ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့ လက်မှတ်ရေးထိုးမည်

109

Pika (NP News) - အောက်တိုဘာ ၁၁
အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့သည် လာမည့်ရက်ပိုင်းအတွင်း ကျန်ရှိနေသော ဓားစာခံများ ပြန်လည်လွတ်မြောက်လာစေမည့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးရန် စီစဉ်နေကြောင်းသိရသည်။
အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးမှုသည် လူပေါင်းများစွာသေဆုံးစေခဲ့သော ဂါဇာစစ်ပွဲကို အဆုံး သတ်နိုင်မည့် အဓိကခြေလှမ်း တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ယင်းသဘော တူညီချက်ထဲတွင် အစ္စရေးက ဖမ်းဆီး ထိန်းသိမ်းထားသော ပါလက်စတိုင်းအကျဉ်းသားရာချီကို ပြန်လွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ နောက်ထပ်အကူအညီများ ဝင်ရောက်ခွင့်ပေးရန် အစ္စရေးကိုတောင်းဆိုထားကြောင်းသိရသည်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသော အစ္စရေးဓားစာခံများ အားလုံးကို ပြန် လွှတ်ပေးလိမ့်မည်ဖြစ်ကြောင်းနှင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင်ရှိနေသော ၎င်း၏တပ်ဖွဲ့များကို ပြန်လည် ရုတ်သိမ်းသွားလိမ့် မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ သဘောတူ ညီချက်၏ ပထမအဆင့်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟားမက်လက်နက်ကိုင်အဖွဲ့က ဓားစာခံ(၂၀)ဦးကို ပြန်လွှတ်ပေး မည်ဖြစ်ပြီး အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား(၂၀ဝဝ)ဦးနီးပါးကို တစ်ချိန်တည်းတွင် ပြန်လွှတ်ပေးလိမ့်မည် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် အချိန်(၇၂)နာရီအတွင်း အကျဉ်း သားလဲလှယ်မှုကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ ဓားစာခံများအားလုံးသည် လာမည့်အောက်တိုဘာလ(၁၂)ရက်တွင် ပြန်လည် လွတ်မြောက်လာမည်ဟု ယုံကြည် ကြောင်းနှင့် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရာတွင် ကူညီပေးမည့်အပြင် လုံခြုံပြီးငြိမ်းချမ်းစွာ ထိန်း သိမ်းနိုင်ရေးအတွက် အမေရိကန်က ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ သည်။ ဂါဇာဒေသခံတစ်ဦးက ‘‘ဒီသတင်းကို ကြားရတဲ့အချိန်မှာ ကျွန်တော်တကယ်ကို ပျော်ရွှင်သွားတာပါ။ အချိန်မ ရွေးဗုံးကြဲခံရပြီး သေဆုံးသွားနိုင် တယ်ဆိုတဲ့ ခံစားချက်ကြီးကို အမြဲတမ်းခံစားနေခဲ့ရတာပါ။ နောက်ဆုံးတော့ ဒီအိပ် မက်ဆိုးကြီး အဆုံး သတ်သွားတော့မယ်ဆိုလို့ ဝမ်းသာမိပါတယ်’ ဟု ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ဂါဇာစစ်ပွဲအဆုံးသတ်ရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်း သားများ လွတ်မြောက်ရေးနှင့် အကူအညီများ ဝင်ရောက်ခွင့်ပေးရေးတို့ကို ဦးတည်သွားမည့် ဂါဇာအပစ် အခတ် ရပ်စဲရေးသဘောတူညီ ချက်၏ ပထမအဆင့်ဖြစ်ကြောင်း ကာတာနိုင်ငံက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔ လက္မွတ္ေရးထိုးမည္
