မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ နောက်ထပ်သင်္ဘောတစ်စီးကို အမေရိကန် ထပ်မံတိုက်ခိုက်ဖျက်ဆီး

64

Pika (NP News) - ဒီဇင်ဘာ ၂ဝ
အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး လူ(၄)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒေသတွင်းမှာ တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး အမေရိကန်နဲ့ဗင်နီဇွဲလားနိုင်ငံတို့ကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားနေချိန်မှာပဲ ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရေပိုင်နက်မှာရှိတဲ့ မူးယစ် ဆေးဝါးမှောင်ခိုကူးတဲ့လမ်းကြောင်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက မောင်းနှင် တယ်လို့ယူဆရတဲ့သင်္ဘောတစ်စီးကို အကောင်းဆုံးတိုက်ခိုက်ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ အမေရိကန်တောင်ပိုင်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်စတင်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ Operation Southern Spear ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်ဟာ ကာရေဘီယံပင်လယ်ပြင်နဲ့ပစိဖိတ်ပင်လယ်ပြင်တို့မှာ ၎င်းရဲ့တည်ရှိမှု တွေကို သိသိသာသာတိုးမြှင့်ခဲ့ပြီး ရေတပ်နဲ့လေတပ်ပိုင်ဆိုင်မှုတွေကို အများအပြားဖြန့်ကျက်ချထားခဲ့တယ်လို့ လည်း သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကနေစတင်ပြီး မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရဲ့သင်္ဘောတွေကို အမေရိကန်ရဲ့ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၁၀၀)နီးပါးရှိလာပြီဖြစ်တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ ေနာက္ထပ္သေဘၤာတစ္စီးကို အေမရိကန္ ထပ္မံတိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ဒီဇင္ဘာ ၂ဝ
အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ သြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့သေဘၤာတစ္စီးကို အေမရိကန္ စစ္တပ္က တိုက္ခိုက္ဖ်က္ဆီးခဲ့ၿပီး လူ(၄)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ေဒသတြင္းမွာ တင္းမာမႈေတြျမင့္တက္လာခဲ့ၿပီး အေမရိကန္နဲ႔ဗင္နီဇြဲလားႏိုင္ငံတို႔ၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ပြားေနခ်ိန္မွာပဲ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံတကာေရပိုင္နက္မွာရွိတဲ့ မူးယစ္ ေဆးဝါးေမွာင္ခိုကူးတဲ့လမ္းေၾကာင္းေပၚမွာ ျဖတ္သန္းသြားလာေနတဲ့အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုက ေမာင္းႏွင္ တယ္လို႔ယူဆရတဲ့သေဘၤာတစ္စီးကို အေကာင္းဆုံးတိုက္ခိုက္ဖ်က္ဆီးပစ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ေတာင္ပိုင္း ကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္စတင္ခဲ့တဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး လႈပ္ရွားမႈတစ္ခု ျဖစ္တဲ့ Operation Southern Spear ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း အေမရိကန္ဟာ ကာေရဘီယံပင္လယ္ျပင္နဲ႔ပစိဖိတ္ပင္လယ္ျပင္တို႔မွာ ၎ရဲ႕တည္ရွိမႈ ေတြကို သိသိသာသာတိုးျမႇင့္ခဲ့ၿပီး ေရတပ္နဲ႔ေလတပ္ပိုင္ဆိုင္မႈေတြကို အမ်ားအျပားျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ လည္း သိရပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလကေနစတင္ၿပီး မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရဲ႕သေဘၤာေတြကို အေမရိကန္ရဲ႕ဆက္တိုက္တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁၀၀)နီးပါးရွိလာၿပီျဖစ္တယ္လို႔ လည္း သိရပါတယ္။