ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားနေသည့်အငြင်းပွားမှုများကိုဖြေရှင်းရန် အမေရိကန်သမ္မတ စာပို့ တောင်းဆို

 245

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၁
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသအငြင်းပွားမှုများကိုဖြေရှင်းရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းဝန်ကြီးချုပ်ထံ စာပို့တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့်ဖြစ်ပွားလျက်ရှိသည့် နယ်စပ်ဒေသအငြင်းပွားမှုများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခန်းကဏ္ဍဆက်လက်ပါဝင်နေခြင်းကို လိုလားခြင်းမရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး နောက် တစ်ရက်အကြာတွင် အမေရိကန်သမ္မတက ထိုင်းဝန်ကြီးချုပ်ထံ စာပို့ခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသအငြင်းပွားမှုများကြောင့် ဇူလိုင်လအတွင်း အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီး လူပေါင်း ၄ဝ ကျော်သေဆုံးခဲ့ကာ လူပေါင်း ၃ သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ ကြောင်း သိရသည်။ ထိုင်း နှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အငြင်းပွားမှုများကြောင့် ၅ ရက်ကြာပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နှစ်နိုင်ငံစလုံးကို ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ရယူရန် ကြားဝင် ကူညီပေးခဲ့ကြောင်းသိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် လက်ရှိတွင် ယာယီအပစ်ခတ်ရပ်စဲရေး ရရှိထားသော်လည်း ငြိမ်းချမ်းရေး သဘောတူညီမှုများကို ချိုးဖောက်နေသည်ဟု အပြန်အလှန် စွပ်စွဲဝေဖန်မှုများရှိနေကာ တင်းမာမှုများရှိနေကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ် အနုတင်က “အမေရိကန်သမ္မတဟာ ကျွန်တော်ထံကို စာပို့ခဲ့တယ်။ အဲဒီစာထဲမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုများကို ဖြေရှင်းဖို့ ၊ ပဋိပက္ခတွေကို အဖြေရအောင်ရှာဖို့ တိုက်တွန်းထားတယ်။ ကျွန်တော်ကလည်း ထိုင်းအစိုးရရဲ့ရပ်တည်ချက်ကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုလိုက်နာမယ်ဆိုရင် ထိုင်းနိုင်ငံဘက်က လိုက်နာဖို့ အဆင့်သင့်ရှိတဲ့အကြောင်းတုံ့ပြန်ပြောခဲ့တယ်” ဟု ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အငြင်းပွားနေသည့်နယ်စပ်ဒေသမှ လက်နက်ကြီးများ ပြန်ရုတ်သိမ်းခြင်း နှင့် မြေမြှုပ် မိုင်းများ ဖယ်ရှားမည်ဆိုလျှင် ထိုင်းဘက်ကလည်းဆွေးနွေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့သည်။ ကမ္ဘောဒီးယားအစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိစေရန် ချီးကျူးပြောဆိုမှုများရှိခဲ့သော်လည်း ထိုင်းဘက်က အမေရိကန်သမ္မတကို ချီးကျူးပြောဆို ခြင်းမျိုး မရှိကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်က ''ထိုင်းအစိုးရအဖွဲ့ဟာ နိုင်ငံအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာအတွက်သာ ဂရုစိုက်တယ်။ နိုဘယ်ဆုကို တစ်စုံတစ်ဦးရမယ်ဆိုရင်သူ့အတွက် ကောင်းမွန်ပါတယ်။ အဲဒီငြိမ်းချမ်းရေးနိုဘယ်ဆုဟာ ထိုင်းနိုင်ငံက လုပ်မယ့်ကိစ္စနဲ့ပတ်သက်မှုမရှိဘူး'' ဟု ပြောသည်။

