ဂျာမနီအစိုးရက ရဲတပ်ဖွဲ့ကို ဒရုန်းများ ပစ်ချခွင့်ပြုသွားမည်

 123

Pika (NP News) - အောက်တိုဘာ ၁၁

ဥရောပတစ်ဝန်းရှိလေဆိပ်များကို အနှောင့်အယှက်ဖြစ်စေမည့်ဒရုန်းများကိုပစ်ချရန် ရဲတပ်ဖွဲ့ကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဂျာမနီအစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။
ဂျာမနီလွှတ်တော်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသော အဆိုပါဥပဒေအသစ်သည် ခြိမ်းခြောက်မှု သို့မဟုတ် ထိခိုက်စေမှုကဲ့သို့သောဖြစ် ရပ်များကို ဒရုန်းများကို ပစ်ချခြင်းအပါအဝင် ဂျာမနီ လေပိုင်နက်ကို ချိုးဖောက်ဝင် ရောက်လာသော ဒရုန်းများကို ပစ်ချရန် ရဲတပ်ဖွဲ့ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဒရုန်းများကို ပစ်ချနိုင် မည့် အခြားနည်းလမ်းများအဖြစ် ထိန်းချုပ်မှုနှင့် လမ်းကြောင်းပြမှုများကို နှောင့်ယှက်ရန်အတွက် လေဆာရောင်ခြည် များကို အသုံးပြုခြင်း သို့မဟုတ် ဂျမ်မာများကို အသုံး ပြုခြင်းတို့ ပါဝင်ကြောင်းသိရသည်။ ပြီးခဲ့သည့်ရက် ပိုင်းက ဂျာမနီ၏ ဒုတိယအကြီးဆုံးဖြစ်သော မြူး နစ်လေဆိပ်တွင် လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများ စွာကို လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် ဖျက်သိမ်းခဲ့ရပြီး ခရီးသည်(၁၀ဝဝဝ)ကျော် သောင်တင်နေခဲ့ပြီးနောက် အဆိုပါဥပဒေအသစ် ထွက်ပေါ်လာ ခြင်းဖြစ် သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံတွင်းတွင် ထွက်ပေါ်လာခဲ့သော ဒရုန်းများ၏နောက်ကွယ်တွင် ရုရှားနိုင်ငံရှိနေသည်ဟု ယူဆကြောင်း ဂျာမန်အဓိပတိ ဖရက်ဒရစ်မာ့ဇ်က ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဒရုန်းများတွင် လက်နက်တပ်ဆင်ထားခြင်းမျိုး မရှိကြောင်းနှင့် ကင်းထောက်လေယာဉ်များထက် ပိုမိုသာလွန် ကြောင်း ဖရက်ဒရစ်မာ့ဇ်က ထုတ်ဖော် ပြောဆိုခဲ့သည်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ဥရောပသမဂ္ဂခေါင်း ဆောင်များက ရုရှားကို ၎င်းတို့၏တိုက်ကြီးလုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်လာပြီး ယူ ကရိန်းကို ထောက်ခံမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဥရောပ အရှေ့ဘက်ခြမ်းကို ကာကွယ်ရန်အတွက် လေပိုင် နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဒရုန်း များကို ထောက်လှမ်းရန်၊ ခြေရာခံရန်နှင့် ဖျက်ဆီး ပစ်ရန် အတွက် အာရုံခံကိရိယာများနှင့် လက်နက်များပါဝင်သော ဒရုန်းနံရံတစ်ခုကို တည်ဆောက်ရန် ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့ကြောင်းသိရသည်။

