ဒေါ်နယ်ထရမ့်ရဲ့ဂေါက်ကွင်းအပေါ် ပျံသန်းလာတဲ့ သံသယဖြစ်ဖွယ်လေယာဉ်ကို F-16 တိုက်လေယာဉ်ကြားဖြတ်ဟန့်တား

2510

Pika (NP News) - ဇူလိုင် ၇
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Bedminsterမြို့မှာရှိတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂေါက်ကွင်းရဲ့ကန့်သတ်ထားတဲ့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အရပ်ဘက်လေယာဉ်တစ်စီးကို F-16 တိုက်လေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ် (NORAD) အဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ဒေါ်နယ်ထရမ့်ဟာ ဂေါက်ကွင်းဧရိယာမှာ ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အရပ်ဘက်လေယာဉ်တစ်စီးက ယာယီပျံသန်းမှုကန့်သတ်ထားတဲ့ (TFR) ဇုန်အတွင်း ဝင်ရောက်လာခဲ့ချိန်မှာ F-16 တိုက်လေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကြားဖြတ်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့တဲ့ F-16 တိုက်လေယာဉ်ဟာ အရပ်ဘက်လေယာဉ်ရဲ့လေယာဉ်မှူးကို သတိပေးမှုတွေလုပ်ဆောင်ခဲ့ပြီး ကန့်သတ်ဇုန်ကနေ ဘေးကင်းကင်းနဲ့ ချက်ချင်းထွက်ခွာဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် Bedminster ဧရိယာမှာ TFR ချိုးဖောက်မှု စုစုပေါင်း(၅)ခုဖြစ်ပွားခဲ့ပြီး အဲဒီကြားဖြတ်ဟန့်တားမှုက ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး သတိပေးတုံ့ပြန်မှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း လေပိုင်နက်ကိုချိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အရပ်ဘက်လေယာဉ် ဒါမှမဟုတ် လေယာဉ်မှူးနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ NORAD အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္ရဲ႕ေဂါက္ကြင္းအေပၚ ပ်ံသန္းလာတဲ့ သံသယျဖစ္ဖြယ္ေလယာဥ္ကို F-16 တိုက္ေလယာဥ္ၾကားျဖတ္ဟန႔္တား
Pika (NP News) - ဇူလိုင္ ၇
အေမရိကန္ႏိုင္ငံ နယူးဂ်ာစီျပည္နယ္ Bedminsterၿမိဳ႕မွာရွိတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ေဂါက္ကြင္းရဲ႕ကန႔္သတ္ထားတဲ့ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္လာခဲ့တဲ့ အရပ္ဘက္ေလယာဥ္တစ္စီးကို F-16 တိုက္ေလယာဥ္တစ္စင္းက ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျမာက္အေမရိက ေလေၾကာင္းကာကြယ္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (NORAD) အဖြဲ႕က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ျဖစ္ပြားခဲ့တဲ့အခ်ိန္မွာ ေဒၚနယ္ထရမ့္ဟာ ေဂါက္ကြင္းဧရိယာမွာ ရွိေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အရပ္ဘက္ေလယာဥ္တစ္စီးက ယာယီပ်ံသန္းမႈကန႔္သတ္ထားတဲ့ (TFR) ဇုန္အတြင္း ဝင္ေရာက္လာခဲ့ခ်ိန္မွာ F-16 တိုက္ေလယာဥ္တစ္စင္းက ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၾကားျဖတ္ဟန႔္တားမႈေတြလုပ္ေဆာင္ခဲ့တဲ့ F-16 တိုက္ေလယာဥ္ဟာ အရပ္ဘက္ေလယာဥ္ရဲ႕ေလယာဥ္မႉးကို သတိေပးမႈေတြလုပ္ေဆာင္ခဲ့ၿပီး ကန႔္သတ္ဇုန္ကေန ေဘးကင္းကင္းနဲ႔ ခ်က္ခ်င္းထြက္ခြာဖို႔ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ Bedminster ဧရိယာမွာ TFR ခ်ိဳးေဖာက္မႈ စုစုေပါင္း(၅)ခုျဖစ္ပြားခဲ့ၿပီး အဲဒီၾကားျဖတ္ဟန႔္တားမႈက ခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး သတိေပးတုံ႔ျပန္မႈေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ေလပိုင္နက္ကိုခ်ိဳးေဖာက္ဝင္ေရာက္လာခဲ့တဲ့ အရပ္ဘက္ေလယာဥ္ ဒါမွမဟုတ္ ေလယာဥ္မႉးနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ NORAD အဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။