အရှေ့ပိုင်း DRC မှာ ပဋိပက္ခများ ပိုဆိုးလာခြင်းကြောင့် သိန်းနှင့်ချီသောအရပ်သားများ တိမ်းရှောင်ထွက်ပြေးနေရ

587

ရောင်နီ (NP News) - မတ် ၁၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း (DRC) မှာ အစိုးရတပ်ဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် လူပေါင်း သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က သတိပေးထားပါတယ်။
UNHCR ပြောရေးဆိုခွင့်ရှိသူ မတ်သောဆော့မာရက်ခ်ျက ဖေဖော်ဝါရီလမှာ DRC၊ အနောက်ကီဗူးပြည်နယ်ရှိ ရက်ရှရူနဲ့ မက်စီစီ နယ်မြေများမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နေထိုင်သူ လူဦးရေ (၃)သိန်းနီးပါး ထွက်ပြေးခဲ့ ရကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
“အကြမ်းဖက်မှုမှ ထွက်ပြေးလာတဲ့ အမျိုးသမီးများနဲ့ ကလေးသူငယ်များမှာ သွေးထွက်သံယို ဖြစ်ခဲ့ရပြီး ယခုစစ်ဘေးရှောင် နေရာများမှာ မောပန်းနွမ်းနယ်နေကြပြီ ဖြစ်တယ်လို့" လို့ ၎င်းက ပြောကြားပါတယ်။
UNHCR နဲ့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်များဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့်လုပ် ဆောင်နေသော်လည်း အကြမ်းဖက်မှုကြောင့် မြောက်ကီဗူးရှိ အချို့နေရာများမှ ရွှေ့ပြောင်းနေထိုင်သူများမှာ အခက်အခဲများရှိနေသေးကြောင်း ပြောကြားပါတယ်။
လက်နက်ကိုင်အဖွဲ့ အများအပြားဟာ သတ္တုကြွယ်ဝသော အရှေ့ပိုင်း DRC မှာ ကျင်လည်ကျက်စားကြပြီး အဆိုပါ အဖွဲ့အများစုဟာ ၂ဝ ရာစုနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒေသတွင်းစစ်ပွဲနှစ်ခုရဲ့ အကြွင်းအကျန်များပဲ ဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ အစိုးရက မြောက်ပိုင်း ကီဗူးနဲ့ အိမ်နီးချင်း အစ်တူရီမှာ လုံခြုံရေးအကျပ်အတည်း ဖြေရှင်းရန် ကြိုးပမ်းမှုအဖြစ် ၎င်းတို့ကို စစ်အုပ်ချုပ်ရေးအောက်မှာ ထားခဲ့ရာမှ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပါတယ်။
ကြာသပတေးနေ့က မြောက်ကီဗူး ပြည်နယ်၊ ဘီနီမြို့တောင်ဘက် ၃ဝ ကီလိုမီတာ (၁၉ မိုင်) အကွာ မူကွန်ဒီ ရွာမှာ ညတွင်းချင်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ (၃၆) ဦး သေဆုံးခဲ့ပါတယ်။ သောကြာနေ့က လည်း မြောက်ကီဗူ၊ မြို့တော်ဂိုမာအနီးမှာ M23 လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့များကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲများကြောင့် အကူညီပေးရေး အဖွဲ့များဟာ ကုန်းလမ်းများမှ မသွားနိုင်တော့ဘဲ လေကြောင်းတစ်ခုတည်းကိုသာ အားထားလာရတယ်လို့ သိရပါတယ်။

