ပြည်တွင်းလျှပ်စစ်အတွက် ရည်ရွယ်ထားသော ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်း မှ ၂၀၂၈ ခုနှစ်တွင် ပထမဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရန် ပြည်ထောင်စုဝန်ကြီးပြော

 302

သက်ပိုင် (NP News) - အောက်တိုဘာ ၁၁

ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ထားသည့် ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်း မှ ၂၀၂၈ ခုနှစ်တွင် ပထဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP Inter-national Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်စီမံကိန်းများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးစဉ်ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် မိမိတို့ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်သော ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှတစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။
PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul က စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွက်နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့်ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္တြင္းလွ်ပ္စစ္အတြက္ ရည္႐ြယ္ထားေသာ ကမ္းလြန္လုပ္ကြက္ေအာင္သိခၤစီမံကိန္း မွ ၂၀၂၈ ခုႏွစ္တြင္ ပထမဆုံးသဘာဝဓာတ္ေငြ႕ စတင္ထုတ္ယူႏိုင္ရန္ ျပည္ေထာင္စုဝန္ႀကီးေျပာ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၁

ျပည္တြင္းလွ်ပ္စစ္ထုတ္လုပ္မႈတြင္ အသုံးျပဳရန္ ရည္႐ြယ္ထားသည့္ ကမ္းလြန္လုပ္ကြက္ေအာင္သိခၤစီမံကိန္း မွ ၂၀၂၈ ခုႏွစ္တြင္ ပထဆုံးသဘာဝဓာတ္ေငြ႕ စတင္ထုတ္ယူႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ရန္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
စြမ္းအင္ဝန္ႀကီးဌာနႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ ထိုင္းႏိုင္ငံ PTTEP Inter-national Limited ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံႏွင့္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာ ကမ္းလြန္စီမံကိန္းမ်ားႏွင့္ စပ္လ်ဥ္း၍ ေတြ႕ဆုံေဆြးေႏြးစဥ္ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ေဇာတိကစီမံကိန္းတြင္ တူးေဖာ္ေနသည့္ တြင္းအသစ္မ်ားမွ သဘာဝဓာတ္ေငြ႕မ်ား ၂၀၂၆ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ စတင္ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ တိုက္တြန္းေၾကာင္းႏွင့္ မိမိတို႔ျပည္တြင္းလွ်ပ္စစ္ထုတ္လုပ္မႈတြင္ အသုံးျပဳရန္ ရည္႐ြယ္ေဆာင္႐ြက္ေနသည့္ စီမံကိန္းအသစ္ျဖစ္ေသာ ကမ္းလြန္လုပ္ကြက္ေအာင္သိခၤစီမံကိန္းမွ ၂၀၂၈ ခုႏွစ္တြင္ ပထဆုံးသဘာဝဓာတ္ေငြ႕ စတင္ထုတ္ယူႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ရန္ႏွင့္ စာခ်ဳပ္မ်ား အျမန္ဆုံးခ်ဳပ္ဆိုႏိုင္ေရးအတြက္လည္း ဝန္ႀကီးဌာနမွ လိုအပ္သည္မ်ားကို ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔ျပင္ အာမခံခ်က္ေကာင္းမြန္သည့္ ကမ္းလြန္စီမံကိန္းအသစ္မ်ားတြင္လည္း ရင္းႏွီးျမႇဳပ္ႏွံႏိုင္ရန္ အခြင့္အလမ္းမ်ားရွိေၾကာင္းႏွင့္ တနသၤာရီတိုင္းေဒသႀကီး ကံေပါက္ေဒသမွတစ္ဆင့္ ျပည္တြင္းႏွင့္ ထိုင္းႏိုင္ငံသို႔ LNG တင္သြင္း သိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းမ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့သည္ဟု သိရသည္။
PTTEP International Limited ၏ အမႈေဆာင္အရာရွိခ်ဳပ္ Mr. Montri Rawanchaikul က စြမ္းအင္ဝန္ႀကီးဌာနႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ အထြက္ႏႈန္းက်ဆင္းေနေသာ ကမ္းလြန္စီမံကိန္းမ်ားျဖစ္သည့္ ရတနာႏွင့္ေဇာတိကစီမံကိန္းမ်ားမွ သဘာဝဓာတ္ေငြ႕ တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး တြင္းအသစ္မ်ား တူးေဖာ္ေဆာင္႐ြက္သြားမည့္အေျခအေနႏွင့္ ကမ္းလြန္စီမံကိန္းအသစ္မ်ား ေဖာ္ေဆာင္ႏိုင္ေရးအတြက္ လိုအပ္သည့္စာခ်ဳပ္မ်ား အျမန္ဆုံးခ်ဳပ္ဆိုသြားႏိုင္ေရးကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.