Zawgyi Version:
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားေနသည့္အျငင္းပြားမႈမ်ားကိုေျဖရွင္းရန္ အေမရိကန္သမၼတ စာပို႔ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၁
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားကိုေျဖရွင္းရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထိုင္းဝန္ႀကီးခ်ဳပ္ထံ စာပို႔ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ထိုင္းအစိုးရသည္ ကေမာၻဒီးယားႏွင့္ျဖစ္ပြားလ်က္ရွိသည့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားတြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အခန္းက႑ဆက္လက္ပါဝင္ေနျခင္းကို လိုလားျခင္းမရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီး ေနာက္ တစ္ရက္အၾကာတြင္ အေမရိကန္သမၼတက ထိုင္းဝန္ႀကီးခ်ဳပ္ထံ စာပို႔ခဲ့ျခင္းျဖစ္သည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္လအတြင္း အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈမ်ားျဖစ္လာခဲ့ၿပီး လူေပါင္း ၄ဝ ေက်ာ္ေသဆုံးခဲ့ကာ လူေပါင္း ၃ သိန္းခန႔္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရ ေၾကာင္း သိရသည္။ ထိုင္း ႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ အျငင္းပြားမႈမ်ားေၾကာင့္ ၅ ရက္ၾကာပစ္ခတ္ခဲ့ၿပီးေနာက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ႏွစ္ႏိုင္ငံစလုံးကို ယာယီၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရယူရန္ ၾကားဝင္ ကူညီေပးခဲ့ေၾကာင္းသိရသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ လက္ရွိတြင္ ယာယီအပစ္ခတ္ရပ္စဲေရး ရရွိထားေသာ္လည္း ၿငိမ္းခ်မ္းေရး သေဘာတူညီမႈမ်ားကို ခ်ိဳးေဖာက္ေနသည္ဟု အျပန္အလွန္ စြပ္စြဲေဝဖန္မႈမ်ားရွိေနကာ တင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္က “အေမရိကန္သမၼတဟာ ကြၽန္ေတာ္ထံကို စာပို႔ခဲ့တယ္။ အဲဒီစာထဲမွာ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ အျငင္းပြားမႈမ်ားကို ေျဖရွင္းဖို႔ ၊ ပဋိပကၡေတြကို အေျဖရေအာင္ရွာဖို႔ တိုက္တြန္းထားတယ္။ ကြၽန္ေတာ္ကလည္း ထိုင္းအစိုးရရဲ႕ရပ္တည္ခ်က္ကို ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့တယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြကိုလိုက္နာမယ္ဆိုရင္ ထိုင္းႏိုင္ငံဘက္က လိုက္နာဖို႔ အဆင့္သင့္ရွိတဲ့အေၾကာင္းတုံ႔ျပန္ေျပာခဲ့တယ္” ဟု ေျပာသည္။
ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ အျငင္းပြားေနသည့္နယ္စပ္ေဒသမွ လက္နက္ႀကီးမ်ား ျပန္႐ုတ္သိမ္းျခင္း ႏွင့္ ေျမျမႇဳပ္ မိုင္းမ်ား ဖယ္ရွားမည္ဆိုလွ်င္ ထိုင္းဘက္ကလည္းေဆြးေႏြးရန္ အဆင့္သင့္ရွိေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ထပ္မံေျပာဆိုခဲ့သည္။ ကေမာၻဒီးယားအစိုးရသည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ကမာၻၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု ရရွိေစရန္ ခ်ီးက်ဴးေျပာဆိုမႈမ်ားရွိခဲ့ေသာ္လည္း ထိုင္းဘက္က အေမရိကန္သမၼတကို ခ်ီးက်ဴးေျပာဆို ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္က ''ထိုင္းအစိုးရအဖြဲ႕ဟာ ႏိုင္ငံအက်ိဳးစီးပြားနဲ႔အခ်ဳပ္အျခာအာဏာအတြက္သာ ဂ႐ုစိုက္တယ္။ ႏိုဘယ္ဆုကို တစ္စုံတစ္ဦးရမယ္ဆိုရင္သူ႔အတြက္ ေကာင္းမြန္ပါတယ္။ အဲဒီၿငိမ္းခ်မ္းေရးႏိုဘယ္ဆုဟာ ထိုင္းႏိုင္ငံက လုပ္မယ့္ကိစၥနဲ႔ပတ္သက္မႈမရွိဘူး'' ဟု ေျပာသည္။

Related news

© 2021. All rights reserved.