Zawgyi Version:
ဂ်ာမနီအစိုးရက ရဲတပ္ဖြဲ႕ကို ဒ႐ုန္းမ်ား ပစ္ခ်ခြင့္ျပဳသြားမည္
Pika (NP News) - ေအာက္တိုဘာ ၁၁
ဥေရာပတစ္ဝန္းရွိေလဆိပ္မ်ားကို အေႏွာင့္အယွက္ျဖစ္ေစမည့္ဒ႐ုန္းမ်ားကိုပစ္ခ်ရန္ ရဲတပ္ဖြဲ႕ကို ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့သည္။
ဂ်ာမနီလႊတ္ေတာ္၏ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနေသာ အဆိုပါဥပေဒအသစ္သည္ ၿခိမ္းေျခာက္မႈ သို႔မဟုတ္ ထိခိုက္ေစမႈကဲ့သို႔ေသာျဖစ္ ရပ္မ်ားကို ဒ႐ုန္းမ်ားကို ပစ္ခ်ျခင္းအပါအဝင္ ဂ်ာမနီ ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ ေရာက္လာေသာ ဒ႐ုန္းမ်ားကို ပစ္ခ်ရန္ ရဲတပ္ဖြဲ႕ကို ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ ဒ႐ုန္းမ်ားကို ပစ္ခ်ႏိုင္ မည့္ အျခားနည္းလမ္းမ်ားအျဖစ္ ထိန္းခ်ဳပ္မႈႏွင့္ လမ္းေၾကာင္းျပမႈမ်ားကို ေႏွာင့္ယွက္ရန္အတြက္ ေလဆာေရာင္ျခည္ မ်ားကို အသုံးျပဳျခင္း သို႔မဟုတ္ ဂ်မ္မာမ်ားကို အသုံး ျပဳျခင္းတို႔ ပါဝင္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ရက္ ပိုင္းက ဂ်ာမနီ၏ ဒုတိယအႀကီးဆုံးျဖစ္ေသာ ျမဴး နစ္ေလဆိပ္တြင္ ေလေၾကာင္းခရီးစဥ္ ဒါဇင္ေပါင္းမ်ား စြာကို လမ္းေၾကာင္းေျပာင္းျခင္း သို႔မဟုတ္ ဖ်က္သိမ္းခဲ့ရၿပီး ခရီးသည္(၁၀ဝဝဝ)ေက်ာ္ ေသာင္တင္ေနခဲ့ၿပီးေနာက္ အဆိုပါဥပေဒအသစ္ ထြက္ေပၚလာ ျခင္းျဖစ္ သည္။
ၿပီးခဲ့သည့္သီတင္းပတ္အတြင္း ဂ်ာမနီႏိုင္ငံတြင္းတြင္ ထြက္ေပၚလာခဲ့ေသာ ဒ႐ုန္းမ်ား၏ေနာက္ကြယ္တြင္ ႐ုရွားႏိုင္ငံရွိေနသည္ဟု ယူဆေၾကာင္း ဂ်ာမန္အဓိပတိ ဖရက္ဒရစ္မာ့ဇ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါ ဒ႐ုန္းမ်ားတြင္ လက္နက္တပ္ဆင္ထားျခင္းမ်ိဳး မရွိေၾကာင္းႏွင့္ ကင္းေထာက္ေလယာဥ္မ်ားထက္ ပိုမိုသာလြန္ ေၾကာင္း ဖရက္ဒရစ္မာ့ဇ္က ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။
(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဥေရာပသမဂၢေခါင္း ေဆာင္မ်ားက ႐ုရွားကို ၎တို႔၏တိုက္ႀကီးလုံၿခဳံေရးအတြက္ အဓိကၿခိမ္းေျခာက္မႈ တစ္ခုအျဖစ္ ရႈျမင္လာၿပီး ယူ ကရိန္းကို ေထာက္ခံမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဥေရာပ အေရွ႕ဘက္ျခမ္းကို ကာကြယ္ရန္အတြက္ ေလပိုင္ နက္အတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာေသာ ဒ႐ုန္း မ်ားကို ေထာက္လွမ္းရန္၊ ေျခရာခံရန္ႏွင့္ ဖ်က္ဆီး ပစ္ရန္ အတြက္ အာ႐ုံခံကိရိယာမ်ားႏွင့္ လက္နက္မ်ားပါဝင္ေသာ ဒ႐ုန္းနံရံတစ္ခုကို တည္ေဆာက္ရန္ ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္က ၿပီးခဲ့သည့္လတြင္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.