ရမည်းသင်းအကျဉ်းထောင် အချုပ်ကားမှ ထွက်ပြေးလွတ်မြောက်ခဲ့သူ(၉)ဦးအနက် (၃)ဦးကို ဖမ်းဆီးရမိ

1134

NP News - မတ် ၂
ရမည်းသင်းအကျဉ်းထောင် အချုပ်ကားမှ ထွက်ပြေးခဲ့သည့် တရာခံ(၉)ဦးအနက် (၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်သည် ယမန်နေ့ မတ်လ(၁)ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရမည်းသင်းအကျဉ်းထောင်မှအချုပ်သား (၂ဝ) ဦးကို နေပြည်တော် တရားရုံးအသီးသီးတွင် ရုံးထုတ်ပြီးအပြန်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အချုပ်ကားနောက်ခန်းတွင် လိုက်လာသည့် ရဲတစ်ဦးထံမှ သေနတ်ကို အချုပ်သားများက လုယူခဲ့ပြီး ကားကို ရပ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။
"ကားကို ရပ်ပေးပြီး အချုပ်ကားနောက်တံခါးကို ဖွင့်ပေးနေတဲ့အချိန်မှာ တရားခံတွေက လုယူထားတဲ့ သေနတ်နဲ့ပစ်ပြီးတော့ ထွက်ပြေးသွားကြတယ်။ တစ်ယောက်ကတော့ မိတယ်လို့သိရတယ်။ (၉)ယောက်ကတော့ လွတ်သွားတယ်ကြားတယ်။ ရဲ(၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်"ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် တရားခံ (၃)ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အနက်မှ(၁)ဦးကို အသေဖမ်းမိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် အချုပ်သား (၆)ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်းသိရသည်။

zawgyi version
ရမည္းသင္းအက်ဥ္းေထာင္ အခ်ဳပ္ကားမွ ထြက္ေျပးလြတ္ေျမာက္ခဲ့သူ(၉)ဦးအနက္ (၃)ဦးကို ဖမ္းဆီးရမိ
NP News - မတ္ ၂
ရမည္းသင္းအက်ဥ္းေထာင္ အခ်ဳပ္ကားမွ ထြက္ေျပးခဲ့သည့္ တရာခံ(၉)ဦးအနက္ (၃)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္သည္ ယမန္ေန႔ မတ္လ(၁)ရက္၊ ညေန ၄ နာရီ ၃၅ မိနစ္ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ရမည္းသင္းအက်ဥ္းေထာင္မွအခ်ဳပ္သား (၂ဝ) ဦးကို ေနျပည္ေတာ္ တရား႐ုံးအသီးသီးတြင္ ႐ုံးထုတ္ၿပီးအျပန္၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အခ်ဳပ္ကားေနာက္ခန္းတြင္ လိုက္လာသည့္ ရဲတစ္ဦးထံမွ ေသနတ္ကို အခ်ဳပ္သားမ်ားက လုယူခဲ့ၿပီး ကားကို ရပ္ခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးကေျပာသည္။
"ကားကို ရပ္ေပးၿပီး အခ်ဳပ္ကားေနာက္တံခါးကို ဖြင့္ေပးေနတဲ့အခ်ိန္မွာ တရားခံေတြက လုယူထားတဲ့ ေသနတ္နဲ႔ပစ္ၿပီးေတာ့ ထြက္ေျပးသြားၾကတယ္။ တစ္ေယာက္ကေတာ့ မိတယ္လို႔သိရတယ္။ (၉)ေယာက္ကေတာ့ လြတ္သြားတယ္ၾကားတယ္။ ရဲ(၁)ဦးလည္း ထိခိုက္ဒဏ္ရာရရွိသြားခဲ့တယ္"ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။
အဆိုပါ ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး ပိတ္ဆို႔ရွာေဖြဖမ္းဆီးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ တရားခံ (၃)ဦးကို ျပန္လည္ဖမ္းဆီးရမိခဲ့ၿပီး ယင္းတို႔အနက္မွ (၁)ဦးကို အေသဖမ္းမိခဲ့စ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ အခ်ဳပ္သား (၆)ဦးကို ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္းသိရသည္။