စပိန်နိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်မည်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်

 549

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၁
စပိန်နိုင်ငံအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံဂျီဒီပီ၏ (၅)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် ပျက်ကွက် မည်ဆိုလျှင်နေတိုး စစ်ရေးမဟာ မိတ်အဖွဲ့မှ ထုတ်ပယ်သွားရဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဇွန်လအတွင်း ကျင်းပခဲ့သော နေတိုး ထိပ်သီးအစည်း အဝေးအတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အိမ်ဖြူတော်မှာ ပြင်သစ်သမ္မတ မက်ခရွန် နှင့်တွေ့ဆုံဆွေး နွေးခဲ့ရာ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်အသစ်သတ်မှတ်ချက်ကို လုပ် ဆောင်ရမည်ဟု ထပ်မံပြောဆိုခဲ့သည်။
အမေရိကန်သမ္မတက ‘လက်ရှိအချိန်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲက စပိန်နိုင်ငံဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိပါဘူး၊ အဲဒီအတွက်လည်း ဆင်ခြေပေးလို့မရဘူး၊ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့် သုံးစွဲတာမျိုး မလုပ်ဘူး ဆိုရင် နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ရမယ်’ဟုပြောသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံ များကို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် တိုက်တွန်းတောင်းဆိုခဲ့ဖူးသလို လက်ရှိအချိန်တွင် နေတိုးအဖွဲ့ဝင် နိုင်ငံများကို ကာကွယ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲရန် တိုက်တွန်း တောင်းဆိုနေကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ဇွန်လအတွင်း ကျင်းပသော နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးအတွင်း ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်သုံးစွဲရန် ထပ်မံတောင်းဆိုခဲ့ရာ နေတိုးအဖွဲ့ဝင်နိုင်ငံများက လိုလား နှစ်သက်ခြင်းမရှိခဲ့ကြောင်းသိရ သည်။ အထူးသဖြင့် စပိန်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် သုံးစွဲရမည့်ကိစ္စကို အပြင်းထန်ဆန့်ကျင့်ကန် ကွက်ခဲ့ ကြောင်းသိရသည်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်က ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေးသုံးစရိတ်ကို နိုင်ငံဂျီဒီပီ၏ (၂ ဒသမ ၁) ရာခိုင်နှုန်းသာတိုးမြှင့်သုံး စွဲရန်တောင်းဆိုခဲ့ကြောင်းသိရသည်။ စပိန်ကာကွယ် ရေးဝန်ကြီးကလည်းစပိန်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို (၅)ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်ပယ်ချထားကြောင်းသိရ သည်။

Zawgyi Version:
စပိန္ႏိုင္ငံကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ထုတ္ပယ္မည္ဟု အေမရိကန္သမၼတ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၁
စပိန္ႏိုင္ငံအေနျဖင့္ ကာကြယ္ေရး အသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီ၏ (၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲရန္ ပ်က္ကြက္ မည္ဆိုလွ်င္ေနတိုး စစ္ေရးမဟာ မိတ္အဖြဲ႕မွ ထုတ္ပယ္သြားရဖြယ္ရွိေနေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္ ဇြန္လအတြင္း က်င္းပခဲ့ေသာ ေနတိုး ထိပ္သီးအစည္း အေဝးအတြင္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္သုံးစြဲရန္ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အိမ္ျဖဴေတာ္မွာ ျပင္သစ္သမၼတ မက္ခ႐ြန္ ႏွင့္ေတြ႕ဆုံေဆြး ေႏြးခဲ့ရာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ကာကြယ္ေရးအသုံးစရိတ္အသစ္သတ္မွတ္ခ်က္ကို လုပ္ ေဆာင္ရမည္ဟု ထပ္မံေျပာဆိုခဲ့သည္။
အေမရိကန္သမၼတက ‘လက္ရွိအခ်ိန္မွာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြထဲက စပိန္ႏိုင္ငံဟာ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီမႈမရွိပါဘူး၊ အဲဒီအတြက္လည္း ဆင္ေျခေပးလို႔မရဘူး၊ ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္ သုံးစြဲတာမ်ိဳး မလုပ္ဘူး ဆိုရင္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ကေန ထုတ္ပယ္ရမယ္’ဟုေျပာသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ မ်ားကို ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္သုံးစြဲရန္ တိုက္တြန္းေတာင္းဆိုခဲ့ဖူးသလို လက္ရွိအခ်ိန္တြင္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံမ်ားကို ကာကြယ္ေရးအသုံးစရိတ္ပိုမိုသုံးစြဲရန္ တိုက္တြန္း ေတာင္းဆိုေနေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သည္ ဇြန္လအတြင္း က်င္းပေသာ ေနတိုးအဖြဲ႕ထိပ္သီးအစည္းအေဝးအတြင္း ကာကြယ္ေရး အသုံးစရိတ္တိုးျမႇင့္သုံးစြဲရန္ ထပ္မံေတာင္းဆိုခဲ့ရာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက လိုလား ႏွစ္သက္ျခင္းမရွိခဲ့ေၾကာင္းသိရ သည္။ အထူးသျဖင့္ စပိန္ႏိုင္ငံသည္ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ သုံးစြဲရမည့္ကိစၥကို အျပင္းထန္ဆန႔္က်င့္ကန္ ကြက္ခဲ့ ေၾကာင္းသိရသည္။
စပိန္ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္ခ်က္ဇ္က ၎တို႔ႏိုင္ငံ၏ ကာကြယ္ေရးသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီ၏ (၂ ဒသမ ၁) ရာခိုင္ႏႈန္းသာတိုးျမႇင့္သုံး စြဲရန္ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ စပိန္ကာကြယ္ ေရးဝန္ႀကီးကလည္းစပိန္ႏိုင္ငံ၏ ကာကြယ္ေရး အသုံးစရိတ္ကို (၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ သုံးစြဲရန္ မျဖစ္ႏိုင္ေၾကာင္း ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.