zawgyi version
အေရွ႕ပိုင္း DRC မွာ ပဋိပကၡမ်ား ပိုဆိုးလာျခင္းေၾကာင့္ သိန္းႏွင့္ခ်ီေသာအရပ္သားမ်ား တိမ္းေရွာင္ထြက္ေျပးေနရ
ေရာင္နီ (NP News) - မတ္ ၁၁
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ အေရွ႕ပိုင္း (DRC) မွာ အစိုးရတပ္ဖြဲ႕မ်ားနဲ႔ လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာျခင္းေၾကာင့္ လူေပါင္း သိန္းနဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ (UNHCR) က သတိေပးထားပါတယ္။
UNHCR ေျပာေရးဆိုခြင့္ရွိသူ မတ္ေသာေဆာ့မာရက္ခ္်က ေဖေဖာ္ဝါရီလမွာ DRC၊ အေနာက္ကီဗူးျပည္နယ္ရွိ ရက္ရွ႐ူနဲ႔ မက္စီစီ နယ္ေျမမ်ားမွာ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေနထိုင္သူ လူဦးေရ (၃)သိန္းနီးပါး ထြက္ေျပးခဲ့ ရေၾကာင္း ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။
“အၾကမ္းဖက္မႈမွ ထြက္ေျပးလာတဲ့ အမ်ိဳးသမီးမ်ားနဲ႔ ကေလးသူငယ္မ်ားမွာ ေသြးထြက္သံယို ျဖစ္ခဲ့ရၿပီး ယခုစစ္ေဘးေရွာင္ ေနရာမ်ားမွာ ေမာပန္းႏြမ္းနယ္ေနၾကၿပီ ျဖစ္တယ္လို႔" လို႔ ၎က ေျပာၾကားပါတယ္။
UNHCR နဲ႔ ၎ရဲ႕ လုပ္ေဖာ္ကိုင္ဖက္မ်ားဟာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား တိုးျမႇင့္လုပ္ ေဆာင္ေနေသာ္လည္း အၾကမ္းဖက္မႈေၾကာင့္ ေျမာက္ကီဗူးရွိ အခ်ိဳ႕ေနရာမ်ားမွ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားမွာ အခက္အခဲမ်ားရွိေနေသးေၾကာင္း ေျပာၾကားပါတယ္။
လက္နက္ကိုင္အဖြဲ႕ အမ်ားအျပားဟာ သတၱဳႂကြယ္ဝေသာ အေရွ႕ပိုင္း DRC မွာ က်င္လည္က်က္စားၾကၿပီး အဆိုပါ အဖြဲ႕အမ်ားစုဟာ ၂ဝ ရာစုေႏွာင္းပိုင္းက ျဖစ္ပြားခဲ့တဲ့ ေဒသတြင္းစစ္ပြဲႏွစ္ခုရဲ႕ အႂကြင္းအက်န္မ်ားပဲ ျဖစ္ပါတယ္။ ၂ဝ၂၁ ခုႏွစ္မွာ အစိုးရက ေျမာက္ပိုင္း ကီဗူးနဲ႔ အိမ္နီးခ်င္း အစ္တူရီမွာ လုံၿခဳံေရးအက်ပ္အတည္း ေျဖရွင္းရန္ ႀကိဳးပမ္းမႈအျဖစ္ ၎တို႔ကို စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ ထားခဲ့ရာမွ အၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ပြားလာခဲ့ျခင္း ျဖစ္ပါတယ္။
ၾကာသပေတးေန႔က ေျမာက္ကီဗူး ျပည္နယ္၊ ဘီနီၿမိဳ႕ေတာင္ဘက္ ၃ဝ ကီလိုမီတာ (၁၉ မိုင္) အကြာ မူကြန္ဒီ ႐ြာမွာ ညတြင္းခ်င္း တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ (၃၆) ဦး ေသဆုံးခဲ့ပါတယ္။ ေသာၾကာေန႔က လည္း ေျမာက္ကီဗူ၊ ၿမိဳ႕ေတာ္ဂိုမာအနီးမွာ M23 လက္နက္ကိုင္အဖြဲ႕နဲ႔ အစိုးရတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ တိုက္ပြဲမ်ားေၾကာင့္ အကူညီေပးေရး အဖြဲ႕မ်ားဟာ ကုန္းလမ္းမ်ားမွ မသြားႏိုင္ေတာ့ဘဲ ေလေၾကာင္းတစ္ခုတည္းကိုသာ အားထားလာရတယ္လို႔ သိရပါတယ္။