ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း(၅ဝဝ)နီးပါးရရှိထား

 671

မျိုးကြီး (NP News) - မတ် ၁

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိထားပြီး မတ်ပဲတစ်မျိုးတည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း (၅ဝဝ)နီးပါးကို ရရှိထားကြောင်း စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် တစ်သန်းခွဲကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၈၅ ဒသမ ဝ၄၆ သန်းရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံမှထွက်ရှိသည့် မတ်ပဲများကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ တန်ချိန်ပေါင်း (၆)သိန်းနီးပါး တင်ပို့ခဲ့ပြီး ထိုသို့တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၄၈၉ ဒသမ ၆၈၈ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြည်ပနိုင်ငံများသို့ ပဲတီစိမ်းတန်ချိန်ပေါင်း (၅)သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၃၆ဝ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေဧရိယာ၏ ၂ဝ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများကို စိုက်ပျိုးကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ စသည်တို့ကို ပင်လယ်ရေကြောင်းအပါအဝင် နယ်စပ်တို့မှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၅ဝဝ ကျော် ရရှိထားသည်။

zawgyi version
ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ရရွိခဲ့ၿပီး မတ္ပဲတင္ပို႔မႈမွ အေမရိကန္ေဒၚလာသန္း(၅ဝဝ)နီးပါးရရွိထား

မ်ိဳးႀကီး (NP News) - မတ္ ၁

ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ရရွိထားၿပီး မတ္ပဲတစ္မ်ိဳးတည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာသန္း (၅ဝဝ)နီးပါးကို ရရွိထားေၾကာင္း စီပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနထံမွ သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ တစ္သန္းခြဲေက်ာ္တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၁၁၈၅ ဒသမ ဝ၄၆ သန္းရရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ႏိုင္ငံမွထြက္ရွိသည့္ မတ္ပဲမ်ားကို ယခုဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားသို႔ တန္ခ်ိန္ေပါင္း (၆)သိန္းနီးပါး တင္ပို႔ခဲ့ၿပီး ထိုသို႔တင္ပို႔ရာမွ အေမရိကန္ေဒၚလာ ၄၈၉ ဒသမ ၆၈၈ သန္းရရွိထားေၾကာင္း သိရသည္။

အလားတူ ျပည္ပႏိုင္ငံမ်ားသို႔ ပဲတီစိမ္းတန္ခ်ိန္ေပါင္း (၅)သိန္းေက်ာ္တင္ပို႔ထားၿပီး အေမရိကန္ေဒၚလာသန္း ၃၆ဝ ေက်ာ္ရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဆိုသည္။

ျမန္မာႏိုင္ငံရွိ စိုက္ပ်ိဳးေျမဧရိယာ၏ ၂ဝ ရာခိုင္ႏႈန္းခန႔္သည္ ပဲမ်ိဳးစုံစိုက္ပ်ိဳးလ်က္ရွိၿပီး ပဲမ်ိဳးစုံစိုက္ဧက၏ ၇၂ ရာခိုင္ႏႈန္းသည္ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစဥ္းငုံမ်ားကို စိုက္ပ်ိဳးေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစဥ္းငုံ၊ ပဲလြန္း၊ ေျမေထာက္ပဲ၊ ေထာပတ္ပဲ၊ ကုလားပဲ စသည္တို႔ကို ပင္လယ္ေရေၾကာင္းအပါအဝင္ နယ္စပ္တို႔မွတစ္ဆင့္ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြင္း ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ အေမရိကန္ေဒၚလာသန္း ၁၅ဝဝ ေက်ာ္ ရရွိထားသည္။

Related news

© 2021. All rights reserved.