Pika(NP News) - ေအာက္တိုဘာ ၁၁
အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔သည္ လာမည့္ရက္ပိုင္းအတြင္း က်န္ရွိေနေသာ ဓားစာခံမ်ား ျပန္လည္လြတ္ေျမာက္လာေစမည့္ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လက္မွတ္ေရး ထိုးရန္ စီစဥ္ေနေၾကာင္းသိရသည္။
အဆိုပါသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမႈသည္ လူေပါင္းမ်ားစြာေသဆုံးေစခဲ့ေသာ ဂါဇာစစ္ပြဲကို အဆုံး သတ္ႏိုင္မည့္ အဓိကေျခလွမ္း တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ယင္းသေဘာ တူညီခ်က္ထဲတြင္ အစၥေရးက ဖမ္းဆီး ထိန္းသိမ္းထားေသာ ပါလက္စတိုင္းအက်ဥ္းသားရာခ်ီကို ျပန္လႊတ္ေပးရန္ႏွင့္ ဂါဇာကမ္းေျမာင္ေဒသအတြင္းသို႔ ေနာက္ထပ္အကူအညီမ်ား ဝင္ေရာက္ခြင့္ေပးရန္ အစၥေရးကိုေတာင္းဆိုထားေၾကာင္းသိရသည္။ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ၎တို႔ ဖမ္းဆီးထိန္းသိမ္းထားေသာ အစၥေရးဓားစာခံမ်ား အားလုံးကို ျပန္ လႊတ္ေပးလိမ့္မည္ျဖစ္ေၾကာင္းႏွင့္ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသတြင္ရွိေနေသာ ၎၏တပ္ဖြဲ႕မ်ားကို ျပန္လည္ ႐ုတ္သိမ္းသြားလိမ့္ မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အဆိုပါ သေဘာတူ ညီခ်က္၏ ပထမအဆင့္၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဓားစာခံ(၂၀)ဦးကို ျပန္လႊတ္ေပး မည္ျဖစ္ၿပီး အစၥေရးက ပါလက္စတိုင္း အက်ဥ္းသား(၂၀ဝဝ)ဦးနီးပါးကို တစ္ခ်ိန္တည္းတြင္ ျပန္လႊတ္ေပးလိမ့္မည္ ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ အခ်ိန္(၇၂)နာရီအတြင္း အက်ဥ္း သားလဲလွယ္မႈကို လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဓားစာခံမ်ားအားလုံးသည္ လာမည့္ေအာက္တိုဘာလ(၁၂)ရက္တြင္ ျပန္လည္ လြတ္ေျမာက္လာမည္ဟု ယုံၾကည္ ေၾကာင္းႏွင့္ ဂါဇာကမ္းေျမာင္ေဒသကို ျပန္လည္တည္ေဆာက္ရာတြင္ ကူညီေပးမည့္အျပင္ လုံၿခဳံၿပီးၿငိမ္းခ်မ္းစြာ ထိန္း သိမ္းႏိုင္ေရးအတြက္ အေမရိကန္က ပါဝင္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ သည္။ ဂါဇာေဒသခံတစ္ဦးက ‘‘ဒီသတင္းကို ၾကားရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တကယ္ကို ေပ်ာ္႐ႊင္သြားတာပါ။ အခ်ိန္မ ေ႐ြးဗုံးႀကဲခံရၿပီး ေသဆုံးသြားႏိုင္ တယ္ဆိုတဲ့ ခံစားခ်က္ႀကီးကို အၿမဲတမ္းခံစားေနခဲ့ရတာပါ။ ေနာက္ဆုံးေတာ့ ဒီအိပ္ မက္ဆိုးႀကီး အဆုံး သတ္သြားေတာ့မယ္ဆိုလို႔ ဝမ္းသာမိပါတယ္’ ဟု ေျပာဆိုခဲ့သည္။
အဆိုပါသေဘာတူညီခ်က္သည္ ဂါဇာစစ္ပြဲအဆုံးသတ္ေရး၊ အစၥေရးဓားစာခံမ်ားႏွင့္ ပါလက္စတိုင္း အက်ဥ္း သားမ်ား လြတ္ေျမာက္ေရးႏွင့္ အကူအညီမ်ား ဝင္ေရာက္ခြင့္ေပးေရးတို႔ကို ဦးတည္သြားမည့္ ဂါဇာအပစ္ အခတ္ ရပ္စဲေရးသေဘာတူညီ ခ်က္၏ ပထမအဆင့္ျဖစ္ေၾကာင္း ကာတာႏိုင္ငံက ထုတ္ျပန္ေျပာၾကားခဲ့သည္။