ထိုင်း နဲ့ မြန်မာနယ်စပ်အနီး တောမီးလောင်ကျွမ်းမှုများကို ထိုင်းနဲ့ မြန်မာစစ်သားများ ပူးပေါင်းပြီး တောမီး ငြိမ်းသတ်ဖို့ ကြိုးပမ်း

 1196

ဂျန်ဇက် (NP News) - မတ် ၁

ထိုင်းနဲ့ မြန်မာစစ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ်ဒေသအနီးမှာ လောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးကို အတူတကွ ပူပေါင်းငြိမ်းသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ ချင်းရိုင်ပြည်နယ်မှာ ပျံ့နှံ့လျက်ရှိနေတဲ့ တောမီးကြောင့် မြန်မာ နဲ့ ထိုင်းစစ်သားတွေ ပူးပေါင်းကာ မီးငြိမ်းဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တောမီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနယ်စပ် ဒေသအနီးရှိ Phaya Lo တောထဲကို ပျံ့နှံ့ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ခြောက်သွေ့တဲ့သစ်ရွက်တွေ၊ မြက်ခြောက်တွေကြောင့် တောမီးလောင်ကျွမ်းမှု ပိုမိုပျံ့နှံ့ခဲ့ပြီး နှစ်နိုင်ငံစလုံးရှိ စစ်သား တွေဟာ Mae Fah Luang ဒေသ Doi Chang Mub အရပ်မှာ တောမီးငြိမ်းသတ်နိုင်ဖို့ ၃ နာရီကျော်ကြာ ကြိုးပမ်းခဲ့ရ တယ်လို့ သိရပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ချင်းရိုင်ပြည်နယ်အတွင်း မီးခိုးများ ပျံ့နှံ့နေကာ ဝေဟင်မှာ အုပ်ဆိုင်းလျက်ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကတည်းက လက်ရှိအချိန်အထိ နေရာပေါင်း ၃၇ဝဝ မှာ တောမီးလောင် ကျွမ်းမှုများရှိခဲ့ကာ ဒေသအတွင်းမှာ တောမီးလောင်ကျွမ်းမှုအများဆုံးဖြစ်နေကြောင်း Suomi NPP satellite ဂြိုလ်တုမှတ်တမ်းများအရ သိရပါတယ်။ အဆိုပါဂြိုလ်တုမှတ်တမ်းများအရ မြန်မာနိုင်ငံဟာ ဒေသအတွင်းရှိ နိုင်ငံများထဲမှာ တောမီးလောင်ကျွမ်းမှု ဒုတိယအများဆုံးဖြစ်ကြောင်းကာ နေရာပေါင်း ၂၉၄၈ နေရာ တောမီး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္း နဲ႔ ျမန္မာနယ္စပ္အနီး ေတာမီးေလာင္ကြၽမ္းမႈမ်ားကို ထိုင္းနဲ႔ ျမန္မာစစ္သားမ်ား ပူးေပါင္းၿပီး ေတာမီး ၿငိမ္းသတ္ဖို႔ ႀကိဳးပမ္း
ဂ်န္ဇက္ (NP News) - မတ္ ၁

ထိုင္းနဲ႔ ျမန္မာစစ္သားေတြဟာ ထိုင္း-ျမန္မာနယ္စပ္ေဒသအနီးမွာ ေလာင္ကြၽမ္းလ်က္ရွိေနတဲ့ ေတာမီးကို အတူတကြ ပူေပါင္းၿငိမ္းသတ္ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ထိုင္းအေျခစိုက္ သတင္းေတြက ေဖာ္ျပထားပါတယ္။

ထိုင္းနယ္စပ္ေဒသျဖစ္တဲ့ ခ်င္း႐ိုင္ျပည္နယ္မွာ ပ်ံ႕ႏွံ႔လ်က္ရွိေနတဲ့ ေတာမီးေၾကာင့္ ျမန္မာ နဲ႔ ထိုင္းစစ္သားေတြ ပူးေပါင္းကာ မီးၿငိမ္းဖို႔ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ေတာမီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျမန္မာနယ္စပ္ ေဒသအနီးရွိ Phaya Lo ေတာထဲကို ပ်ံ႕ႏွံ႔ခဲ့ေၾကာင္း ထိုင္းမီဒီယာေတြက ေဖာ္ျပပါတယ္။

ေျခာက္ေသြ႕တဲ့သစ္႐ြက္ေတြ၊ ျမက္ေျခာက္ေတြေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈ ပိုမိုပ်ံ႕ႏွံ႔ခဲ့ၿပီး ႏွစ္ႏိုင္ငံစလုံးရွိ စစ္သား ေတြဟာ Mae Fah Luang ေဒသ Doi Chang Mub အရပ္မွာ ေတာမီးၿငိမ္းသတ္ႏိုင္ဖို႔ ၃ နာရီေက်ာ္ၾကာ ႀကိဳးပမ္းခဲ့ရ တယ္လို႔ သိရပါတယ္။ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ခ်င္း႐ိုင္ျပည္နယ္အတြင္း မီးခိုးမ်ား ပ်ံ႕ႏွံ႔ေနကာ ေဝဟင္မွာ အုပ္ဆိုင္းလ်က္ရွိေနတယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံဟာ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ကတည္းက လက္ရွိအခ်ိန္အထိ ေနရာေပါင္း ၃၇ဝဝ မွာ ေတာမီးေလာင္ ကြၽမ္းမႈမ်ားရွိခဲ့ကာ ေဒသအတြင္းမွာ ေတာမီးေလာင္ကြၽမ္းမႈအမ်ားဆုံးျဖစ္ေနေၾကာင္း Suomi NPP satellite ၿဂိဳလ္တုမွတ္တမ္းမ်ားအရ သိရပါတယ္။ အဆိုပါၿဂိဳလ္တုမွတ္တမ္းမ်ားအရ ျမန္မာႏိုင္ငံဟာ ေဒသအတြင္းရွိ ႏိုင္ငံမ်ားထဲမွာ ေတာမီးေလာင္ကြၽမ္းမႈ ဒုတိယအမ်ားဆုံးျဖစ္ေၾကာင္းကာ ေနရာေပါင္း ၂၉၄၈ ေနရာ ေတာမီး ေလာင္ကြၽမ္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.