင္းခ်ေပးရန္ အသိေပးထားျခင္းျဖစ္သည္။

ယေန႔(ေဖေဖာ္ဝါရီလ ၂၂ ရက္)တြင္ ျပင္ပေ႐ႊေဈးကြက္၌ မီးလင္းအေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၂၈၆ဝဝဝဝ က်ပ္ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း စုံစမ္းသိရွိရသည္။

ထို႔ေၾကာင့္ ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီမွ လမ္းၫႊန္ထားသည့္ ေ႐ႊေဈးႏႈန္းႏွင့္ ျပင္ပေ႐ႊေဈးကြက္၌ ျဖစ္ေပၚေနသည့္ေဈးႏႈန္းမွာ ႀကီးမားစြာကြာဟမႈ မရွိေတာ့ေၾကာင္း ေတြ႕ရွိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းအတြင္းကလည္း ရန္ကုန္တိုင္းအတြင္းရွိ ေ႐ႊဆိုင္မ်ားအားလုံးအေနျဖင့္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၂၄၅ဝဝဝဝ ႏႈန္းျဖင့္ တစ္ေျပးညီေရာင္းခ်ေပးရန္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းမ်ားအသင္းက ေမတၱာရပ္ခံမႈ ရွိခဲ့ေသးသည္။

နစကလက္ထက္ ၂ဝ၂၂ ခုႏွစ္မတ္လကုန္တြင္ ျမန္မာႏိုင္ငံ၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္သိန္း (၂ဝ)ဝန္းက်င္သာရွိခဲ့ရာမွ ၾသဂုတ္လကုန္ပိုင္းတြင္ ေငြက်ပ္(၃၃)သိန္းဝန္းက်င္အထိ အျမင့္ဆုံး ေဈးတက္ခဲ့ဖူးသည္။

ထိုသို႔ ေ႐ႊေဈးႏႈန္း အျမင့္ဆုံးသို႔ ေရာက္ခဲ့သည့္အတြက္ နစကအစိုးရမွ ေ႐ႊစင္ေ႐ႊတုံးႏွင့္ ေ႐ႊဒဂၤါးျပားမ်ားကို ေရာင္းခ်ေပးခဲ့ၿပီး ေ႐ႊေဈးကြက္ကို ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္မႈမ်ား ျပဳလုပ္ခဲ့သည္။

၎ကဲ့သို႔ ေ႐ႊမ်ား ေရာင္းခ်ေပးမႈႏွင့္ ေဈးကြက္ေစာင့္ၾကည္ၾကပ္မတ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ပိုင္းတြင္ ေ႐ႊေဈးႏႈန္းသည္ ေငြက်ပ္ (၂၄) သိန္းဝန္းက်င္အထိ ျပန္လည္က်ဆင္းသြားခဲ့ေသာ္လည္း လက္ရွိအေျခအေနတြင္ ေ႐ႊေဈးႏႈန္းသည္ ေငြက်ပ္ (၂၈)သိန္းဝန္းက်င္သို႔ ေရာက္ရွိေနလ်က္ရွိသည္။

Picture

L Mone

22/02/2023 16:23

တိုင်းပြည်ကို သိပ်ချစ်နေကြတာပါပဲလား? မြန်မာပြည်မှာ ထူးဆန်းနေတာထဲမှာ ခပ်ပိန်းပိန်းထူးဆန်းမှူ့တွေက အများသားမို့ ရက်ရက် ငိုရခက်ခဲကြလေတော့၏။မူးယစ်ဆေးဝါးအရမ်းများနေတာဟာ စစ်အုပ်ချူပ်ရေးကြောင့် စစ်တပ်ကြောင့်လို့ ပြောကြား...အခုဗျာ ရပ်ကွက်လူကြီးလို လူတွေကျတော့ သတ်ပြနိုင်ပြီး မူးယစ်ရောင်းတဲ့ကုန်သည်တွေကြတော့ အထောက်အပံ့ရနေလို့ မဖမ်းတာလား မလုပ်တာလားလို့ NUG ကိုမေးချင်ပါတယ် မှန်ပါတယ် တပ်မှာ တာဝန်ရှိတာ ကျွန်တော်ပြည်သူတစ်ဦးအနေနဲ့ လက်ခံပါတယ်...ဒါပေမဲ့ သေနတ်တွေ ကိုင်ထားတာက စစ်တပ်နဲ့ ရဲရဲ မဟုတ်ဘူးလေ..NUG .KNU KIA CDF KNPP SSPP TNLA PNLO MDA မွန် RCSS MMNNDAကိုးကန့် AA UWSA နာဂ ရှမ်းနီ မိုင်းလား DKBA တို့အပါအဝင် အခြားသော လက်နက်ကိုင်တွေ မှာရော တာဝန်မရှိဘူးလား မျက်စိတွေကန်းနေလို့ မဖမ်းကြတာလား ခမည်းခမက်တော်နေလို့ လွှတ်ထားကြတာလား ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေလို့ ခွင့်ပြုမိန့်ချထားတာလား မေးချင်ပါတယ်...။ပြည်သူတွေကိုကျတော့ နိုင်လိုက်ကြတာ ချီးပုံ ခွေးနိုင်သလိုပါပဲ သိပ်ရွံစရာ ကောင်းနေတယ် ဘိန်းကုန်သည်ကျတော့ လီးပဲ လိုက်စုပ် နေတာလား မေးချင်နေတာကြာပြီ...လောင်းကစားဝိုင်းတွေကို စစ်တပ်နဲ့ရဲက ခွင့်ပြုလို့ပါပြောကြတယ် သူခိုးဂျပိုးတွေကို စစ်တပ်နဲ့ရဲက မလုပ်ပြဘူးပြောတယ် ဟုတ်ပါပြီ စစ်တပ်ရော ရဲရောညံ့တယ်ထား စောနားက ပြောတဲ့ လက်နက်ကိုင် အုပ်စုကြီး တွေက ဖင်ခံနေလို့ မဖမ်းတာလား ဖာချနေလို့ မသိတာလား ဘိန်းရှူနေလို့ မမြင်တာလားဆိုတာ ပြည်သူစစ်စစ်တစ်ဦးအနေနဲ့ မေးကိုမေးချင်မိပါတယ် ဖြေနိုင်ကြမလား ဗျာ 1. NUG 2.KNU 3.KIA 4.SSPP 5.PNLO 6.RCSS 7.CNDF 8.KNPP 9.MMNNDA 10.AA 11.UWSA 12. မိုင်းလား 13.TNLA 14.MNDO 15. နာဂ DKBA အပါအဝင် လက်နက်ကိုင်ပြီး လူမျိူးချစ်ပြနေတဲ့ နိုင်ငံချစ်ပြနေတဲ့ အဖွဲ့အစည်း အားလုံကး ဖြေကြားပေးနိုင်မယ်ဆိုရင် ဖြေကြားပေးပါလို့ တောင်းဆိုအပ်တယ်နော်.. ရှယ်ကြပါကုန်လော...

Picture

U Mann Npt

23/02/2023 20:29

အစိုးရကဈေးပဲသတ်မှတ်ပေးတာပါရွှေဆိုင်တေကပေါက်‌ဈေးအတိုင်းပဲရောင်းပါတယ်ဘောက်ချာမှာတော့အစိုးရကသတ်မှတ်ဈေးပေါ့

Related news

© 2021. All rights reserved.